တကယ်လို့ သင်က ၂၀၂၆ မှာ အလုပ်ပြောင်းဖို့ စိတ်ကူးရှိရင်တော့ အရင်ထက် ပိုပြိုင်ဆိုင်ရမှာပါ။ စစ်တမ်းအရ အလုပ်လုပ်နေသူတွေရဲ့ ၄၀ရာခိုင်နှုန်းနီးပါးက ၂၀၂၆ ရဲ့ ပထမ ၆ လအတွင်း အလုပ်သစ်ရှာဖို့ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်က ၂၉ရာခိုင်နှုန်းပဲ ရှိခဲ့ရာကနေ သိသိသာသာ တိုးလာတာပါ။ ဒီအချက်အ လက်တွေက အမေရိကန်နိုင်ငံရဲ့ အလုပ်အကိုင်ဈေးကွက်ကို ညွှန်းဆိုထားတာဖြစ်ပါတယ်။
ဘယ်သူတွေက သင်နဲ့အပြိုင် အလုပ်ရှာကြမှာလဲ
အလုပ်အများဆုံး ရှာကြမယ့်သူတွေကတော့နည်းပညာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်က ဝန်ထမ်းများ၊ Gen Z လူငယ်များ၊ မိဘဖြစ်သူ ဝန်ထမ်းများပဲဖြစ်ပါတယ်။အလုပ်ပြောင်းချင်ရတဲ့ အဓိက အကြောင်းရင်းတွေကတော့ ခံစားခွင့်ပိုကောင်းချင်တာ၊ ရာထူးတိုးဖို့ လမ်းစမမြင်တာ၊ လစာပိုလိုချင်တာနဲ့ အလုပ်ပင်ပန်း နွမ်းနယ်မှု (Burnout) ဖြစ်တာတွေကြောင့်ပဲ ဖြစ်ပါတယ်။
ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဈေးကွက်မှာ ဘယ်လို ထင်ပေါ်အောင်လုပ်မလဲ
အလုပ်ရှင်တွေကလည်း အလုပ်လျှောက်သူ များနေတာကို သိတဲ့အတွက် ပိုပြီး စိစစ်လာကြမှာပါ။ ဒါကြောင့် အလုပ်လျှောက်လွှာတွေကို တွေ့သမျှနေရာ လျှောက်တာမျိုး မလုပ်ဘဲ အောက်ပါအချက်တွေကို အာရုံစိုက်သင့်ပါတယ်။
၁။ အသိမိတ်ဆွေကွန်ရက် (Network) ကို အသုံးချပါ
အလုပ်တစ်ခုခေါ်ရင် လျှောက်လွှာတွေ ပုံနေတတ်တာမို့ ကိုယ့် CV ဖိုင်လေး အပေါ်ဆုံးရောက်ဖို့ဆိုရင် ကုမ္ပဏီထဲက အသိတစ်ယောက်ယောက်ကနေတစ်ဆင့် ညွှန်းပေးတာ (Referral) က အကောင်းဆုံးပါ။ အသိမရှိရင်လည်း LinkedIn မှာ အဲဒီကုမ္ပဏီက လူတွေနဲ့ ရင်းနှီးအောင် အရင်ကြိုးစားပါ။
၂။ ကုမ္ပဏီအကြောင်း သေချာလေ့လာပါ
အလုပ်ခေါ်စာက အရောင်းမြှင့်တင်ရေး စာသားတွေပဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကုမ္ပဏီရဲ့ ဝဘ်ဆိုဒ်၊ သတင်းထုတ်ပြန်ချက်တွေနဲ့ ဝန်ထမ်းဟောင်းတွေရဲ့ အမြင်တွေကို လေ့လာပါ။ ဒါမှသာ Interview ဖြေတဲ့အခါ ကိုယ်က သူတို့အကြောင်း ဘယ်လောက်သိတယ်၊ ဘယ်လောက် စိတ်အားထက်သန်တယ်ဆိုတာ ပြနိုင်မှာပါ။
၃။ ကိုယ့်ရဲ့ ပရိုဖိုင်ကို ပစ်မှတ်ထားပြင်ဆင်ပါ
ကိုယ့်ရဲ့ LinkedIn Profile နဲ့ Resume မှာ သူတို့လိုချင်တဲ့ Keyword တွေ၊ ကျွမ်းကျင်မှုတွေ ပါနေပါစေ။ “ကျွန်တော်/ကျွန်မကတော့ ဒါတွေ လုပ်တတ်တယ်” ဆိုတာကို စက္ကန့်ပိုင်းအတွင်း အလုပ်ရှင် သဘောကျသွားအောင် တိုတိုနဲ့ ထိထိမိမိ တင်ပြနိုင်ရပါမယ်။
တကယ်လို့ ကိုယ်က လုပ်မပြောင်းချင်သေးရင်တောင် ဒါတွေ ပြင်ထားသင့်ပါတယ်။
နံပါတ်တစ်အနေနဲ Relationship တည်ဆောက်ထားဖို့ပါ။ အလုပ်လိုမှ အကူအညီတောင်းတာမျိုး မဟုတ်ဘဲ၊ ပုံမှန်အချိန်မှာကတည်းက လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ၊ နယ်ပယ်တူလူတွေနဲ့ အဆက်အသွယ် မပြတ်ပါစေနဲ့။
ဒုတိယအချက်က ခေတ်နဲ့ရင်ပေါင်တန်းပါ။ ပြိုင်ဘက်ကုမ္ပဏီတွေ ဘာလုပ်နေလဲ၊ နည်းပညာအသစ်တွေက ဘာတွေလဲဆိုတာ အမြဲလေ့လာနေဖို့ပါပဲ။
နောက်ဆုံးအချက်ကတော့ Marketing ကို အမြဲ Update လုပ်ဖို့ပါ။ Resume နဲ့ LinkedIn ကို အမြဲပြင်ထားပါ။ အလုပ်အဆင်မပြေမှ ပြင်တာထက် အဆင်ပြေနေတုန်း ပြင်ထားတာက ပိုလွယ်ကူပြီး စိတ်ဖိစီးမှု ကင်းပါတယ်။
ကျော့ကေခိုင်
zawgyi
တကယ္လို႔ သင္က ၂၀၂၆ မွာ အလုပ္ေျပာင္းဖို႔ စိတ္ကူးရွိရင္ေတာ့ အရင္ထက္ ပိုၿပိဳင္ဆိုင္ရမွာပါ။ စစ္တမ္းအရ အလုပ္လုပ္ေနသူေတြရဲ႕ ၄၀ရာခိုင္ႏႈန္းနီးပါးက ၂၀၂၆ ရဲ႕ ပထမ ၆ လအတြင္း အလုပ္သစ္ရွာဖို႔ ျပင္ဆင္ေနၾကတယ္လို႔ ဆိုပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့ႏွစ္က ၂၉ရာခိုင္ႏႈန္းပဲ ရွိခဲ့ရာကေန သိသိသာသာ တိုးလာတာပါ။ ဒီအခ်က္အ လက္ေတြက အေမရိကန္ႏိုင္ငံရဲ႕ အလုပ္အကိုင္ေဈးကြက္ကို ၫႊန္းဆိုထားတာျဖစ္ပါတယ္။
ဘယ္သူေတြက သင္နဲ႔အၿပိဳင္ အလုပ္ရွာၾကမွာလဲ
အလုပ္အမ်ားဆုံး ရွာၾကမယ့္သူေတြကေတာ့နည္းပညာနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈ နယ္ပယ္က ဝန္ထမ္းမ်ား၊ Gen Z လူငယ္မ်ား၊ မိဘျဖစ္သူ ဝန္ထမ္းမ်ားပဲျဖစ္ပါတယ္။အလုပ္ေျပာင္းခ်င္ရတဲ့ အဓိက အေၾကာင္းရင္းေတြကေတာ့ ခံစားခြင့္ပိုေကာင္းခ်င္တာ၊ ရာထူးတိုးဖို႔ လမ္းစမျမင္တာ၊ လစာပိုလိုခ်င္တာနဲ႔ အလုပ္ပင္ပန္း ႏြမ္းနယ္မႈ (Burnout) ျဖစ္တာေတြေၾကာင့္ပဲ ျဖစ္ပါတယ္။
ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ ေဈးကြက္မွာ ဘယ္လို ထင္ေပၚေအာင္လုပ္မလဲ
အလုပ္ရွင္ေတြကလည္း အလုပ္ေလွ်ာက္သူ မ်ားေနတာကို သိတဲ့အတြက္ ပိုၿပီး စိစစ္လာၾကမွာပါ။ ဒါေၾကာင့္ အလုပ္ေလွ်ာက္လႊာေတြကို ေတြ႕သမွ်ေနရာ ေလွ်ာက္တာမ်ိဳး မလုပ္ဘဲ ေအာက္ပါအခ်က္ေတြကို အာ႐ုံစိုက္သင့္ပါတယ္။
၁။ အသိမိတ္ေဆြကြန္ရက္ (Network) ကို အသုံးခ်ပါ
အလုပ္တစ္ခုေခၚရင္ ေလွ်ာက္လႊာေတြ ပုံေနတတ္တာမို႔ ကိုယ့္ CV ဖိုင္ေလး အေပၚဆုံးေရာက္ဖို႔ဆိုရင္ ကုမၸဏီထဲက အသိတစ္ေယာက္ေယာက္ကေနတစ္ဆင့္ ၫႊန္းေပးတာ (Referral) က အေကာင္းဆုံးပါ။ အသိမရွိရင္လည္း LinkedIn မွာ အဲဒီကုမၸဏီက လူေတြနဲ႔ ရင္းႏွီးေအာင္ အရင္ႀကိဳးစားပါ။
၂။ ကုမၸဏီအေၾကာင္း ေသခ်ာေလ့လာပါ
အလုပ္ေခၚစာက အေရာင္းျမႇင့္တင္ေရး စာသားေတြပဲ ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ကုမၸဏီရဲ႕ ဝဘ္ဆိုဒ္၊ သတင္းထုတ္ျပန္ခ်က္ေတြနဲ႔ ဝန္ထမ္းေဟာင္းေတြရဲ႕ အျမင္ေတြကို ေလ့လာပါ။ ဒါမွသာ Interview ေျဖတဲ့အခါ ကိုယ္က သူတို႔အေၾကာင္း ဘယ္ေလာက္သိတယ္၊ ဘယ္ေလာက္ စိတ္အားထက္သန္တယ္ဆိုတာ ျပႏိုင္မွာပါ။
၃။ ကိုယ့္ရဲ႕ ပ႐ိုဖိုင္ကို ပစ္မွတ္ထားျပင္ဆင္ပါ
ကိုယ့္ရဲ႕ LinkedIn Profile နဲ႔ Resume မွာ သူတို႔လိုခ်င္တဲ့ Keyword ေတြ၊ ကြၽမ္းက်င္မႈေတြ ပါေနပါေစ။ “ကြၽန္ေတာ္/ကြၽန္မကေတာ့ ဒါေတြ လုပ္တတ္တယ္” ဆိုတာကို စကၠန႔္ပိုင္းအတြင္း အလုပ္ရွင္ သေဘာက်သြားေအာင္ တိုတိုနဲ႔ ထိထိမိမိ တင္ျပႏိုင္ရပါမယ္။
တကယ္လို႔ ကိုယ္က လုပ္မေျပာင္းခ်င္ေသးရင္ေတာင္ ဒါေတြ ျပင္ထားသင့္ပါတယ္။
နံပါတ္တစ္အေနနဲ Relationship တည္ေဆာက္ထားဖို႔ပါ။ အလုပ္လိုမွ အကူအညီေတာင္းတာမ်ိဳး မဟုတ္ဘဲ၊ ပုံမွန္အခ်ိန္မွာကတည္းက လုပ္ေဖာ္ကိုင္ဖက္ေဟာင္းေတြ၊ နယ္ပယ္တူလူေတြနဲ႔ အဆက္အသြယ္ မျပတ္ပါေစနဲ႔။
ဒုတိယအခ်က္က ေခတ္နဲ႔ရင္ေပါင္တန္းပါ။ ၿပိဳင္ဘက္ကုမၸဏီေတြ ဘာလုပ္ေနလဲ၊ နည္းပညာအသစ္ေတြက ဘာေတြလဲဆိုတာ အၿမဲေလ့လာေနဖို႔ပါပဲ။
ေနာက္ဆုံးအခ်က္ကေတာ့ Marketing ကို အၿမဲ Update လုပ္ဖို႔ပါ။ Resume နဲ႔ LinkedIn ကို အၿမဲျပင္ထားပါ။ အလုပ္အဆင္မေျပမွ ျပင္တာထက္ အဆင္ေျပေနတုန္း ျပင္ထားတာက ပိုလြယ္ကူၿပီး စိတ္ဖိစီးမႈ ကင္းပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply