ခေါင်းဆောင် အများစုဟာ မိမိကိုယ်ကို ပွင့်လင်းရိုးသားစွာ ပြုမူနေထိုင်ကြတယ်လို့ ထင်မှတ်တတ်ကြပါတယ်။ ဒါပေမဲ့ အဖွဲ့သားတွေကတော့ အမှန်တကယ် ဘာဖြစ်နေလဲဆိုတာ ပိုသိကြပါတယ်။ ခေါင်းဆောင်မှု မျက်နှာဖုံးဟာ ကိုယ့်ဘက်ကကြည့်ရင် သတ္တိရှိမှုလို ထင်ရပေမဲ့ ပြင်ပကကြည့်ရင်တော့ ကြောက်ရွံ့မှုတစ်ခုလို မြင်တွေ့ရတာပါ။ ဒီတော့ Halloween ကာလမှာ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ရမှာက “မင်းရဲ့ မျက်နှာဖုံးနောက်မှာ ဘာတွေကို ပုန်းကွယ်ထားသလဲ” ဆိုတာပါပဲ။ Halloween ဆိုတာ တစ်နှစ်မှာ တစ်ရက်တည်း မိမိကိုယ်ကို မျက်နှာဖုံးတပ်ပြီး တခြားသူတစ်ယောက်အဖြစ် စနောက်ပျော်ကြတဲ့ ပွဲတော်ပါ။အားလုံးက ဒါဟာ အတု အယောင်ဆိုတာ သိကြလို့ ပျော်စရာကောင်းတာပါ။ဒါပေမဲ့ နှစ်တစ်နှစ်ရဲ့ ကျန်တဲ့ရက်တွေမှာ လုပ်ငန်းခွင်ထဲ ဝင်ကြည့်ရင်လည်း မျက်နှာဖုံးစွပ်ထားတဲ့ ခေါင်းဆောင်တွေကို တွေ့ရပါလိမ့်မယ်။ ကွာခြားချက်ကတော့ သူတို့ဟာ မျက်နှာဖုံးစွပ်ထားမှန်း ကိုယ်တိုင် မသိကြတာပါ။ ဒါပေမဲ့ အဖွဲ့သားတွေကတော့ အပြည့်အဝ သိကြပါတယ်။ခေါင်းဆောင်မှု မျက်နှာဖုံးတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ဒီလိုလက္ခဏာတွေ ရှိပါတယ်။
မရေရာမှုကို ဖုံးကွယ်တဲ့ မျက်နှာဖုံး
ရှေ့ဆက်ရမယ့်လမ်းကြောင်း မရေမရာဖြစ်နေချိန်မှာတောင် ယုံကြည်ချက်ရှိဟန်၊ ပြတ်သားဟန် ဆောင်ထားတာမျိုး။
ထိန်းချုပ်မှု မျက်နှာဖုံး
အခြေအနေတွေ ရှုပ်ထွေးလာတဲ့အခါ အသေးစိတ် လိုက်လံစွက်ဖက်တာ၊ သတင်းအချက်အလက်တွေ လျှို့ဝှက်ထားတာနဲ့ အတင်းအကျပ် ချုပ်ကိုင်တာမျိုးပါ။
အေးစက်မာကြောတဲ့ မျက်နှာဖုံး
ကိုယ့်ရဲ့ အခက်အခဲကို ဘယ်တော့မှ မဝန်ခံတာ၊ အကူအညီမတောင်းတာနဲ့ အတွင်းထဲက လူသားဆန်တဲ့ ကြောက်ရွံ့မှုကို ဘယ်သူ့ကိုမှ မပြတာမျိုးတွေ ဖြစ်ပါတယ်။ဒီမျက်နှာဖုံးတွေဟာ ခေါင်းဆောင်မှုအသွင် ဆောင်နေပေမဲ့ တကယ်တော့ ခေါင်းဆောင်မှုရဲ့ ဆန့်ကျင်ဘက်ပါပဲ။
ခေါင်းဆောင်တွေ ဘာလို့ မျက်နှာဖုံး စွပ်ထားကြတာလဲ
ခေါင်းဆောင်တွေ မျက်နှာဖုံးတပ်တာဟာ ရပ်တည်နိုင်ရေးနဲ့ စိတ်ဖိစီးမှု ထိန်းချုပ်ဖို့အတွက် ဖြစ်တာကြောင့် နားလည်ပေးလို့ရပါတယ်။ သူတို့ဟာ စိတ်ဓာတ်ခိုင်မာပြီး ထိန်းချုပ်နိုင်စွမ်းရှိသူတွေအဖြစ် မြင်သာခဲ့လို့ ရာထူးတိုးခဲ့ကြတာ ဖြစ်နိုင်သလို၊ မရေရာမှုကို ပြသရင် ပြစ်ဒဏ်ပေးပြီး အမှားမရှိမှုကို ဆုပေးတဲ့ လုပ်ငန်းခွင်ယ ဉ်ကျေးမှုထဲမှာ အလုပ်လုပ်နေရတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ အားနည်းမှုကို ပြသလိုက်ရင် အားနည်းချက်အဖြစ် အကဲဖြတ်ခံရမှာကိုလည်း စိုးရိမ်ကြပါတယ်။ဆောင်း ပါးရေးသူ Cheryl Robinson ရဲ့ လေ့လာချက်အရ ကြောက်ရွံ့မှုပေါ် အခြေခံတဲ့ “I Have This Handled” (ငါ အကုန်နိုင်ပါတယ်) ဆိုတဲ့ မျက်နှာဖုံးနဲ့ Micro-manager မျက်နှာဖုံးတို့ဟာ ဘေးလူတွေကို ယုံကြည်မှုမရှိကြောင်း တိတ်တဆိတ် အချက်ပြနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကို မရှိမဖြစ်လူအဖြစ် ပုံဖော်ချင်တဲ့ Martyr Mask (အနစ်နာခံသူ မျက်နှာဖုံး) လည်း ရှိပါသေးတယ်။
ဒါပေမဲ့ မျက်နှာဖုံးကို သိရုံနဲ့ မပြီးပါဘူး။ အဓိက ပန်းတိုင်က မိမိရဲ့ အားနည်းချက်၊ အားသာချက်တွေနဲ့အတူ အရှိကိုအရှိအတိုင်း ပွင့်လင်းသူ ဖြစ်ဖို့ပါ။McKinsey မှ Dana Maor နဲ့ အဖွဲ့ရဲ့ လေ့လာချက်အရ အဖွဲ့တွေ အဆင်မပြေဖြစ်ရတဲ့ နံပါတ်တစ် အကြောင်းအရင်းဟာ ယုံကြည်မှု ကင်းမဲ့ခြင်း ကြောင့်ပါ။ ခေါင်းဆောင်တစ်ယောက်က မိမိရဲ့ ပျော့ညံ့မှု သို့မဟုတ် အားနည်းချက်ကို ပွင့်လင်းစွာ ပြသခြင်းရဲ့ ပန်းတိုင်ဟာ လုပ်ဖော်ကိုင်ဖက်တွေဆီက အကြံဉာဏ်နဲ့ အမြင်ဆန်းတွေကို ဖိတ်ခေါ်ခွင့်ရစေပြီး၊ ဒါကပဲ ယုံကြည်မှုကို တည်ဆောက်ပေးတာပါ။မျက်နှာဖုံးဟာ ခေါင်းဆောင်ကို ကာကွယ်မပေးပါဘူး။ အဖွဲ့သားတွေ၊ တိကျတဲ့ သတင်းအချက်အလက်တွေနဲ့ အဖွဲ့အစည်းကို အောင်မြင်စေမယ့် ယုံကြည်မှုတွေဆီကနေ ခေါင်းဆောင်ကို အထီးကျန် သီးခြားဖြစ်သွားစေတာ ဖြစ်ပါတယ်။Halloween ကတော့ ညဉ့်နက်ရင် မျက်နှာဖုံး ချွတ်လိုက်ကြပေမဲ့ ခေါင်းဆောင်မှုမှာတော့ ကိုယ်တိုင် မချွတ်သရွေ့ မျက်နှာဖုံးက ကွာကျမသွားပါဘူး။သင့်အဖွဲ့သားတွေ လိုအပ်တာဟာ ကြောက်ရွံ့မှုမရှိသူ မဟုတ်ဘဲ ရိုးသားတဲ့ ခေါင်းဆောင်မျိုးပါ။ သတ္တိရှိတဲ့ ခေါင်းဆောင်ဆိုတာ ဘာကိုမှ မကြောက်တဲ့သူ မဟုတ်ပါဘူး၊ ကြောက်ရွံ့မှုကို သိရှိ ဝန်ခံပြီး ရှေ့ဆက်သွားနိုင်သူများသာ ဖြစ်ပါတယ်။
ကျော့ကေခိုင်
zawgyi
ေခါင္းေဆာင္ အမ်ားစုဟာ မိမိကိုယ္ကို ပြင့္လင္း႐ိုးသားစြာ ျပဳမူေနထိုင္ၾကတယ္လို႔ ထင္မွတ္တတ္ၾကပါတယ္။ ဒါေပမဲ့ အဖြဲ႕သားေတြကေတာ့ အမွန္တကယ္ ဘာျဖစ္ေနလဲဆိုတာ ပိုသိၾကပါတယ္။ ေခါင္းေဆာင္မႈ မ်က္ႏွာဖုံးဟာ ကိုယ့္ဘက္ကၾကည့္ရင္ သတၱိရွိမႈလို ထင္ရေပမဲ့ ျပင္ပကၾကည့္ရင္ေတာ့ ေၾကာက္႐ြံ႕မႈတစ္ခုလို ျမင္ေတြ႕ရတာပါ။ ဒီေတာ့ Halloween ကာလမွာ ကိုယ့္ကိုယ္ကိုယ္ ေမးခြန္းထုတ္ရမွာက “မင္းရဲ႕ မ်က္ႏွာဖုံးေနာက္မွာ ဘာေတြကို ပုန္းကြယ္ထားသလဲ” ဆိုတာပါပဲ။ Halloween ဆိုတာ တစ္ႏွစ္မွာ တစ္ရက္တည္း မိမိကိုယ္ကို မ်က္ႏွာဖုံးတပ္ၿပီး တျခားသူတစ္ေယာက္အျဖစ္ စေနာက္ေပ်ာ္ၾကတဲ့ ပြဲေတာ္ပါ။အားလုံးက ဒါဟာ အတု အေယာင္ဆိုတာ သိၾကလို႔ ေပ်ာ္စရာေကာင္းတာပါ။ဒါေပမဲ့ ႏွစ္တစ္ႏွစ္ရဲ႕ က်န္တဲ့ရက္ေတြမွာ လုပ္ငန္းခြင္ထဲ ဝင္ၾကည့္ရင္လည္း မ်က္ႏွာဖုံးစြပ္ထားတဲ့ ေခါင္းေဆာင္ေတြကို ေတြ႕ရပါလိမ့္မယ္။ ကြာျခားခ်က္ကေတာ့ သူတို႔ဟာ မ်က္ႏွာဖုံးစြပ္ထားမွန္း ကိုယ္တိုင္ မသိၾကတာပါ။ ဒါေပမဲ့ အဖြဲ႕သားေတြကေတာ့ အျပည့္အဝ သိၾကပါတယ္။ေခါင္းေဆာင္မႈ မ်က္ႏွာဖုံးေတြဟာ တစ္ေယာက္နဲ႔တစ္ေယာက္ မတူၾကပါဘူး။ ဒီလိုလကၡဏာေတြ ရွိပါတယ္။
မေရရာမႈကို ဖုံးကြယ္တဲ့ မ်က္ႏွာဖုံး
ေရွ႕ဆက္ရမယ့္လမ္းေၾကာင္း မေရမရာျဖစ္ေနခ်ိန္မွာေတာင္ ယုံၾကည္ခ်က္ရွိဟန္၊ ျပတ္သားဟန္ ေဆာင္ထားတာမ်ိဳး။
ထိန္းခ်ဳပ္မႈ မ်က္ႏွာဖုံး
အေျခအေနေတြ ရႈပ္ေထြးလာတဲ့အခါ အေသးစိတ္ လိုက္လံစြက္ဖက္တာ၊ သတင္းအခ်က္အလက္ေတြ လွ်ိဳ႕ဝွက္ထားတာနဲ႔ အတင္းအက်ပ္ ခ်ဳပ္ကိုင္တာမ်ိဳးပါ။
ေအးစက္မာေၾကာတဲ့ မ်က္ႏွာဖုံး
ကိုယ့္ရဲ႕ အခက္အခဲကို ဘယ္ေတာ့မွ မဝန္ခံတာ၊ အကူအညီမေတာင္းတာနဲ႔ အတြင္းထဲက လူသားဆန္တဲ့ ေၾကာက္႐ြံ႕မႈကို ဘယ္သူ႔ကိုမွ မျပတာမ်ိဳးေတြ ျဖစ္ပါတယ္။ဒီမ်က္ႏွာဖုံးေတြဟာ ေခါင္းေဆာင္မႈအသြင္ ေဆာင္ေနေပမဲ့ တကယ္ေတာ့ ေခါင္းေဆာင္မႈရဲ႕ ဆန႔္က်င္ဘက္ပါပဲ။
ေခါင္းေဆာင္ေတြ ဘာလို႔ မ်က္ႏွာဖုံး စြပ္ထားၾကတာလဲ
ေခါင္းေဆာင္ေတြ မ်က္ႏွာဖုံးတပ္တာဟာ ရပ္တည္ႏိုင္ေရးနဲ႔ စိတ္ဖိစီးမႈ ထိန္းခ်ဳပ္ဖို႔အတြက္ ျဖစ္တာေၾကာင့္ နားလည္ေပးလို႔ရပါတယ္။ သူတို႔ဟာ စိတ္ဓာတ္ခိုင္မာၿပီး ထိန္းခ်ဳပ္ႏိုင္စြမ္းရွိသူေတြအျဖစ္ ျမင္သာခဲ့လို႔ ရာထူးတိုးခဲ့ၾကတာ ျဖစ္ႏိုင္သလို၊ မေရရာမႈကို ျပသရင္ ျပစ္ဒဏ္ေပးၿပီး အမွားမရွိမႈကို ဆုေပးတဲ့ လုပ္ငန္းခြင္ယ ဥ္ေက်းမႈထဲမွာ အလုပ္လုပ္ေနရတာလည္း ျဖစ္ႏိုင္ပါတယ္။ ကိုယ့္ရဲ႕ အားနည္းမႈကို ျပသလိုက္ရင္ အားနည္းခ်က္အျဖစ္ အကဲျဖတ္ခံရမွာကိုလည္း စိုးရိမ္ၾကပါတယ္။ေဆာင္း ပါးေရးသူ Cheryl Robinson ရဲ႕ ေလ့လာခ်က္အရ ေၾကာက္႐ြံ႕မႈေပၚ အေျခခံတဲ့ “I Have This Handled” (ငါ အကုန္ႏိုင္ပါတယ္) ဆိုတဲ့ မ်က္ႏွာဖုံးနဲ႔ Micro-manager မ်က္ႏွာဖုံးတို႔ဟာ ေဘးလူေတြကို ယုံၾကည္မႈမရွိေၾကာင္း တိတ္တဆိတ္ အခ်က္ျပေနတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ကိုယ့္ကိုယ္ကို မရွိမျဖစ္လူအျဖစ္ ပုံေဖာ္ခ်င္တဲ့ Martyr Mask (အနစ္နာခံသူ မ်က္ႏွာဖုံး) လည္း ရွိပါေသးတယ္။
ဒါေပမဲ့ မ်က္ႏွာဖုံးကို သိ႐ုံနဲ႔ မၿပီးပါဘူး။ အဓိက ပန္းတိုင္က မိမိရဲ႕ အားနည္းခ်က္၊ အားသာခ်က္ေတြနဲ႔အတူ အရွိကိုအရွိအတိုင္း ပြင့္လင္းသူ ျဖစ္ဖို႔ပါ။McKinsey မွ Dana Maor နဲ႔ အဖြဲ႕ရဲ႕ ေလ့လာခ်က္အရ အဖြဲ႕ေတြ အဆင္မေျပျဖစ္ရတဲ့ နံပါတ္တစ္ အေၾကာင္းအရင္းဟာ ယုံၾကည္မႈ ကင္းမဲ့ျခင္း ေၾကာင့္ပါ။ ေခါင္းေဆာင္တစ္ေယာက္က မိမိရဲ႕ ေပ်ာ့ညံ့မႈ သို႔မဟုတ္ အားနည္းခ်က္ကို ပြင့္လင္းစြာ ျပသျခင္းရဲ႕ ပန္းတိုင္ဟာ လုပ္ေဖာ္ကိုင္ဖက္ေတြဆီက အႀကံဉာဏ္နဲ႔ အျမင္ဆန္းေတြကို ဖိတ္ေခၚခြင့္ရေစၿပီး၊ ဒါကပဲ ယုံၾကည္မႈကို တည္ေဆာက္ေပးတာပါ။မ်က္ႏွာဖုံးဟာ ေခါင္းေဆာင္ကို ကာကြယ္မေပးပါဘူး။ အဖြဲ႕သားေတြ၊ တိက်တဲ့ သတင္းအခ်က္အလက္ေတြနဲ႔ အဖြဲ႕အစည္းကို ေအာင္ျမင္ေစမယ့္ ယုံၾကည္မႈေတြဆီကေန ေခါင္းေဆာင္ကို အထီးက်န္ သီးျခားျဖစ္သြားေစတာ ျဖစ္ပါတယ္။Halloween ကေတာ့ ညဥ့္နက္ရင္ မ်က္ႏွာဖုံး ခြၽတ္လိုက္ၾကေပမဲ့ ေခါင္းေဆာင္မႈမွာေတာ့ ကိုယ္တိုင္ မခြၽတ္သေ႐ြ႕ မ်က္ႏွာဖုံးက ကြာက်မသြားပါဘူး။သင့္အဖြဲ႕သားေတြ လိုအပ္တာဟာ ေၾကာက္႐ြံ႕မႈမရွိသူ မဟုတ္ဘဲ ႐ိုးသားတဲ့ ေခါင္းေဆာင္မ်ိဳးပါ။ သတၱိရွိတဲ့ ေခါင္းေဆာင္ဆိုတာ ဘာကိုမွ မေၾကာက္တဲ့သူ မဟုတ္ပါဘူး၊ ေၾကာက္႐ြံ႕မႈကို သိရွိ ဝန္ခံၿပီး ေရွ႕ဆက္သြားႏိုင္သူမ်ားသာ ျဖစ္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply