အလုပ်ကမ်းလှမ်းမှုကို ယဉ်ကျေးစွာ ငြင်းပယ်ဖို့ နည်းလမ်း (၄)ခု
အလုပ်ကမ်းလှမ်းချက်နှစ်ခုကိုတပြိုင်နက်ထဲမှာ သင်ရရှိခဲ့မယ်ဆိုရင်သေချာပေါက်တော့ တခုကိုသင်လက်လွတ်ရမှာပါ။ အဲဒီလိုအချိန်မျိုးမှာ ဘယ်အလုပ်ကသင့်အတွက်အဆင်အပြေဆုံးလဲဆိုတာကို စဉ်းစားဆုံးဖြတ်ပြီး တခြားအလုပ်တခုကိုယဉ်ကျေးစွာငြင်းပယ်တတ်ဖို့လိုပါတယ်။ ငြင်းပယ်လိုကြောင်း သေချာပါစေ ဒီအလုပ်ကိုသင်ငြင်းပယ်မယ်ဆိုတာ ပထမဆုံးသေချာဖို့လိုပါတယ်။ ဆုံးဖြတ်ချက်ကတခါတလေမှာ လွယ်လွယ်ကူကူချရတာတော့မ ဟုတ်ပါဘူး။ ဒါကြောင့် ဒီအလုပ်ကသင်လက်ခံဖို့ မသေချာဘူးလားဆိုတာကိုခိုင်လုံတဲ့အကြောင်းပြချက် ကိုယ့်မှာရှိနေဖို့လိုပါတယ်။ လစာ၊ အကျိုးခံစားခွင့်၊ လုပ်ငန်းခွင်လိုက်လျောညီထွေမှု၊ ကိုယ်နဲ့ကိုက်ညီမှု၊အဖွဲ့အစည်းရဲ့အခြေအနေ၊ တိုးတက်မှု၊ကိုယ့်အနာဂတ်အ တွက်အခွင့်အလမ်းစတာတွေအားလုံးကိုသေသေချာချာလေ့လာဖို့လိုပါတယ်။ လေးမြတ်မှုနဲ့ […]