ကားတိုက်ခံရပြီးဆေးရုံရောက်သွားတဲ့ Black Panther မင်းသမီး Carrie Bernans

January 4, 2024 Aung Khant Mon 0

The Color Purple နဲ့ Black Panther ရဲ့မင်းသမီးတစ်ယောက်ဖြစ်တဲ့အပြင်စတန့်သရုပ်ဆောင်လည်းဖြစ်တဲ့ Carrie Bernans ဟာ ရုတ်တရက်ကားတိုက်ခံလိုက်ရပြီးဆေးရုံတင်လိုက်ရတယ်လို့ဆိုပါတယ်။ဒီယာဉ်တိုက်မှုကြောင့် သူမဟာအရိုးတော်တော်များများကျိုးသွားခဲ့ပြီး ဒဏ်ရာများစွာရရှိခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ စိတ်ချရတဲ့အနေအထားကိုရောက်ရှိနေပြီလို့သိရပါတယ်။သူမဟာစား သောက်ဆိုင်တစ်ခုရဲ့ဆိုင်အပြင်ဘက်မှာညစာ စားနေတုန်းကားတစ်စီးကရုတ်တရက်ဝင်လာခဲ့တာဖြစ်ပါတယ်။ မိခင်ဖြစ်တာမကြာသေးတဲ့သူမကအက်ဆီးဒင့်ဖြစ်ပွားချိန်မှာတော့ ကလေးငယ်ကဘေးနားမှာရှိမနေတာမို့တစ်မျိုးကံကောင်းခဲ့တယ်လို့ဆိုရမှာပါ။အသက် ၄၄ နှစ်အရွယ်အမျိုးသားတစ်ယောက်မောင်းနှင်လာတဲ့ အနက်ရောင်မာစီဒီးကားဟာ Parking ထိုးဖို့ ကြိုးစားနေရင်း ယာဉ်ထိန်းရဲရဲ့ညွှန်ကြားချက်ကိုမနာခံဘဲ […]

တစ်ကိုယ်တော်လှုပ်ရှားမှုတွေကို အစ်ကိုဖြစ်သူရဲ့အေဂျင်စီအောက်ကနေလုပ်ဆောင်မယ့် JiSoo

January 4, 2024 Aung Khant Mon 0

JiSoo (Black Pink) အနေနဲ့ သူမရဲ့တစ်ကိုယ်တော်အနုပညာလှုပ်ရှားမှုတွေကိုအစ်ကိုဖြစ်သူရဲ့အေဂျင်စီဖြစ်တဲ့ Blissoo အောက်ကနေလုပ်ဆောင်သွားမယ်လို့သိရပါတယ်။ သူမဟာဇန်နဝါရီ ၂ ရက်နေ့မှာ Blissoo နဲ့စာချုပ်ချုပ်ဆိုလိုက်ပြီးဒီသတင်းကိုမီဒီယာတွေကနေထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ Blissoo ဟာ Biomom ,Inc., ရဲ့လုပ်ငန်းခွဲတစ်ခုလို့ဆိုကြပါတယ်။ JiSoo ရဲ့အစ်ကိုဖြစ်သူဟာ Biomom ,Inc., ရဲ့ CEO ဖြစ်ပြီး သူတို့ကုမ္ပဏီရဲ့လက်ရှိအလုပ်ခေါ်စာကို […]

ဒီလိုအချိန်ဆို ဖုန်းခေါ်ပါ

January 4, 2024 Aung Khant Mon 0

“ဒူးနေရာဒူး တော်နေရာတော်” ဆိုသလို တစ်ခါတလေမှာ အခြေအနေအချိန်အခါကိုကြည့်ပြီးနေထိုင်ပြောဆိုတတ်ရမယ် မဟုတ်ပါလားနော်။ စကားပြောတာတောင်မျက်နှာချင်းဆိုင်ပြီးပြောသင့်တာရှိသလို နှစ်ကိုယ်ကြား ပြောရတာမျိုးလည်း ရှိတတ်ကြပါတယ်။လုပ်ငန်းခွင်မှာလည်း ဘယ်လိုအနေအထားမျိုးမှာ မေးလ်နဲ့ပြောမလဲ ဘယ်လိုအချိန်မှာဖုန်းခေါ်ပြီးပြောမလဲဆိုတာကို သိထားသင့်တာမို့ ဒါလေးကိုမျှဝေပါရစေ။ တောင်းပန်ဖို့လိုရင် တစ်ခုခုအတွက် တောင်းပန်ဖို့လိုတယ်ဆိုရင် ဖုန်းဆက်လိုက်တာက ပိုပြီးလေးစားရာကျပါတယ်။စာတိုလေးတစ်စောင် မေးလ်လေးတစ်စောင်ပို့ပြီးတောင်းပန်တာထက် ဖုန်းဆက်တောင်းပန်တာကသင့်ရဲ့အသံအနိမ့်အမြင့်ကို ခံစားမိစေပါတယ်။ “ကျွန်တော် တကယ်တောင်း […]

