အလုပ်အင်တာဗျူးမှာ အလုပ်မခန့်ဖြစ်စေတဲ့ အမှား (၇) ချက်

အင်တာဗျူးတစ်ခုကို ခေါ်လိုက်ပြီဆိုတာနဲ့ “ငါတော့ အလုပ်ရဖို့ သေချာသွားပြီ” လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ အဲဒါက အမှားကြီးပါ။ အင်တာဗျူးဆိုတာ အလုပ်ရဖို့အတွက် နောက်ဆုံးအဆင့်ထိ အတော်လေး ကြိုးစားရဦးမယ့် နေရာပါ။အတွေ့အကြုံရှိတဲ့ Hiring Manager တွေတောင် အံ့သြရလောက်တဲ့အထိ အရည်အချင်းရှိတဲ့သူတွေက အသေးအဖွဲလေးတွေကြောင့် အလုပ်လက်လွတ်ဖြစ်သွားတာကို ခဏခဏ တွေ့နေရပါတယ်။ အဲဒီအမှားတွေက ဘာတွေလဲ၊ ဘယ်လိုရှောင်ကြဉ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။

မေးခွန်းတွေပဲ ဖြေနေပြီး “ကိုယ့်ကိုယ်ကိုယ် ရောင်းဖို့” မေ့နေတာ

အင်တာဗျူးဆိုတာ မေးသမျှ ပြန်ဖြေရုံသက်သက် မဟုတ်ပါဘူး။ အဓိကကတော့ “ဒီရာထူးအတွက် ဘာကြောင့် ကိုယ်က အသင့်တော်ဆုံးလူလဲ” ဆိုတာကို သူတို့ကို သဘောပေါက်အောင် ပြောပြနိုင်ဖို့ပါ။ အဲဒီအတွက် “60 Second Sell” ဆိုတဲ့ နည်းလမ်းကို သုံးပါ။ ကိုယ့်ရဲ့ အားသာချက်၊ ကျွမ်းကျင်မှုနဲ့ ဒီအလုပ်နဲ့ ကိုယ်နဲ့ ဘယ် လောက်ကိုက်ညီလဲဆိုတာကို (၁) မိနစ်စာလောက်နဲ့ စုစည်းပြီး ပြောပြတာမျိုးပါ။ ကိုယ့်ကိုကိုယ် အမြဲတမ်း Value ရှိတဲ့သူလို့ မြင်အောင် လုပ်ထားမှ အလုပ်ရှင်တွေက အမှတ်ရနေမှာပါ။

ကြိုတင်ပြင်ဆင်မှု အားနည်းတာ

“ဒါကတော့ ဖြေနိုင်မှာပါ” ဆိုပြီး ပေါ့ပေါ့ဆဆ သွားတာမျိုး ရှောင်ပါ။ AI တွေကို သုံးပြီး အလုပ်နဲ့ဆိုင်တဲ့ မေးခွန်းတွေ ရှာပါ။ ပြီးရင် ကိုယ့်အတွေ့အကြုံနဲ့ ကိုယ်ပိုင်အဖြေတွေကို ရေးပြီး အသံထွက်ဖတ်ကြည့်ပါ။ မှတ်ထားတဲ့အတိုင်း အလွတ်ကျက်တာမျိုး မဟုတ်ဘဲ သဘာဝကျကျ ရှင်းပြနိုင်တဲ့အထိ လေ့ကျင့်ထားမှ စိတ်လှုပ်ရှား မှု လျော့ပြီး ယုံကြည်ချက်ရှိရှိ ဖြေနိုင်မှာပါ။

ကိုယ့်အရည်အချင်းကို သက်သေမပြနိုင်တာ

“ကျွန်တော်ကတော့ ခေါင်းဆောင်မှု အရည်အချင်းရှိပါတယ်” လို့ ပြောလိုက်ရုံနဲ့ ဘယ်သူမှ မယုံပါဘူး။ အဲဒီအစား “အရင်အလုပ်မှာ ဝန်ထမ်း (၈) ယောက်ကို ဦး ဆောင်ခဲ့ပြီး တစ်ယောက်ချင်းစီကို စနစ်တကျ သင်ပေးခဲ့တဲ့အတွက် အဖွဲ့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည် (၂၀) ရာခိုင်နှုန်း တိုးတက်လာခဲ့ပါတယ်” လို့ ပြောကြည့်ပါ။ အချက်အလက်နဲ့ သက်သေပြနိုင်မှ ကိုယ့်စကားက ပိုလေးနက်ပြီး အလုပ်ရှင်ကလည်း ကိုယ့်ကို သူတို့အဖွဲ့ထဲမှာ မြင်ယောင်လာပါလိမ့်မယ်။

ကုမ္ပဏီအကြောင်း လေ့လာမသွားတာ

အင်တာဗျူးသွားမယ့် ကုမ္ပဏီရဲ့ ဝဘ်ဆိုက်၊ လုပ်ငန်းစဉ်၊ ပြိုင်ဘက်တွေနဲ့ လက်ရှိဖြစ်နေတဲ့ အခက်အခဲတွေကို လေ့လာမသွားဘူးဆိုရင် အဲဒါ ကိုယ့်ကိုကိုယ် ထိခိုက်စေပါတယ်။ ကုမ္ပဏီအကြောင်း ကြိုသိထားမှ ကိုယ့်ရဲ့ အဖြေတွေကို သူတို့လိုအပ်ချက်နဲ့ ကိုက်ညီအောင် ပြန်မွမ်းမံပြီး ဖြေနိုင်မှာပါ။

သက်သေမပြနိုင်တဲ့ ကတိကဝတ်တွေ ပေးတာ

“ကျွန်တော်ကတော့ အလုပ်ကြိုးစားပါတယ်” ဆိုတာမျိုးက ဘယ်သူမဆို ပြောလို့ရပါတယ်။ အဲဒီအစား “အရင်တုန်းက ငွေတောင်းခံလွှာစနစ်ကို ကျွန်တော် ပြောင်းလဲလိုက်တဲ့အတွက် အမှားတွေနည်းသွားပြီး ကုမ္ပဏီအတွက် တစ်နှစ်ကို ဒေါ်လာ (၁) သိန်းကျော် သက်သာသွားပါတယ်” ဆိုတာမျိုး ပြောပါ။ အလုပ်ရှင်တွေက ခံစားချက်ထက် လက်တွေ့ရလဒ်တွေကိုပဲ ပိုကြည့်တာပါ။

AI ကို မှီခိုလွန်းပြီး စကားလုံးတွေက တူနေတာ

ခုနောက်ပိုင်း အင်တာဗျူးဖြေသူတွေက AI ကိုသုံးပြီး အဖြေတွေ ရှာကြတာများပါတယ်။ ဒါပေမဲ့ အဲဒီအဖြေတွေက သိပ်ကို စံနစ်ကျပြီး ခြောက်ကပ်ကပ်ဆန်နေတော့ အလုပ်ရှင်တွေက “ဒီလူက သူ့ဘာသာ မစဉ်းစားနိုင်ဘူးလား” ဆိုပြီး သံသယဝင်သွားတတ်ပါတယ်။ AI ကို Research လုပ်တဲ့နေရာမှာပဲ သုံးပါ။ အဖြေကိုတော့ ကိုယ့်အတွေ့အကြုံနဲ့ ကိုယ်ပိုင်အတွေးအခေါ်ကိုပဲ ထည့်ပြောပါ။

အင်တာဗျူးကို ကောင်းကောင်းအဆုံးမသတ်နိုင်တာ

အင်တာဗျူးပြီးခါနီးရင် “ကျေးဇူးတင်ပါတယ်” လို့ ပြောပြီး ထွက်သွားရုံနဲ့ မပြီးသေးပါဘူး။ အဲဒီအချိန်က ကိုယ့်ကို သူတို့ မှတ်မိနေစေဖို့ အကောင်းဆုံး အချိန်ပါ။ “အင်တာဗျူးမပြီးခင် ကျွန်တော်က ဒီရာထူးအတွက် ဘာတွေ လုပ်ပေးနိုင်လဲဆိုတာ အနှစ်ချုပ် ပြောပြခွင့်ပြုပါ” လို့ တောင်းဆိုပြီး ကိုယ့်ရဲ့ အဓိက အရည်အချင်းတွေကို နောက်ဆုံးအနေနဲ့ ထပ်ဖြည့်ပြောပေးလိုက်ပါ။ ဒါဆိုရင် သူတို့ ခေါင်းထဲမှာ ကိုယ့်ပုံရိပ်က ပြန်ပေါ်လာပြီး အလုပ်ရဖို့ အခွင့်အလမ်း ပိုများသွားပါလိမ့်မယ်။အနှစ် ချုပ်အနေနဲ့ပြောရရင်အင်တာဗျူးခေါ်ခံရတာဟာ ပထမဆုံး ခြေလှမ်းလေးတစ်ခုပဲ ရှိပါသေးတယ်။ အလုပ်ရဖို့ဆိုရင် ကြိုတင်ပြင်ဆင်မှု၊ ယုံကြည်မှုနဲ့ ကိုယ့်ရဲ့ တန်ဖိုးကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်ဖို့က အရေးအကြီးဆုံးပါပဲ။ ဒီအမှား (၇) ချက်ကို ရှောင်ပြီး နောက်တစ်ခါ အင်တာဗျူးမှာ ကြိုးစားဖြေကြည့်ပြီး အလုပ်ရကြစေဖို့ ဆန္ဒပြုလိုက်ရပါတယ်။

ကျော့ကေခိုင်

zawgyi

အင္တာဗ်ဴးတစ္ခုကို ေခၚလိုက္ၿပီဆိုတာနဲ႔ “ငါေတာ့ အလုပ္ရဖို႔ ေသခ်ာသြားၿပီ” လို႔ ထင္တတ္ၾကပါတယ္။ ဒါေပမဲ့ အဲဒါက အမွားႀကီးပါ။ အင္တာဗ်ဴးဆိုတာ အလုပ္ရဖို႔အတြက္ ေနာက္ဆုံးအဆင့္ထိ အေတာ္ေလး ႀကိဳးစားရဦးမယ့္ ေနရာပါ။အေတြ႕အႀကဳံရွိတဲ့ Hiring Manager ေတြေတာင္ အံ့ၾသရေလာက္တဲ့အထိ အရည္အခ်င္းရွိတဲ့သူေတြက အေသးအဖြဲေလးေတြေၾကာင့္ အလုပ္လက္လြတ္ျဖစ္သြားတာကို ခဏခဏ ေတြ႕ေနရပါတယ္။ အဲဒီအမွားေတြက ဘာေတြလဲ၊ ဘယ္လိုေရွာင္ၾကဥ္မလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္ပါ။

ေမးခြန္းေတြပဲ ေျဖေနၿပီး “ကိုယ့္ကိုယ္ကိုယ္ ေရာင္းဖို႔” ေမ့ေနတာ

အင္တာဗ်ဴးဆိုတာ ေမးသမွ် ျပန္ေျဖ႐ုံသက္သက္ မဟုတ္ပါဘူး။ အဓိကကေတာ့ “ဒီရာထူးအတြက္ ဘာေၾကာင့္ ကိုယ္က အသင့္ေတာ္ဆုံးလူလဲ” ဆိုတာကို သူတို႔ကို သေဘာေပါက္ေအာင္ ေျပာျပႏိုင္ဖို႔ပါ။ အဲဒီအတြက္ “60 Second Sell” ဆိုတဲ့ နည္းလမ္းကို သုံးပါ။ ကိုယ့္ရဲ႕ အားသာခ်က္၊ ကြၽမ္းက်င္မႈနဲ႔ ဒီအလုပ္နဲ႔ ကိုယ္နဲ႔ ဘယ္ ေလာက္ကိုက္ညီလဲဆိုတာကို (၁) မိနစ္စာေလာက္နဲ႔ စုစည္းၿပီး ေျပာျပတာမ်ိဳးပါ။ ကိုယ့္ကိုကိုယ္ အၿမဲတမ္း Value ရွိတဲ့သူလို႔ ျမင္ေအာင္ လုပ္ထားမွ အလုပ္ရွင္ေတြက အမွတ္ရေနမွာပါ။

ႀကိဳတင္ျပင္ဆင္မႈ အားနည္းတာ

“ဒါကေတာ့ ေျဖႏိုင္မွာပါ” ဆိုၿပီး ေပါ့ေပါ့ဆဆ သြားတာမ်ိဳး ေရွာင္ပါ။ AI ေတြကို သုံးၿပီး အလုပ္နဲ႔ဆိုင္တဲ့ ေမးခြန္းေတြ ရွာပါ။ ၿပီးရင္ ကိုယ့္အေတြ႕အႀကဳံနဲ႔ ကိုယ္ပိုင္အေျဖေတြကို ေရးၿပီး အသံထြက္ဖတ္ၾကည့္ပါ။ မွတ္ထားတဲ့အတိုင္း အလြတ္က်က္တာမ်ိဳး မဟုတ္ဘဲ သဘာဝက်က် ရွင္းျပႏိုင္တဲ့အထိ ေလ့က်င့္ထားမွ စိတ္လႈပ္ရွား မႈ ေလ်ာ့ၿပီး ယုံၾကည္ခ်က္ရွိရွိ ေျဖႏိုင္မွာပါ။

ကိုယ့္အရည္အခ်င္းကို သက္ေသမျပႏိုင္တာ

“ကြၽန္ေတာ္ကေတာ့ ေခါင္းေဆာင္မႈ အရည္အခ်င္းရွိပါတယ္” လို႔ ေျပာလိုက္႐ုံနဲ႔ ဘယ္သူမွ မယုံပါဘူး။ အဲဒီအစား “အရင္အလုပ္မွာ ဝန္ထမ္း (၈) ေယာက္ကို ဦး ေဆာင္ခဲ့ၿပီး တစ္ေယာက္ခ်င္းစီကို စနစ္တက် သင္ေပးခဲ့တဲ့အတြက္ အဖြဲ႕ရဲ႕ လုပ္ငန္းစြမ္းေဆာင္ရည္ (၂၀) ရာခိုင္ႏႈန္း တိုးတက္လာခဲ့ပါတယ္” လို႔ ေျပာၾကည့္ပါ။ အခ်က္အလက္နဲ႔ သက္ေသျပႏိုင္မွ ကိုယ့္စကားက ပိုေလးနက္ၿပီး အလုပ္ရွင္ကလည္း ကိုယ့္ကို သူတို႔အဖြဲ႕ထဲမွာ ျမင္ေယာင္လာပါလိမ့္မယ္။

ကုမၸဏီအေၾကာင္း ေလ့လာမသြားတာ

အင္တာဗ်ဴးသြားမယ့္ ကုမၸဏီရဲ႕ ဝဘ္ဆိုက္၊ လုပ္ငန္းစဥ္၊ ၿပိဳင္ဘက္ေတြနဲ႔ လက္ရွိျဖစ္ေနတဲ့ အခက္အခဲေတြကို ေလ့လာမသြားဘူးဆိုရင္ အဲဒါ ကိုယ့္ကိုကိုယ္ ထိခိုက္ေစပါတယ္။ ကုမၸဏီအေၾကာင္း ႀကိဳသိထားမွ ကိုယ့္ရဲ႕ အေျဖေတြကို သူတို႔လိုအပ္ခ်က္နဲ႔ ကိုက္ညီေအာင္ ျပန္မြမ္းမံၿပီး ေျဖႏိုင္မွာပါ။

သက္ေသမျပႏိုင္တဲ့ ကတိကဝတ္ေတြ ေပးတာ

“ကြၽန္ေတာ္ကေတာ့ အလုပ္ႀကိဳးစားပါတယ္” ဆိုတာမ်ိဳးက ဘယ္သူမဆို ေျပာလို႔ရပါတယ္။ အဲဒီအစား “အရင္တုန္းက ေငြေတာင္းခံလႊာစနစ္ကို ကြၽန္ေတာ္ ေျပာင္းလဲလိုက္တဲ့အတြက္ အမွားေတြနည္းသြားၿပီး ကုမၸဏီအတြက္ တစ္ႏွစ္ကို ေဒၚလာ (၁) သိန္းေက်ာ္ သက္သာသြားပါတယ္” ဆိုတာမ်ိဳး ေျပာပါ။ အလုပ္ရွင္ေတြက ခံစားခ်က္ထက္ လက္ေတြ႕ရလဒ္ေတြကိုပဲ ပိုၾကည့္တာပါ။

AI ကို မွီခိုလြန္းၿပီး စကားလုံးေတြက တူေနတာ

ခုေနာက္ပိုင္း အင္တာဗ်ဴးေျဖသူေတြက AI ကိုသုံးၿပီး အေျဖေတြ ရွာၾကတာမ်ားပါတယ္။ ဒါေပမဲ့ အဲဒီအေျဖေတြက သိပ္ကို စံနစ္က်ၿပီး ေျခာက္ကပ္ကပ္ဆန္ေနေတာ့ အလုပ္ရွင္ေတြက “ဒီလူက သူ႔ဘာသာ မစဥ္းစားႏိုင္ဘူးလား” ဆိုၿပီး သံသယဝင္သြားတတ္ပါတယ္။ AI ကို Research လုပ္တဲ့ေနရာမွာပဲ သုံးပါ။ အေျဖကိုေတာ့ ကိုယ့္အေတြ႕အႀကဳံနဲ႔ ကိုယ္ပိုင္အေတြးအေခၚကိုပဲ ထည့္ေျပာပါ။

အင္တာဗ်ဴးကို ေကာင္းေကာင္းအဆုံးမသတ္ႏိုင္တာ

အင္တာဗ်ဴးၿပီးခါနီးရင္ “ေက်းဇူးတင္ပါတယ္” လို႔ ေျပာၿပီး ထြက္သြား႐ုံနဲ႔ မၿပီးေသးပါဘူး။ အဲဒီအခ်ိန္က ကိုယ့္ကို သူတို႔ မွတ္မိေနေစဖို႔ အေကာင္းဆုံး အခ်ိန္ပါ။ “အင္တာဗ်ဴးမၿပီးခင္ ကြၽန္ေတာ္က ဒီရာထူးအတြက္ ဘာေတြ လုပ္ေပးႏိုင္လဲဆိုတာ အႏွစ္ခ်ဳပ္ ေျပာျပခြင့္ျပဳပါ” လို႔ ေတာင္းဆိုၿပီး ကိုယ့္ရဲ႕ အဓိက အရည္အခ်င္းေတြကို ေနာက္ဆုံးအေနနဲ႔ ထပ္ျဖည့္ေျပာေပးလိုက္ပါ။ ဒါဆိုရင္ သူတို႔ ေခါင္းထဲမွာ ကိုယ့္ပုံရိပ္က ျပန္ေပၚလာၿပီး အလုပ္ရဖို႔ အခြင့္အလမ္း ပိုမ်ားသြားပါလိမ့္မယ္။အႏွစ္ ခ်ဳပ္အေနနဲ႔ေျပာရရင္အင္တာဗ်ဴးေခၚခံရတာဟာ ပထမဆုံး ေျခလွမ္းေလးတစ္ခုပဲ ရွိပါေသးတယ္။ အလုပ္ရဖို႔ဆိုရင္ ႀကိဳတင္ျပင္ဆင္မႈ၊ ယုံၾကည္မႈနဲ႔ ကိုယ့္ရဲ႕ တန္ဖိုးကို ရွင္းရွင္းလင္းလင္း ေျပာျပႏိုင္ဖို႔က အေရးအႀကီးဆုံးပါပဲ။ ဒီအမွား (၇) ခ်က္ကို ေရွာင္ၿပီး ေနာက္တစ္ခါ အင္တာဗ်ဴးမွာ ႀကိဳးစားေျဖၾကည့္ၿပီး အလုပ္ရၾကေစဖို႔ ဆႏၵျပဳလိုက္ရပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*