အလုပ်ကရပ်စဲခံရခြင်းရဲ့ အကြောင်းအရင်း (၄)ခု
အလုပ်ကိုလက်လွှတ်လိုက်ရတာ အလုပ်ကရပ်စဲခံရတာဘယ်လိုပဲဖြစ်ဖြစ်ဒါကအကြောင်းအရင်းတွေရှိနေတတ်ပါတယ်။ တည်ငြိမ်တဲ့ အသက်မွေးဝမ်းကြောင်းတခုတည်ဆောက်တာရဲ့ ပထမခြေလှမ်းကတော့ပရော်ဖက်ရှင်မပြေလည်မှုများရဲ့ အရင်းအမြစ်ကို ရှာဖွေဖော် ထုတ်တာပါပဲ။ပြဿနာရဲ့အရင်းအမြစ်က ဘာပါလဲ။ အလုပ်ပြုတ်တာကဒီအကြောင်းအရင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။ လုပ်ငန်းစွမ်းဆောင်ရည် ဒီအချက်ကတော့ အလုပ်ပြုတ်ရခြင်း၊ အလုပ်ကရပ်စဲခံရခြင်းရဲ့ပထမအဓိကကျတဲ့အချက်ဖြစ်ပါတယ်။ ကိုယ်ကအလုပ်မှာ သတ်မှတ်တာဝန်များကိုမပြီးမြောက်ဘူးလား။ ဒါက ကိုယ့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးမေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ဒီအချက်ကြောင့် အလုပ်မှာသင့်ရဲ့ဂုဏ်သတင်းကိုထိခိုက်စေနိုင်ပြီး တိုးတက်စေဖို့ အခွင့်အလမ်းနည်းပါးစေနိုင်ပါတယ်။ဒီအချက်ကြောင့်ပဲ သင့်ရဲ့ လုပ်ငန်းခွင်လမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ […]