အလုပ်နဲ့ဘဝချိန်ခွင်လွှာဆိုတာ ဘာလဲ

July 10, 2024 Aung Khant Mon 0

တော်တော်များများက Work-Life Balance ရှိဖို့လိုတယ်ဆိုပြီး ပြောကြတယ်။ ဒါပေမဲ့အဲဒါကအလုပ်မှာရော ဘဝမှာပါဘယ်လောက်အထိအရေးပါတယ်ဆိုတာကို တော်တော်များများက အမှုမဲ့အမှတ်မဲ့နဲ့ရှိနေကြပါတယ်။ အလုပ်နဲ့ဘဝချိန်ခွင်လျှာဆိုတာ ဘာလဲဆိုတာကို မျှဝေပေးချင်ပါတယ်။အလုပ်နဲ့ဘဝ ချိန်ခွင်လျှာဆိုတာက အသက်မွေးဝမ်းကြောင်းနဲ့ ကိုယ်ရေးကိုယ်တာဘဝအတွက်သင်ခွဲဝေချထားတဲ့ အချိန်နဲ့ကြိုးစားအားထုတ်မှုပဲဖြစ်ပါတယ်။ကျန်းမာတဲ့အလုပ်ဘဝဟန်ချက်ညီဖို့ ဘာကြောင့်အရေးကြီးတာလဲဆိုရင် စိတ်ပိုင်းဆိုင်ရာအရ၊ ရုပ်ပိုင်းဆိုင်ရာအရ တိုက်ရိုက်ပတ်သက်နေ တာကြောင့်ပါပဲ။ အသက်မွေးဝမ်းကြောင်းအပေါ် အာရုံစိုက်တာကလည်း အကျိုးရှိပေမဲ့ကိုယ့်ရဲ့ပရော်ဖက်ရှင်နယ်ဘဝတခုတည်းကိုအာရုံစိုက်တာ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာများဖြစ်စေနိုင်ပါတယ်။ […]

လက်ထပ်တဲ့သတင်းနဲ့အတူ ကိုယ်ဝန်ဆောင်ထားရပြီဆိုတာကိုပါ ကြေညာလိုက်တဲ့ ASH ISLAND နဲ့ CHANMINA တို့စုံတွဲ

July 9, 2024 Aung Khant Mon 0

ASH ISLAND နဲ့ CHANMINA တို့နှစ်ဦးကတော့ မိသားစုဘဝကိုအတူတကွစတင်နေပြီဖြစ်ပါတယ်။သူတို့နှစ်ဦးက မကြာသေးမီက လက်ထပ်ထားပြီး သားဦးလေးကိုကိုယ်ဝန်ဆောင်ထားရပြီဆိုတာကို ဇူလိုင်လ ၇ရက်နေ့မှာပရိသတ်တွေကိုအသိပေးကြေညာခဲ့ပါတယ်။ ဒီသတင်းကြောင့်ပဲ ပရိသတ်တွေအားလုံးကအံ့အားသင့်စေခဲ့ရပါတယ်။လူမှုကွန်ရက်တခုဖြစ်တဲ့ အင်စတာဂရမ်မှာစုံတွဲပုံပေါင်းများစွာကို မျှဝေထားတဲ့အပြင် CHANMINA စာတိုတခုကိုလည်း ပရိသတ်ကို မျှဝေထားပါသေးတယ်။ ASH ISLAND နဲ့ လက်ထပ်လိုက်ပြီလို့ ကြေငြာလိုက်ရတဲ့အတွက် ဝမ်းသာပါတယ်။ […]

ထိုးထွင်းသိမြင်မှုအားကောင်းတဲ့ ရာသီခွင် (၄)ခု

July 9, 2024 Aung Khant Mon 0

ဒီရာသီခွင်တွေက တခြားသူတွေနဲ့မတူဘဲ အလိုလိုသိမြင်စိတ်၊ ထိုးထွင်သိမြင်မှုအားကောင်းတဲ့ရာသီခွင်တွေဖြစ်ပါတယ်။ တခုခုကို သူတို့စိတ်ထဲမှာ ထင်၊ မြင်နေရင် မှန်တတ်ပါတယ်။သူတို့တွေကို လိမ်ညာလှည့်စားလို့မရနိုင်ပါဘူး။ တခါတလေမှာကြိုတင်ဖြစ်လာမယ့်အရာတချို့ကိုလည်း သိမြင်နေ တတ်ကြပါတယ်။ Cancer ဒီရာသီဖွားတွေက အလိုလိုသိစိတ်မြင့်မားကြသူတွေဖြစ်ပါတယ်။ သူတို့ရဲ့ထိုးထွင်းသိမြင်မှုကြောင့် သူတို့ကိုလိမ်ညာလှည့်စားလို့မရနိုင်ပါဘူး။ သူတို့ရဲ့နက်နဲတဲ့စိတ်ခံစားမှုအာရုံခံနိုင်စွမ်းကြောင့် ကျော်ကြားပါတယ်။ သိမ်မွေ့တဲ့စွမ်းအင်များနဲ့စကားအနေနဲ့မဖော်ပြနိုင်တဲ့ ခံစားချက်များကို ဆုပ်ကိုင်နိုင်တာက သူတို့ရဲ့ သဘာဝကပေးတဲ့လက်ဆောင်တခုဖြစ်ပါတယ်။ […]

စေ့စပ်ညှိနှိုင်းခြင်း အဆင့် (၄)ခု

July 9, 2024 Aung Khant Mon 0

လူတွေက ရှင်သန်ဖို့အတွက်နဲ့ စိန်ခေါ်မှုဆိုင်ရာကိစ္စရပ်တွေအတွက် အမြဲတမ်းညှိနှိုင်းမှုကမရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုတခုဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကနေအခုအချိန်အထိမပြောင်းမလဲရှိနေတဲ့အရာကတော့ ညှိနှိုင်းမှုပါပဲ။ စေ့စပ်မှုက ဘဝအတွက်ကြီးမားတဲ့အစိတ်အပိုင်းတခုဖြစ်နေဆဲပါပဲ။ဒီလိုစေ့စပ်ညှိနှိုင်းမှုမှာ အဆင့်လေးဆင့်ရှိပါတယ်။ ဒီလိုစေ့စပ်ညှိနှိုင်းဖို့အတွ် ပထမအဆင့်လုပ်ငန်းစဉ်ကိုနားလည်ရမှာဖြစ်ပြီး အဲဒီကနေမှတဆင့် ဘယ်လိုညှိနှိုင်းမှုအရည်အချင်းတွေကိုအသုံးချရမလဲဆိုတာ သိနိုင်မှာဖြစ်ပါတယ်။ ဒီညှိနှိုင်းမှုမှာ အချိန်နဲ့နေရာသတ်မှတ်ပြီးတာနဲ့ဘယ်သူတွေတက်ရောက်သင့်သလဲဆိုတာဆုံးဖြတ်ပြီး ဒီအဆင့်လေးဆင့်နဲ့ဖြတ်သန်းနိုင်ပါတယ်၊ ပြင်ဆင်ပါ စေ့စပ်သေချာစွာ ကြိုတင်ပြင်ဆင်မှုက ထိထိရောက်ရောက် စေ့စပ်ညှိနှိုင်းဖို့အရေးကြီးပါတယ်. အချက်အလက်များကို […]

ဒီလမ်းခွဲမှုက သူ့ရဲ့အမှားကြောင့်လို့ ပြောလိုက်တဲ့ ထိုင်းမင်းသား Nine Naphat

July 6, 2024 Aung Khant Mon 0

မင်းသား Nine Naphat က ထိုင်းမင်းသမီး Baifern Pimchanok နဲ့ ၂ နှစ်ကြာ လက်တွဲပြီးလမ်းခွဲလိုက်ပြီး ဒီလမ်းခွဲမှုက သူ့ရဲ့အမှားဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ထိုင်းမင်းသားက သတင်းထောက်တွေနဲ့ သတင်းစာရှင်းလင်းပွဲမှာသူတို့ရဲ့အချစ်ရေးအကြောင်းပြောရင်း ငိုကြွေးခဲ့ပါတယ်။“ဖြစ်ခဲ့တာတွေအတွက် ကျနော်နောင်တမရပါဘူး။ သူမက ကျနော့်နှလုံးသားထဲမှာအကောင်းဆုံးအမျိုးသမီးပါပဲ” လို့ မင်းသားကပြောခဲ့ပါတယ်။ကြာသပတေးနေ့က ဘန်ကောက်မြို့ Hilton […]

အလှဆုံးတွေဖြစ်ကြတဲ့ ရာသီခွင် (၄)ခု

July 6, 2024 Aung Khant Mon 0

ရာသီခွင်တွေထဲမှာ လှပပြီး ဆွဲဆောင်မှုရှိတဲ့ ရာသီခွင်လေးတွေကို သင်သိပါသလား။ဒီရာသီခွင်လေးတွေကတော့ အလှဆုံးလို့သတ်မှတ်ကြတဲ့ ရာသီခွင်လေးခုပဲဖြစ်ပါတယ်။ Libra ကျက်သရေရှိပြီး စွဲမက်ဖွယ်ကောင်းတဲ့ ရာသီခွင်ဆိုရင် Libra တွေလို့ဆိုရမှာပါ။ချစ်ခြင်းမေတ္တာနဲ့ အလှတရားရဲ့ ဂြိုလ်ဖြစ်တဲ့ ဗီးနပ်စ်အုပ် ချုပ်တဲ့ ဒီရာသီခွင်လေးတွေကကျက်သရေရှိပြီး ထည်ဝါတဲ့အလှတရားကိုပိုင်ဆိုင်ကြပါတယ်။ သူတို့မှာ သံလိုက်ဓာတ်ကတခြားသူများကို ဆွဲဆောင်နိုင်ကြပါတယ်။ Leo ရဲရင့်ပြီး ယုံကြည်မှုရှိတဲ့ […]

အလုပ်တစ်ခုရှိတာရဲ့ အရေးကြီးတဲ့ အကြောင်းပြချက် (၅)ခု

July 6, 2024 Aung Khant Mon 0

တည်ငြိမ်တဲ့လုပ်ခလစာ၊ အကျိုးခံစားခွင့်တွေရှိတဲ့ အလုပ်တခုကို ရရှိထားတာကကိုယ့်အတွက်ကံကောင်းမှုတခုဖြစ်ပါတယ်။ အချိန်ပြည့်အလုပ်တခုရှိတာကကိုယ်ရေးကိုယ်တာနဲ့ ပရော်ဖက်ရှင်နယ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါပါတယ်။အလုပ်တခုရှိတာက သင့်အ တွက်အကျိုးကျေးဇူးဖြစ်စေတဲ့ အကြောင်းအရင်းတွေကိုဖော်ပြပေးချင်ပါတယ်။ ငွေကြေးတည်ငြိမ်မှု ပုံမှန်အလုပ်တစ်ခုရှိတာက သင့်ရဲ့ရေတိုနဲ့ရေရှည်ငွေကြေးပန်းတိုင်များကို တည်ငြိမ်စေပါတယ်။အနာဂတ်အတွက် ခန့်မှန်းချက်များကို လုပ်နိုင်ပြီး လက်ရှိအသုံးစရိတ်များကို ကာမိစေဖို့တည်ငြိမ်တဲ့ ငွေအရင်းအမြစ်ကို ပံ့ပိုးပေးနိုင်ပါတယ်။ လစဉ်ငွေဘယ်လောက်ဝင်မယ်ဆိုတာကိုသိတာကလည်း မိသားစုကိုပြုစုစောင့်ရှောက်ဖို့နဲ့ အိမ်အတွက်ဘယ်လောက်ချွေတာနိုင်မလဲဆိုတဲ့ကိစ္စအရပ်ရပ်ကို ကြိုတင်တွက် ချက်ထားနိုင်ပါတယ်။ […]

လမ်းခွဲလိုက်ကြပြီဖြစ်တဲ့ ထိုင်းသရုပ်ဆောင် Baifern Pimchanok နဲ့ Nine Naphat

July 5, 2024 Aung Khant Mon 0

ထိုင်းသရုပ်ဆောင်များဖြစ်ကြတဲ့ Baifern Pimchanok နဲ့ Nine Naphat တို့နှစ်ဦး လမ်းခွဲလိုက်ပြီဆိုတဲ့သတင်းများ ကောလာဟလအဖြစ်ထွက်ပေါ်လာနေတာရက်ပိုင်းတချို့ကြာခဲ့ပါပြီ။ The Nation Thailand နဲ့ Khaosod English တို့ရဲ့ဖော်ပြချက်များအရ Nine က ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ အဆိုပါသတင်းကို အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။ Nine ကအလုပ်နဲ့ သူတို့ရဲ့ […]

ခရီးသွားဖို့ အမြဲစိတ်အားထက်သန်နေတဲ့ ရာသီခွင် (၄)

July 5, 2024 Aung Khant Mon 0

ဝေလံခေါင်သီတဲ့ဒေသတွေ၊ ထူးခြားဆန်းပြားတဲ့ ယဉ်ကျေးမှုများနဲ့စိတ်လှုပ်ရှားဖွယ်စွန့်စားခန်းများကို အမြဲတစေအိပ်မက်မက်နေသူတွေရှိပါတယ်။ အဲဒါကတော့အခုပြောပြမယ့် ရာသီခွင် (၄)ခုပဲဖြစ်ပါတယ်။ Sagittarius လွတ်လပ်မှုနဲ့ စူးစမ်းရှာဖွေမှုကိုနှစ်သက်ကြတဲ့ ဆာဂျီတွေက ခရီးထွက်ဖို့ဆိုရင် ရှေ့ဆုံးကရှိနေမယ့်သူများပါပဲ။ သူတို့က အတွေ့အကြုံအသစ်များ၊ ယဉ်ကျေးမှုများနဲ့မသိသေးတဲ့အရာတွေကို ရှာဖွေခြင်းတွေကို စိတ်လှုပ်ရှားကြပါတယ်။ သူတို့ရဲ့စွန့်စားခန်းခရီးကသူတို့ကိုစိတ်ကျေနပ်မှုရစေပါတယ်။ Gemini ဒီရာသီဖွားတွေကလည်း သူတို့ရဲ့စူးစမ်းလေ့လာလိုစိတ်ကြောင့်လူသိများပါတယ်။ သူတို့ကပြောင်းလဲမှုနဲ့ မတူကွဲပြားမှုများအပေါ် အထူးအလေးပေးပါတယ်။ […]

အလုပ်ကရပ်စဲခံရခြင်းရဲ့ အကြောင်းအရင်း (၄)ခု

July 5, 2024 Aung Khant Mon 0

အလုပ်ကိုလက်လွှတ်လိုက်ရတာ အလုပ်ကရပ်စဲခံရတာဘယ်လိုပဲဖြစ်ဖြစ်ဒါကအကြောင်းအရင်းတွေရှိနေတတ်ပါတယ်။ တည်ငြိမ်တဲ့ အသက်မွေးဝမ်းကြောင်းတခုတည်ဆောက်တာရဲ့ ပထမခြေလှမ်းကတော့ပရော်ဖက်ရှင်မပြေလည်မှုများရဲ့ အရင်းအမြစ်ကို ရှာဖွေဖော် ထုတ်တာပါပဲ။ပြဿနာရဲ့အရင်းအမြစ်က ဘာပါလဲ။ အလုပ်ပြုတ်တာကဒီအကြောင်းအရင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။ လုပ်ငန်းစွမ်းဆောင်ရည် ဒီအချက်ကတော့ အလုပ်ပြုတ်ရခြင်း၊ အလုပ်ကရပ်စဲခံရခြင်းရဲ့ပထမအဓိကကျတဲ့အချက်ဖြစ်ပါတယ်။ ကိုယ်ကအလုပ်မှာ သတ်မှတ်တာဝန်များကိုမပြီးမြောက်ဘူးလား။ ဒါက ကိုယ့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးမေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ဒီအချက်ကြောင့် အလုပ်မှာသင့်ရဲ့ဂုဏ်သတင်းကိုထိခိုက်စေနိုင်ပြီး တိုးတက်စေဖို့ အခွင့်အလမ်းနည်းပါးစေနိုင်ပါတယ်။ဒီအချက်ကြောင့်ပဲ သင့်ရဲ့ လုပ်ငန်းခွင်လမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ […]