ရုံးတက်ရက်တွေကိုလုံးဝကြောက်စရာမလိုတဲ့ နည်းလမ်းကောင်းလေးများ
ရုံးတက်အလုပ်လုပ်နေရတဲ့သူတိုင်းပိတ်ရက်တွေအကြာကြီးပိတ်ထားရင်ပဲဖြစ်ဖြစ်၊ စနေ၊တနင်္ဂနွေကောင်းကောင်းနားလိုက်ရရင်ပဲဖြစ်ဖြစ် တနင်္လာနေ့မှာရုံးတက်ဖို့ ကြောက်မိနေတတ်ကြပါတယ်။ တကယ်တမ်းမှာတော့ ဒီခံစားချက်ကတော်တော်ဆိုးတယ်ဆိုတာအားလုံးလည်းခံစားဖူးကြမှာပါ။ ဒီတော့ ရုံးတက်ရက်တွေတိုင်းကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ဖို့ ဘယ်လိုပြင်ဆင်နိုင်မလဲဆိုတာကို မျှဝေပေးချင်ပါတယ်။ စိတ်တည်ငြိမ်အောင်နေပါ တစ်ပတ်တာရုန်းကန်လှုပ်ရှားရမယ့်အချိန်မှာတနင်္လာနေ့မှာကတည်းကစိတ်ရှုပ်ထွေးပြီးအားအင်ကုန်ခန်းနေလို့မဖြစ်ပါဘူး။ ဒါကြောင့်နေ့စဉ် စိတ်ရောကိုယ်ပါဖြေလျှော့တတ်တဲ့ အကျင့်လေးကိုလုပ်ဆောင်ထားပါ။ ညမအိပ်ခင်အချိန်မှာဝင်လေထွက်လေမှတ်ပြီးမနက်မိုးလင်းချိန်မှာလည်းအိပ်ရာကချက်ချင်းမထသေးဘဲငါးမိနစ်လောက်စိတ်တည်ငြိမ်အောင် သတိလေးကပ်ပြီးနေကြည့်ပါနော်။ ဒီလိုအကျင့်လေးရသွားမယ်ဆိုရင် မနက်ခင်းအစမှာအရာရာကိုစိတ်တည်ငြိမ်စွာနဲ့ လုပ်ဆောင်သွားနိုင်ပါလိမ့်မယ်။ တနင်္လာကိုမကြောက်ဖို့ တနင်္ဂနွေမှာအချိန်ပေးပါ တနင်္လာနေ့ရုံးတက်ရမှာကိုကြောက်တဲ့သူတွေကများသောအားဖြင့်ပိတ်ရက်မှာအေးအေးဆေးဆေးစိတ်လွတ်ကိုယ်လွတ်နေခဲ့တဲ့သူတွေပါ။ […]