၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ကစပြီး ရာသီဖွား ၃ ခုအတွက်တော့ တကယ့်ကို အင်အားကောင်းတဲ့ ခေတ်သစ်တစ်ခု စတင်တော့မှာပါ။ လသစ်ရဲ့ အစလည်း ဖြစ်သလို၊ ကိုယ့်ဘဝမှာ အံ့သြစရာ ကောင်းတဲ့ အလှည့်အပြောင်းတွေ ဖြစ်လာတော့မယ်လို့ ယုံကြည်ထားလို့ရတဲ့ အချိန်ပါပဲ။အခုက လက်ရှိနေ့ရက်တွေကို အမိအရ ဆုပ်ကိုင်ရမယ့် အချိန်ပေါ့။ ဒီနှစ်ထဲမှာ သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေက ကိုယ့်ဘဝကို ပြောင်းလဲပစ်ဖို့အတွက် အကောင်းဆုံး ခွန်အားတွေ ဖြစ်လာမှာပါ။ အထူးသဖြင့် တူရာသီ (Libra) မှာ လပြည့်တဲ့အချိန် ဖြစ်နေလို့ စိတ်ပိုင်းဆိုင်ရာ မျှတမှုကို ရလာပြီးတော့ ကောင်းမွန်တဲ့ အပြောင်းအလဲတွေအတွက် အဆင်သင့် ဖြစ်နေပါလိမ့်မယ်။ ကိုယ့်မှာ ဘာအစီအစဉ်မှ မရှိသေးဘူး၊ ဘယ်ကိုသွားရမှန်း မသိသေးဘူး ဆိုရင်တောင်မှ ဒီအပြောင်းအလဲက ကိုယ့်ဆီကို အလိုလို ရောက်လာမှာပါ။ အဲဒါကို ငြင်းဆန်စရာလည်း မလိုပါဘူး။ ဒီစွမ်းအင်က အပြုသဘောဆောင်ပြီး ကိုယ့်ကို ကောင်းကျိုးပေးမယ့် စွမ်းအင်မျိုးမို့လို့ သဘာဝတရားရဲ့ အလိုအတိုင်း လိုက်ပါစီးမျောလိုက်ရုံပါပဲ။
Aries
ဧပြီ ၁ ရက် လပြည့်တဲ့အချိန်မှာ ကိုယ့်ရဲ့ ချစ်သူ ဒါမှမဟုတ် မိသားစုဝင်တွေနဲ့ ဖြစ်နေတဲ့ အဆင်မပြေမှုတွေကို ပြန်ဖြေရှင်းဖို့ အခွင့်အရေး ရလာပါလိမ့်မယ်။ ဒီလပြည့်ဝန်းရဲ့ စွမ်းအင်က ကိုယ့်စိတ်ကို အေးချမ်းစေပြီး အပြောင်းအလဲကို လက်ခံဖို့ အဆင်သင့် ဖြစ်စေမှာပါ။ထူးခြားတာက ကိုယ်နဲ့ စကားပြောရမယ့် တစ်ဖက်လူကလည်း ကိုယ့်လိုပဲ ပွင့်ပွင့်လင်းလင်း ရှိနေမှာမို့ ဆက်ဆံရေးမှာ အောင်မြင်မှုတွေ ရလာပါလိမ့်မယ်။ မိဿရာသီဖွားတွေအတွက် အရာရာက ပြောင်းလဲနေပြီဖြစ်သလို ရှေ့မှာရှိနေတဲ့ အခွင့်အလမ်းတွေကလည်း အကန့်အသတ်မရှိပါဘူး။ ကိုယ်နဲ့ စိတ်ဝမ်းကွဲနေတဲ့သူနဲ့ ပြန်အဆင်ပြေသွားပြီး ဘဝရဲ့ ခေတ်သစ်တစ်ခုကို ယုံယုံကြည်ကြည်နဲ့ စတင်နိုင်တော့မှာပါ။
Virgo
ကန်ရာသီဖွားတွေအတွက်ကတော့ “ငါတော့ ပြောင်းလဲမှ ဖြစ်တော့မယ်” လို့ ကိုယ့်ကိုယ်ကိုယ် ဝန်ခံရမယ့် အချိန်ပါပဲ။ အဲဒီအပြောင်းအလဲက ဘယ်ကို ဦးတည်မလဲဆိုတာကိုလည်း စဉ်းစားရပါလိမ့်မယ်။ ဧပြီ ၁ ရက်မှာ ကိုယ့်ရဲ့ အမှားတွေကို တာဝန်ယူပြီး အတိတ်ကနေ ရုန်းထွက်နိုင်တော့မှာပါ။မာနကြောင့် စိတ်ပင်ပန်းနေရတာမျိုး မရှိတော့ဘဲ အရာအားလုံးကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်လာမယ်။ မလိုအပ်တဲ့ တိုက်ပွဲတွေကို ရပ်တန့်ပြီး အရာရာကို လွှတ်ချလိုက်နိုင်တဲ့အတွက် စိတ်အေးချမ်းမှုကို ရပါလိမ့်မယ်။ အဲဒီကနေ ရလာမယ့် လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုက ကိုယ့်အတွက် တကယ့်ကို စိတ်ဓာတ်ခွန်အားသစ်တွေ ဖြစ်လာမှာပါ။
Pisces
မိန်ရာသီဖွားတွေအတွက်ကတော့ ဧပြီ ၁ ရက်မှာ အသစ်တစ်ဖန် နိုးထလာသလို ခံစားရပါလိမ့်မယ်။ “အပြောင်းအလဲဆိုတာ တကယ်တော့ ကောင်းပါလား” ဆိုတာကို လက်ခံလာမယ်၊ ကြောက်နေစရာ မလိုဘူးဆိုတာ သိလာမယ်။ဒီအပြောင်းအလဲက အရမ်းကြီး ပြင်းထန်မှာ မဟုတ်ဘဲ ညင်ညင်သာသာလေးနဲ့ ဘဝကို နိုးထစေမှာပါ။ ကိုယ့်ဘဝမှာ တစ်ချို့အရာတွေကို ပြောင်းလဲဖို့ လိုတယ်လို့ သိနေပေမယ့် အဲဒါအတွက် စိတ်ဖိစီးမနေပါနဲ့။ အချိန်တန်ရင် အကုန်လုပ်နိုင်မှာပါ။ ဘဝတစ်ခုလုံးကို ပြန်ပြင်ရမှာကို မစိုးရိမ်ပါနဲ့။ အရာရာက သူ့နေရာနဲ့သူ ဖြစ်လာမှာဖြစ်ပြီး အခုစတင်မယ့် ခေတ်သစ်က အရမ်းကို မျှော်လင့်ချက်ရှိတဲ့ အချိန်ပဲ ဖြစ်ပါတယ်။
ဒီရာသီဖွား ၃ ခုထဲမှာ ကိုယ်ပါနေတယ်ဆိုရင်တော့ အခုကစပြီး စိတ်အေးလက်အေးနဲ့ ဘဝရဲ့ အလှည့်အပြောင်းသစ်တွေကို ကြိုဆိုလိုက်ရုံပါပဲ။
ကျော့ကေခိုင်
zawgyi
၂၀၂၆ ခုႏွစ္၊ ဧၿပီလ ၁ ရက္ေန႔ကစၿပီး ရာသီဖြား ၃ ခုအတြက္ေတာ့ တကယ့္ကို အင္အားေကာင္းတဲ့ ေခတ္သစ္တစ္ခု စတင္ေတာ့မွာပါ။ လသစ္ရဲ႕ အစလည္း ျဖစ္သလို၊ ကိုယ့္ဘဝမွာ အံ့ၾသစရာ ေကာင္းတဲ့ အလွည့္အေျပာင္းေတြ ျဖစ္လာေတာ့မယ္လို႔ ယုံၾကည္ထားလို႔ရတဲ့ အခ်ိန္ပါပဲ။အခုက လက္ရွိေန႔ရက္ေတြကို အမိအရ ဆုပ္ကိုင္ရမယ့္ အခ်ိန္ေပါ့။ ဒီႏွစ္ထဲမွာ သင္ယူခဲ့ရတဲ့ သင္ခန္းစာေတြက ကိုယ့္ဘဝကို ေျပာင္းလဲပစ္ဖို႔အတြက္ အေကာင္းဆုံး ခြန္အားေတြ ျဖစ္လာမွာပါ။ အထူးသျဖင့္ တူရာသီ (Libra) မွာ လျပည့္တဲ့အခ်ိန္ ျဖစ္ေနလို႔ စိတ္ပိုင္းဆိုင္ရာ မွ်တမႈကို ရလာၿပီးေတာ့ ေကာင္းမြန္တဲ့ အေျပာင္းအလဲေတြအတြက္ အဆင္သင့္ ျဖစ္ေနပါလိမ့္မယ္။ ကိုယ့္မွာ ဘာအစီအစဥ္မွ မရွိေသးဘူး၊ ဘယ္ကိုသြားရမွန္း မသိေသးဘူး ဆိုရင္ေတာင္မွ ဒီအေျပာင္းအလဲက ကိုယ့္ဆီကို အလိုလို ေရာက္လာမွာပါ။ အဲဒါကို ျငင္းဆန္စရာလည္း မလိုပါဘူး။ ဒီစြမ္းအင္က အျပဳသေဘာေဆာင္ၿပီး ကိုယ့္ကို ေကာင္းက်ိဳးေပးမယ့္ စြမ္းအင္မ်ိဳးမို႔လို႔ သဘာဝတရားရဲ႕ အလိုအတိုင္း လိုက္ပါစီးေမ်ာလိုက္႐ုံပါပဲ။
Aries
ဧၿပီ ၁ ရက္ လျပည့္တဲ့အခ်ိန္မွာ ကိုယ့္ရဲ႕ ခ်စ္သူ ဒါမွမဟုတ္ မိသားစုဝင္ေတြနဲ႔ ျဖစ္ေနတဲ့ အဆင္မေျပမႈေတြကို ျပန္ေျဖရွင္းဖို႔ အခြင့္အေရး ရလာပါလိမ့္မယ္။ ဒီလျပည့္ဝန္းရဲ႕ စြမ္းအင္က ကိုယ့္စိတ္ကို ေအးခ်မ္းေစၿပီး အေျပာင္းအလဲကို လက္ခံဖို႔ အဆင္သင့္ ျဖစ္ေစမွာပါ။ထူးျခားတာက ကိုယ္နဲ႔ စကားေျပာရမယ့္ တစ္ဖက္လူကလည္း ကိုယ့္လိုပဲ ပြင့္ပြင့္လင္းလင္း ရွိေနမွာမို႔ ဆက္ဆံေရးမွာ ေအာင္ျမင္မႈေတြ ရလာပါလိမ့္မယ္။ မိႆရာသီဖြားေတြအတြက္ အရာရာက ေျပာင္းလဲေနၿပီျဖစ္သလို ေရွ႕မွာရွိေနတဲ့ အခြင့္အလမ္းေတြကလည္း အကန႔္အသတ္မရွိပါဘူး။ ကိုယ္နဲ႔ စိတ္ဝမ္းကြဲေနတဲ့သူနဲ႔ ျပန္အဆင္ေျပသြားၿပီး ဘဝရဲ႕ ေခတ္သစ္တစ္ခုကို ယုံယုံၾကည္ၾကည္နဲ႔ စတင္ႏိုင္ေတာ့မွာပါ။
Virgo
ကန္ရာသီဖြားေတြအတြက္ကေတာ့ “ငါေတာ့ ေျပာင္းလဲမွ ျဖစ္ေတာ့မယ္” လို႔ ကိုယ့္ကိုယ္ကိုယ္ ဝန္ခံရမယ့္ အခ်ိန္ပါပဲ။ အဲဒီအေျပာင္းအလဲက ဘယ္ကို ဦးတည္မလဲဆိုတာကိုလည္း စဥ္းစားရပါလိမ့္မယ္။ ဧၿပီ ၁ ရက္မွာ ကိုယ့္ရဲ႕ အမွားေတြကို တာဝန္ယူၿပီး အတိတ္ကေန ႐ုန္းထြက္ႏိုင္ေတာ့မွာပါ။မာနေၾကာင့္ စိတ္ပင္ပန္းေနရတာမ်ိဳး မရွိေတာ့ဘဲ အရာအားလုံးကို တည္တည္ၿငိမ္ၿငိမ္နဲ႔ ရင္ဆိုင္ႏိုင္လာမယ္။ မလိုအပ္တဲ့ တိုက္ပြဲေတြကို ရပ္တန႔္ၿပီး အရာရာကို လႊတ္ခ်လိုက္ႏိုင္တဲ့အတြက္ စိတ္ေအးခ်မ္းမႈကို ရပါလိမ့္မယ္။ အဲဒီကေန ရလာမယ့္ လြတ္လပ္မႈနဲ႔ ၿငိမ္းခ်မ္းမႈက ကိုယ့္အတြက္ တကယ့္ကို စိတ္ဓာတ္ခြန္အားသစ္ေတြ ျဖစ္လာမွာပါ။
Pisces
မိန္ရာသီဖြားေတြအတြက္ကေတာ့ ဧၿပီ ၁ ရက္မွာ အသစ္တစ္ဖန္ ႏိုးထလာသလို ခံစားရပါလိမ့္မယ္။ “အေျပာင္းအလဲဆိုတာ တကယ္ေတာ့ ေကာင္းပါလား” ဆိုတာကို လက္ခံလာမယ္၊ ေၾကာက္ေနစရာ မလိုဘူးဆိုတာ သိလာမယ္။ဒီအေျပာင္းအလဲက အရမ္းႀကီး ျပင္းထန္မွာ မဟုတ္ဘဲ ညင္ညင္သာသာေလးနဲ႔ ဘဝကို ႏိုးထေစမွာပါ။ ကိုယ့္ဘဝမွာ တစ္ခ်ိဳ႕အရာေတြကို ေျပာင္းလဲဖို႔ လိုတယ္လို႔ သိေနေပမယ့္ အဲဒါအတြက္ စိတ္ဖိစီးမေနပါနဲ႔။ အခ်ိန္တန္ရင္ အကုန္လုပ္ႏိုင္မွာပါ။ ဘဝတစ္ခုလုံးကို ျပန္ျပင္ရမွာကို မစိုးရိမ္ပါနဲ႔။ အရာရာက သူ႔ေနရာနဲ႔သူ ျဖစ္လာမွာျဖစ္ၿပီး အခုစတင္မယ့္ ေခတ္သစ္က အရမ္းကို ေမွ်ာ္လင့္ခ်က္ရွိတဲ့ အခ်ိန္ပဲ ျဖစ္ပါတယ္။
ဒီရာသီဖြား ၃ ခုထဲမွာ ကိုယ္ပါေနတယ္ဆိုရင္ေတာ့ အခုကစၿပီး စိတ္ေအးလက္ေအးနဲ႔ ဘဝရဲ႕ အလွည့္အေျပာင္းသစ္ေတြကို ႀကိဳဆိုလိုက္႐ုံပါပဲ။
ေက်ာ့ေကခိုင္
Leave a Reply