အိပ်ရာကမထနိုင်လောက်အောင်ဖျားနေပြီလား၊ တစ်ချိန်လုံးနှာချေနေပြီလား၊ချောင်းတွေဆက်တိုက်ဆိုးနေပြီလား…ဘာတွေပဲဖြစ်နေပါ စေ အလုပ်မသွားနိုင်လောက်အောင်နေမကောင်းဖြစ်နေပြီဆိုရင်တော့ ကိုယ့်မန်နေဂျာဆီကို ခွင့်တိုင်ကိုတိုင်ရတော့မှာပါ။ ဒီနေရာမှာ Sick Day Email ကို ဘယ်လို Professional ကျကျ၊ ပြည့်ပြည့်စုံစုံရေးသားမလဲဆိုတာ ဥပမာလေးတွေနဲ့တကွပြောပြပေးချင်ပါတယ်။နေမကောင်းလို့အီးမေးလ်ပို့တဲ့အခါ တစ်ဖက်လူလည်းခွင့်ပေးချင်အောင်၊ ကိုယ်ခွင့်ယူနေတုန်းလုပ်ငန်းခွင်မှာလည်းအဆင်ပြေချောမွေ့အောင် အစီအစဉ်တကျလေးရေးသားတတ်ဖို့လိုပါတယ်။ဒါတွေကတော့ပါဝင်ရမယ့်အချက်အလက်တွေပါ။ – ကိုယ့်အလုပ်ချိန်မတိုင်ခင် စောနိုင်သမျှစောစောမန်နေဂျာဆီအကြောင်းကြားသင့်ပါတယ်။ – ကုမ္ပဏီကသတ်မှတ်ထားတဲ့စည်းမျဉ်း (ဥပမာ […]