နှစ်ဦးအလှူအဖြစ် ဒေါ်လာ ၅ သိန်းလှူဒါန်းခဲ့တဲ့ IU

January 3, 2024 Aung Khant Mon 0

IU ဟာ နှစ်သစ်အစမှာတင် ငွေကြေးလိုအပ်တဲ့နေရာမျိုးစုံကိုလှူဒါန်းနိုင်ဖို့ အမေရိကန်ဒေါ်လာ ၅သိန်းသုံးစွဲခဲ့တယ်လို့ သိရပါတယ်။ သူမဟာ ကလေးငယ်များစောင့်ရှောက်ရေးနဲ့ Single Motherတွေအတွက်သာမက မသန်စွမ်းကျောင်းတွေကိုပါလှူဒါန်းခဲ့တာပါ။ ဒါအပြင်သက်ကြီးရွယ်အိုတွေဆောင်းရာသီတစ်လျှောက်လုံးနွေးနွေးထွေးထွေးနေနိုင်ဖို့အပူပေးစနစ်အတွက်ဆီကိုလည်းလှူဒါန်းခဲ့တယ်လို့ SNS မှာဖော်ပြထားပါတယ်။“နှစ်သစ်တစ်ခုကိုတော့ရောက်လာပြန်ပြီ။ ကျွန်မတို့တွေ ၃၆၅ ရက်လုံးပျော်နေနိုင်ဖို့ဆိုတာကတော့မလွယ်ပါဘူးနော်။ ဒါပေမဲ့ ဝမ်းနည်းရတဲ့ရက်ထက် ပျော်ရွှင်ရတဲ့ရက်တွေကပိုများစေဖို့မျှော်လင့်ပါတယ်။ အားလုံးကျန်းကျန်းမာမာနေကြပါနော်” လို့သူမက ပြောခဲ့ပါတယ်။ကိုရီးယားအနုပညာရှင်တွေထဲမှာ IU […]

ချစ်သူအသစ်နဲ့အတူကမ်းခြေမှာပျော်ရွှင်နေတဲ့ Selena Gomez

January 3, 2024 Aung Khant Mon 0

၂၀၂၃ ခုနစ်ကို ချစ်သူနဲ့အတူတူချစ်ကြည်နူးပြီးဖြတ်သန်းခဲ့တာကတော့ Selena Gomez ပါ။သူမဟာချစ်သူအသစ်ဖြစ်တဲ့ Benny Blanco နဲ့အတူကမ်းခြေမှာအတူရှိနေခဲ့တာပဲဖြစ်ပါတယ်။သူမတို့နှစ်ယောက်ဒီလိုကြည်ကြည်နူးနူးရှိနေခဲ့ပုံကို ပြီးခဲ့တဲ့စနေကဆယ်လီနာရဲ့အင်စတာဂရမ်အကောင့်မှာ တင်ထားခဲ့တာပါ။ဆယ်လီနာကမွေးပွကုတ်အနက်ရောင်နဲ့ဖြစ်ပြီး Benny ကတော့ပန်းပွင့်တွေပါတဲ့ခေါင်းစွပ်အနွေး ထည်နဲ့လိုက်ဖက်နေတာတွေ့ကြရပါတယ်။ Benny ကသူမကိုနောက်ကနေ သိုင်းဖက်နေပုံကိုတင်ထားခဲ့တာဖြစ်ပါတယ်။ သူမထက် ၃ နှစ်သာအသက်ကြီးတဲ့ချစ်သူ Benny Blanco ဟာ Music Producer […]

Burnout ဘာကြောင့်ဖြစ်ရတာလဲ၊ ဘယ်လိုကာကွယ်နိုင်မလဲ

January 3, 2024 Aung Khant Mon 0

Business ပိုင်းမှာတော့ Burnout ဖြစ်တယ်ဆိုတာအလုပ်ကိုသဲကြီးမဲကြီးအားသွန်ခွန်စိုက်လုပ်ခဲ့ပြီးနောက်ပိုင်းမှာအလုပ်ကိုဘယ်လိုမှဆက်မလုပ်နိုင်တော့တာကိုခေါ်ပါတယ်။ အလုပ်လုပ်တဲ့သူတွေအနေနဲ့အလုပ်ဆိုတာကိုနောက်ထပ်အသံမကြားချင်လောက်အောင်ဖြစ်သွားတယ်၊အလုပ်လုပ်ဖို့ဘာခွန်အားမှမရှိတော့လောက်အောင်ဖြစ်သွားတယ်ဆိုတာကဆိုးရွားလွန်းတဲ့အခြေအနေတစ်ခုပါ။ ကြာကြာဝါးမယ့်သွားအရိုးကြည့်ရှောင်ဆိုသလိုပဲအသက်အရွယ်တစ်ခုရသည်အထိလုပ်နေရမယ့်အလုပ်ကို စောစောကတည်းကစိတ်ပျက်မသွားစေဖို့၊လမ်းခုလတ်မှာတင်လက်ပန်းကျမသွားစေဖို့ ကိုယ့်ကိုယ်ကိုယ်ညှာတာတတ်ဖို့ကလည်းအရေးကြီးပါတယ်။ဒါ့ကြောင့်လည်း ဘယ်လိုလူမျိုးတွေက Burnout ဖြစ်တတ်သလဲ၊ ဘယ်လိုကာကွယ်နိုင်မလဲ၊သူငယ်ချင်းတွေ၊ မိသားစုဝင်တွေထဲမှာဒီလိုဖြစ်လာခဲ့ရင်ဘယ်လိုကူ ညီပေးနိုင်မလဲဆိုတာလေးတွေကိုမျှဝေပေးလိုက်ပါတယ်။ Burnout ဖြစ်တတ်သူတွေထဲမှာ အထူးသဖြင့်အလုပ်နဲ့ပတ်သက်ရင် လောဘကြီးလွန်းသူတွေ၊သူများထက်ပိုပြီးအလုပ်လုပ်ချင်စိတ်များတဲ့သူတွေပါဝင်ပါတယ်။ ဒီလိုအလုပ်လောဘကြီးတဲ့စိတ်ကကိုယ့်ကိုယ်ကိုယ်အလုပ်တွေထပ်ထပ်ပြီးလုပ်ဖို့ တွန်းအားပေးမိနေတတ်ပါတယ်။အဲဒီနောက်ပိုင်းမှာတော့ သူဟာကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့မေ့လာပါတယ်။ ငြင်းခုန်ရတာတွေ၊ညှိနှိုင်းရတာတွေကိုလက်မခံနိုင်ဖြစ် လာပြီး တခြားလူမှုရေးကိစ္စတွေမှာလည်းလုံးဝလစ်ဟင်းသွားတာဖြစ်ပါတယ်။သူများကိုအပြစ်တင်တဲ့စိတ်များလာပြီးကိုယ့်အပြုအမူတွေကိုတာဝန်မယူတော့တဲ့သူအဖြစ်ရောက်ရှိလာပါတယ်။ တစ်ကိုယ်တည်းနေချင်လာပြီးသူ့ရဲ့အမူအကျင့်တွေဟာလည်း […]

လက်ထပ်ပြီး ၄ လအကြာမှာကွာရှင်းလိုက်ကြတဲ့ အဆိုတော် Zac Brown နဲ့ Yazdi

January 2, 2024 Aung Khant Mon 0

Country တေးသီချင်းတွေနှစ်သက်သူတိုင်းသိကြတဲ့ တေးရေး၊ တေးဆို Zac Brown နဲ့ဇနီးအသစ်စက်စက်လေးဖြစ်တဲ့ Kelly Yazdi တို့ဟာ တရားဝင်လက်ထပ်ပြီး ၄ လအကြာမှာကွာရှင်းလိုက်ပြီလို့သိရပါတယ်။ Zac Brown (၄၅ နှစ်) နဲ့ Yazdi (၃၂ နှစ်) တို့ဟာ ပြီးခဲ့တဲ့ဩဂုတ်လကမှ Georgia မှာ […]

ကြည့်ရှုသူ 5 ဘီလီယံကျော်သွားတဲ့ Psy ရဲ့ Gangnam Style MV

January 2, 2024 Aung Khant Mon 0

ကိုရီးယားဂီတလောကသမိုင်းမှာ ပထမဆုံးအကြိမ် YouTube View 5 ဘီလီယံကျော်သွားတာကတော့ Psy ရဲ့ Gangnam Style MV ပဲဖြစ်ပါတယ်။ ဒီလို View 5 ဘီလီယံထိရောက်ရှိသွားခဲ့တာက ဒီဇင်ဘာလ ၃၀ ရက်နေ့ကဖြစ်ပါတယ်။ ဒီလိုကြီးမားတဲ့မှတ်တိုင်တစ်ခုကိုထူထောင်နိုင်ခဲ့တာဟာ Psy ရဲ့ ၄၆ နှစ်ပြည့်မွေးနေ့မတိုင်ခင်တစ်ရက်အလိုမှာဖြစ်တာမို့ သူ့အတွက်အမှတ်တရလည်းဖြစ်သွားပါတယ်။ […]

၂၀၂၄ မှာ အောင်မြင်ချင်တဲ့လူငယ်တိုင်း ရှိထားသင့်တဲ့ Skill တစ်ခု

January 2, 2024 Aung Khant Mon 0

နှစ်တစ်နှစ်ကုန်ဆုံးချိန်ဟာ ပြီးခဲ့တဲ့နှစ်မှာ ကိုယ်ဘယ်လို၊ ဘယ်လောက်ထိလျှောက်လှမ်းလာခဲ့ပြီးပြီလဲ၊နောက်နှစ်သစ်မှာဘာတွေလုပ် ဆောင်မလဲဆိုတာကိုပြန်တွေးတောသုံးသပ်ဖို့အကောင်းဆုံးအချိန်တစ်ခုပါ။တချို့လူတွေကျတော့လည်း ဒီနှစ်ဘာတွေကြုံခဲ့မှန်းကိုမသိပါဘူး၊ ဘာမှမှတ်မှတ်ရရမရှိပါဘူးဆိုသူတွေလည်းရှိတတ်ကြပါတယ်။ ဒါကိုလည်းအပြစ်ဆိုလို့မရပါဘူး။ ကုန်သွားတဲ့နှစ်တစ်ခုမှာနှစ်သက်တာတွေရော၊ မနှစ်သက်တာတွေရော ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ပြန်ပြင်လို့လည်းမရတော့တာမို့လာမယ့်ရက်တွေအတွက်ကိုပဲစဉ်းစားပြင်ဆင်တာက အကောင်းဆုံးဖြစ်ပါတယ်။လူသားတွေဆိုတာက အများနဲ့ရောနှောနေထိုင်ရတဲ့သတ္တဝါတွေပါ။ တစ်ကိုယ်တည်းနေလို့မရသလို တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ပြောဆိုချင်စိတ်ကလည်း သဘာဝမှာကတည်းကပါရှိပြီးသားပါ။ဒီလိုဆက်သွယ်မှုလုပ်ရမှ လူတွေရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဟာကျန်းမာတာဖြစ်ပါတယ်။လက်ရှိကမ္ဘာမှာ နည်းပညာဟာအရှိန်အဟုန်နဲ့ဖွံ့ဖြိုးတိုးတက်နေတာမို့ ကိုယ့်ရဲ့အလုပ်နဲ့ဘဝမှာအောင်မြင်ဖို့အတွက် လိုအပ်တဲ့အရည်အသွေးတွေဟာဘိုဘွားဖေမေလက်ထက်က လိုအပ်တဲ့အရည်အချင်းတွေနဲ့မတူညီတော့ပါဘူး။ ဒီနေ့ခေတ်လူငယ်တွေအတွက်နေရာတိုင်းမှာအဆင်ပြေဖို့ ဘယ် Skill […]

မိခင်ရင်းကိုပြန်သတ်တဲ့ဇာတ်လမ်း The Act ရဲ့တကယ့်ဘဝဇာတ်ကောင် Gypsy Rose Blanchard ထောင်ကလွတ်လာပြီ

December 31, 2023 Aung Khant Mon 0

Hulu Series ဖြစ်တဲ့ The Act ဟာ အပိုင်း ၈ ပိုင်းပါဝင်ပြီး ပရိသတ်စိတ်ဝင်စားမှုမြင့်မားခဲ့တဲ့ဇာတ်လမ်းတွဲဖြစ်ခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ Gypsy Rose Blanchard ရဲ့အမေအဖြစ်သရုပ်ဆောင်တဲ့ Patricia Arquette ဟာ Primetime Emmy Award နဲ့ Golden Globe ကပေးတဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ […]