လစာတိုးဖို့အဆင်သင့်ဖြစ်နေသူများ

March 20, 2024 Aung Khant Mon 0

အခွင့်အလမ်းဆိုတာကကိုယ့်ဆီကိုဆိုက်ဆိုက်မြိုက်မြိုက်တန်းရောက်လာတတ်တဲ့အရာမျိုးမဟုတ်ပါဘူး။ အလုပ်မှာရာထူးတိုးချင်တယ်၊ လစာတိုးချင်တယ်ဆိုပြီး မကြိုးစားဘဲနေရင်တော့ မဖြစ်နိုင်တာကိုတမ်းတမိနေတာပဲဖြစ်ပါလိမ့်မယ်။ ကိုယ်ဟာရာထူးတိုးဖို့၊ လစာတိုးဖို့ ရယ်ဒီဖြစ်နေပြီဆိုတာကိုဒီအချက်တွေနဲ့ ကိုယ့်မန်နေဂျာကို၊ ကိုယ့်အထက်လူကြီးကို သိစေနိုင်ပါတယ်။ 1. ကိုယ့်အလုပ်ကိုတာဝန်ကျေအောင်လုပ်တာကအလုပ်မပြုတ်အောင်ထိန်းထားနိုင်တယ်ဆိုတာသေချာပါတယ်။ဒါပေမဲ့ တာဝန်ကျေတာထက်ပိုပြီးကြိုးစားခဲ့ရင်တော့ ကိုယ့်ကိုသတိထားမိလာမှာအသေအချာပါပဲ။ခိုင်းတဲ့အလုပ်တိုင်းကိုအချိန်မီပေးမယ်၊ ကိုယ့်ရဲ့ Management Skills ကိုပြသမယ်၊ Communication ၊ Collaboration ကောင်းမယ် စတဲ့အချက်တွေကိုထင်ထင်ရှားရှားပြသတတ်ဖို့လိုပါတယ်။ 2. […]

တော်ဝင်မင်းသား ဝီလျံတကယ်ပဲဖောက်ပြန်နေတာလား

March 19, 2024 Aung Khant Mon 0

တော်ဝင်မင်းသားဝီလျံနဲ့ လေဒီဆာရာရို့စ်ဟန်းဘယ်ရီတို့ ချစ်ကြိုက်နေကြတယ်ဆိုတဲ့သတင်းကလတ်တလောလူမှုူကွန်ရက်ပေါ်မှာပျံ့နှံ့လို့လာနေပါတယ်။ဒီလိုကောလာဟလထွက်ပေါ်လာပြီးနောက်ပိုင်း ဝီလျံရဲ့ဇနီးကိတ်မစ်ဒယ်တန်ဟာလည်းလူမြင်ကွင်းကိုထွက်ပေါ်မလာခဲ့သေးပါဘူး။လေဒီဆာရာရို့စ်ဟန်းဘယ်ရီဟာ 1984 ခုနစ်မှာမွေးဖွားသူဖြစ်ပြီးတော်ဝင်မိသားစုနဲ့နှစ်ပေါင်းများစွာကတည်းက ပတ်သက်ဆက်နွယ်မှုရှိခဲ့သူဖြစ်ပါတယ်။ သူမဟာ 2009 ခုနစ်မှာ 7th Marquess of Cholmondeley ဖြစ်တဲ့ David Cholmondeley နဲ့လက်ထပ်ခဲ့ပြီးဝီလျံနဲ့ကိတ်တို့ရဲ့နေအိမ်အနီးမှာရှိတဲ့ Houghton Hall ကိုပြောင်းရွှေ့နေထိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် သူမဟာ တော်ဝင်မိသားစုနဲ့ နှစ်ပေါင်းများစွာကြာအောင်မိတ်ဆွေတွေအဖြစ်ရှိနေခဲ့သူပါ။ဒီလိုကောလာဟလတွေထွက်ပေါ်လာခဲ့ပေမယ့် […]

ဟန်ဆိုဟီးရဲ့ဖြေရှင်းချက်တွေအပေါ်ကိုရီးယားပရိသတ်တွေရဲ့တုံ့ပြန်မှုဘယ်လိုရှိလဲ

March 19, 2024 Aung Khant Mon 0

မင်းသမီး ဟန်ဆိုဟီးအနေနဲ့သူနဲ့ မင်းသား Ryu Joon Yeol ရဲ့အချစ်ရေးအပေါ်အတည်ပြုလိုက်ပြီး Ryu Joon Yeol ရဲ့ချစ်သူဟောင်း Hyeri အပေါ်တောင်းပန်ကြောင်းရေးသားခဲ့တဲ့အပေါ်ကိုရီးယားနိုင်ငံကပရိသတ်တွေရော၊ နိုင်ငံတကာကပရိသတ်တွေကပါ စိတ်ဝင်တစားရှိခဲ့ကြပါတယ်။“လူတွေကမင်းကို Transit Love လို့ပြောကြတဲ့အပေါ်မင်းတုံ့ပြန်ဖြေရှင်းသင့်တယ်ဆိုတာနားလည်ပါတယ်။ ဒါပေမဲ့ခုက ဖြေရှင်းပုံလွဲနေတယ်။ခုနည်းလမ်းအတိုင်းမင်းသုံးနေရင်တော့ လူတွေကမင်းကိုထပ်ဝေဖန်ကြမှာပဲ။ ဒီကိစ္စပြီးရင်တော့မင်းဒီ့ထက်ပိုရင့်ကျက်လာဖို့မျှော်လင့်တယ်” လို့ရေးသားတဲ့အပေါ် ဟန်ဆိုဟီးက “ဟုတ်ပါတယ်။ […]

အသက် 30 မှာ အသက်မွေးဝမ်းကျောင်းပြောင်းမယ့်သူတွေအတွက် အချက် 4 ချက်

March 19, 2024 Aung Khant Mon 0

အသက် 30 မှာ Career ပြောင်းလဲတာက ‌နောက်ကျနေပြီလို့လည်းမဆိုနိုင်သလိုမနောက်ကျသေးဘူးလို့လည်းပြောရခက်ပြန်ပါတယ်။ ဒီအရွယ်မှာ Career ပြောင်းတာကရွေးချယ်ခွင့်တွေများပြားနေသေးတာမှန်ပေမယ့်သေသေချာချာစဥ်းစားဆုံးဖြတ်ဖို့ကလည်းအရေးကြီးလှပါတယ်။အသက် 30 အရွယ်မှာ Career ပြောင်းမယ်ဆိုရင် ဒါကိုအဆင်ပြေချောမွေ့စေမယ့် နည်းလမ်း 4 ချက်ရှိပါတယ်။ ဒီ 4 ချက်ကို သိရှိထားမယ်ဆိုရင်ကိုယ်ပြုလုပ်တဲ့အပြောင်းအလဲမှာအမှားအယွင်းနည်းပြီး အောင်မြင်တဲ့ Career Change တစ်ခုဖြစ်စေပါလိမ့်မယ်။ […]

Dua Lipa ရဲ့ Album အသစ် Radical Optimism ထွက်ရှိမယ်

March 16, 2024 Aung Khant Mon 0

Dua Lipa အနေနဲ့ သူမရဲ့တေးအယ်လ်ဘမ်အသစ်ကို Radical Optimism လို့နာမည်ပေးထားပြီးသူမရဲ့ဘဝအပေါ်မြင်တဲ့အမြင်သစ်အကြောင်းကို မှီငြမ်းရေးသားထားတယ်လို့သိရပါတယ်။သူမရဲ့အယ်လ်ဘမ်အသစ်မှာ သီချင်းအပုဒ်ရေ 11 ပုဒ်ပါဝင်မယ်လို့ဆိုပါတယ်။ ဒီအယ်လ်ဘမ်နဲ့ပတ်သက်ပြီး ငယ်ရွယ်ခြင်းနဲ့လွတ်လပ်ခြင်းရဲ့အနှစ်သာရနဲ့ပျော်စရာအချိန်တွေကိုမှတ်တမ်းတင်ထားချင်တယ်လို့ သူမကပြောခဲ့တာပါ။ ဒီအယ်လ်ဘမ်ရဲ့အကြိုမိတ်ဆက်သီချင်းအနေနဲ့ Houdini နဲ့ Training Season တို့ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။“လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျွန်မသူငယ်ချင်းတစ်ယောက်က Radical Optimism […]

Babymonster အဖွဲ့ရဲ့ ပထမဆုံးပြည်ပဖျော်ဖြေရေးပွဲ

March 16, 2024 Aung Khant Mon 0

YG Entertainment ကနေ မကြာခင်ကမှပွဲထုတ်ထားတဲ့ Babymonster အဖွဲ့ရဲ့ပထမဆုံးပြည်ပဖျော်ဖြေရေးပွဲအဖြစ် ဂျပန်နိုင်ငံမှာဖျော်ဖြေရမှာဖြစ်ပါတယ်။ သူတို့ဟာ ဂျပန်နိုင်ငံ၊ Summer Sonic 2024 Tokyo ပွဲမှာ စတင်ဖျော်ဖြေမယ်လို့သတင်းထုတ်ပြန်ထားတာပါ။ဒါဟာ သူမတို့ပွဲထွက်လာစဥ်ကနေလက်ရှိအချိန်အထိ ပထမဆုံးပြည်ပဖျော်ဖြေရေးပွဲဖြစ်သလို Bring me the horizon ၊ Pink Pantheress ၊ […]

အိမ်ကနေအလုပ်လုပ်ရင်း အလုပ်ပြီးမြောက်ချင်တယ်ဆိုရင်ဒါတွေလုပ်ပါ

March 16, 2024 Aung Khant Mon 0

အလုပ်ရှင်တွေက အခုနောက်ပိုင်းမှာအိမ်ကနေအလုပ်လုပ်ခွင့်ပေးတာ ဒါမှမဟုတ်အိမ်နဲ့ရုံးရက်ခွဲပြီးအလုပ်လုပ်ခွင့်ပေးတာမျိုးတွေရှိလာကြပါတယ်။ အခုနောက်ပိုင်းမှာအိမ်ကနေအလုပ်လုပ်ခွင့်ပေးတာက ရုံးဘက်ကကုန်ကျစရိတ်တချို့သက်သာသလိုကောင်းကျိုးတွေလည်းအများကြီးရှိတာကိုတွေ့လာကြရလို့ဖြစ်ပါတယ်။ အိမ်ကနေအလုပ်လုပ်မယ်ဆိုရင်ဒီအချက်တွေကိုကျော်မပစ်ဘဲ စနစ်တကျလေးလုပ် ဆောင်တာကပိုပြီးအဆင်ပြေပါတယ်နော်။ -အိမ်မှာပဲလုပ်လုပ်ရုံးမှာပဲလုပ်လုပ် တစ်နေ့တစ်နေ့ဘာတွေလုပ်ရမယ်ဆိုတဲ့ to-do list တွေလုပ်ဖို့ကတော့လိုပါတယ်နော်။ လက်ရှိလုပ်နေတဲ့အလုပ်ရဲ့ Deadline၊ လုပ်ဖို့လိုသေးတဲ့အကြောင်းအရာလေးတွေကို အမြဲတမ်းမှတ်တမ်းလေးတွေလုပ်ဖို့လိုပါတယ်။ -နောက်တစ်ချက်က အလုပ်လုပ်မယ့်နေရာလေးသေသေချာချာဖန်တီးဖို့ပါ။ အိမ်ကနေအဆင်ပြေမယ့်နေရာမှာစားပွဲတစ်လုံးခင်းပြီး လုပ်မယ်လို့မတွေးဘဲအိမ်ရဲ့အနှောင့်အယှက်အကင်းဆုံးနေရာတစ်ခုမှာအလုပ်စားပွဲလေးပြင်ဆင်သင့်ပါတယ်။အဓိကကတော့ အင်တာနက်ကွန်နက်ရှင်ကောင်းကောင်း၊ အလင်းရောင်ကောင်းကောင်း၊မီးပလပ်ပေါက်ရှိမယ့်နေရာစတာတွေကိုရွေးချယ်ဖို့ပါပဲ။ -ရုံးမှာလိုပဲနားချိန်ယူဖို့ မမေ့ပါနဲ့နော်။ […]

