လစာတိုးတောင်းရမလား၊ မတောင်းရဘူးလား။ ဒါကတော့ ၂၀၂၆ ခုနှစ်ရဲ့ ပထမသုံးလပတ်အကုန်မှာ အလုပ်သမားအတော်များများ မေးနေကြတဲ့ မေးခွန်းတစ်ခုပါ။ မတ်လဆိုတာ ကုမ္ပဏီအတော်များများက လုပ်ငန်းစွမ်းဆောင်ရည်စစ်ဆေးမှုတွေနဲ့ ဆက်စပ်ပြီး ရာထူးတိုးတာနဲ့ လစာတိုးပေးဖို့ ဆုံးဖြတ်ချက်တွေကို အတည်ပြုနေတဲ့အချိန်လည်း ဖြစ်ပါတယ်။ Finance Buzz ရဲ့ အစီရင်ခံစာအရ အလုပ်သမား ၄၁ရာခိုင်နှုန်းဟာ သူတို့ရသင့်တာထက် လျော့နည်းရရှိနေတယ်လို့ ယုံကြည်နေကြပြီး ၃၇ရာနှုန်းသော အလုပ်သမားတွေကသာ သူတို့ရဲ့လစာဟာ ကုန်ဈေးနှုန်းကြီးမြင့်မှု (Inflation) နဲ့ အညီလိုက်ပါနိုင်တယ်လို့ ဆိုကြပါတယ်။ တကယ်လို့ သင်ဟာ ငွေရေးကြေးရေးဖိအားတွေကို ခံစားနေရပြီး အခုအချိန်ဟာ လစာတိုးတောင်းဖို့ အချိန်ကောင်းဟုတ်၊ မဟုတ် ဝေခွဲမရဖြစ်နေတယ်ဆိုရင် ဆုံးဖြတ်ချက်မချခင် သင့်ရဲ့အခွင့်အရေးတွေကို တွက်ချက်နိုင်ဖို့ ဒီအချက်တွေနဲ့ စဉ်းစားကြည့်ပါ။
Ravio ရဲ့ ကိန်းဂဏန်းတွေအရ ၂၀၂၆ ခုနှစ်မှာ ပျမ်းမျှရာထူးတိုးနှုန်းဟာ ၄ ရာခိုင်နှုန်းသာ ရှိပါတယ်။ ပရော်ဖက်ရှင်နယ် ဖဲကစားသမားတစ်ဦးဖြစ်သလို Casinos Analyzer ရဲ့ ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာ Guy Taylor က လူအတော်များများဟာ ရာထူးတိုးတောင်းတဲ့ကိစ္စကို စိတ်ခံစားချက်အပေါ်မှာပဲ အခြေခံပြီး ချဉ်းကပ်ကြတာကို သတိပြုမိပါတယ်။ သူကတော့ ဖဲဝိုင်းမှာလိုပဲ အခြေအနေကို အကဲခတ်ဖို့အတွက် အောက်ပါအဆင့် ၄ ဆင့်ကို အကြံပြုထားပါတယ်။
အချက်ပြချက်အစစ်အမှန်နဲ့ ဆူညံသံများကို ခွဲခြားတတ်ရန် သင်ယူပါ
