မကြာခင်မှာခေါင်းဆောင်ဖြစ်မယ့်လူရဲ့ လက္ခဏာရပ်များ

လူတစ်ယောက်ဟာ ပညာရေးနဲ့စီးပွားရေးပညာရပ်တွေမှာ ဘယ်လောက်ပဲတတ်မြောက်ထားပေမယ့်ထိပ်ပိုင်း Management Level ကိုရောက်ဖို့အတွက် သူ့ရဲ့Personality က အရေးပါပါတယ်။ဘယ်လို Personality မျိုးရှိသူက စီမံခန့်ခွဲမှုအပိုင်းမှာတော်ပါသလဲ။ လူတစ်ယောက်ဟာအဖွဲ့ကိုဘယ်လိုဦးဆောင်တယ်၊ ဘယ်လိုစိတ်အားတက်ကြွစေတယ်၊ ဘယ်လိုပုံစံဆုချတယ် စတာတွေက Personality Type ပေါ်မူတည်ပြီးအမျိုးမျိုးကွဲပြားနိုင်ပါတယ်။ဘယ် Personality Type ကတော့ Management ပိုင်းမှာအတော်ဆုံးဆိုပြီး အတိ အကျညွှန်းဖို့ခက်ပေမယ့် Management Role ကိုရရှိနိုင်တဲ့ ဝိသေသလက္ခဏာတွေကိုတော့ ရှင်းရှင်းလင်းလင်းသိရှိနိုင်ပါတယ်။

ကိုယ်ကရော ဒီလက္ခဏာတွေနဲ့ကိုက်ညီနေလား၊ ကိုယ့်အထက်လူကြီးမှာရောဒီလိုဝိသေသလက္ခဏာတွေရှိရဲ့လားဆိုတာကို ဆန်းစစ်ကြည့်နိုင်ပါတယ်။ကိုယ်ချင်းစာတတ်ခြင်းနဲ့နားလည်ပေးတတ်ခြင်း ONET ရဲ့အဆိုအရ လူမှုရေးကောင်းခြင်းကသာအောင်မြင်တဲ့မန်နေဂျာတစ်ယောက်ဖြစ်လာစေနိုင်တယ်လို့ဆိုပါတယ်။ ခေါင်းဆောင်တွေရဲ့ပင်ကိုသဘာဝကိုက လက်အောက်ငယ်သားကို ကူညီချင်တာ၊ လမ်းပြချင်တာ၊ပိုတော်လာအောင်ပျိုးထောင်ပေးချင်တာ စတဲ့အချက်တွေရှိနေတယ်လို့သိရပါတယ်။လက်အောက် ငယ်သားတွေရဲ့အားသာချက်ကိုသိခြင်း၊ ကိုယ်ချင်းစာတတ်ခြင်းတွေကကိုယ့်ကိုခေါင်းဆောင်ကောင်းဖြစ်လာစေပါတယ်။ ကိုယ့်ဝန်ထမ်းရဲ့ စိတ်ဝင်စားမှုနဲ့လုပ်နိုင်စွမ်းကိုသိပြီးတာဝန်တွေခွဲဝေပေးတတ်ခြင်းက အလုပ်တွေများများပြီးမြောက်စေသလိုဝန်ထမ်းတွေရဲ့ချစ်ခင်ကိုးစားမှုကိုလည်းရရှိလာမှာဖြစ်ပါတယ်။

မျှတသောစိတ်ဓာတ်ရှိခြင်း
ထိပ်တန်းမန်နေဂျာတွေရဲ့ အရည်အချင်းထဲမှာ ဘက်မလိုက်တတ်တဲ့စိတ်ဓာတ်ကလည်းအရေးကြီးနေရာကပါဝင်နေပါတယ်။ ခိုင်မာတဲ့၊ ဘက်မလိုက်တဲ့၊ ရိုးသားတဲ့ စည်မျဉ်းစည်းကမ်းတွေနဲ့သာအဖွဲ့တစ်ခုကို ပြတ်ပြတ်သားသားစီမံအုပ်ချုပ်နိုင်မှာဖြစ်ပါတယ်။ ကိုယ်ဟာပညာရှိပေါင်ချိန်လိုစိတ်ထားရှိနေမှလည်း လက်အောက်ငယ်သားတွေရဲ့နာခံမှုကိုရရှိမှာပါ။ဘက်လိုက်တဲ့ခေါင်းဆောင်တစ်ယောက်ဆိုရင်တော့ ဝန်ထမ်းတွေရဲ့ မကျေနပ်မှု၊ စိတ်ဆိုးဒေါသထွက်မှု၊စိတ်ပျက်မှုတွေကိုပဲ ရရှိမှာြဖစ်ပါတယ်။ အလုပ်ရှင်ခိုင်းသမျှကိုပဲ ပြည့်မီအောင်လုပ်ပေးပြီးလက်အောက်ငယ်သားတွေရဲ့ ခွန်အားနဲ့လုပ်နိုင်စွမ်းကိုလျစ်လျူရှုမယ်၊ အလုပ်တွေဖိခိုင်းမယ်ဆိုရင်လည်းခေါင်းဆောင်ကောင်းနေရာမှာရပ်တည်နိုင်မှာမဟုတ်ပါဘူး။

အကောင်းမြင်စိတ်ရှိခြင်း
ကိုယ့်ဆီရောက်လာတဲ့ပြဿနာကို ကိုယ်ကပြောင်းလဲဖို့မတတ်နိုင်ပေမယ့်ဒီပြဿနာအပေါ်တုံ့ပြန်ပုံကိုတော့ ကိုယ်ကရွေးချယ်နိုင်တာဖြစ်ပါတယ်။ ဒါကြောင့်လည်းအပြုသဘောဆောင်တဲ့စိတ်ထားက ခေါင်းဆောင်မှုနေရာမှာ တော်တော်လေးအရေးပါတာြဖစ်ပါတယ်။၂၀ ရာစုတုန်းက မန်နေဂျာတွေဟာ ပြဿနာတစ်ခုခုဖြစ်လာရင် ဒေါသတကြီးဖြေရှင်းတတ်ကြပါတယ်။ဒီနေ့‌ခေတ်မှာတော့ ပြဿနာကိုအကောင်းဘက်ကတွေးပြီး အေးအေးဆေးဆေးဖြေရှင်းတတ်ခြင်းကအရည်အချင်းတစ်ရပ်ဖြစ်လာနေပါပြီ။ ဝန်ထမ်းတွေအားလုံးကိုစဉ်းစားအဖြေရှာခိုင်းတာ၊ ပြဿနာကနေအတွေ့အကြုံနဲ့အမြတ်ထွက်အောင်လုပ်နိုင်တာကမန်နေဂျာတစ်ယောက်ရဲ့မြင့်မားတဲ့အရည် အချင်းတစ်ရပ်ပါပဲ။

တာဝန်ယူစိတ်၊ တာဝန်ခံစိတ်ရှိခြင်း
လက်အောက်ငယ်သားအပေါ်အပြစ်ပုံချတာ၊ ကုမ္ပဏီကိုအပြစ်တင်တာမျိုးတွေကို မန်နေဂျာကောင်းတွေဘယ်တော့မှလုပ်လေ့မရှိပါဘူး။ ကိုယ်က တာဝန်ယူမှု၊တာဝန်ခံမှုကိုရှေ့ကနေစံပြအနေနဲ့လုပ် ဆောင်တာက အထက်လူကြီး၊ တခြားသောခေါင်းဆောင်တွေနဲ့ဝန်ထမ်းတွေဆီကပါ ယုံကြည်မှုနဲ့လေးစားမှုတွေရရှိလာမှာဖြစ်ပါတယ်။အောင်မြင်မှုဆီတွန်းပို့နိုင်ခြင်းခေါင်းဆောင်ကောင်းတစ်ယောက်ဟာ အလုပ်ကိုပြီးစီးအောင်မြင်အောင်လုပ်နိုင်စွမ်းရှိဖို့လိုပါတယ်။ကုမ္ပဏီရဲ့ မျှော်မှန်းချက်၊ တန်ဖိုးတွေနဲ့ကိုက်ညီအောင် ပန်းတိုင်တွေချမှတ်တာ၊အလုပ်တာဝန်တွေခွဲဝေတာစတဲ့အချက်တွေအပြင် မထင်မှတ်ထားတဲ့အခက်အခဲတွေပေါ်လာခဲ့ရင်လည်းဒါကို အခွင့်အလမ်းတစ်ခုလို့သတ်မှတ်ပြီး မြန်မြန်ဆန်ဆန်အဖြေရှာ ရှေ့ဆက်နိုင်တာကခေါင်းဆောင်တွေရဲ့အမြင့်မားဆုံးသေအရည်အချင်းပါပဲ။ကိုယ့်မှာဒီလိုဝိသေသ လက္ခဏာတွေရှိနေပြီဆိုရင်တော့မကြာခင်မှာခေါင်းဆောင်နေရာကိုရောက်တော့မယ်ဆိုတာ ဗေဒင်မေးကြည့်ဖို့မလိုတော့ပါဘူး။

Ju Ju

zawgyi

လူတစ္ေယာက္ဟာ ပညာေရးနဲ႔စီးပြားေရးပညာရပ္ေတြမွာ ဘယ္ေလာက္ပဲတတ္ေျမာက္ထားေပမယ့္ထိပ္ပိုင္း Management Level ကိုေရာက္ဖို႔အတြက္ သူ႔ရဲ႕Personality က အေရးပါပါတယ္။ဘယ္လို Personality မ်ိဳးရွိသူက စီမံခန႔္ခြဲမႈအပိုင္းမွာေတာ္ပါသလဲ။ လူတစ္ေယာက္ဟာအဖြဲ႕ကိုဘယ္လိုဦးေဆာင္တယ္၊ ဘယ္လိုစိတ္အားတက္ႂကြေစတယ္၊ ဘယ္လိုပုံစံဆုခ်တယ္ စတာေတြက Personality Type ေပၚမူတည္ၿပီးအမ်ိဳးမ်ိဳးကြဲျပားႏိုင္ပါတယ္။ဘယ္ Personality Type ကေတာ့ Management ပိုင္းမွာအေတာ္ဆုံးဆိုၿပီး အတိ အက်ၫႊန္းဖို႔ခက္ေပမယ့္ Management Role ကိုရရွိႏိုင္တဲ့ ဝိေသသလကၡဏာေတြကိုေတာ့ ရွင္းရွင္းလင္းလင္းသိရွိႏိုင္ပါတယ္။

ကိုယ္ကေရာ ဒီလကၡဏာေတြနဲ႔ကိုက္ညီေနလား၊ ကိုယ့္အထက္လူႀကီးမွာေရာဒီလိုဝိေသသလကၡဏာေတြရွိရဲ႕လားဆိုတာကို ဆန္းစစ္ၾကည့္ႏိုင္ပါတယ္။ကိုယ္ခ်င္းစာတတ္ျခင္းနဲ႔နားလည္ေပးတတ္ျခင္း ONET ရဲ႕အဆိုအရ လူမႈေရးေကာင္းျခင္းကသာေအာင္ျမင္တဲ့မန္ေနဂ်ာတစ္ေယာက္ျဖစ္လာေစႏိုင္တယ္လို႔ဆိုပါတယ္။ ေခါင္းေဆာင္ေတြရဲ႕ပင္ကိုသဘာဝကိုက လက္ေအာက္ငယ္သားကို ကူညီခ်င္တာ၊ လမ္းျပခ်င္တာ၊ပိုေတာ္လာေအာင္ပ်ိဳးေထာင္ေပးခ်င္တာ စတဲ့အခ်က္ေတြရွိေနတယ္လို႔သိရပါတယ္။လက္ေအာက္ ငယ္သားေတြရဲ႕အားသာခ်က္ကိုသိျခင္း၊ ကိုယ္ခ်င္းစာတတ္ျခင္းေတြကကိုယ့္ကိုေခါင္းေဆာင္ေကာင္းျဖစ္လာေစပါတယ္။ ကိုယ့္ဝန္ထမ္းရဲ႕ စိတ္ဝင္စားမႈနဲ႔လုပ္ႏိုင္စြမ္းကိုသိၿပီးတာဝန္ေတြခြဲေဝေပးတတ္ျခင္းက အလုပ္ေတြမ်ားမ်ားၿပီးေျမာက္ေစသလိုဝန္ထမ္းေတြရဲ႕ခ်စ္ခင္ကိုးစားမႈကိုလည္းရရွိလာမွာျဖစ္ပါတယ္။

မွ်တေသာစိတ္ဓာတ္ရွိျခင္း
ထိပ္တန္းမန္ေနဂ်ာေတြရဲ႕ အရည္အခ်င္းထဲမွာ ဘက္မလိုက္တတ္တဲ့စိတ္ဓာတ္ကလည္းအေရးႀကီးေနရာကပါဝင္ေနပါတယ္။ ခိုင္မာတဲ့၊ ဘက္မလိုက္တဲ့၊ ႐ိုးသားတဲ့ စည္မ်ဥ္းစည္းကမ္းေတြနဲ႔သာအဖြဲ႕တစ္ခုကို ျပတ္ျပတ္သားသားစီမံအုပ္ခ်ဳပ္ႏိုင္မွာျဖစ္ပါတယ္။ ကိုယ္ဟာပညာရွိေပါင္ခ်ိန္လိုစိတ္ထားရွိေနမွလည္း လက္ေအာက္ငယ္သားေတြရဲ႕နာခံမႈကိုရရွိမွာပါ။ဘက္လိုက္တဲ့ေခါင္းေဆာင္တစ္ေယာက္ဆိုရင္ေတာ့ ဝန္ထမ္းေတြရဲ႕ မေက်နပ္မႈ၊ စိတ္ဆိုးေဒါသထြက္မႈ၊စိတ္ပ်က္မႈေတြကိုပဲ ရရွိမွာျဖစ္ပါတယ္။ အလုပ္ရွင္ခိုင္းသမွ်ကိုပဲ ျပည့္မီေအာင္လုပ္ေပးၿပီးလက္ေအာက္ငယ္သားေတြရဲ႕ ခြန္အားနဲ႔လုပ္ႏိုင္စြမ္းကိုလ်စ္လ်ဴရႈမယ္၊ အလုပ္ေတြဖိခိုင္းမယ္ဆိုရင္လည္းေခါင္းေဆာင္ေကာင္းေနရာမွာရပ္တည္ႏိုင္မွာမဟုတ္ပါဘူး။

အေကာင္းျမင္စိတ္ရွိျခင္း
ကိုယ့္ဆီေရာက္လာတဲ့ျပႆနာကို ကိုယ္ကေျပာင္းလဲဖို႔မတတ္ႏိုင္ေပမယ့္ဒီျပႆနာအေပၚတုံ႔ျပန္ပုံကိုေတာ့ ကိုယ္ကေ႐ြးခ်ယ္ႏိုင္တာျဖစ္ပါတယ္။ ဒါေၾကာင့္လည္းအျပဳသေဘာေဆာင္တဲ့စိတ္ထားက ေခါင္းေဆာင္မႈေနရာမွာ ေတာ္ေတာ္ေလးအေရးပါတာျဖစ္ပါတယ္။၂၀ ရာစုတုန္းက မန္ေနဂ်ာေတြဟာ ျပႆနာတစ္ခုခုျဖစ္လာရင္ ေဒါသတႀကီးေျဖရွင္းတတ္ၾကပါတယ္။ဒီေန႔‌ေခတ္မွာေတာ့ ျပႆနာကိုအေကာင္းဘက္ကေတြးၿပီး ေအးေအးေဆးေဆးေျဖရွင္းတတ္ျခင္းကအရည္အခ်င္းတစ္ရပ္ျဖစ္လာေနပါၿပီ။ ဝန္ထမ္းေတြအားလုံးကိုစဥ္းစားအေျဖရွာခိုင္းတာ၊ ျပႆနာကေနအေတြ႕အႀကဳံနဲ႔အျမတ္ထြက္ေအာင္လုပ္ႏိုင္တာကမန္ေနဂ်ာတစ္ေယာက္ရဲ႕ျမင့္မားတဲ့အရည္ အခ်င္းတစ္ရပ္ပါပဲ။

တာဝန္ယူစိတ္၊ တာဝန္ခံစိတ္ရွိျခင္း
လက္ေအာက္ငယ္သားအေပၚအျပစ္ပုံခ်တာ၊ ကုမၸဏီကိုအျပစ္တင္တာမ်ိဳးေတြကို မန္ေနဂ်ာေကာင္းေတြဘယ္ေတာ့မွလုပ္ေလ့မရွိပါဘူး။ ကိုယ္က တာဝန္ယူမႈ၊တာဝန္ခံမႈကိုေရွ႕ကေနစံျပအေနနဲ႔လုပ္ ေဆာင္တာက အထက္လူႀကီး၊ တျခားေသာေခါင္းေဆာင္ေတြနဲ႔ဝန္ထမ္းေတြဆီကပါ ယုံၾကည္မႈနဲ႔ေလးစားမႈေတြရရွိလာမွာျဖစ္ပါတယ္။ေအာင္ျမင္မႈဆီတြန္းပို႔ႏိုင္ျခင္းေခါင္းေဆာင္ေကာင္းတစ္ေယာက္ဟာ အလုပ္ကိုၿပီးစီးေအာင္ျမင္ေအာင္လုပ္ႏိုင္စြမ္းရွိဖို႔လိုပါတယ္။ကုမၸဏီရဲ႕ ေမွ်ာ္မွန္းခ်က္၊ တန္ဖိုးေတြနဲ႔ကိုက္ညီေအာင္ ပန္းတိုင္ေတြခ်မွတ္တာ၊အလုပ္တာဝန္ေတြခြဲေဝတာစတဲ့အခ်က္ေတြအျပင္ မထင္မွတ္ထားတဲ့အခက္အခဲေတြေပၚလာခဲ့ရင္လည္းဒါကို အခြင့္အလမ္းတစ္ခုလို႔သတ္မွတ္ၿပီး ျမန္ျမန္ဆန္ဆန္အေျဖရွာ ေရွ႕ဆက္ႏိုင္တာကေခါင္းေဆာင္ေတြရဲ႕အျမင့္မားဆုံးေသအရည္အခ်င္းပါပဲ။ကိုယ့္မွာဒီလိုဝိေသသ လကၡဏာေတြရွိေနၿပီဆိုရင္ေတာ့မၾကာခင္မွာေခါင္းေဆာင္ေနရာကိုေရာက္ေတာ့မယ္ဆိုတာ ေဗဒင္ေမးၾကည့္ဖို႔မလိုေတာ့ပါဘူး။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*