ခရစ္စမတ်နေ့မှာချစ်သူရဲ့ကစားပွဲကိုအားပေးရင်းအချိန်ကုန်ခဲ့တဲ့တေလာဆွပ်ဖ်

ဂရမ်မီဆုရှင်ကြီးတေလာဆွပ်ဖပ်ကတော့ ပြီးခဲ့တဲ့ခရစ္စမတ်နေ့မှာ ချစ်သူ Travis Kelce ရဲ့ NFL ပွဲကိုအားပေးရင်း အချိန်ကုန်ခဲ့တာတွေ့ရပါတယ်။ သူမဟာ ချစ်သူရဲ့ဂျာစီနံပါတ်ရေးထိုးထားတဲ့ခရစ္စမတ်ဦးထုပ်အနီလေးကိုဆောင်းရင်း ကစားပွဲကိုအားပေးနေခဲ့တာဖြစ်ပါတယ်။ဒီလိုအားကစားပွဲတွေကနေ သူတို့ချစ်သူနှစ်ဦးရဲ့မိသားစုတွေ့ဆုံပွဲအဖြစ်ပြောင်းလဲလာတာကိုလည်းတွေ့မြင်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ တေလာဆွပ်ဖ်ရဲ့မိဘနှစ်ပါးဖြစ်တဲ့ Scott Swift နဲ့ Andrea Swift၊ သူမရဲ့အစ်ကိုဖြစ်သူနဲ့အစ်ကိုရဲ့ချစ်သူတို့ကိုလည်းပွဲကြည့်စင်မှာတွေ့ရလို့ဖြစ်ပါတယ်။

တေလာဆွပ်ဖ်ရဲ့ဖခင်ဖြစ်သူနဲ့ Travis Kelce ရဲ့ဖခင်တို့ဟာ တော်တော်လေးရင်းနှီးတဲ့အနေအထားရှိနေကြတယ်လို့လည်း မီဒီယာတွေကဖော်ပြကြပါတယ်။သူတို့နှစ်ဦးဟာ ဘယ်သူမှသတိမထားမိခင်ကတည်းကအချိန်လုံလုံလောက်လောက်တွေ့ဆုံဖြတ်သန်းခဲ့ကြပြီး လက်ရှိအချိန်မှာတော့အေးအေးဆေးဆေးနဲ့ခိုင်မာတဲ့ဆက်ဆံရေးကိုတည်ဆောက်ထားနိုင်တာဖြစ်တယ်လို့ Travis Kelce ကအင်တာဗျူးတစ်ခုမှာပြောခဲ့ဖူးပါတယ်။

Ju Ju

zawgyi

ဂရမ္မီဆုရွင္ႀကီးေတလာဆြပ္ဖပ္ကေတာ့ ၿပီးခဲ့တဲ့ခရစၥမတ္ေန႔မွာ ခ်စ္သူ Travis Kelce ရဲ႕ NFL ပြဲကိုအားေပးရင္း အခ်ိန္ကုန္ခဲ့တာေတြ႕ရပါတယ္။ သူမဟာ ခ်စ္သူရဲ႕ဂ်ာစီနံပါတ္ေရးထိုးထားတဲ့ခရစၥမတ္ဦးထုပ္အနီေလးကိုေဆာင္းရင္း ကစားပြဲကိုအားေပးေနခဲ့တာျဖစ္ပါတယ္။ဒီလိုအားကစားပြဲေတြကေန သူတို႔ခ်စ္သူႏွစ္ဦးရဲ႕မိသားစုေတြ႕ဆုံပြဲအျဖစ္ေျပာင္းလဲလာတာကိုလည္းေတြ႕ျမင္ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေတလာဆြပ္ဖ္ရဲ႕မိဘႏွစ္ပါးျဖစ္တဲ့ Scott Swift နဲ႔ Andrea Swift၊ သူမရဲ႕အစ္ကိုျဖစ္သူနဲ႔အစ္ကိုရဲ႕ခ်စ္သူတို႔ကိုလည္းပြဲၾကည့္စင္မွာေတြ႕ရလို႔ျဖစ္ပါတယ္။

ေတလာဆြပ္ဖ္ရဲ႕ဖခင္ျဖစ္သူနဲ႔ Travis Kelce ရဲ႕ဖခင္တို႔ဟာ ေတာ္ေတာ္ေလးရင္းႏွီးတဲ့အေနအထားရွိေနၾကတယ္လို႔လည္း မီဒီယာေတြကေဖာ္ျပၾကပါတယ္။သူတို႔ႏွစ္ဦးဟာ ဘယ္သူမွသတိမထားမိခင္ကတည္းကအခ်ိန္လုံလုံေလာက္ေလာက္ေတြ႕ဆုံျဖတ္သန္းခဲ့ၾကၿပီး လက္ရွိအခ်ိန္မွာေတာ့ေအးေအးေဆးေဆးနဲ႔ခိုင္မာတဲ့ဆက္ဆံေရးကိုတည္ေဆာက္ထားႏိုင္တာျဖစ္တယ္လို႔ Travis Kelce ကအင္တာဗ်ဴးတစ္ခုမွာေျပာခဲ့ဖူးပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*