Taylor က ဖဲဝိုင်းမှာရော သင့်ရဲ့ လုပ်ငန်းခွင်မှာပါ သင်မြင်တွေ့နေရတဲ့ လှုပ်ရှားမှုအတော်များများဟာ “ဆူညံသံ” တွေသာဖြစ်တယ်လို့ ရှင်းပြပါတယ်။ “တခြားသူတွေရဲ့ အောင်မြင်မှုတွေကို LinkedIn ပေါ်မှာ မြင်ရတဲ့အခါ အလုပ်ပြောင်းချင်တဲ့ စိတ်မျိုးဖြစ်လာအောင် ဒါမှမဟုတ် အလောတကြီး လုပ်ဆောင်မိအောင် ဖိအားတွေ ဖြစ်စေနိုင်ပါတယ်” လို့ သူက ဆိုပါတယ်။ “ဝါရင့်ကစားသမားတွေကတော့ ဆူညံသံတွေနဲ့ အချက်ပြချက်အစစ်အမှန်တွေကို ခွဲခြားထားပြီး တကယ့်လက်တွေ့ကျတဲ့ အညွှန်းကိန်းတွေကိုပဲ တုံ့ပြန်တတ်ကြပါတယ်”။
ဝေဖန်အကြံပြုချက်များကို အပြစ်တင်တာလို့ မမြင်ဘဲ အချက်အလက်အဖြစ် သဘောထားပါ
ဖဲကစားသမားတစ်ယောက်ဟာ တစ်ဖက်လူက ကြေးမြှင့် (Bet) လိုက်တာကို မြင်တဲ့အခါ ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ အကဲခတ်သုံးသပ်တတ်ကြောင်း Taylor က ထောက်ပြပါတယ်။ အလုပ်မှာလည်း ဝေဖန်အကြံပြုချက်တွေရတဲ့အခါ အလားတူ နည်းဗျူဟာမျိုးကို အသုံးချဖို့ သူက အကြံပြုပါတယ်။”ဝေဖန်ချက်တွေကို ခြိမ်း ခြောက်မှုတစ်ခုလို့ မြင်မယ့်အစား သင့်အလုပ်ရှင်က ဘာကို တန်ဖိုးထားသလဲ၊ သင့်ဆီကနေ ဘာတွေ မျှော်လင့်ထားသလဲဆိုတာကို သိခွင့်ရတဲ့ အချက်အလက်အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုပါ။ ဒါကို နားလည်ထားခြင်းက သင့်မှာရှိတဲ့နေရာမှာပဲ ပိုကောင်းအောင် ကြိုးစားမလား ဒါမှမဟုတ် သင့်အရည်အချင်းနဲ့ ပိုကိုက်ညီမယ့် နေရာသစ်တစ်ခုကို ရှာမလားဆိုတာ ဆုံးဖြတ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်”။
ဘဝတိုးတက်မှု ဆုံးဖြတ်ချက်များရဲ့ အရှိန်အဟုန်ကို ထိန်းချုပ်ပါ
Taylor ရဲ့ အဆိုအရ ဖဲဝိုင်းမှာ အမြန်ဆုံးကစားတဲ့သူက နိုင်တာမဟုတ်ဘဲ အရှိန်အဟုန်ကို ထိန်းချုပ်နိုင်တဲ့သူကသာ အနိုင်ရတာ ဖြစ်ပါတယ်။ “နှစ်စပိုင်းမှာ လူတိုင်းက ဘာလုပ်မယ်၊ ဘာပြောင်းလဲမယ်ဆိုတာ ဆုံးဖြတ်ပြီးကြပြီလို့ ထင်ပြီး အလောတကြီး လုပ်ဆောင်မိတတ်တဲ့ ထောင်ချောက်ထဲကို ကျရောက်သွားဖို့ လွယ်ကူပါတယ်” လို့ သူက ဆိုပါတယ်။လောလောဆယ်လိုအပ်ချက်တွေအပေါ် အခြေခံပြီး ချတဲ့ဆုံးဖြတ်ချက်တွေဟာ ရေရှည်ပန်းတိုင်တွေနဲ့ ကိုက်ညီဖို့ အခွင့်အလမ်းနည်းပါးကြောင်း ဆုံးဖြတ်ချက်ချခြင်းဆိုင်ရာ စိတ်ပညာသုတေသနတွေကို သူက မီးမောင်းထိုးပြထားပါတယ်။ ဒါကြောင့် အခုလုပ်ချင်တာဟာ ကိုယ့်ရဲ့ တကယ့်ဆန္ဒလား ဒါမှမဟုတ် ပတ်ဝန်းကျင်ရဲ့ မျှော်လင့်ချက်ကြောင့်လားဆိုတာကို အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့ သူက အကြံပြုပါတယ်။
စိတ်ရှည်သည်းခံမှုကို မဟာဗျူဟာမြောက် လှုပ်ရှားမှုတစ်ခုအဖြစ် အသုံးချပါ
Taylor က တစ်ခါတလေမှာ အကောင်းဆုံးလုပ်ဆောင်ချက်ဟာ ဘာမှမလုပ်ဘဲ နေခြင်းဖြစ်တယ်လို့ အခိုင်အမာဆိုပါတယ်။ “ဝါရင့်ဖဲကစားသမားတွေကအခွင့်အရေးမသာတဲ့ ကစားပွဲကို ကျော်လိုက်ခြင်းက နောက်ပိုင်းမှာ ပိုခိုင်မာတဲ့ အနေအထားကနေ ကစားနိုင်ဖို့ အထောက်အကူပြုတယ်ဆိုတာ သိကြပါတယ်။” အကယ်၍ သင်က အချိန်အခါကောင်း ဟုတ်၊ မဟုတ် မသေချာဘူးဆိုရင် ခေတ္တစောင့်ကြည့်ဖို့ သူက အကြံပြုပါတယ်။ “ခဏတာ ရပ်တန့်လိုက်ခြင်းက သင့်ကို ပိုမိုထိန်းချုပ်နိုင်စွမ်း ရှိစေပါတယ်” လို့ သူက အလေးပေး ပြောကြားခဲ့ပါတယ်။
“အခုက လစာတိုးတောင်းဖို့ အချိန်ကောင်းလား” ဆိုတဲ့ မေးခွန်းရဲ့ အဖြေကတော့ “အခြေအနေအပေါ် မူတည်ပါတယ်” ဆိုတာပါပဲ။ တကယ်လို့ ကုမ္ပဏီမှာ ဝန်ထမ်းလျှော့ချတာ ဒါမှမဟုတ် ဘတ်ဂျက်ဖြတ်တောက်တာတွေ ရှိနေရင်၊ စီမံခန့်ခွဲသူတွေဘက်က လစာတိုးပေးဖို့ ကန့်သတ်ထားရင် ဒါမှမဟုတ် သင့်မန်နေဂျာမှာ လစာဆုံးဖြတ်ပိုင်ခွင့် အာဏာမရှိရင် ဒါဟာ အချိန်ကောင်း မဟုတ်ပါဘူး။ ဒါပေမဲ့ သင့်ကုမ္ပဏီက တည်ငြိမ်နေတယ် ဒါမှမဟုတ် တိုးတက်နေတယ်၊ သင်ကလည်း တာဝန်တွေ ပိုယူထားရတယ်၊ သင့်ရဲ့ လုပ်ငန်းစွမ်းဆောင်ရည် အညွှန်းကိန်းတွေကလည်း ကောင်းမွန်နေတယ် ဒါမှမဟုတ် ဘတ်ဂျက်လျာထားတဲ့အချိန်နဲ့ နီးကပ်နေတယ်ဆိုရင်တော့ ဒါဟာ အချိန်ကောင်း ဖြစ်နိုင်ပါတယ်။
ကျော့ကေခိုင်
zawgyi
လစာတိုးေတာင္းရမလား၊ မေတာင္းရဘူးလား။ ဒါကေတာ့ ၂၀၂၆ ခုႏွစ္ရဲ႕ ပထမသုံးလပတ္အကုန္မွာ အလုပ္သမားအေတာ္မ်ားမ်ား ေမးေနၾကတဲ့ ေမးခြန္းတစ္ခုပါ။ မတ္လဆိုတာ ကုမၸဏီအေတာ္မ်ားမ်ားက လုပ္ငန္းစြမ္းေဆာင္ရည္စစ္ေဆးမႈေတြနဲ႔ ဆက္စပ္ၿပီး ရာထူးတိုးတာနဲ႔ လစာတိုးေပးဖို႔ ဆုံးျဖတ္ခ်က္ေတြကို အတည္ျပဳေနတဲ့အခ်ိန္လည္း ျဖစ္ပါတယ္။ Finance Buzz ရဲ႕ အစီရင္ခံစာအရ အလုပ္သမား ၄၁ရာခိုင္ႏႈန္းဟာ သူတို႔ရသင့္တာထက္ ေလ်ာ့နည္းရရွိေနတယ္လို႔ ယုံၾကည္ေနၾကၿပီး ၃၇ရာႏႈန္းေသာ အလုပ္သမားေတြကသာ သူတို႔ရဲ႕လစာဟာ ကုန္ေဈးႏႈန္းႀကီးျမင့္မႈ (Inflation) နဲ႔ အညီလိုက္ပါႏိုင္တယ္လို႔ ဆိုၾကပါတယ္။ တကယ္လို႔ သင္ဟာ ေငြေရးေၾကးေရးဖိအားေတြကို ခံစားေနရၿပီး အခုအခ်ိန္ဟာ လစာတိုးေတာင္းဖို႔ အခ်ိန္ေကာင္းဟုတ္၊ မဟုတ္ ေဝခြဲမရျဖစ္ေနတယ္ဆိုရင္ ဆုံးျဖတ္ခ်က္မခ်ခင္ သင့္ရဲ႕အခြင့္အေရးေတြကို တြက္ခ်က္ႏိုင္ဖို႔ ဒီအခ်က္ေတြနဲ႔ စဥ္းစားၾကည့္ပါ။
Ravio ရဲ႕ ကိန္းဂဏန္းေတြအရ ၂၀၂၆ ခုႏွစ္မွာ ပ်မ္းမွ်ရာထူးတိုးႏႈန္းဟာ ၄ ရာခိုင္ႏႈန္းသာ ရွိပါတယ္။ ပေရာ္ဖက္ရွင္နယ္ ဖဲကစားသမားတစ္ဦးျဖစ္သလို Casinos Analyzer ရဲ႕ ကြၽမ္းက်င္သူတစ္ဦးလည္းျဖစ္တဲ့ ေဒါက္တာ Guy Taylor က လူအေတာ္မ်ားမ်ားဟာ ရာထူးတိုးေတာင္းတဲ့ကိစၥကို စိတ္ခံစားခ်က္အေပၚမွာပဲ အေျခခံၿပီး ခ်ဥ္းကပ္ၾကတာကို သတိျပဳမိပါတယ္။ သူကေတာ့ ဖဲဝိုင္းမွာလိုပဲ အေျခအေနကို အကဲခတ္ဖို႔အတြက္ ေအာက္ပါအဆင့္ ၄ ဆင့္ကို အႀကံျပဳထားပါတယ္။
အခ်က္ျပခ်က္အစစ္အမွန္နဲ႔ ဆူညံသံမ်ားကို ခြဲျခားတတ္ရန္ သင္ယူပါ
Taylor က ဖဲဝိုင္းမွာေရာ သင့္ရဲ႕ လုပ္ငန္းခြင္မွာပါ သင္ျမင္ေတြ႕ေနရတဲ့ လႈပ္ရွားမႈအေတာ္မ်ားမ်ားဟာ “ဆူညံသံ” ေတြသာျဖစ္တယ္လို႔ ရွင္းျပပါတယ္။ “တျခားသူေတြရဲ႕ ေအာင္ျမင္မႈေတြကို LinkedIn ေပၚမွာ ျမင္ရတဲ့အခါ အလုပ္ေျပာင္းခ်င္တဲ့ စိတ္မ်ိဳးျဖစ္လာေအာင္ ဒါမွမဟုတ္ အေလာတႀကီး လုပ္ေဆာင္မိေအာင္ ဖိအားေတြ ျဖစ္ေစႏိုင္ပါတယ္” လို႔ သူက ဆိုပါတယ္။ “ဝါရင့္ကစားသမားေတြကေတာ့ ဆူညံသံေတြနဲ႔ အခ်က္ျပခ်က္အစစ္အမွန္ေတြကို ခြဲျခားထားၿပီး တကယ့္လက္ေတြ႕က်တဲ့ အၫႊန္းကိန္းေတြကိုပဲ တုံ႔ျပန္တတ္ၾကပါတယ္”။
ေဝဖန္အႀကံျပဳခ်က္မ်ားကို အျပစ္တင္တာလို႔ မျမင္ဘဲ အခ်က္အလက္အျဖစ္ သေဘာထားပါ
ဖဲကစားသမားတစ္ေယာက္ဟာ တစ္ဖက္လူက ေၾကးျမႇင့္ (Bet) လိုက္တာကို ျမင္တဲ့အခါ ထိတ္လန႔္တုန္လႈပ္ျခင္းမရွိဘဲ အကဲခတ္သုံးသပ္တတ္ေၾကာင္း Taylor က ေထာက္ျပပါတယ္။ အလုပ္မွာလည္း ေဝဖန္အႀကံျပဳခ်က္ေတြရတဲ့အခါ အလားတူ နည္းဗ်ဴဟာမ်ိဳးကို အသုံးခ်ဖို႔ သူက အႀကံျပဳပါတယ္။”ေဝဖန္ခ်က္ေတြကို ၿခိမ္း ေျခာက္မႈတစ္ခုလို႔ ျမင္မယ့္အစား သင့္အလုပ္ရွင္က ဘာကို တန္ဖိုးထားသလဲ၊ သင့္ဆီကေန ဘာေတြ ေမွ်ာ္လင့္ထားသလဲဆိုတာကို သိခြင့္ရတဲ့ အခ်က္အလက္အျဖစ္ အဓိပၸာယ္ဖြင့္ဆိုပါ။ ဒါကို နားလည္ထားျခင္းက သင့္မွာရွိတဲ့ေနရာမွာပဲ ပိုေကာင္းေအာင္ ႀကိဳးစားမလား ဒါမွမဟုတ္ သင့္အရည္အခ်င္းနဲ႔ ပိုကိုက္ညီမယ့္ ေနရာသစ္တစ္ခုကို ရွာမလားဆိုတာ ဆုံးျဖတ္ႏိုင္ဖို႔ ကူညီေပးပါလိမ့္မယ္”။
ဘဝတိုးတက္မႈ ဆုံးျဖတ္ခ်က္မ်ားရဲ႕ အရွိန္အဟုန္ကို ထိန္းခ်ဳပ္ပါ
Taylor ရဲ႕ အဆိုအရ ဖဲဝိုင္းမွာ အျမန္ဆုံးကစားတဲ့သူက ႏိုင္တာမဟုတ္ဘဲ အရွိန္အဟုန္ကို ထိန္းခ်ဳပ္ႏိုင္တဲ့သူကသာ အႏိုင္ရတာ ျဖစ္ပါတယ္။ “ႏွစ္စပိုင္းမွာ လူတိုင္းက ဘာလုပ္မယ္၊ ဘာေျပာင္းလဲမယ္ဆိုတာ ဆုံးျဖတ္ၿပီးၾကၿပီလို႔ ထင္ၿပီး အေလာတႀကီး လုပ္ေဆာင္မိတတ္တဲ့ ေထာင္ေခ်ာက္ထဲကို က်ေရာက္သြားဖို႔ လြယ္ကူပါတယ္” လို႔ သူက ဆိုပါတယ္။ေလာေလာဆယ္လိုအပ္ခ်က္ေတြအေပၚ အေျခခံၿပီး ခ်တဲ့ဆုံးျဖတ္ခ်က္ေတြဟာ ေရရွည္ပန္းတိုင္ေတြနဲ႔ ကိုက္ညီဖို႔ အခြင့္အလမ္းနည္းပါးေၾကာင္း ဆုံးျဖတ္ခ်က္ခ်ျခင္းဆိုင္ရာ စိတ္ပညာသုေတသနေတြကို သူက မီးေမာင္းထိုးျပထားပါတယ္။ ဒါေၾကာင့္ အခုလုပ္ခ်င္တာဟာ ကိုယ့္ရဲ႕ တကယ့္ဆႏၵလား ဒါမွမဟုတ္ ပတ္ဝန္းက်င္ရဲ႕ ေမွ်ာ္လင့္ခ်က္ေၾကာင့္လားဆိုတာကို အၿမဲတမ္း ကိုယ့္ကိုယ္ကိုယ္ ျပန္ေမးဖို႔ သူက အႀကံျပဳပါတယ္။
စိတ္ရွည္သည္းခံမႈကို မဟာဗ်ဴဟာေျမာက္ လႈပ္ရွားမႈတစ္ခုအျဖစ္ အသုံးခ်ပါ
Taylor က တစ္ခါတေလမွာ အေကာင္းဆုံးလုပ္ေဆာင္ခ်က္ဟာ ဘာမွမလုပ္ဘဲ ေနျခင္းျဖစ္တယ္လို႔ အခိုင္အမာဆိုပါတယ္။ “ဝါရင့္ဖဲကစားသမားေတြကအခြင့္အေရးမသာတဲ့ ကစားပြဲကို ေက်ာ္လိုက္ျခင္းက ေနာက္ပိုင္းမွာ ပိုခိုင္မာတဲ့ အေနအထားကေန ကစားႏိုင္ဖို႔ အေထာက္အကူျပဳတယ္ဆိုတာ သိၾကပါတယ္။” အကယ္၍ သင္က အခ်ိန္အခါေကာင္း ဟုတ္၊ မဟုတ္ မေသခ်ာဘူးဆိုရင္ ေခတၱေစာင့္ၾကည့္ဖို႔ သူက အႀကံျပဳပါတယ္။ “ခဏတာ ရပ္တန႔္လိုက္ျခင္းက သင့္ကို ပိုမိုထိန္းခ်ဳပ္ႏိုင္စြမ္း ရွိေစပါတယ္” လို႔ သူက အေလးေပး ေျပာၾကားခဲ့ပါတယ္။
“အခုက လစာတိုးေတာင္းဖို႔ အခ်ိန္ေကာင္းလား” ဆိုတဲ့ ေမးခြန္းရဲ႕ အေျဖကေတာ့ “အေျခအေနအေပၚ မူတည္ပါတယ္” ဆိုတာပါပဲ။ တကယ္လို႔ ကုမၸဏီမွာ ဝန္ထမ္းေလွ်ာ့ခ်တာ ဒါမွမဟုတ္ ဘတ္ဂ်က္ျဖတ္ေတာက္တာေတြ ရွိေနရင္၊ စီမံခန႔္ခြဲသူေတြဘက္က လစာတိုးေပးဖို႔ ကန႔္သတ္ထားရင္ ဒါမွမဟုတ္ သင့္မန္ေနဂ်ာမွာ လစာဆုံးျဖတ္ပိုင္ခြင့္ အာဏာမရွိရင္ ဒါဟာ အခ်ိန္ေကာင္း မဟုတ္ပါဘူး။ ဒါေပမဲ့ သင့္ကုမၸဏီက တည္ၿငိမ္ေနတယ္ ဒါမွမဟုတ္ တိုးတက္ေနတယ္၊ သင္ကလည္း တာဝန္ေတြ ပိုယူထားရတယ္၊ သင့္ရဲ႕ လုပ္ငန္းစြမ္းေဆာင္ရည္ အၫႊန္းကိန္းေတြကလည္း ေကာင္းမြန္ေနတယ္ ဒါမွမဟုတ္ ဘတ္ဂ်က္လ်ာထားတဲ့အခ်ိန္နဲ႔ နီးကပ္ေနတယ္ဆိုရင္ေတာ့ ဒါဟာ အခ်ိန္ေကာင္း ျဖစ္ႏိုင္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply