မတ်လမှာ ကံကောင်းခြင်းနဲ့ ကြွယ်ဝချမ်းသာမှုတွေပိုင်ဆိုင်ရမယ့် ရာသီခွင် (၄)ခု

ဒီလဟာ ဒီရာသီဖွားတွေအတွက် ဖီးနစ်ငှက်လို အဟောင်းတွေကြားကနေ အသစ်တစ်ဖန် ပြန်လည်နိုးထလာစေမယ့် ပြောင်းလဲမှုတွေ ယူဆောင်လာမှာဖြစ်ပါတယ်။

Pisces

ဒီလရဲ့ ပထမပိုင်းဟာ သင့်ရဲ့ ရာသီခွင်အချိန်ဖြစ်လို့ အခွင့်အလမ်းကောင်းတွေ အများကြီးရပါလိမ့်မယ်။ မတ်လ ၂ ရက်မှာ အင်္ဂါဂြိုဟ် သင့်ရာသီထဲဝင်လာလို့ ရည် မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ ခွန်အားရမယ်။ မတ်လ ၃ ရက် ဂြိုဟ်အသွားအလာကြောင့် အိုင်ဒီယာအသစ်တွေ ပေးနိုင်မယ့်သူတွေနဲ့ ဆုံဆည်းရပြီး အောင် မြင်တဲ့ ပူးပေါင်းမှုတွေ ဖြစ်လာမယ်။ မတ်လ ၆ ရက်နောက်ပိုင်း ငွေကြေးကံကောင်းမှုတွေ ရလာနိုင်ပေမယ့် သုံးစွဲမှုပိုင်းမှာတော့ စည်းကမ်းရှိဖို့ လိုပါတယ်။

Scorpio

စိတ်လှုပ်ရှားစရာကောင်းပြီး ဖန်တီးနိုင်စွမ်း မြင့်မားမယ့်လပါ။ လူပျိုလူလွတ်တွေဆိုရင် “ဒါဟာ ငါ့ရဲ့ဖူးစာရှင်ပဲ” လို့ ထင်ရလောက်တဲ့သူနဲ့ ဆုံနိုင်ပါတယ်။ အိမ်ထောင်ရှိသူတွေကတော့ အိမ်ပြုပြင်တာမျိုး ဒါမှမဟုတ် အတူတူ ပူးပေါင်းလုပ်ဆောင်ရတဲ့ အလုပ်တွေမှာ အဆင်ပြေမယ်။ မတ်လ ၆ ရက်နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ချင်စိတ် ပိုများလာပြီး ကျန်းမာရေးနဲ့ နေထိုင်မှုပုံစံတွေ ပိုကောင်းမွန်လာပါလိမ့်မယ်။

Aries

မိဿရာသီဖွားတွေအတွက် ကိုယ့်ရဲ့ပင်ကိုယ်စွမ်းရည်တွေ ပြန်လည်တောက်ပလာမယ့် အချိန်ပါ။ မတ်လ ၆ ရက်မှာ သောကြာဂြိုဟ် သင့်ရာသီထဲဝင်လာမှာဖြစ်လို့ သင်ဟာ ပိုပြီးကြည့်ကောင်းလာမယ်၊ လူချစ်လူခင် ပေါများလာပါလိမ့်မယ်။ လူမှုရေးပွဲလမ်းသဘင်တွေ ဖိတ်ကြားခံရတတ်ပြီး အဲဒီကနေတစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ရလာနိုင်ပါတယ်။ မတ်လ ၂၀ ရက်နောက်ပိုင်းမှာ သင့်ရဲ့ စွမ်းအင်တွေ ပြန်လည်ပြည့်ဝလာပြီး ရှေ့ဆောင်လမ်းပြသူအဖြစ် ထွက်ပေါ်လာပါလိမ့်မယ်။

Sagittarius

အလုပ်နဲ့ မိသားစုကြား ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ပြီး အောင်မြင်မှုရမယ့်လပါ။ မတ်လ ၁၀ ရက်မှာ သင့်ရဲ့ အုပ်စိုးရှင် ကြာသပတေးဂြိုဟ် လမ်းကြောင်းမှန် ပြန် သွားတဲ့အတွက် ပြီးခဲ့တဲ့နှစ်က ကြိုးစားခဲ့သမျှ အသီးအပွင့်တွေ ခံစားရတော့မယ်။ ငွေကြေးအခွင့်အလမ်းသစ်တွေ သိမြင်လာပြီး အလုပ်မှာလည်း အင်အားအကုန်အ စင် မသုံးရဘဲ ပိုမိုထိရောက်အောင် လုပ်ဆောင်နိုင်လာပါလိမ့်မယ်။ လကုန်ပိုင်းမှာ သင့်ရဲ့ ထူးခြားတဲ့ ပါရမီတွေ ပိုမိုပေါ်လွင်လာပြီး ရှေ့ဆက်ဖို့ အင်အားတွေ ရလာမှာပါ။

အနှစ်ချုပ်အနေနဲ့တော့ မတ်လ ၂၀ ရက်နေ့ဟာ အလွန်ထူးခြားတဲ့နေ့ဖြစ်ပါတယ်။ အဲဒီနေ့မှာ နေမင်းကြီးက မိဿရာသီထဲဝင်သလို၊ ဗုဒ္ဓဟူးဂြိုဟ်ကလည်း လမ်း ကြောင်းမှန် (Direct) ပြန်သွားမှာဖြစ်လို့ အစီအစဉ်သစ်တွေကို အကောင်အထည်ဖော်ဖို့ အကောင်းဆုံးအချိန်ပဲ ဖြစ်ပါတယ်။

ကျော့ကေခိုင်

zawgyi

ဒီလဟာ ဒီရာသီဖြားေတြအတြက္ ဖီးနစ္ငွက္လို အေဟာင္းေတြၾကားကေန အသစ္တစ္ဖန္ ျပန္လည္ႏိုးထလာေစမယ့္ ေျပာင္းလဲမႈေတြ ယူေဆာင္လာမွာျဖစ္ပါတယ္။

Pisces

ဒီလရဲ႕ ပထမပိုင္းဟာ သင့္ရဲ႕ ရာသီခြင္အခ်ိန္ျဖစ္လို႔ အခြင့္အလမ္းေကာင္းေတြ အမ်ားႀကီးရပါလိမ့္မယ္။ မတ္လ ၂ ရက္မွာ အဂၤါၿဂိဳဟ္ သင့္ရာသီထဲဝင္လာလို႔ ရည္ မွန္းခ်က္ေတြ အေကာင္အထည္ေဖာ္ဖို႔ ခြန္အားရမယ္။ မတ္လ ၃ ရက္ ၿဂိဳဟ္အသြားအလာေၾကာင့္ အိုင္ဒီယာအသစ္ေတြ ေပးႏိုင္မယ့္သူေတြနဲ႔ ဆုံဆည္းရၿပီး ေအာင္ ျမင္တဲ့ ပူးေပါင္းမႈေတြ ျဖစ္လာမယ္။ မတ္လ ၆ ရက္ေနာက္ပိုင္း ေငြေၾကးကံေကာင္းမႈေတြ ရလာႏိုင္ေပမယ့္ သုံးစြဲမႈပိုင္းမွာေတာ့ စည္းကမ္းရွိဖို႔ လိုပါတယ္။

Scorpio

စိတ္လႈပ္ရွားစရာေကာင္းၿပီး ဖန္တီးႏိုင္စြမ္း ျမင့္မားမယ့္လပါ။ လူပ်ိဳလူလြတ္ေတြဆိုရင္ “ဒါဟာ ငါ့ရဲ႕ဖူးစာရွင္ပဲ” လို႔ ထင္ရေလာက္တဲ့သူနဲ႔ ဆုံႏိုင္ပါတယ္။ အိမ္ေထာင္ရွိသူေတြကေတာ့ အိမ္ျပဳျပင္တာမ်ိဳး ဒါမွမဟုတ္ အတူတူ ပူးေပါင္းလုပ္ေဆာင္ရတဲ့ အလုပ္ေတြမွာ အဆင္ေျပမယ္။ မတ္လ ၆ ရက္ေနာက္ပိုင္းမွာ ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္ခ်င္စိတ္ ပိုမ်ားလာၿပီး က်န္းမာေရးနဲ႔ ေနထိုင္မႈပုံစံေတြ ပိုေကာင္းမြန္လာပါလိမ့္မယ္။

Aries

မိႆရာသီဖြားေတြအတြက္ ကိုယ့္ရဲ႕ပင္ကိုယ္စြမ္းရည္ေတြ ျပန္လည္ေတာက္ပလာမယ့္ အခ်ိန္ပါ။ မတ္လ ၆ ရက္မွာ ေသာၾကာၿဂိဳဟ္ သင့္ရာသီထဲဝင္လာမွာျဖစ္လို႔ သင္ဟာ ပိုၿပီးၾကည့္ေကာင္းလာမယ္၊ လူခ်စ္လူခင္ ေပါမ်ားလာပါလိမ့္မယ္။ လူမႈေရးပြဲလမ္းသဘင္ေတြ ဖိတ္ၾကားခံရတတ္ၿပီး အဲဒီကေနတစ္ဆင့္ အလုပ္အကိုင္ အခြင့္အလမ္းသစ္ေတြ ရလာႏိုင္ပါတယ္။ မတ္လ ၂၀ ရက္ေနာက္ပိုင္းမွာ သင့္ရဲ႕ စြမ္းအင္ေတြ ျပန္လည္ျပည့္ဝလာၿပီး ေရွ႕ေဆာင္လမ္းျပသူအျဖစ္ ထြက္ေပၚလာပါလိမ့္မယ္။

Sagittarius

အလုပ္နဲ႔ မိသားစုၾကား ဟန္ခ်က္ညီညီ လုပ္ေဆာင္ႏိုင္ၿပီး ေအာင္ျမင္မႈရမယ့္လပါ။ မတ္လ ၁၀ ရက္မွာ သင့္ရဲ႕ အုပ္စိုးရွင္ ၾကာသပေတးၿဂိဳဟ္ လမ္းေၾကာင္းမွန္ ျပန္ သြားတဲ့အတြက္ ၿပီးခဲ့တဲ့ႏွစ္က ႀကိဳးစားခဲ့သမွ် အသီးအပြင့္ေတြ ခံစားရေတာ့မယ္။ ေငြေၾကးအခြင့္အလမ္းသစ္ေတြ သိျမင္လာၿပီး အလုပ္မွာလည္း အင္အားအကုန္အ စင္ မသုံးရဘဲ ပိုမိုထိေရာက္ေအာင္ လုပ္ေဆာင္ႏိုင္လာပါလိမ့္မယ္။ လကုန္ပိုင္းမွာ သင့္ရဲ႕ ထူးျခားတဲ့ ပါရမီေတြ ပိုမိုေပၚလြင္လာၿပီး ေရွ႕ဆက္ဖို႔ အင္အားေတြ ရလာမွာပါ။

အႏွစ္ခ်ဳပ္အေနနဲ႔ေတာ့ မတ္လ ၂၀ ရက္ေန႔ဟာ အလြန္ထူးျခားတဲ့ေန႔ျဖစ္ပါတယ္။ အဲဒီေန႔မွာ ေနမင္းႀကီးက မိႆရာသီထဲဝင္သလို၊ ဗုဒၶဟူးၿဂိဳဟ္ကလည္း လမ္း ေၾကာင္းမွန္ (Direct) ျပန္သြားမွာျဖစ္လို႔ အစီအစဥ္သစ္ေတြကို အေကာင္အထည္ေဖာ္ဖို႔ အေကာင္းဆုံးအခ်ိန္ပဲ ျဖစ္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*