နိုဝင်ဘာမှာ ကံကောင်းစေမယ့် ရာသီခွင် (၃)ခု

နှစ်တစ်နှစ်ရဲ့ အဆုံးပိုင်းကို ရောက်ရှိလာပြီဆိုပေမယ့်လည်း ဒီလဟာ အထူးခြားဆုံး တစ်ခုခုရဲ့ စတင်ခြင်းလို့ ကျွန်ုပ်တို့ မခံစားရဘဲ မနေနိုင်ပါဘူး။ လီယို ရာသီခွင်ထဲ Moon ရောက်ရှိနေစဉ်မှာ အကောင်းမြင်စိတ်နဲ့ ကောင်းမွန်တဲ့ စွမ်းအင်တွေကို အထင်းသား ခံစားသိရှိနိုင်ပါတယ်။ ဒီလထဲမှာ ဖြစ်ပျက်စရာတွေ အများကြီးရှိနေပြီး အဲ့ဒါတွေတော်တော်များများက စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်။ ဒီလထဲမှာ ကံအကောင်းဆုံး ရာသီခွင် သုံးခုက ဘာတွေဖြစ်မလဲ ကြည့်လိုက်ကြရအောင်ပါ။

Leo

လတစ်လရဲ့ ပထမဆုံးနေ့ဟာ သင့်အတွက် သစ်လွင်ဆန်းသစ်နေပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့မှာ လမင်းက သင့်ရဲ့ ရာသီခွင်ထဲမှာ ရောက်ရှိနေတာကြောင့် ဒီခံစားချက်ကို အခွင့်ကောင်းယူ အသုံးချချင်ပါလိမ့်မယ်။ သင့်အနေနဲ့ ဒီအခြေအနေကနေ ကောင်းမွန်တဲ့ အရာတစ်ခုကို ဖန်တီးယူနိုင်တယ်ဆိုတာ ကိုယ်တိုင်လည်း သိနေပါတယ်။သင့်ရဲ့ တက်ကြွမှုတွေက ပတ်ဝန်းကျင်ကိုပါ ကူးစက်စေပြီး ဒီနေ့မှာ အသင်းအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေက အဓိကအခန်းကဏ္ဍကနေ ပါဝင်လာတာကို တွေ့ရပါလိမ့်မယ်။ အားလုံးအတူတကွ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုကို ပြီးမြောက်စေဖို့ သင့်ပတ်ဝန်းကျင်မှာ လူတွေကို စုစည်းနေပါတယ်။ ပိုကောင်းတာက အဲ့ဒါကို လုပ် ဆောင်နေစဉ်မှာ သင် ပျော်ရွှင်နေရတာပါပဲ။သင့်ပတ်ဝန်းကျင်က လူတိုင်းအတွက် အကောင်းဆုံး ဖြစ်စေချင်ပြီး သူတို့ရဲ့ ပန်းတိုင်တွေ ရောက်အောင် ဘယ်လိုကူညီရမလဲဆိုတာ သင် သိပါတယ်။ သင့်ပန်းတိုင်ရောက်ဖို့ သူတို့က ပြန်ကူညီပေးမယ်ဆိုရင် ပိုတောင် ကောင်းသေးပါတယ်။ သင်ဟာ အလွန်ကောင်းမွန်တဲ့ မျှော်မှန်းချက်တွေနဲ့အတူ လတစ်လကို ကောင်းမွန်စွာ စတင်နေပါပြီ။

Aries

သင်ဟာ ဒီလကို အကောင်းဆုံး ပုံစံနဲ့ စတင်နေပါပြီ။ အဓိကကတော့ နှစ်တစ်နှစ်ရဲ့ ပထမ ၁၀ လတာဆီကနေ သင်ခန်းစာတွေ အများကြီး ရရှိခဲ့လို့ပါပဲ။ ဘာတွေက အ လုပ်ဖြစ်တယ်၊ ဘာတွေက အလုပ်မဖြစ်ဘူးဆိုတာ သင်သိနေပြီး နောက်ထပ် အလုပ်မဖြစ်တဲ့ အရာတွေကိုတော့ ထပ်မံ မလုပ်ဆောင်ချင်တော့တာ သေချာပါတယ်။သင်ဟာ ပြောင်းလဲမှုအတွက် အသင့်ဖြစ်နေပြီဖြစ်ပြီး အခုချက်ချင်းကိုပဲ အကောင်အထည်ဖော်ဖို့ စိတ်ဓာတ်တွေ ထက်သန်နေပါတယ်။ နှစ်တစ်နှစ်ဟာ သူ့ရဲ့ တံခါးတွေကို ပိတ်သိမ်းတော့မှာဖြစ်ပြီး မကြာမီ ရုံးပိတ်ရက် ပွဲတော်ရာသီထဲကို ဝင်ရောက်တော့မှာပါ။ပြီးတော့ မိဿရာသီဖွားတို့ စိတ်ထဲ တစ်ခုခု တေးထားလိုက်ပြီဆိုရင် သင့်ကို ဘာမှ တားဆီးလို့ မရတော့ပါဘူး။ အခု သင့်ဘက်က လိုချင်နေတာက အကောင်းဘက်က ပြောင်းလဲမှုနဲ့ အဲ့ဒီကောင်းမွန်တဲ့ လမ်းကြောင်းအတိုင်း ဆက်သွားနိုင်မယ့် ဇွဲလုံ့လပါပဲ။ အခု သင့်လမ်းကြောင်းမှာ ဘာမှ လာတားဆီးလို့ မရတော့ပါဘူး။

Sagittarius

နိုဝင်ဘာလဟာ သင့်အတွက် အမြဲတမ်း သက်တောင့်သက်သာ ခံစားရစေပြီး ဒီလရဲ့ ပထမဆုံးနေ့မှာ သင့်ရဲ့ စိတ်နေစိတ်ထားက ကြည်လင်နေပါလိမ့်မယ်။ သင်ဟာ သင့်ရဲ့ ပိုင်နက်ထဲမှာ ရောက်ရှိနေပြီဖြစ်ပြီး လီယိုလမင်းကလည်း အဲ့ဒီမီးတောက်ကို ပိုပြီး လောင်စာဖြည့်ပေးထားပါတယ်။ဒီကနေစပြီး ပိုမိုကောင်းမွန်လာတော့မယ်ဆိုတာ သင် သေချာပေါက် သိနေပါတယ်။ သင့်ရဲ့ ရာသီခွင်ကာလ (Sagittarius Season) ကလည်း လက်တစ်ကမ်းမှာ ရောက်ရှိတော့မှာဖြစ်ပြီး သင့်ရဲ့ စိတ်နေစိတ်ထားကလည်း အဆင်သင့်ဖြစ်နေသလို ဦးတည်ချက်လည်း မှန်ကန်နေပါပြီ။ နီးကပ်လာတဲ့ အနာဂတ်မှာ အောင်မြင်မှုကိုပဲ သင် မြင်တွေ့နေရပြီး ကြယ်တာရာတွေကလည်း အဲ့ဒါကို ထောက်ခံပေးနေပါတယ်။ဒါ့အပြင် သင့်ရဲ့ ဖန်တီးနိုင်စွမ်းတွေကလည်း အမြင့်မားဆုံး စံချိန်ကို ရောက်ရှိနေပါတယ်။ ကြည့်လိုက်တဲ့ နေရာတိုင်းမှာ စိတ်ကူး ဉာဏ်သစ်တွေကို မြင်တွေ့နေရသလိုပါပဲ။ ဒါကြောင့် သင့်အတွက်တော့ နိုဝင်ဘာ ၁ ရက်နေ့ဆိုတာ ပျော်ရွှင်မှုနဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေဆီ ဦးတည်သွားမယ့် အ မှတ်စဉ်တန်းကြီးရဲ့ စတင်ရာ Point A တစ်ခုမျှသာ ဖြစ်ပါတယ်။ ဒါဟာ အလွန်တွေးတတ်တဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။ သင့်ရဲ့ အကောင်းမြင်စိတ်က သင့်ကို အ ဝေးကြီးထိ ရောက်အောင် ဆောင်ကြဉ်းပေးပါလိမ့်မယ်။

ကျော့ကေခိုင်

zawgyi

ႏွစ္တစ္ႏွစ္ရဲ႕ အဆုံးပိုင္းကို ေရာက္ရွိလာၿပီဆိုေပမယ့္လည္း ဒီလဟာ အထူးျခားဆုံး တစ္ခုခုရဲ႕ စတင္ျခင္းလို႔ ကြၽႏ္ုပ္တို႔ မခံစားရဘဲ မေနႏိုင္ပါဘူး။ လီယို ရာသီခြင္ထဲ Moon ေရာက္ရွိေနစဥ္မွာ အေကာင္းျမင္စိတ္နဲ႔ ေကာင္းမြန္တဲ့ စြမ္းအင္ေတြကို အထင္းသား ခံစားသိရွိႏိုင္ပါတယ္။ ဒီလထဲမွာ ျဖစ္ပ်က္စရာေတြ အမ်ားႀကီးရွိေနၿပီး အဲ့ဒါေတြေတာ္ေတာ္မ်ားမ်ားက စိတ္လႈပ္ရွားစရာ ေကာင္းလွပါတယ္။ ဒီလထဲမွာ ကံအေကာင္းဆုံး ရာသီခြင္ သုံးခုက ဘာေတြျဖစ္မလဲ ၾကည့္လိုက္ၾကရေအာင္ပါ။

Leo

လတစ္လရဲ႕ ပထမဆုံးေန႔ဟာ သင့္အတြက္ သစ္လြင္ဆန္းသစ္ေနပါတယ္။ ႏိုဝင္ဘာ ၁ ရက္ေန႔မွာ လမင္းက သင့္ရဲ႕ ရာသီခြင္ထဲမွာ ေရာက္ရွိေနတာေၾကာင့္ ဒီခံစားခ်က္ကို အခြင့္ေကာင္းယူ အသုံးခ်ခ်င္ပါလိမ့္မယ္။ သင့္အေနနဲ႔ ဒီအေျခအေနကေန ေကာင္းမြန္တဲ့ အရာတစ္ခုကို ဖန္တီးယူႏိုင္တယ္ဆိုတာ ကိုယ္တိုင္လည္း သိေနပါတယ္။သင့္ရဲ႕ တက္ႂကြမႈေတြက ပတ္ဝန္းက်င္ကိုပါ ကူးစက္ေစၿပီး ဒီေန႔မွာ အသင္းအဖြဲ႕နဲ႔ ပူးေပါင္းလုပ္ေဆာင္မႈေတြက အဓိကအခန္းက႑ကေန ပါဝင္လာတာကို ေတြ႕ရပါလိမ့္မယ္။ အားလုံးအတူတကြ ႀကီးမားတဲ့ ေအာင္ျမင္မႈတစ္ခုကို ၿပီးေျမာက္ေစဖို႔ သင့္ပတ္ဝန္းက်င္မွာ လူေတြကို စုစည္းေနပါတယ္။ ပိုေကာင္းတာက အဲ့ဒါကို လုပ္ ေဆာင္ေနစဥ္မွာ သင္ ေပ်ာ္႐ႊင္ေနရတာပါပဲ။သင့္ပတ္ဝန္းက်င္က လူတိုင္းအတြက္ အေကာင္းဆုံး ျဖစ္ေစခ်င္ၿပီး သူတို႔ရဲ႕ ပန္းတိုင္ေတြ ေရာက္ေအာင္ ဘယ္လိုကူညီရမလဲဆိုတာ သင္ သိပါတယ္။ သင့္ပန္းတိုင္ေရာက္ဖို႔ သူတို႔က ျပန္ကူညီေပးမယ္ဆိုရင္ ပိုေတာင္ ေကာင္းေသးပါတယ္။ သင္ဟာ အလြန္ေကာင္းမြန္တဲ့ ေမွ်ာ္မွန္းခ်က္ေတြနဲ႔အတူ လတစ္လကို ေကာင္းမြန္စြာ စတင္ေနပါၿပီ။

Aries

သင္ဟာ ဒီလကို အေကာင္းဆုံး ပုံစံနဲ႔ စတင္ေနပါၿပီ။ အဓိကကေတာ့ ႏွစ္တစ္ႏွစ္ရဲ႕ ပထမ ၁၀ လတာဆီကေန သင္ခန္းစာေတြ အမ်ားႀကီး ရရွိခဲ့လို႔ပါပဲ။ ဘာေတြက အ လုပ္ျဖစ္တယ္၊ ဘာေတြက အလုပ္မျဖစ္ဘူးဆိုတာ သင္သိေနၿပီး ေနာက္ထပ္ အလုပ္မျဖစ္တဲ့ အရာေတြကိုေတာ့ ထပ္မံ မလုပ္ေဆာင္ခ်င္ေတာ့တာ ေသခ်ာပါတယ္။သင္ဟာ ေျပာင္းလဲမႈအတြက္ အသင့္ျဖစ္ေနၿပီျဖစ္ၿပီး အခုခ်က္ခ်င္းကိုပဲ အေကာင္အထည္ေဖာ္ဖို႔ စိတ္ဓာတ္ေတြ ထက္သန္ေနပါတယ္။ ႏွစ္တစ္ႏွစ္ဟာ သူ႔ရဲ႕ တံခါးေတြကို ပိတ္သိမ္းေတာ့မွာျဖစ္ၿပီး မၾကာမီ ႐ုံးပိတ္ရက္ ပြဲေတာ္ရာသီထဲကို ဝင္ေရာက္ေတာ့မွာပါ။ၿပီးေတာ့ မိႆရာသီဖြားတို႔ စိတ္ထဲ တစ္ခုခု ေတးထားလိုက္ၿပီဆိုရင္ သင့္ကို ဘာမွ တားဆီးလို႔ မရေတာ့ပါဘူး။ အခု သင့္ဘက္က လိုခ်င္ေနတာက အေကာင္းဘက္က ေျပာင္းလဲမႈနဲ႔ အဲ့ဒီေကာင္းမြန္တဲ့ လမ္းေၾကာင္းအတိုင္း ဆက္သြားႏိုင္မယ့္ ဇြဲလုံ႔လပါပဲ။ အခု သင့္လမ္းေၾကာင္းမွာ ဘာမွ လာတားဆီးလို႔ မရေတာ့ပါဘူး။

Sagittarius

ႏိုဝင္ဘာလဟာ သင့္အတြက္ အၿမဲတမ္း သက္ေတာင့္သက္သာ ခံစားရေစၿပီး ဒီလရဲ႕ ပထမဆုံးေန႔မွာ သင့္ရဲ႕ စိတ္ေနစိတ္ထားက ၾကည္လင္ေနပါလိမ့္မယ္။ သင္ဟာ သင့္ရဲ႕ ပိုင္နက္ထဲမွာ ေရာက္ရွိေနၿပီျဖစ္ၿပီး လီယိုလမင္းကလည္း အဲ့ဒီမီးေတာက္ကို ပိုၿပီး ေလာင္စာျဖည့္ေပးထားပါတယ္။ဒီကေနစၿပီး ပိုမိုေကာင္းမြန္လာေတာ့မယ္ဆိုတာ သင္ ေသခ်ာေပါက္ သိေနပါတယ္။ သင့္ရဲ႕ ရာသီခြင္ကာလ (Sagittarius Season) ကလည္း လက္တစ္ကမ္းမွာ ေရာက္ရွိေတာ့မွာျဖစ္ၿပီး သင့္ရဲ႕ စိတ္ေနစိတ္ထားကလည္း အဆင္သင့္ျဖစ္ေနသလို ဦးတည္ခ်က္လည္း မွန္ကန္ေနပါၿပီ။ နီးကပ္လာတဲ့ အနာဂတ္မွာ ေအာင္ျမင္မႈကိုပဲ သင္ ျမင္ေတြ႕ေနရၿပီး ၾကယ္တာရာေတြကလည္း အဲ့ဒါကို ေထာက္ခံေပးေနပါတယ္။ဒါ့အျပင္ သင့္ရဲ႕ ဖန္တီးႏိုင္စြမ္းေတြကလည္း အျမင့္မားဆုံး စံခ်ိန္ကို ေရာက္ရွိေနပါတယ္။ ၾကည့္လိုက္တဲ့ ေနရာတိုင္းမွာ စိတ္ကူး ဉာဏ္သစ္ေတြကို ျမင္ေတြ႕ေနရသလိုပါပဲ။ ဒါေၾကာင့္ သင့္အတြက္ေတာ့ ႏိုဝင္ဘာ ၁ ရက္ေန႔ဆိုတာ ေပ်ာ္႐ႊင္မႈနဲ႔ ႀကီးမားတဲ့ ေအာင္ျမင္မႈေတြဆီ ဦးတည္သြားမယ့္ အ မွတ္စဥ္တန္းႀကီးရဲ႕ စတင္ရာ Point A တစ္ခုမွ်သာ ျဖစ္ပါတယ္။ ဒါဟာ အလြန္ေတြးတတ္တဲ့ နည္းလမ္းေကာင္းတစ္ခုပါပဲ။ သင့္ရဲ႕ အေကာင္းျမင္စိတ္က သင့္ကို အ ေဝးႀကီးထိ ေရာက္ေအာင္ ေဆာင္ၾကဥ္းေပးပါလိမ့္မယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*