မိမိအလုပ်အကိုင် မထိခိုက်စေဘဲ Toxic Boss လက်အောက်မှာ ဘယ်လိုရှင်သန်မလဲ

လုပ်ငန်းခွင်မှာ Toxic (အဆိပ်အတောက်) ဖြစ်တဲ့ အထက်လူကြီးမျိုးနဲ့ တိုးတာဟာ လူတော်တော်များများ ထင်ထားတာထက် ပိုအဖြစ်များပါတယ်။ The Harris Poll ရဲ့ စစ်တမ်းအသစ်အရ အမေရိကန်က လက်ရှိအလုပ်လုပ်နေတဲ့ လူကြီး ၁၀ ယောက်မှာ ၆ ယောက်က Toxic Boss အောက်မှာ လုပ်နေရပြီး၊ ၁၀ ယောက်မှာ ၇ ယောက်ကတော့ သူတို့ရဲ့ လုပ်သက်တစ်လျှောက်မှာ အနည်းဆုံးတစ်ကြိမ်တော့ ဒီလိုလူမျိုးနဲ့ ကြုံခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒီလိုအခြေအနေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက တော်တော်လေး ပြင်းထန်ပါတယ်။ ဝန်ထမ်း ထက်ဝက်နီးပါးက သူတို့အထက်လူကြီးရဲ့ အပြုအမူတွေကြောင့် စိတ်ဖိစီးတာ၊ လူရောစိတ်ပါ ပင်ပန်းနွမ်းနယ်တာ (Burnout) နဲ့ စိတ်ကျန်းမာရေး ထိခိုက်တာတွေ ဖြစ်ရတယ်လို့ ပြောကြပြီး၊ ၃ ယောက်မှာ ၁ ယောက်ကတော့ ဘောနပ်စ်တွေ လွဲချော်တာ၊ ရာထူးတိုးဖို့ ကြန့်ကြာတာတွေကြောင့် ငွေကြေးအရပါ နစ်နာခဲ့ရတယ်လို့ ဆိုပါတယ်။ပြဿနာက မန်နေဂျာတစ်ယောက်တည်းကြောင့် မဟုတ်ဘဲ စနစ်တစ်ခုလုံးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စစ်တမ်းအရ ဝန်ထမ်း ၇၁ရာခိုင်နှုန်းက ခေါင်းဆောင်ပိုင်း Toxic ဖြစ်ရတာဟာ သူတို့ရဲ့ စရိုက်ဆိုးလို့တင်မကဘဲ ကုမ္ပဏီစနစ်ရဲ့ ဖိအားတွေကြောင့်လည်း ပါတယ်လို့ မြင်ကြပါတယ်။ ဝန်ထမ်း ထက်ဝက်နီးပါးက ကုမ္ပဏီတွေဟာ မန်နေဂျာတွေကို လူသားဆန်ဆန် စီမံခန့်ခွဲတတ်အောင် လေ့ကျင့်ပေးဖို့ထက် AI နည်းပညာတွေထဲကိုပဲ ပိုပြီး ရင်းနှီးမြှုပ်နှံနေကြတယ်လို့ ထောက်ပြကြပါတယ်။

“Toxic ဖြစ်တဲ့ ခေါင်းဆောင်မှုဆိုတာ လူတစ်ယောက်ရဲ့ ဗီဇစရိုက်ချို့ယွင်းချက်သက်သက် မဟုတ်ပါဘူး။ ကုမ္ပဏီက လူသားအရင်းအမြစ်ပေါ်မှာ ရင်းနှီးမြှုပ်နှံဖို့ ပျက်ကွက်ခဲ့လို့ ဖြစ်လာတဲ့ ရလဒ်ပါ”

— Libby Rodney (The Harris Poll ရဲ့ မဟာဗျူဟာအရာရှိချုပ်)

အဲဒီလို နောက်ခံအကြောင်းရင်းတွေကို သိထားတာ ကောင်းပေမဲ့ နေ့စဉ် ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကိုတော့ လျော့ပါးမသွားစေပါဘူး။ တကယ်လို့ သင်သာ Toxic Boss တစ်ယောက်နဲ့ တိုးနေရပြီဆိုရင် သင့်ပန်းတိုင်က ဒီတပတ်စာ အဆင်ပြေပြေ ဖြတ်သန်းသွားနိုင်ဖို့တင် မဟုတ်ပါဘူး။ နောက်ထပ် ဘာဆက်လုပ်မလဲဆိုတာကို ဆုံးဖြတ်နေတုန်းမှာ သင့်ရဲ့ လုပ်ငန်းခွင် ဂုဏ်သိက္ခာ၊ ကျန်းမာရေးနဲ့ အနာဂတ် ရွေးချယ်စရာ လမ်းစတွေကိုပါ မဆုံးရှုံးအောင် ကာကွယ်ထားဖို့ ဖြစ်ပါတယ်။

၁။ အထောက်အထားတွေကို စနစ်တကျ မှတ်တမ်းတင်ပါ

အထက်လူကြီးရဲ့ အပြုအမူတွေက ပုံမှန်မဟုတ်တော့ဘူးလို့ ရိပ်မိတာနဲ့ မှတ်တမ်းစတင် သိမ်းဆည်းပါ။ ဖြစ်ပျက်ခဲ့တဲ့ ရက်စွဲ၊ ပြောခဲ့တဲ့ စကားလုံး အတိအကျနဲ့ ဘေးမှာ ဘယ်သူတွေ ရှိနေလဲဆိုတာကို သေချာချရေးထားပါ။ ခဏခဏ မျှော်လင့်ချက်တွေ ပြောင်းလဲတာ၊ အကြောင်းပြချက်မရှိ ဝေဖန်တာ ဒါမှမဟုတ် သင့်အလုပ်ကို သူတို့နာမည်ကောင်းဝင်ယူတာမျိုးတွေ ရှိရင် Email တွေ၊ Message တွေကို သိမ်းထားပါ။ ဒီလို လုပ်ရတာဟာ သင့်ဘက်က မှန်ကန်ကြောင်း သက်သေပြဖို့ဖြစ်ပြီး တ ကယ်လို့ အထက်ကို တိုင်တန်းဖို့ လိုလာရင်လည်း ခိုင်မာတဲ့ အထောက်အထား ရှိနေအောင် ဖြစ်ပါတယ်။ ဒါ့အပြင် မှတ်တမ်းတင်ထားခြင်းက Toxic Boss တွေရဲ့ အဆိုးဆုံးလက်နက်ဖြစ်တဲ့ “Gaslighting” (ကိုယ့်ကိုယ်ကိုယ် ဝေခွဲမရဖြစ်အောင် စိတ္တဇလှည့်ကွက် သုံးတာ) ကို ပြန်လည်တုံ့ပြန်ရာမှာ ကူညီပေးပါတယ်။ သူတို့က စကားတွေကို လှည့်ပတ်ပြောပြီး အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့အခါ ကိုယ့်မှာ စာနဲ့ပေနဲ့ အထောက်အထားရှိနေရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေမှာပါ။ LiveCareer ရဲ့ လေ့လာမှုအရ ဝန်ထမ်း ၂၆ရာခိုင်နှုန်း ဟာ အလုပ်တာဝန်တွေကို လမ်းခုလတ်မှာတင် ခဏခဏ ပြောင်းလဲတတ်တဲ့ မန်နေဂျာမျိုးနဲ့ ကြုံဖူးကြပါတယ်။ ဒါတွေကို အချိန်နဲ့တပြေးညီ မှတ်တမ်းတင်ထားရင် သင့်မှတ်ဉာဏ်တစ်ခုတည်းအပေါ်မှာပဲ အားကိုးနေစရာ မလိုတော့ပါဘူး။

၂။ ကုမ္ပဏီတွင်းမှာ ခိုင်မာတဲ့ လူမှုကွန်ရက်တစ်ခု တည်ဆောက်ပါ

Toxic Boss တွေအောက်မှာ လုပ်ရရင် လူက အထီးကျန်လာတတ်ပါတယ်။ အထက်လူကြီးနဲ့ အဆင်မပြေတဲ့အခါ အဖွဲ့အစည်းထဲက တခြားသူတွေနဲ့ပါ ဝေးဝေးနေမိတတ်ပါတယ်။ ဒါပေမဲ့ အဲဒီလို ရှောင်ဖယ်နေတာက သင့်ကို ပိုထိခိုက်စေနိုင်ပါတယ်။လုပ်ဖော်ကိုင်ဖက်တွေ၊ လမ်းညွှန်ပြသပေးမယ့် Mentor တွေ၊ ပြီးတော့ သင့်အထက်လူကြီးရဲ့ အထက်က လူကြီးတွေ (Skip-level leaders) နဲ့ပါ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ထားပါ။ ဒါမှ သင့်ရဲ့ တန်ဖိုးနဲ့ ကြိုးစားမှုကို အထက်လူကြီးတစ်ယောက်တည်းရဲ့ အမြင်အပေါ်မှာပဲ မူတည်မနေတော့ဘဲ လူသိများလာမှာပါ။ တကယ်လို့ သင့်မန်နေဂျာက သင့်ကို သိက္ခာချဖို့ ကြိုးစားလာရင်တောင် သင့်ရဲ့ လုပ်ဆောင်ချက်နဲ့ စရိုက်မှန်ကို သိတဲ့ တခြားသူတွေ ရှိနေတာက သင့်အတွက် အကာအကွယ်တစ်ခု ဖြစ်စေပါတယ်။ ဒါတင်မကသေးပါဘူး၊ ကုမ္ပဏီတွင်း လူမှုကွန် ရက်ကနေ လမ်းစအသစ်တွေ ပွင့်လာနိုင်ပါတယ်။ The Harris Poll အရ ဝန်ထမ်း သုံးပုံနှစ်ပုံက Toxic Boss ကြောင့် အလုပ်ပြောင်းခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီလို ကုမ္ပဏီကနေ လုံးဝ ထွက်မသွားခင်မှာ ခိုင်မာတဲ့ ပတ်ဝန်းကျင်ရှိထားရင် ကုမ္ပဏီထဲမှာတင် တခြား ဌာနပြောင်းတာ၊ ပရောဂျက်အသစ်တွေ လုပ်တာ ဒါမှမဟုတ် တခြားအထက်လူကြီးအောက် ပြောင်းရွှေ့တာမျိုးတွေ လုပ်ပြီး ဒီအခြေအနေကနေ ရုန်းထွက်နိုင်ပါတယ်။ သင့်ရဲ့ နောက်ထပ် အခွင့်အလမ်းဟာ အလုပ်ရှာတဲ့ Website တွေထက် သင် ယုံကြည်ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီကနေ လာဖို့ ပိုများပါတယ်။

၃။ စိတ်ကျန်းမာရေးကို မဖြစ်မနေ ကာကွယ်ပါ

Toxic Boss တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုက တော်တော်လေး ပြင်းထန်ပါတယ်။ စစ်တမ်းအရ ဝန်ထမ်း ၄၇ရာခိုင်နှုန်းက သူတို့အထက်လူကြီးကြောင့် စိတ်ဖိစီးတာ၊ စိတ်ကုန်တာမျိုးတွေ ဖြစ်ရပြီး၊ ၅၃ရာခိုင်နှုန်းကတော့ Toxic Boss ကြောင့် စိတ်ပညာရှင်တွေ၊ ကုထုံးပညာရှင်တွေနဲ့အထိ တိုင်ပင်ဆွေးနွေးခဲ့ရဖူးပါတယ်။ ဒီကိန်းဂဏန်းတွေက ပြနေတာကတော့ စိတ်မချရတဲ့၊ ရိုင်းစိုင်းတဲ့ အထက်လူကြီးနဲ့ နေ့တိုင်း ရင်ဆိုင်နေရတာဟာ အလုပ်ခွင်တင်မကဘဲ ပြင်ပဘဝအထိပါ ရိုက်ခတ်မှုရှိတယ်ဆိုတာပါပဲ။ ဒီလိုပတ်ဝန်းကျင်မှာ စိတ်ကျန်းမာရေး မထိခိုက်အောင် ကာကွယ်ဖို့ဆိုရင် ကြိတ်မှိတ်ခံသည်းခံနေရုံနဲ့ မရပါဘူး၊ စနစ်တကျ အနားယူတတ်ဖို့ လိုပါတယ်။ အလုပ်ချိန်ကျော်ရင် အလုပ်ကိစ္စတွေ ဆက်သွယ်တာကို တတ်နိုင်သလောက် စည်းခြားထားပါ။ အလုပ်ပြင်ပမှာ သင့်ကို စိတ်ခွန်အားပြန်ပြည့်စေမယ့် ဝါသနာ၊ အလေ့အထတွေကို ပုံမှန်လုပ်ပါ။ စိတ်ကျန်းမာရေးဆရာဝန်၊ ယုံကြည်ရတဲ့ သူငယ်ချင်း ဒါမှမဟုတ် Professional Coach တစ်ယောက်ယောက်နဲ့ ဖြစ်ပျက်နေတာတွေကို ရင်ဖွင့်တိုင်ပင်ပါ။ စိတ်ကို တည်ငြိမ်အောင် ထားနိုင်ဖို့ဆိုတာ အပိုအလုပ် မဟုတ်ပါဘူး။ Toxic Boss နဲ့ ရင်ဆိုင်နေရချိန်မှာ ဒါဟာ မဖြစ်မနေ လုပ်ရမယ့် မဟာ ဗျူဟာမြောက် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

၄။ အထက်ကို တိုင်တန်းမယ်ဆိုရင် ဗျူဟာမြောက်ပါစေ

Toxic မန်နေဂျာတစ်ယောက်အကြောင်း အထက်ကို တိုင်ဖို့ဆိုတာ ဘယ်တော့မှ မလွယ်ပါဘူး။ LiveCareer ရဲ့ စစ်တမ်းအရ ဝန်ထမ်း ၅၄ရာခိုင်နှုန်း ဟာ ပြဿနာကို တရားဝင်အကြောင်းကြားဖို့ မလုံခြုံဘူးလို့ ခံစားရပြီး ဒါဟာ သူတို့ရဲ့ ရာထူးတိုးလမ်းကြောင်းကို ပိတ်သွားစေနိုင်တယ်လို့ ယူဆကြပါတယ်။ ဒါ့အပြင် အဆိုးမြင်စရာ ကောင်းတာက အဲဒီလို မန်နေဂျာဆိုးတွေရဲ့ ၄၈ရာခိုင်နှုန်း ဟာ ဘာအရေးယူမှုမှ မခံရဘဲ ရာထူးတိုးသွားတာ ဒါမှမဟုတ် ဒီအတိုင်း ဆက်ရှိနေတတ်ပြီး၊ ၆ရာခိုင်နှုန်းလောက်ပဲ အပြုအမူ ပြင်ဆင်အောင် သင်တန်းပေးတာမျိုး ခံရတတ်ပါတယ်။ ဒါပေမဲ့ ဒါဟာ လုံးဝ မတိုင်တန်းသင့်ဘူးလို့ ပြောတာ မဟုတ်ပါဘူး။ တိုင်မယ်ဆိုရင် ပိုပြီး သတိထားဖို့ လိုတယ်လို့ ဆိုလိုတာပါ။ တိုင်တန်းတဲ့အခါ ဒါတွေကို သတိထားပါ။လုပ်ငန်းအပေါ် ထိခိုက်မှုတွေကို အဓိကထားပြောပါ။ ကိုယ့်ရဲ့ ခံစားချက် သက်သက်ကိုပဲ အသားပေးမပြောဘဲ၊ သူတို့ကြောင့် အဖွဲ့သားတွေ စိတ်ဓာတ်ကျတာ၊ ဝန်ထမ်းတွေ အလုပ်ထွက်ကုန်တာ ဒါမှမဟုတ် လုပ်ငန်းရည်မှန်းချက်တွေ မပြည့်မီတာ စတဲ့ လုပ်ငန်းအပေါ် ထိခိုက်တဲ့ အချက်အလက် တွေကိုပဲ အထောက်အထားနဲ့ တင်ပြပါ။ နောက်တချက်က ယုံကြည်ရမယ့်သူကို ရှာပါ။ သင့်ကို ကူညီပေးနိုင်မယ့် Skip-level မန်နေဂျာ၊ စီနီယာ Mentors တွေ ဒါမှမဟုတ် HR က ယုံကြည်ရတဲ့သူကို အကူအညီတောင်းပါ။ နောက်ဆုံးအချက်က ရလဒ်တွေကို ကြိုတွေးထားပါ။ အရေးမယူခင်မှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ကြိုတင် စဉ်းစားထားပါ။ တိုင်တန်းတာဟာ စိတ်လိုက်မာန်ပါ မဟုတ်ဘဲ ဗျူဟာမြောက်မှသာ အောင်မြင်မှာ ဖြစ်ပါတယ်။

၅။ ရေရှည်ဂိမ်းအဖြစ် သဘောထားပါ

တိုတောင်းတဲ့ ကာလအပိုင်းအခြားမှာတော့ သင့်အထက်လူကြီး ဘာပဲလုပ်လုပ် သင့်ရဲ့ လုပ်ငန်းခွင် စွမ်းဆောင်ရည်နဲ့ ပတ်ဝန်းကျင်က သင့်အပေါ် မြင်တဲ့ အမြင် (Visibility) ကို ဆက်ပြီး ထိန်းသိမ်းထားပါ။ သင့်ရဲ့ Profile တွေကို Update လုပ်ထားပါ၊ သင့်လုပ်ငန်းနယ်ပယ်က လူတွေနဲ့ အဆက်အသွယ်မပြတ်ပါစေနဲ့၊ ပြီးတော့ လက်ရှိအဖွဲ့အပြင်ဘက်က လူတွေနဲ့ပါ ဆက်ဆံရေး ဆက်တည်ဆောက်ထားပါ။ တစ်ချိန်ချိန်မှာတော့ အလုပ်ပြောင်းတာ ဒါမှမဟုတ် ကုမ္ပဏီက ထွက်လိုက်တာက အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို မလုပ်ခင်မှာတောင် “ငါ့မှာ ရွေးချယ်စရာ လမ်းကြောင်းတွေ အများကြီးရှိတယ်” ဆိုတဲ့ စိတ်နဲ့ နေထိုင်တာက သင့်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို တိုးစေပြီး အခွင့်အလမ်းကောင်းတွေကို ပိုပွင့်လာစေမှာပါ။ စောစောက Rodney ပြောသလိုပါပဲ၊ ခေါင်းဆောင်ဆိုးတစ်ယောက် ရှိနေတာဟာ ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှု မှားယွင်းခြင်းသာ ဖြစ်ပါတယ်။ သင်ကိုယ်တိုင် ထိန်းချုပ်နိုင်တဲ့ တစ်ခုတည်းသော အရာကတော့ ဒီလို Toxic Boss တစ်ယောက်ကြောင့် သင့်ရဲ့ အနာဂတ် အလုပ်အကိုင်ကို အဖျက်ဆီးမခံဖို့ပဲ ဖြစ်ပါတယ်။

ကျော့ကေခိုင်

zawgyi

လုပ္ငန္းခြင္မွာ Toxic (အဆိပ္အေတာက္) ျဖစ္တဲ့ အထက္လူႀကီးမ်ိဳးနဲ႔ တိုးတာဟာ လူေတာ္ေတာ္မ်ားမ်ား ထင္ထားတာထက္ ပိုအျဖစ္မ်ားပါတယ္။ The Harris Poll ရဲ႕ စစ္တမ္းအသစ္အရ အေမရိကန္က လက္ရွိအလုပ္လုပ္ေနတဲ့ လူႀကီး ၁၀ ေယာက္မွာ ၆ ေယာက္က Toxic Boss ေအာက္မွာ လုပ္ေနရၿပီး၊ ၁၀ ေယာက္မွာ ၇ ေယာက္ကေတာ့ သူတို႔ရဲ႕ လုပ္သက္တစ္ေလွ်ာက္မွာ အနည္းဆုံးတစ္ႀကိမ္ေတာ့ ဒီလိုလူမ်ိဳးနဲ႔ ႀကဳံခဲ့ဖူးတယ္လို႔ ဆိုပါတယ္။ ဒီလိုအေျခအေနရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးေတြက ေတာ္ေတာ္ေလး ျပင္းထန္ပါတယ္။ ဝန္ထမ္း ထက္ဝက္နီးပါးက သူတို႔အထက္လူႀကီးရဲ႕ အျပဳအမူေတြေၾကာင့္ စိတ္ဖိစီးတာ၊ လူေရာစိတ္ပါ ပင္ပန္းႏြမ္းနယ္တာ (Burnout) နဲ႔ စိတ္က်န္းမာေရး ထိခိုက္တာေတြ ျဖစ္ရတယ္လို႔ ေျပာၾကၿပီး၊ ၃ ေယာက္မွာ ၁ ေယာက္ကေတာ့ ေဘာနပ္စ္ေတြ လြဲေခ်ာ္တာ၊ ရာထူးတိုးဖို႔ ၾကန႔္ၾကာတာေတြေၾကာင့္ ေငြေၾကးအရပါ နစ္နာခဲ့ရတယ္လို႔ ဆိုပါတယ္။ျပႆနာက မန္ေနဂ်ာတစ္ေယာက္တည္းေၾကာင့္ မဟုတ္ဘဲ စနစ္တစ္ခုလုံးေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ စစ္တမ္းအရ ဝန္ထမ္း ၇၁ရာခိုင္ႏႈန္းက ေခါင္းေဆာင္ပိုင္း Toxic ျဖစ္ရတာဟာ သူတို႔ရဲ႕ စ႐ိုက္ဆိုးလို႔တင္မကဘဲ ကုမၸဏီစနစ္ရဲ႕ ဖိအားေတြေၾကာင့္လည္း ပါတယ္လို႔ ျမင္ၾကပါတယ္။ ဝန္ထမ္း ထက္ဝက္နီးပါးက ကုမၸဏီေတြဟာ မန္ေနဂ်ာေတြကို လူသားဆန္ဆန္ စီမံခန႔္ခြဲတတ္ေအာင္ ေလ့က်င့္ေပးဖို႔ထက္ AI နည္းပညာေတြထဲကိုပဲ ပိုၿပီး ရင္းႏွီးျမႇဳပ္ႏွံေနၾကတယ္လို႔ ေထာက္ျပၾကပါတယ္။

“Toxic ျဖစ္တဲ့ ေခါင္းေဆာင္မႈဆိုတာ လူတစ္ေယာက္ရဲ႕ ဗီဇစ႐ိုက္ခ်ိဳ႕ယြင္းခ်က္သက္သက္ မဟုတ္ပါဘူး။ ကုမၸဏီက လူသားအရင္းအျမစ္ေပၚမွာ ရင္းႏွီးျမႇဳပ္ႏွံဖို႔ ပ်က္ကြက္ခဲ့လို႔ ျဖစ္လာတဲ့ ရလဒ္ပါ”

— Libby Rodney (The Harris Poll ရဲ႕ မဟာဗ်ဴဟာအရာရွိခ်ဳပ္)

အဲဒီလို ေနာက္ခံအေၾကာင္းရင္းေတြကို သိထားတာ ေကာင္းေပမဲ့ ေန႔စဥ္ ရင္ဆိုင္ေနရတဲ့ ဒုကၡေတြကိုေတာ့ ေလ်ာ့ပါးမသြားေစပါဘူး။ တကယ္လို႔ သင္သာ Toxic Boss တစ္ေယာက္နဲ႔ တိုးေနရၿပီဆိုရင္ သင့္ပန္းတိုင္က ဒီတပတ္စာ အဆင္ေျပေျပ ျဖတ္သန္းသြားႏိုင္ဖို႔တင္ မဟုတ္ပါဘူး။ ေနာက္ထပ္ ဘာဆက္လုပ္မလဲဆိုတာကို ဆုံးျဖတ္ေနတုန္းမွာ သင့္ရဲ႕ လုပ္ငန္းခြင္ ဂုဏ္သိကၡာ၊ က်န္းမာေရးနဲ႔ အနာဂတ္ ေ႐ြးခ်ယ္စရာ လမ္းစေတြကိုပါ မဆုံးရႈံးေအာင္ ကာကြယ္ထားဖို႔ ျဖစ္ပါတယ္။

၁။ အေထာက္အထားေတြကို စနစ္တက် မွတ္တမ္းတင္ပါ

အထက္လူႀကီးရဲ႕ အျပဳအမူေတြက ပုံမွန္မဟုတ္ေတာ့ဘူးလို႔ ရိပ္မိတာနဲ႔ မွတ္တမ္းစတင္ သိမ္းဆည္းပါ။ ျဖစ္ပ်က္ခဲ့တဲ့ ရက္စြဲ၊ ေျပာခဲ့တဲ့ စကားလုံး အတိအက်နဲ႔ ေဘးမွာ ဘယ္သူေတြ ရွိေနလဲဆိုတာကို ေသခ်ာခ်ေရးထားပါ။ ခဏခဏ ေမွ်ာ္လင့္ခ်က္ေတြ ေျပာင္းလဲတာ၊ အေၾကာင္းျပခ်က္မရွိ ေဝဖန္တာ ဒါမွမဟုတ္ သင့္အလုပ္ကို သူတို႔နာမည္ေကာင္းဝင္ယူတာမ်ိဳးေတြ ရွိရင္ Email ေတြ၊ Message ေတြကို သိမ္းထားပါ။ ဒီလို လုပ္ရတာဟာ သင့္ဘက္က မွန္ကန္ေၾကာင္း သက္ေသျပဖို႔ျဖစ္ၿပီး တ ကယ္လို႔ အထက္ကို တိုင္တန္းဖို႔ လိုလာရင္လည္း ခိုင္မာတဲ့ အေထာက္အထား ရွိေနေအာင္ ျဖစ္ပါတယ္။ ဒါ့အျပင္ မွတ္တမ္းတင္ထားျခင္းက Toxic Boss ေတြရဲ႕ အဆိုးဆုံးလက္နက္ျဖစ္တဲ့ “Gaslighting” (ကိုယ့္ကိုယ္ကိုယ္ ေဝခြဲမရျဖစ္ေအာင္ စိတၱဇလွည့္ကြက္ သုံးတာ) ကို ျပန္လည္တုံ႔ျပန္ရာမွာ ကူညီေပးပါတယ္။ သူတို႔က စကားေတြကို လွည့္ပတ္ေျပာၿပီး အမွန္တရားကို ဖုံးကြယ္ဖို႔ ႀကိဳးစားတဲ့အခါ ကိုယ့္မွာ စာနဲ႔ေပနဲ႔ အေထာက္အထားရွိေနရင္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ ရွိေနမွာပါ။ LiveCareer ရဲ႕ ေလ့လာမႈအရ ဝန္ထမ္း ၂၆ရာခိုင္ႏႈန္း ဟာ အလုပ္တာဝန္ေတြကို လမ္းခုလတ္မွာတင္ ခဏခဏ ေျပာင္းလဲတတ္တဲ့ မန္ေနဂ်ာမ်ိဳးနဲ႔ ႀကဳံဖူးၾကပါတယ္။ ဒါေတြကို အခ်ိန္နဲ႔တေျပးညီ မွတ္တမ္းတင္ထားရင္ သင့္မွတ္ဉာဏ္တစ္ခုတည္းအေပၚမွာပဲ အားကိုးေနစရာ မလိုေတာ့ပါဘူး။

၂။ ကုမၸဏီတြင္းမွာ ခိုင္မာတဲ့ လူမႈကြန္ရက္တစ္ခု တည္ေဆာက္ပါ

Toxic Boss ေတြေအာက္မွာ လုပ္ရရင္ လူက အထီးက်န္လာတတ္ပါတယ္။ အထက္လူႀကီးနဲ႔ အဆင္မေျပတဲ့အခါ အဖြဲ႕အစည္းထဲက တျခားသူေတြနဲ႔ပါ ေဝးေဝးေနမိတတ္ပါတယ္။ ဒါေပမဲ့ အဲဒီလို ေရွာင္ဖယ္ေနတာက သင့္ကို ပိုထိခိုက္ေစႏိုင္ပါတယ္။လုပ္ေဖာ္ကိုင္ဖက္ေတြ၊ လမ္းၫႊန္ျပသေပးမယ့္ Mentor ေတြ၊ ၿပီးေတာ့ သင့္အထက္လူႀကီးရဲ႕ အထက္က လူႀကီးေတြ (Skip-level leaders) နဲ႔ပါ ရင္းႏွီးတဲ့ ဆက္ဆံေရး တည္ေဆာက္ထားပါ။ ဒါမွ သင့္ရဲ႕ တန္ဖိုးနဲ႔ ႀကိဳးစားမႈကို အထက္လူႀကီးတစ္ေယာက္တည္းရဲ႕ အျမင္အေပၚမွာပဲ မူတည္မေနေတာ့ဘဲ လူသိမ်ားလာမွာပါ။ တကယ္လို႔ သင့္မန္ေနဂ်ာက သင့္ကို သိကၡာခ်ဖို႔ ႀကိဳးစားလာရင္ေတာင္ သင့္ရဲ႕ လုပ္ေဆာင္ခ်က္နဲ႔ စ႐ိုက္မွန္ကို သိတဲ့ တျခားသူေတြ ရွိေနတာက သင့္အတြက္ အကာအကြယ္တစ္ခု ျဖစ္ေစပါတယ္။ ဒါတင္မကေသးပါဘူး၊ ကုမၸဏီတြင္း လူမႈကြန္ ရက္ကေန လမ္းစအသစ္ေတြ ပြင့္လာႏိုင္ပါတယ္။ The Harris Poll အရ ဝန္ထမ္း သုံးပုံႏွစ္ပုံက Toxic Boss ေၾကာင့္ အလုပ္ေျပာင္းခဲ့ၾကတယ္လို႔ ဆိုပါတယ္။ အဲဒီလို ကုမၸဏီကေန လုံးဝ ထြက္မသြားခင္မွာ ခိုင္မာတဲ့ ပတ္ဝန္းက်င္ရွိထားရင္ ကုမၸဏီထဲမွာတင္ တျခား ဌာနေျပာင္းတာ၊ ပေရာဂ်က္အသစ္ေတြ လုပ္တာ ဒါမွမဟုတ္ တျခားအထက္လူႀကီးေအာက္ ေျပာင္းေ႐ႊ႕တာမ်ိဳးေတြ လုပ္ၿပီး ဒီအေျခအေနကေန ႐ုန္းထြက္ႏိုင္ပါတယ္။ သင့္ရဲ႕ ေနာက္ထပ္ အခြင့္အလမ္းဟာ အလုပ္ရွာတဲ့ Website ေတြထက္ သင္ ယုံၾကည္ရတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြဆီကေန လာဖို႔ ပိုမ်ားပါတယ္။

၃။ စိတ္က်န္းမာေရးကို မျဖစ္မေန ကာကြယ္ပါ

Toxic Boss ေတြရဲ႕ စိတ္ပိုင္းဆိုင္ရာ ႐ိုက္ခတ္မႈက ေတာ္ေတာ္ေလး ျပင္းထန္ပါတယ္။ စစ္တမ္းအရ ဝန္ထမ္း ၄၇ရာခိုင္ႏႈန္းက သူတို႔အထက္လူႀကီးေၾကာင့္ စိတ္ဖိစီးတာ၊ စိတ္ကုန္တာမ်ိဳးေတြ ျဖစ္ရၿပီး၊ ၅၃ရာခိုင္ႏႈန္းကေတာ့ Toxic Boss ေၾကာင့္ စိတ္ပညာရွင္ေတြ၊ ကုထုံးပညာရွင္ေတြနဲ႔အထိ တိုင္ပင္ေဆြးေႏြးခဲ့ရဖူးပါတယ္။ ဒီကိန္းဂဏန္းေတြက ျပေနတာကေတာ့ စိတ္မခ်ရတဲ့၊ ႐ိုင္းစိုင္းတဲ့ အထက္လူႀကီးနဲ႔ ေန႔တိုင္း ရင္ဆိုင္ေနရတာဟာ အလုပ္ခြင္တင္မကဘဲ ျပင္ပဘဝအထိပါ ႐ိုက္ခတ္မႈရွိတယ္ဆိုတာပါပဲ။ ဒီလိုပတ္ဝန္းက်င္မွာ စိတ္က်န္းမာေရး မထိခိုက္ေအာင္ ကာကြယ္ဖို႔ဆိုရင္ ႀကိတ္မွိတ္ခံသည္းခံေန႐ုံနဲ႔ မရပါဘူး၊ စနစ္တက် အနားယူတတ္ဖို႔ လိုပါတယ္။ အလုပ္ခ်ိန္ေက်ာ္ရင္ အလုပ္ကိစၥေတြ ဆက္သြယ္တာကို တတ္ႏိုင္သေလာက္ စည္းျခားထားပါ။ အလုပ္ျပင္ပမွာ သင့္ကို စိတ္ခြန္အားျပန္ျပည့္ေစမယ့္ ဝါသနာ၊ အေလ့အထေတြကို ပုံမွန္လုပ္ပါ။ စိတ္က်န္းမာေရးဆရာဝန္၊ ယုံၾကည္ရတဲ့ သူငယ္ခ်င္း ဒါမွမဟုတ္ Professional Coach တစ္ေယာက္ေယာက္နဲ႔ ျဖစ္ပ်က္ေနတာေတြကို ရင္ဖြင့္တိုင္ပင္ပါ။ စိတ္ကို တည္ၿငိမ္ေအာင္ ထားႏိုင္ဖို႔ဆိုတာ အပိုအလုပ္ မဟုတ္ပါဘူး။ Toxic Boss နဲ႔ ရင္ဆိုင္ေနရခ်ိန္မွာ ဒါဟာ မျဖစ္မေန လုပ္ရမယ့္ မဟာ ဗ်ဴဟာေျမာက္ နည္းလမ္းတစ္ခု ျဖစ္ပါတယ္။

၄။ အထက္ကို တိုင္တန္းမယ္ဆိုရင္ ဗ်ဴဟာေျမာက္ပါေစ

Toxic မန္ေနဂ်ာတစ္ေယာက္အေၾကာင္း အထက္ကို တိုင္ဖို႔ဆိုတာ ဘယ္ေတာ့မွ မလြယ္ပါဘူး။ LiveCareer ရဲ႕ စစ္တမ္းအရ ဝန္ထမ္း ၅၄ရာခိုင္ႏႈန္း ဟာ ျပႆနာကို တရားဝင္အေၾကာင္းၾကားဖို႔ မလုံၿခဳံဘူးလို႔ ခံစားရၿပီး ဒါဟာ သူတို႔ရဲ႕ ရာထူးတိုးလမ္းေၾကာင္းကို ပိတ္သြားေစႏိုင္တယ္လို႔ ယူဆၾကပါတယ္။ ဒါ့အျပင္ အဆိုးျမင္စရာ ေကာင္းတာက အဲဒီလို မန္ေနဂ်ာဆိုးေတြရဲ႕ ၄၈ရာခိုင္ႏႈန္း ဟာ ဘာအေရးယူမႈမွ မခံရဘဲ ရာထူးတိုးသြားတာ ဒါမွမဟုတ္ ဒီအတိုင္း ဆက္ရွိေနတတ္ၿပီး၊ ၆ရာခိုင္ႏႈန္းေလာက္ပဲ အျပဳအမူ ျပင္ဆင္ေအာင္ သင္တန္းေပးတာမ်ိဳး ခံရတတ္ပါတယ္။ ဒါေပမဲ့ ဒါဟာ လုံးဝ မတိုင္တန္းသင့္ဘူးလို႔ ေျပာတာ မဟုတ္ပါဘူး။ တိုင္မယ္ဆိုရင္ ပိုၿပီး သတိထားဖို႔ လိုတယ္လို႔ ဆိုလိုတာပါ။ တိုင္တန္းတဲ့အခါ ဒါေတြကို သတိထားပါ။လုပ္ငန္းအေပၚ ထိခိုက္မႈေတြကို အဓိကထားေျပာပါ။ ကိုယ့္ရဲ႕ ခံစားခ်က္ သက္သက္ကိုပဲ အသားေပးမေျပာဘဲ၊ သူတို႔ေၾကာင့္ အဖြဲ႕သားေတြ စိတ္ဓာတ္က်တာ၊ ဝန္ထမ္းေတြ အလုပ္ထြက္ကုန္တာ ဒါမွမဟုတ္ လုပ္ငန္းရည္မွန္းခ်က္ေတြ မျပည့္မီတာ စတဲ့ လုပ္ငန္းအေပၚ ထိခိုက္တဲ့ အခ်က္အလက္ ေတြကိုပဲ အေထာက္အထားနဲ႔ တင္ျပပါ။ ေနာက္တခ်က္က ယုံၾကည္ရမယ့္သူကို ရွာပါ။ သင့္ကို ကူညီေပးႏိုင္မယ့္ Skip-level မန္ေနဂ်ာ၊ စီနီယာ Mentors ေတြ ဒါမွမဟုတ္ HR က ယုံၾကည္ရတဲ့သူကို အကူအညီေတာင္းပါ။ ေနာက္ဆုံးအခ်က္က ရလဒ္ေတြကို ႀကိဳေတြးထားပါ။ အေရးမယူခင္မွာ ျဖစ္လာႏိုင္တဲ့ အက်ိဳးဆက္ေတြကို ႀကိဳတင္ စဥ္းစားထားပါ။ တိုင္တန္းတာဟာ စိတ္လိုက္မာန္ပါ မဟုတ္ဘဲ ဗ်ဴဟာေျမာက္မွသာ ေအာင္ျမင္မွာ ျဖစ္ပါတယ္။

၅။ ေရရွည္ဂိမ္းအျဖစ္ သေဘာထားပါ

တိုေတာင္းတဲ့ ကာလအပိုင္းအျခားမွာေတာ့ သင့္အထက္လူႀကီး ဘာပဲလုပ္လုပ္ သင့္ရဲ႕ လုပ္ငန္းခြင္ စြမ္းေဆာင္ရည္နဲ႔ ပတ္ဝန္းက်င္က သင့္အေပၚ ျမင္တဲ့ အျမင္ (Visibility) ကို ဆက္ၿပီး ထိန္းသိမ္းထားပါ။ သင့္ရဲ႕ Profile ေတြကို Update လုပ္ထားပါ၊ သင့္လုပ္ငန္းနယ္ပယ္က လူေတြနဲ႔ အဆက္အသြယ္မျပတ္ပါေစနဲ႔၊ ၿပီးေတာ့ လက္ရွိအဖြဲ႕အျပင္ဘက္က လူေတြနဲ႔ပါ ဆက္ဆံေရး ဆက္တည္ေဆာက္ထားပါ။ တစ္ခ်ိန္ခ်ိန္မွာေတာ့ အလုပ္ေျပာင္းတာ ဒါမွမဟုတ္ ကုမၸဏီက ထြက္လိုက္တာက အေကာင္းဆုံး ေ႐ြးခ်ယ္မႈ ျဖစ္လာႏိုင္ပါတယ္။ ဒါေပမဲ့ အဲဒီလို မလုပ္ခင္မွာေတာင္ “ငါ့မွာ ေ႐ြးခ်ယ္စရာ လမ္းေၾကာင္းေတြ အမ်ားႀကီးရွိတယ္” ဆိုတဲ့ စိတ္နဲ႔ ေနထိုင္တာက သင့္ရဲ႕ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈကို တိုးေစၿပီး အခြင့္အလမ္းေကာင္းေတြကို ပိုပြင့္လာေစမွာပါ။ ေစာေစာက Rodney ေျပာသလိုပါပဲ၊ ေခါင္းေဆာင္ဆိုးတစ္ေယာက္ ရွိေနတာဟာ ကုမၸဏီရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈ မွားယြင္းျခင္းသာ ျဖစ္ပါတယ္။ သင္ကိုယ္တိုင္ ထိန္းခ်ဳပ္ႏိုင္တဲ့ တစ္ခုတည္းေသာ အရာကေတာ့ ဒီလို Toxic Boss တစ္ေယာက္ေၾကာင့္ သင့္ရဲ႕ အနာဂတ္ အလုပ္အကိုင္ကို အဖ်က္ဆီးမခံဖို႔ပဲ ျဖစ္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*