
အလုပ်နဲ့ပတ်သက်ပြီးစိတ်ပျက်နေမိကြောင်း ဘော့စ်ကိုဘယ်လိုပြောမလဲ
အလုပ်နဲ့ပတ်သက်ပြီးစိတ်အဆင်မပြေတာတွေကိုကြုံနေရရင် ကိုယ့်အတွက်ကျန်းမာရေးရော၊ပျော်ရွှင်မှုရောအကုန်ပျောက်ဆုံးကုန်ပါတယ်။ အလုပ်ကိုစိတ်ပျက်သလိုဖြစ်လာပြီဆိုရင်ဆိုးဆိုးဝါးဝါးပေါက်ကွဲမထွက်ခင် အရင်ဆုံးဘော့စ်နဲ့စကားပြောဆိုကြည့်သင့်ပါတယ်။ ကိုယ်ပြောမယ့်အဆင်မပြေတဲ့အချက်တွေဟာ အဖွဲ့အစည်းအတွက်၊ အလုပ်အတွက်ပြင်ဆင်ဖို့လိုနေတဲ့အစိတ်အပိုင်းတွေဖြစ်မယ်ဆိုရင် ဒါတွေကိုပြောဖို့တွန့်ဆုတ်မနေသင့်ပါဘူး။အဆင်မပြေမှုတွေအကြောင်းပြောဆိုချိန်မှာကိုယ်က Professional ဆန်ဆန်သင့်တင့်လျောက် ပတ်အောင်ပြောဆိုနိုင်ဖို့တော့လိုပါတယ်။ ဘာကိုစိတ်ပျက်နေမိတာလဲ ကိုယ့်အလုပ်နဲ့ပတ်သက်ပြီးစိတ်ပျက်နေမိပြီဆိုရင် ငါဘာကိုစိတ်ပျက်နေတာလဲ၊စိတ်အဆင်မပြေဖြစ်စေတာကဘာလဲဆိုတာကိုသေသေ ချာချာပြန်စဉ်းစားကြည့်ဖို့လိုပါတယ်။ကိုယ်ပြောပြတဲ့ပြဿနာက အလုပ်ရှင်ဘက်ကပြောင်းလဲပေးနိုင်တဲ့အရာမျိုးမဟုတ်ဘူးဆိုရင်ဘာမှထူးခြားမှာမဟုတ်ပါဘူး။ ဥပမာ – ကုမ္ပဏီ Policy လိုမျိုး။အဲဒီလိုမဟုတ်ဘဲကိုယ့်အတွက် အလုပ်တွေတအားများလွန်းနေတာ၊ မနိုငဝန် ထမ်းနေရတာမျိုးဆိုရင်တော့သေချာပေါက်ပြောပြသင့်၊ ညှိနှိုင်းသင့်ပါတယ်။အကြံပြုစာထည့်လို့ရတဲ့အလုပ်မျိုးမှာဆိုရင်တော့ […]