Skills နဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက် (၈) ချက်

အခုတလော AI တွေ ခေတ်စားလာတော့ လုပ်ငန်းခွင်မှာ Skills တွေအကြောင်း အရမ်းပြောလာကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း Skills ဆိုတာ ဘာလဲ၊ ဘယ်လိုကွာခြားလဲဆိုတာကို ဝေဝေဝါးဝါး ဖြစ်နေတတ်ကြပါတယ်။

Skills ဆိုတာ တကယ်တော့ ဘာလဲ

Skills ဆိုတာ “သင်ယူလို့ရတဲ့ စွမ်းဆောင်ရည်” တစ်ခုပါ။ တစ်ခုခုကို အချိန်ကုန်သက်သာပြီး အားစိုက်ထုတ်မှု အနည်းဆုံးနဲ့ ထိထိရောက်ရောက် လုပ်နိုင်တာကို ခေါ်တာပါ။ ဥပမာ- ဘာသာစကားတစ်ခုကို ကျွမ်းကျင်တာ၊ စာရင်းအင်းတွက်တာ၊ ခွဲစိတ်တာကနေအစ လူမှုဆက်ဆံရေးမှာ ပြဿနာဖြေရှင်းတာအထိ အကျုံးဝင်ပါတယ်။ ဒါဟာ မွေးရာပါ စရိုက်မဟုတ်ဘဲ လေ့ကျင့်ယူလို့ရတဲ့ “ဘယ်လိုလုပ်ရမလဲ” ဆိုတဲ့ သိနားလည်မှု ဖြစ်ပါတယ်။

ဘာလို့ တချို့လူတွေက ပိုပြီး ကျွမ်းကျင်ကြတာလဲ

အဓိကကတော့ လေ့ကျင့်ချိန်ကြောင့်ပါ။ ဒါပေမဲ့ တူတူလေ့ကျင့်ရင်တောင် တစ်ယောက်နဲ့တစ်ယောက် မတူတာကတော့ မွေးရာပါ ပါရမီ ကြောင့် ဖြစ်ပါတယ်။ ဥပမာ သင်္ချာမှာ ပါရမီပါတဲ့သူက ပိုမြန်မြန် တတ်တယ်။ ဒါကြောင့် Skill = ပါရမီ + ကြိုးစားမှု လို့ ပြောလို့ရပါတယ်။ ပါရမီပိုပါရင် အပင်ပန်းခံစရာ သိပ်မလိုဘဲ ကျွမ်းကျင်လာနိုင်ပါတယ်။

စိတ်နေစိတ်ထားနဲ့ ဘယ်လိုဆိုင်လဲ

Skills က “ဘာလုပ်နိုင်လဲ” ဆိုတာဖြစ်ပြီး Personality ကတော့ “ဘယ်လိုပုံစံနဲ့ လုပ်မလဲ” ဆိုတာပါ။ စိတ်ရှည်တဲ့သူက ပညာရပ်တစ်ခုကို ပိုပြီးစနစ်တကျ လေ့ကျင့်နိုင်လို့ ပိုမြန်မြန်တတ်နိုင်တယ်။ အခုပြောနေကြတဲ့ “Soft Skills” (ဥပမာ- ခေါင်းဆောင်မှု၊ စာနာစိတ်) ဆိုတာတွေဟာ တကယ်တော့ အဲ့ဒီလူရဲ့ စိတ်နေစိတ်ထားပေါ်မှာ အများကြီး မူတည်နေတတ်ပါတယ်။

ကျွမ်းကျင်မှုကို ဘယ်လို တိုင်းတာမလဲ

သူ့ကိုယ်သူ တတ်တယ်လို့ ပြောတာထက်စာရင် “လက်တွေ့ ဘာလုပ်ပြနိုင်လဲ” ဆိုတာနဲ့ တိုင်းတာတာ အကောင်းဆုံးပါ။ စာမေးပွဲစစ်တာ၊ လက်တွေ့ စမ်းသပ်တာ (Work-sample) ဒါမှမဟုတ် စိတ်ပညာနည်းကျ တိုင်းတာတာတွေက ပိုတိကျပါတယ်။ “ကျနော့်မှာ ဒီ Skill ရှိပါတယ်” ဆိုတဲ့ စကားထက် လက်တွေ့လုပ်ပြနိုင်တဲ့ သက်သေက ပိုအရေးကြီးပါတယ်။

စူးစမ်းလိုစိတ်ရဲ့ အခန်းကဏ္ဍ

စူးစမ်းလိုစိတ်ရှိတဲ့သူက ပိုမြန်မြန် တတ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က မေးခွန်းတွေ ပိုမေးတယ်၊ အမှားကို လက်ခံတယ်၊ အသစ်တွေကို စမ်းသပ်ရဲကြလို့ပါ။ ဒါကြောင့် သူတို့က ကျွမ်းကျင်မှုအဆင့်ကို တခြားသူတွေထက် ပိုမြင့်အောင် တက်လှမ်းနိုင်ကြပါတယ်။

ဘာလို့ တချို့ Skills တွေက ပိုဈေးကြီးတာလဲ

ဒါကတော့ “ဝယ်လိုအားနဲ့ ရောင်းလိုအား” သဘောပါပဲ။ တတ်တဲ့သူ ရှားပြီး ကုမ္ပဏီတွေအတွက် အသုံးဝင်တဲ့ Skill က ဈေးကြီးပါတယ်။ AI တွေ ပေါ်လာတော့ အရင်က လူတွေပဲ လုပ်နိုင်တဲ့ အလုပ်တချို့ (စာစီတာ၊ စာရင်းတွက်တာ) ကို AI က အကုန်လုပ်ပေးနိုင်သွားလို့ အဲ့ဒီ Skills တွေရဲ့ တန်ဖိုးက ကျသွားတာမျိုး ဖြစ်တတ်ပါတယ်။

ဘယ်လို Skills တွေက ခေတ်မတိမ်ဘဲ ကျန်ရစ်မလဲ

နေရာစုံမှာ အသုံးချလို့ရတဲ့ Skills တွေက ပိုခံပါတယ်။ အထူးသဖြင့် နည်းပညာကို လူမှုရေးအရ နားလည်မှုနဲ့ ပေါင်းစပ်နိုင်တဲ့သူတွေပါ။ AI က အဖြေထုတ်ပေးနိုင်ပေမဲ့ ဘယ်မေးခွန်းကို မေးရမလဲ၊ ဒီအဖြေက လူ့ကျင့်ဝတ်နဲ့ ညီသလားဆိုတဲ့ ဆုံးဖြတ်ချက်ချတဲ့ Skill တွေက လူတွေဆီမှာပဲ ရှိနေဦးမှာပါ။

AI ဘယ်တော့မှ အစားမထိုးနိုင်တဲ့ Skill က ဘာလဲ

အမှန်အတိုင်းပြောရရင် ဘယ်သူမှ အသေအချာ မသိပါဘူး။ ဒါပေမဲ့ AI က ခိုင်းတာကိုပဲ လုပ်နိုင်တာပါ။ အလုပ်တစ်ခုကို ဘာကြောင့် လုပ်ရတာလဲ ဆိုတဲ့ရည်ရွယ် ချက် (Goal setting)၊ ရှုပ်ထွေးတဲ့ လူမှုရေးကိစ္စတွေမှာ ယုံကြည်မှု တည်ဆောက်တာ (Trust-building) နဲ့ တာဝန်ယူမှု (Accountability) ရှိတဲ့ နေရာမျိုးတွေမှာတော့ လူတွေကပဲ ဆက်ပြီး အားသာနေဦးမှာ ဖြစ်ပါတယ်။

ကျော့ကေခိုင်

zawgyi

အခုတေလာ AI ေတြ ေခတ္စားလာေတာ့ လုပ္ငန္းခြင္မွာ Skills ေတြအေၾကာင္း အရမ္းေျပာလာၾကပါတယ္။ ဒါေပမဲ့ တကယ္တမ္း Skills ဆိုတာ ဘာလဲ၊ ဘယ္လိုကြာျခားလဲဆိုတာကို ေဝေဝဝါးဝါး ျဖစ္ေနတတ္ၾကပါတယ္။

Skills ဆိုတာ တကယ္ေတာ့ ဘာလဲ

Skills ဆိုတာ “သင္ယူလို႔ရတဲ့ စြမ္းေဆာင္ရည္” တစ္ခုပါ။ တစ္ခုခုကို အခ်ိန္ကုန္သက္သာၿပီး အားစိုက္ထုတ္မႈ အနည္းဆုံးနဲ႔ ထိထိေရာက္ေရာက္ လုပ္ႏိုင္တာကို ေခၚတာပါ။ ဥပမာ- ဘာသာစကားတစ္ခုကို ကြၽမ္းက်င္တာ၊ စာရင္းအင္းတြက္တာ၊ ခြဲစိတ္တာကေနအစ လူမႈဆက္ဆံေရးမွာ ျပႆနာေျဖရွင္းတာအထိ အက်ဳံးဝင္ပါတယ္။ ဒါဟာ ေမြးရာပါ စ႐ိုက္မဟုတ္ဘဲ ေလ့က်င့္ယူလို႔ရတဲ့ “ဘယ္လိုလုပ္ရမလဲ” ဆိုတဲ့ သိနားလည္မႈ ျဖစ္ပါတယ္။

ဘာလို႔ တခ်ိဳ႕လူေတြက ပိုၿပီး ကြၽမ္းက်င္ၾကတာလဲ

အဓိကကေတာ့ ေလ့က်င့္ခ်ိန္ေၾကာင့္ပါ။ ဒါေပမဲ့ တူတူေလ့က်င့္ရင္ေတာင္ တစ္ေယာက္နဲ႔တစ္ေယာက္ မတူတာကေတာ့ ေမြးရာပါ ပါရမီ ေၾကာင့္ ျဖစ္ပါတယ္။ ဥပမာ သခ်ၤာမွာ ပါရမီပါတဲ့သူက ပိုျမန္ျမန္ တတ္တယ္။ ဒါေၾကာင့္ Skill = ပါရမီ + ႀကိဳးစားမႈ လို႔ ေျပာလို႔ရပါတယ္။ ပါရမီပိုပါရင္ အပင္ပန္းခံစရာ သိပ္မလိုဘဲ ကြၽမ္းက်င္လာႏိုင္ပါတယ္။

စိတ္ေနစိတ္ထားနဲ႔ ဘယ္လိုဆိုင္လဲ

Skills က “ဘာလုပ္ႏိုင္လဲ” ဆိုတာျဖစ္ၿပီး Personality ကေတာ့ “ဘယ္လိုပုံစံနဲ႔ လုပ္မလဲ” ဆိုတာပါ။ စိတ္ရွည္တဲ့သူက ပညာရပ္တစ္ခုကို ပိုၿပီးစနစ္တက် ေလ့က်င့္ႏိုင္လို႔ ပိုျမန္ျမန္တတ္ႏိုင္တယ္။ အခုေျပာေနၾကတဲ့ “Soft Skills” (ဥပမာ- ေခါင္းေဆာင္မႈ၊ စာနာစိတ္) ဆိုတာေတြဟာ တကယ္ေတာ့ အဲ့ဒီလူရဲ႕ စိတ္ေနစိတ္ထားေပၚမွာ အမ်ားႀကီး မူတည္ေနတတ္ပါတယ္။

ကြၽမ္းက်င္မႈကို ဘယ္လို တိုင္းတာမလဲ

သူ႔ကိုယ္သူ တတ္တယ္လို႔ ေျပာတာထက္စာရင္ “လက္ေတြ႕ ဘာလုပ္ျပႏိုင္လဲ” ဆိုတာနဲ႔ တိုင္းတာတာ အေကာင္းဆုံးပါ။ စာေမးပြဲစစ္တာ၊ လက္ေတြ႕ စမ္းသပ္တာ (Work-sample) ဒါမွမဟုတ္ စိတ္ပညာနည္းက် တိုင္းတာတာေတြက ပိုတိက်ပါတယ္။ “က်ေနာ့္မွာ ဒီ Skill ရွိပါတယ္” ဆိုတဲ့ စကားထက္ လက္ေတြ႕လုပ္ျပႏိုင္တဲ့ သက္ေသက ပိုအေရးႀကီးပါတယ္။

စူးစမ္းလိုစိတ္ရဲ႕ အခန္းက႑

စူးစမ္းလိုစိတ္ရွိတဲ့သူက ပိုျမန္ျမန္ တတ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔က ေမးခြန္းေတြ ပိုေမးတယ္၊ အမွားကို လက္ခံတယ္၊ အသစ္ေတြကို စမ္းသပ္ရဲၾကလို႔ပါ။ ဒါေၾကာင့္ သူတို႔က ကြၽမ္းက်င္မႈအဆင့္ကို တျခားသူေတြထက္ ပိုျမင့္ေအာင္ တက္လွမ္းႏိုင္ၾကပါတယ္။

ဘာလို႔ တခ်ိဳ႕ Skills ေတြက ပိုေဈးႀကီးတာလဲ

ဒါကေတာ့ “ဝယ္လိုအားနဲ႔ ေရာင္းလိုအား” သေဘာပါပဲ။ တတ္တဲ့သူ ရွားၿပီး ကုမၸဏီေတြအတြက္ အသုံးဝင္တဲ့ Skill က ေဈးႀကီးပါတယ္။ AI ေတြ ေပၚလာေတာ့ အရင္က လူေတြပဲ လုပ္ႏိုင္တဲ့ အလုပ္တခ်ိဳ႕ (စာစီတာ၊ စာရင္းတြက္တာ) ကို AI က အကုန္လုပ္ေပးႏိုင္သြားလို႔ အဲ့ဒီ Skills ေတြရဲ႕ တန္ဖိုးက က်သြားတာမ်ိဳး ျဖစ္တတ္ပါတယ္။

ဘယ္လို Skills ေတြက ေခတ္မတိမ္ဘဲ က်န္ရစ္မလဲ

ေနရာစုံမွာ အသုံးခ်လို႔ရတဲ့ Skills ေတြက ပိုခံပါတယ္။ အထူးသျဖင့္ နည္းပညာကို လူမႈေရးအရ နားလည္မႈနဲ႔ ေပါင္းစပ္ႏိုင္တဲ့သူေတြပါ။ AI က အေျဖထုတ္ေပးႏိုင္ေပမဲ့ ဘယ္ေမးခြန္းကို ေမးရမလဲ၊ ဒီအေျဖက လူ႔က်င့္ဝတ္နဲ႔ ညီသလားဆိုတဲ့ ဆုံးျဖတ္ခ်က္ခ်တဲ့ Skill ေတြက လူေတြဆီမွာပဲ ရွိေနဦးမွာပါ။

AI ဘယ္ေတာ့မွ အစားမထိုးႏိုင္တဲ့ Skill က ဘာလဲ

အမွန္အတိုင္းေျပာရရင္ ဘယ္သူမွ အေသအခ်ာ မသိပါဘူး။ ဒါေပမဲ့ AI က ခိုင္းတာကိုပဲ လုပ္ႏိုင္တာပါ။ အလုပ္တစ္ခုကို ဘာေၾကာင့္ လုပ္ရတာလဲ ဆိုတဲ့ရည္႐ြယ္ ခ်က္ (Goal setting)၊ ရႈပ္ေထြးတဲ့ လူမႈေရးကိစၥေတြမွာ ယုံၾကည္မႈ တည္ေဆာက္တာ (Trust-building) နဲ႔ တာဝန္ယူမႈ (Accountability) ရွိတဲ့ ေနရာမ်ိဳးေတြမွာေတာ့ လူေတြကပဲ ဆက္ၿပီး အားသာေနဦးမွာ ျဖစ္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*