Freelance လောကမှာ အတွေ့အကြုံမရှိဘဲ အလုပ်ရအောင် ဘယ်လိုလုပ်မလဲ

Freelance လောကမှာ စတင်ခြေလှမ်းတဲ့အခါ ကိုယ်မှာ လုပ်သက်အတွေ့အကြုံ၊ အောင်မြင်မှု မှတ်တမ်း ဒါမှမဟုတ် ယုံကြည်ရတဲ့ သက်သေအထောက်အထားတွေ မရှိသေးတဲ့အတွက် အလုပ်ရဖို့ ခက်ခဲတဲ့ အခြေအနေမျိုးနဲ့ ကြုံရတတ်ပါတယ်။ဒါပေမဲ့ စိတ်မပူပါနဲ့။ အခုမှ စတင်တဲ့ Freelancer တွေအနေနဲ့ ပထမဆုံး Client တွေကို ဆွဲဆောင်နိုင်ဖို့နဲ့ ယုံကြည်မှု တည်ဆောက်နိုင်ဖို့ အထောက်အကူပြုမယ့် နည်းလမ်း ၃ ခုကို ဖော်ပြလိုက်ပါတယ်။

LinkedIn Marketing ကို အသုံးချပါ

The Mighty Marketer ရဲ့ စစ်တမ်းတစ်ခုအရ LinkedIn ဟာ Freelancer တွေအတွက် အလုပ်အကိုင်ရရှိနိုင်တဲ့ နံပါတ် (၁) နေရာဖြစ်ပါတယ်။ ဒါ့အပြင် HubSpot ရဲ့ သုတေသနအရ LinkedIn ဟာ တခြား Social Media ပလက်ဖောင်းတွေထက် Lead Generation (ဖောက်သည် ရှာဖွေခြင်း) အတွက် ၂၇၇ရာခိုင်နှုန်း ပိုမိုထိရောက်မှုရှိကြောင်း တွေ့ရှိရပါတယ်။

သင့် အနာဂတ်မှာ Client တွေအတွက် အသုံးပြုမယ့် လုပ်ငန်းစဉ်များ၊ ကျွမ်းကျင်မှုများ၊ ဗျူဟာများနဲ့ Framework များကို မျှဝေပေးဖို့အတွက် LinkedIn ဟာ အကောင်းဆုံးနေရာတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် လူတွေ မြင်သာအောင် ပြုလုပ်ဖို့ မကြောက်ပါနဲ့။ ဒါဟာ အကျိုးကျေးဇူး ၂ ခု ရရှိစေပါတယ်။ ပုံမှန် Content တင်ပေးခြင်းက သင့်ရဲ့ ကိုယ်ပိုင် Brand ကို တည်ဆောက်ပေးနိုင်ပြီး၊ Potential Client တွေက သင့်ကို အလုပ်မအပ်ခင်မှာတင် သင်နဲ့ ရင်းနှီးကျွမ်းဝင်လာကာ ယုံကြည်မှု တိုးလာစေမှာ ဖြစ်ပါတယ်။ ပိုပြီးကောင်းတာက LinkedIn သုံးစွဲသူတွေထဲမှာ ၁ရာခိုင်နှုန်း လောက်သာ Content ကို ပုံမှန်တင်ပေးကြတာပါ။ ဒါကြောင့် သင်က ပုံမှန်တင်ပေးရုံနဲ့တင် တခြားသော Freelancer အများစုထက် သာလွန်တဲ့ အနေအထားကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

Testimonials (ထောက်ခံချက်များ) စုဆောင်းပါ

Testimonial တွေဟာ ယုံကြည်မှု တည်ဆောက်ရာမှာ အဓိကသော့ချက်ဖြစ်ပါတယ်။ B2B လမ်းကြောင်း (Business to Business) မှာဆိုရင် အပြုသဘောဆောင်တဲ့ ထောက်ခံချက်တွေကို ဖတ်ပြီးမှ ဝယ်ယူဖို့ ဆုံးဖြတ်တဲ့သူ ၉၂ရာနှုန်း အထိ ရှိပါတယ်။ သင့်မှာ အလုပ်အပ်တဲ့ Client တွေဆီက ထောက်ခံချက် မရသေးရင်တောင် အောက်ပါနည်းလမ်းတွေနဲ့ ရယူနိုင်ပါတယ်။ အရင်က အလုပ်ရှင် သို့မဟုတ် လုပ်ဖော်ကိုင်ဖက်များထံမှ တောင်းဆိုတာပါ။ သင်နဲ့ အတူ အလုပ်လုပ်ခဲ့ရတာ ဘယ်လိုပုံစံမျိုးလဲ၊ သီးသန့် ပရောဂျက်တစ်ခုမှာ သင့်ရဲ့ လုပ်ဆောင်ချက်က ဘယ်လိုလဲဆိုတာကို ရေးသားပေးဖို့ တောင်းဆိုပါ။ အကောင်းဆုံးကတော့ သူတို့ကို LinkedIn ပရိုဖိုင်မှာ Recommendation ထည့်ပေးဖို့ တောင်းဆိုတာပါပဲ။နောက်တချက်က သင်နဲ့ လက်တွဲဖူးသူများဆီကပါ။ Podcast တစ်ခုခုမှာ ဧည့်သည်အဖြစ် ပါဝင်ခဲ့ဖူးသလား။ တက္ကသိုလ်တုန်းက အဖွဲ့လိုက် ပရောဂျက်လုပ်ခဲ့ဖူးသလား။ ဒါမှမဟုတ် အဖွဲ့တခုခုမှာ ပါဝင်လှုပ်ရှားဖူးသလား။ အဲဒီလို လူတွေဆီကနေ Hard Skills နဲ့ Soft Skills နှစ်မျိုးလုံး ပေါင်းစပ်ပါဝင်တဲ့ ထောက်ခံချက်တွေ တောင်းခံပါ။

Case Study (အောင်မြင်မှု မှတ်တမ်း) ဖန်တီးပါ

ဒီနေရာမှာလည်း သင်က ပထမဆုံးအကြိမ် စတင်သူ ဖြစ်တဲ့အတွက် Client နဲ့ လုပ်ခဲ့တဲ့ Case Study မရှိသေးတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအတွက် တခြားနည်းလမ်းတွေ ရှိပါသေးတယ်။ အရင်အလုပ်က အတွေ့အကြုံကို Case Study လုပ်ပါ။ အရင်ပ သင် လုပ်ကိုင်ခဲ့တဲ့ အလုပ်နေရာမှာ တာဝန်ယူခဲ့ရတဲ့ ပရောဂျက်ကို Case Study အဖြစ် ရေးသားပါ။စေတနာ့ဝန်ထမ်း (သို့) အခမဲ့လုပ်ကိုင်ပါ။ Case Study ဖန်တီးဖို့ အခွင့်အရေး ရရှိဖို့အတွက် ပရောဂျက်တစ်ခုခုကို အခမဲ့ (သို့) စေတနာ့ ဝန်ထမ်းအနေနဲ့ တာဝန်ယူလုပ်ကိုင်ပါ။နောက်တခုက မှန်းဆချက်ဖြင့် ရေးသားတာပါ။ ကိုယ်တိုင် မှန်းဆပြီး Case Study ဖန်တီးပါ။ ဒါပေမဲ့ ဒါဟာ တကယ်လုပ်ထားတာ မဟုတ်ဘဲ နမူနာအနေနဲ့ ရေးသားထားတာဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြရပါမယ်။ ဥပမာ သင်က Social Media Manager တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် “ဒီ Brand အတွက်သာ ကျွန်တော်က Social Media Manager ဖြစ်ရင် ဒီလိုမျိုး လုပ်ဆောင်ချက်တွေ လုပ်ပေးမှာပါ” ဆိုတဲ့ ပုံစံမျိုးနဲ့ တင်ပြနိုင်ပါတယ်။

Freelancing ဆိုတာ အကျိုးအမြတ်များတဲ့ ခရီးတစ်ခု ဖြစ်နိုင်ပေမဲ့ ဖောက်သည်အခြေစိုက် (Client Base) တည်ဆောက်ဖို့ အချိန်ယူရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အပေါ်က ဖော်ပြခဲ့တဲ့ ယုံကြည်မှုနဲ့ ဂုဏ်သိက္ခာ တည်ဆောက်တဲ့ နည်းလမ်းတွေကို အာရုံစိုက်ပြီး အလုပ်လုပ်မယ်ဆိုရင် ဖောက်သည်တွေကို ပိုမိုဆွဲဆောင်နိုင်ပြီး သင့်လုပ်ငန်းကို ပိုမိုမြန်ဆန်စွာ ကြီးထွားလာစေမှာ ဖြစ်ပါတယ်။

ကျော့ကေခိုင်

zawgyi

Freelance ေလာကမွာ စတင္ေျခလွမ္းတဲ့အခါ ကိုယ္မွာ လုပ္သက္အေတြ႕အႀကဳံ၊ ေအာင္ျမင္မႈ မွတ္တမ္း ဒါမွမဟုတ္ ယုံၾကည္ရတဲ့ သက္ေသအေထာက္အထားေတြ မရွိေသးတဲ့အတြက္ အလုပ္ရဖို႔ ခက္ခဲတဲ့ အေျခအေနမ်ိဳးနဲ႔ ႀကဳံရတတ္ပါတယ္။ဒါေပမဲ့ စိတ္မပူပါနဲ႔။ အခုမွ စတင္တဲ့ Freelancer ေတြအေနနဲ႔ ပထမဆုံး Client ေတြကို ဆြဲေဆာင္ႏိုင္ဖို႔နဲ႔ ယုံၾကည္မႈ တည္ေဆာက္ႏိုင္ဖို႔ အေထာက္အကူျပဳမယ့္ နည္းလမ္း ၃ ခုကို ေဖာ္ျပလိုက္ပါတယ္။

LinkedIn Marketing ကို အသုံးခ်ပါ

The Mighty Marketer ရဲ႕ စစ္တမ္းတစ္ခုအရ LinkedIn ဟာ Freelancer ေတြအတြက္ အလုပ္အကိုင္ရရွိႏိုင္တဲ့ နံပါတ္ (၁) ေနရာျဖစ္ပါတယ္။ ဒါ့အျပင္ HubSpot ရဲ႕ သုေတသနအရ LinkedIn ဟာ တျခား Social Media ပလက္ေဖာင္းေတြထက္ Lead Generation (ေဖာက္သည္ ရွာေဖြျခင္း) အတြက္ ၂၇၇ရာခိုင္ႏႈန္း ပိုမိုထိေရာက္မႈရွိေၾကာင္း ေတြ႕ရွိရပါတယ္။

သင့္ အနာဂတ္မွာ Client ေတြအတြက္ အသုံးျပဳမယ့္ လုပ္ငန္းစဥ္မ်ား၊ ကြၽမ္းက်င္မႈမ်ား၊ ဗ်ဴဟာမ်ားနဲ႔ Framework မ်ားကို မွ်ေဝေပးဖို႔အတြက္ LinkedIn ဟာ အေကာင္းဆုံးေနရာတစ္ခု ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ လူေတြ ျမင္သာေအာင္ ျပဳလုပ္ဖို႔ မေၾကာက္ပါနဲ႔။ ဒါဟာ အက်ိဳးေက်းဇူး ၂ ခု ရရွိေစပါတယ္။ ပုံမွန္ Content တင္ေပးျခင္းက သင့္ရဲ႕ ကိုယ္ပိုင္ Brand ကို တည္ေဆာက္ေပးႏိုင္ၿပီး၊ Potential Client ေတြက သင့္ကို အလုပ္မအပ္ခင္မွာတင္ သင္နဲ႔ ရင္းႏွီးကြၽမ္းဝင္လာကာ ယုံၾကည္မႈ တိုးလာေစမွာ ျဖစ္ပါတယ္။ ပိုၿပီးေကာင္းတာက LinkedIn သုံးစြဲသူေတြထဲမွာ ၁ရာခိုင္ႏႈန္း ေလာက္သာ Content ကို ပုံမွန္တင္ေပးၾကတာပါ။ ဒါေၾကာင့္ သင္က ပုံမွန္တင္ေပး႐ုံနဲ႔တင္ တျခားေသာ Freelancer အမ်ားစုထက္ သာလြန္တဲ့ အေနအထားကို ေရာက္ရွိေနၿပီ ျဖစ္ပါတယ္။

Testimonials (ေထာက္ခံခ်က္မ်ား) စုေဆာင္းပါ

Testimonial ေတြဟာ ယုံၾကည္မႈ တည္ေဆာက္ရာမွာ အဓိကေသာ့ခ်က္ျဖစ္ပါတယ္။ B2B လမ္းေၾကာင္း (Business to Business) မွာဆိုရင္ အျပဳသေဘာေဆာင္တဲ့ ေထာက္ခံခ်က္ေတြကို ဖတ္ၿပီးမွ ဝယ္ယူဖို႔ ဆုံးျဖတ္တဲ့သူ ၉၂ရာႏႈန္း အထိ ရွိပါတယ္။ သင့္မွာ အလုပ္အပ္တဲ့ Client ေတြဆီက ေထာက္ခံခ်က္ မရေသးရင္ေတာင္ ေအာက္ပါနည္းလမ္းေတြနဲ႔ ရယူႏိုင္ပါတယ္။ အရင္က အလုပ္ရွင္ သို႔မဟုတ္ လုပ္ေဖာ္ကိုင္ဖက္မ်ားထံမွ ေတာင္းဆိုတာပါ။ သင္နဲ႔ အတူ အလုပ္လုပ္ခဲ့ရတာ ဘယ္လိုပုံစံမ်ိဳးလဲ၊ သီးသန႔္ ပေရာဂ်က္တစ္ခုမွာ သင့္ရဲ႕ လုပ္ေဆာင္ခ်က္က ဘယ္လိုလဲဆိုတာကို ေရးသားေပးဖို႔ ေတာင္းဆိုပါ။ အေကာင္းဆုံးကေတာ့ သူတို႔ကို LinkedIn ပ႐ိုဖိုင္မွာ Recommendation ထည့္ေပးဖို႔ ေတာင္းဆိုတာပါပဲ။ေနာက္တခ်က္က သင္နဲ႔ လက္တြဲဖူးသူမ်ားဆီကပါ။ Podcast တစ္ခုခုမွာ ဧည့္သည္အျဖစ္ ပါဝင္ခဲ့ဖူးသလား။ တကၠသိုလ္တုန္းက အဖြဲ႕လိုက္ ပေရာဂ်က္လုပ္ခဲ့ဖူးသလား။ ဒါမွမဟုတ္ အဖြဲ႕တခုခုမွာ ပါဝင္လႈပ္ရွားဖူးသလား။ အဲဒီလို လူေတြဆီကေန Hard Skills နဲ႔ Soft Skills ႏွစ္မ်ိဳးလုံး ေပါင္းစပ္ပါဝင္တဲ့ ေထာက္ခံခ်က္ေတြ ေတာင္းခံပါ။

Case Study (ေအာင္ျမင္မႈ မွတ္တမ္း) ဖန္တီးပါ

ဒီေနရာမွာလည္း သင္က ပထမဆုံးအႀကိမ္ စတင္သူ ျဖစ္တဲ့အတြက္ Client နဲ႔ လုပ္ခဲ့တဲ့ Case Study မရွိေသးတာ ျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့ အဲဒီအတြက္ တျခားနည္းလမ္းေတြ ရွိပါေသးတယ္။ အရင္အလုပ္က အေတြ႕အႀကဳံကို Case Study လုပ္ပါ။ အရင္ပ သင္ လုပ္ကိုင္ခဲ့တဲ့ အလုပ္ေနရာမွာ တာဝန္ယူခဲ့ရတဲ့ ပေရာဂ်က္ကို Case Study အျဖစ္ ေရးသားပါ။ေစတနာ့ဝန္ထမ္း (သို႔) အခမဲ့လုပ္ကိုင္ပါ။ Case Study ဖန္တီးဖို႔ အခြင့္အေရး ရရွိဖို႔အတြက္ ပေရာဂ်က္တစ္ခုခုကို အခမဲ့ (သို႔) ေစတနာ့ ဝန္ထမ္းအေနနဲ႔ တာဝန္ယူလုပ္ကိုင္ပါ။ေနာက္တခုက မွန္းဆခ်က္ျဖင့္ ေရးသားတာပါ။ ကိုယ္တိုင္ မွန္းဆၿပီး Case Study ဖန္တီးပါ။ ဒါေပမဲ့ ဒါဟာ တကယ္လုပ္ထားတာ မဟုတ္ဘဲ နမူနာအေနနဲ႔ ေရးသားထားတာျဖစ္ေၾကာင္း ရွင္းလင္းစြာ ေဖာ္ျပရပါမယ္။ ဥပမာ သင္က Social Media Manager တစ္ေယာက္ျဖစ္ခ်င္တယ္ဆိုရင္ “ဒီ Brand အတြက္သာ ကြၽန္ေတာ္က Social Media Manager ျဖစ္ရင္ ဒီလိုမ်ိဳး လုပ္ေဆာင္ခ်က္ေတြ လုပ္ေပးမွာပါ” ဆိုတဲ့ ပုံစံမ်ိဳးနဲ႔ တင္ျပႏိုင္ပါတယ္။

Freelancing ဆိုတာ အက်ိဳးအျမတ္မ်ားတဲ့ ခရီးတစ္ခု ျဖစ္ႏိုင္ေပမဲ့ ေဖာက္သည္အေျခစိုက္ (Client Base) တည္ေဆာက္ဖို႔ အခ်ိန္ယူရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အေပၚက ေဖာ္ျပခဲ့တဲ့ ယုံၾကည္မႈနဲ႔ ဂုဏ္သိကၡာ တည္ေဆာက္တဲ့ နည္းလမ္းေတြကို အာ႐ုံစိုက္ၿပီး အလုပ္လုပ္မယ္ဆိုရင္ ေဖာက္သည္ေတြကို ပိုမိုဆြဲေဆာင္ႏိုင္ၿပီး သင့္လုပ္ငန္းကို ပိုမိုျမန္ဆန္စြာ ႀကီးထြားလာေစမွာ ျဖစ္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*