ဘီယွန်းဆေးရဲ့အသစ်ထွက်မယ့်အယ်လ်ဘမ်ကို Cowboy Carter လို့နာမည်ပေး

March 14, 2024 Aung Khant Mon 0

ဘီယွန်းဆေးရဲ့အသစ်ထွက်မယ့်တေးအယ်လ်ဘမ်ကို Cowboy Carter လို့နာမည်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်မှာ Country သီချင်းတွေအဓိကပါဝင်မှာဖြစ်ပါတယ်။ဒါဟာ Three Act Project ရဲ့ Act II ဖန်တီးမှုဖြစ်ပါတယ်။ သူမဟာ 2022 ခုနစ်က Act 1 : Renaissance Album ကိုထုတ်ခဲ့ပြီးဖြစ်ပါတယ်။ Cowboy Carter […]

လီယောင်အေးနဲ့ ဖန်ဘင်ဘင်းဘယ်သူပိုလှ

March 14, 2024 Aung Khant Mon 0

ကိုရီးယားနာမည်ကြီးမင်းသမီးလီယောင်အေးနဲ့ တရုတ်နာမည်ကြီးမင်းသမီးဖန်ဘင်ဘင်းတို့ရဲ့အတူတွဲရိုက်ထားတဲ့ပုံရိပ်တွေက နှစ်နိုင်ငံပရိသတ်တွေကြားထဲပေါ်ပြူလာဖြစ်လို့နေပါတယ်။ဖန်ဘင်ဘင်းကသူမရဲ့ Weibo Account မှာနှစ်ယောက်သားတွဲရက်ပုံတွေကိုတင်ထားခဲ့ပြီး The Most Beautiful Lee Young Ae လို့ Caption ရေးထားခဲ့တာဖြစ်ပါတယ်။သူမတို့နှစ်ဦးလုံးဟာ မတ်လ 10 ရက်နေ့က ဟောင်ကောင်မှာကျင်းပတဲ့ 17 ကြိမ်မြောက် Hong Kong Asian Film […]

ရုံးသမားများအတွက်အလုပ်စားပွဲမှာတင်လေ့ကျင့်နိုင်တဲ့ယောဂလေ့ကျင့်ခန်းလေးများ

March 14, 2024 Aung Khant Mon 0

တစ်နေကုန်အလုပ်စားပွဲမှာထိုင်ညောင်းညာပင်ပန်းပြီးတက်ကြွလန်းဆန်းမှုမရှိဖြစ်နေတယ်။ ဒါပေမဲ့ရုံးဆင်းချိန် Workout လုပ်ဖို့လည်းအချိန်မပေးနိုင်ဘူးဆိုရင်လွယ်ကူတဲ့ဒီယောဂလေ့ကျင့်ခန်းလေးတွေကို လုပ်ကြည့်သင့်ပါတယ်နော်။ကိုယ့်ရဲ့အလုပ်စားပွဲမှာတင်လုပ်နိုင်တဲ့ ယောဂလေ့ကျင့်ခန်းလေးတွေဖြစ်ပြီးယောဂမလေ့ကျင့်ဖူးတဲ့သူတွေလည်း လိုက်လုပ်ဖို့အဆင်ပြေပါတယ်။တစ်နေကုန်ပင်ပန်းနေတဲ့အခါ ဒါမှမဟုတ် အစည်းအဝေးမစခင်ချက်ချင်းလန်းဆန်းချင်တဲ့အခါဒါလေးတွေကိုလေ့ကျင့်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းလေးတွေက အလုပ်ကိုအာရုံစူးစိုက်နိုင်စွမ်းလည်းတိုးလာစေနိုင်ပါတယ်။ Seated Backbend ထိုင်ခုံမှာထိုင်ပါ။ ခါးကိုမတ်မတ်ထားပါ။ အသက်ဖြည်းဖြည်းရှူသွင်းရင်းလက်ကိုမျက်နှာကြက်ဆီဆန့်တန်းလိုက်ပါ။ ပြီးရင်ခါးအထက်ခန္ဓာကိုယ်အပေါ်ပိုင်းကို နောက်ကိုလှန်ချပါ။ အသက်ရှူထုတ်ရင်းမူလပုံစံအတိုင်းပြန်နေပါ။ ဒါလေးကို 3 ကြော့လေ့ကျင့်နိုင်ပါတယ်။ Chair Twist ထိုင်ခုံမှာ […]