ဒီဇင်ဘာလဆိုတာ လူတော်တော်များများအတွက်တော့ အလုပ်တွေပါးပြီး အနားယူတဲ့လပေါ့။ ဒါပေမဲ့ တကယ်တော့ ဒီအချိန်ဟာ ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံပြီး နောက်နှစ်သစ်အတွက် အသာစီးရအောင် ပြင်ဆင်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ကုမ္ပဏီတွေကလည်း ၂၀၂၆ အတွက် လူသစ်ခေါ်ဖို့နဲ့ ဘတ်ဂျက်တွေဆွဲဖို့ ပြင်ဆင်နေကြပြီမို့ အခု သင်လုပ်လိုက်တဲ့ အားထုတ်မှုက သင့်ရဲ့ နောင်ရေးလစာအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိစေမှာပါ။အခုခေတ် အလုပ်အကိုင်ဈေးကွက်က အရမ်းမြန်ပါတယ်။ အရင်က “သိထားရင် ကောင်းတယ်” ဆိုတဲ့အရာတွေက အခုတော့ “မသိမဖြစ်” တွေ ဖြစ်လာပါပြီ။ ဥပမာ- AIကို သုံးတတ်တဲ့သူတွေဟာ မသုံးတတ်တဲ့သူတွေထက် လစာ ၄၀ရာခိုင်နှုန်း ပိုရနေတယ်လို့ သိရပါတယ်။ ဒါကြောင့် သင့်လစာကို မြင့်တက်စေမယ့် လက်တွေ့ကျတဲ့ စွမ်းရည် ၄ ခုကို ကြည့်လိုက်ရအောင်။
နေ့စဉ်အလုပ်တွေကို မြန်ဆန်စေမယ့် AI Prompting ကျွမ်းကျင်မှု
AI ဆိုတာ အနာဂတ်မဟုတ်တော့ဘဲ လက်ရှိဖြစ်နေပါပြီ။ ChatGPT, Gemini ဒါမှမဟုတ် Claude လိုမျိုး AI tool တွေကို သုံးပြီး အလုပ်တွေကို ပိုပြီးမြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် လုပ်နိုင်တဲ့သူတွေကို အလုပ်ရှင်တွေက ပိုသဘောကျလာကြပါတယ်။ AI ကျွမ်းကျင်မှုရှိသူတွေဟာ တခြားသူတွေထက် လစာ ၂၈ရာခိုင်နှုန်း လောက် ပိုရနိုင်ခြေ ရှိပါတယ်။ဒါကြောင့် နေ့တိုင်း ကိုယ်လုပ်နေကျ အလုပ်တစ်ခု (ဥပမာ Report ရေးတာ၊ Email ရေးတာ) ကို AI သုံးပြီး ဘယ်လိုလုပ်မလဲဆိုတာ လေ့ကျင့်ကြည့်ပါ။ မတူညီတဲ့ Prompt (စေခိုင်းချက်) ၃ မျိုးလောက်နဲ့ စမ်းကြည့်ပြီး ဘယ်ဟာက အကောင်းဆုံးလဲဆိုတာ ရှာဖွေပါ။ တစ်လလောက်ဆိုရင် သင်ဟာ သူများထက် အလုပ်ပိုမြန်ပြီး လူအများ လိုချင်တဲ့သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။
ရာထူးကြီးကြီး ရနိုင်ဖို့အတွက် Data Literacy
Data ကို ကြည့်ပြီး ဆုံးဖြတ်ချက်ချတတ်တဲ့သူတွေဟာ အဖွဲ့အစည်းတစ်ခုမှာ အမြဲတမ်း ခြေတစ်လှမ်း သာနေလေ့ရှိပါတယ်။ အလုပ်ရှင်တွေကလည်း Data ကို အဓိပ္ပာယ်ဖော်တတ်တဲ့သူတွေကို လစာပိုပေးဖို့ အသင့်ပါပဲ။ Excel, Google Data Studio ဒါမှမဟုတ် Power BI လိုမျိုး tool တစ်ခုခုကို အပတ်တိုင်း နည်းနည်းစီ လေ့ကျင့်ပါ။ အချက်အလက်တွေကို ရိုးရိုးရှင်းရှင်း ဇယားတွေနဲ့ ပြတတ်အောင်၊ ပြီးတော့ အဲဒီအချက်အလက်တွေကနေ ဘာတွေဆက်လုပ်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေ ပေးတတ်အောင် ကြိုးစားပါ။ ဒါဟာ သင့်ကို စီမံခန့်ခွဲသူ (Senior) တစ်ယောက်ဖြစ်ဖို့ လမ်းစခင်းပေးမှာပါ။
ဩဇာညောင်းစေမယ့် Writing Skills
စာရေးကောင်းတာဟာ သဒ္ဒါမှန်ဖို့ထက် ပိုအရေးကြီးပါတယ်။ သင့်ရဲ့ အကြံပြုချက်တွေကို လူတွေ ယုံကြည်လာအောင်၊ နားလည်လွယ်အောင် ရေးတတ်ဖို့ လိုပါတယ်။ စာရေးသားမှု ကောင်းမွန်တဲ့သူတွေဟာ တာဝန်ကြီးတဲ့ ရာထူးတွေကို ရဖို့ အခွင့်အလမ်း ပိုများပါတယ်။ အရင်က ကိုယ်ရေးခဲ့တဲ့ Email တွေ၊ Report တွေကို ပြန်ဖတ်ကြည့်ပါ။ ရှုပ်ထွေးနေတာတွေ ရှိလား။ အဓိကအချက်ကို အရင်ဆုံးပြောပြီး နောက်မှ အသေးစိတ်နဲ့ လိုအပ်တာတွေကို တိုတိုရှင်းရှင်း ပြန်ရေးကြည့်ပါ။ ခက်ခဲတဲ့ အ ကြောင်းအရာတွေကို တစ်မိနစ်အတွင်း ဖတ်လို့ရမယ့် အနှစ်ချုပ်လေးတွေ ဖြစ်အောင် ရေးတတ်ဖို့ လေ့ကျင့်ပါ။
ဦးဆောင်သူဖြစ်လာစေမယ့် Managerial Basics
သင်ဟာ အခုလက်ရှိ မန်နေဂျာမဟုတ်သေးရင်တောင် စီမံခန့်ခွဲမှု အခြေခံတွေကို သိထားတာဟာ အကျိုးအမြတ် အများကြီးရှိပါတယ်။ သူတစ်ပါးကို ဘယ်လိုကူညီမလဲ၊ အလုပ်တွေကို ဘယ်လိုခွဲဝေပေးမလဲဆိုတာ သိထားဖို့ လိုပါတယ်။အစည်းအဝေးတစ်ခုကို ဦးဆောင်ကြည့်တာမျိုး၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက် အသစ်တွေကို သင်ပြပေးတာမျိုးတွေကနေ စတင်ပါ။ Feedback ပေးတဲ့အခါမှာလည်း လူပုဂ္ဂိုလ်ကို မဝေဖန်ဘဲ အလုပ်ရလဒ်အပေါ်မှာပဲ အပြုသဘောဆောင် ပြောတတ်အောင် လေ့ကျင့်ပါ။ ဒါဟာ သင်ဟာ ဦးဆောင်နိုင်စွမ်းရှိတယ်ဆိုတာကို ပြသရာရောက်ပါတယ်။
ဒီဇင်ဘာလဟာ ပြောင်းလဲဖို့ အကောင်းဆုံးအချိန်ပါ။ ဒီစွမ်းရည်တွေကို တစ်နှစ်ပတ်လုံး သင်ယူနေစရာ မလိုပါဘူး။ အခုကတည်းက တစိုက်မတ်မတ် လေ့ကျင့်သွားမယ်ဆိုရင် ၂၀၂၆ မှာ သင့်ရဲ့ လစာနဲ့ ရာထူးက သိသိသာသာ ပြောင်းလဲသွားမှာပါ။ သင်လုပ်နိုင်ပါတယ်။ အခုပဲ စတင်လိုက်ဖို့ပါပဲ။
ကျော့ကေခိုင်
zawgyi
ဒီဇင္ဘာလဆိုတာ လူေတာ္ေတာ္မ်ားမ်ားအတြက္ေတာ့ အလုပ္ေတြပါးၿပီး အနားယူတဲ့လေပါ့။ ဒါေပမဲ့ တကယ္ေတာ့ ဒီအခ်ိန္ဟာ ကိုယ့္ကိုယ္ကိုယ္ ရင္းႏွီးျမႇဳပ္ႏွံၿပီး ေနာက္ႏွစ္သစ္အတြက္ အသာစီးရေအာင္ ျပင္ဆင္ဖို႔ အေကာင္းဆုံးအခ်ိန္ပါပဲ။ ကုမၸဏီေတြကလည္း ၂၀၂၆ အတြက္ လူသစ္ေခၚဖို႔နဲ႔ ဘတ္ဂ်က္ေတြဆြဲဖို႔ ျပင္ဆင္ေနၾကၿပီမို႔ အခု သင္လုပ္လိုက္တဲ့ အားထုတ္မႈက သင့္ရဲ႕ ေနာင္ေရးလစာအေပၚ တိုက္႐ိုက္သက္ေရာက္မႈ ရွိေစမွာပါ။အခုေခတ္ အလုပ္အကိုင္ေဈးကြက္က အရမ္းျမန္ပါတယ္။ အရင္က “သိထားရင္ ေကာင္းတယ္” ဆိုတဲ့အရာေတြက အခုေတာ့ “မသိမျဖစ္” ေတြ ျဖစ္လာပါၿပီ။ ဥပမာ- AIကို သုံးတတ္တဲ့သူေတြဟာ မသုံးတတ္တဲ့သူေတြထက္ လစာ ၄၀ရာခိုင္ႏႈန္း ပိုရေနတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ သင့္လစာကို ျမင့္တက္ေစမယ့္ လက္ေတြ႕က်တဲ့ စြမ္းရည္ ၄ ခုကို ၾကည့္လိုက္ရေအာင္။
ေန႔စဥ္အလုပ္ေတြကို ျမန္ဆန္ေစမယ့္ AI Prompting ကြၽမ္းက်င္မႈ
AI ဆိုတာ အနာဂတ္မဟုတ္ေတာ့ဘဲ လက္ရွိျဖစ္ေနပါၿပီ။ ChatGPT, Gemini ဒါမွမဟုတ္ Claude လိုမ်ိဳး AI tool ေတြကို သုံးၿပီး အလုပ္ေတြကို ပိုၿပီးျမန္ျမန္ဆန္ဆန္နဲ႔ ထိထိေရာက္ေရာက္ လုပ္ႏိုင္တဲ့သူေတြကို အလုပ္ရွင္ေတြက ပိုသေဘာက်လာၾကပါတယ္။ AI ကြၽမ္းက်င္မႈရွိသူေတြဟာ တျခားသူေတြထက္ လစာ ၂၈ရာခိုင္ႏႈန္း ေလာက္ ပိုရႏိုင္ေျခ ရွိပါတယ္။ဒါေၾကာင့္ ေန႔တိုင္း ကိုယ္လုပ္ေနက် အလုပ္တစ္ခု (ဥပမာ Report ေရးတာ၊ Email ေရးတာ) ကို AI သုံးၿပီး ဘယ္လိုလုပ္မလဲဆိုတာ ေလ့က်င့္ၾကည့္ပါ။ မတူညီတဲ့ Prompt (ေစခိုင္းခ်က္) ၃ မ်ိဳးေလာက္နဲ႔ စမ္းၾကည့္ၿပီး ဘယ္ဟာက အေကာင္းဆုံးလဲဆိုတာ ရွာေဖြပါ။ တစ္လေလာက္ဆိုရင္ သင္ဟာ သူမ်ားထက္ အလုပ္ပိုျမန္ၿပီး လူအမ်ား လိုခ်င္တဲ့သူတစ္ေယာက္ ျဖစ္လာပါလိမ့္မယ္။
ရာထူးႀကီးႀကီး ရႏိုင္ဖို႔အတြက္ Data Literacy
Data ကို ၾကည့္ၿပီး ဆုံးျဖတ္ခ်က္ခ်တတ္တဲ့သူေတြဟာ အဖြဲ႕အစည္းတစ္ခုမွာ အၿမဲတမ္း ေျခတစ္လွမ္း သာေနေလ့ရွိပါတယ္။ အလုပ္ရွင္ေတြကလည္း Data ကို အဓိပၸာယ္ေဖာ္တတ္တဲ့သူေတြကို လစာပိုေပးဖို႔ အသင့္ပါပဲ။ Excel, Google Data Studio ဒါမွမဟုတ္ Power BI လိုမ်ိဳး tool တစ္ခုခုကို အပတ္တိုင္း နည္းနည္းစီ ေလ့က်င့္ပါ။ အခ်က္အလက္ေတြကို ႐ိုး႐ိုးရွင္းရွင္း ဇယားေတြနဲ႔ ျပတတ္ေအာင္၊ ၿပီးေတာ့ အဲဒီအခ်က္အလက္ေတြကေန ဘာေတြဆက္လုပ္သင့္တယ္ဆိုတဲ့ အႀကံျပဳခ်က္ေတြ ေပးတတ္ေအာင္ ႀကိဳးစားပါ။ ဒါဟာ သင့္ကို စီမံခန႔္ခြဲသူ (Senior) တစ္ေယာက္ျဖစ္ဖို႔ လမ္းစခင္းေပးမွာပါ။
ဩဇာေညာင္းေစမယ့္ Writing Skills
စာေရးေကာင္းတာဟာ သဒၵါမွန္ဖို႔ထက္ ပိုအေရးႀကီးပါတယ္။ သင့္ရဲ႕ အႀကံျပဳခ်က္ေတြကို လူေတြ ယုံၾကည္လာေအာင္၊ နားလည္လြယ္ေအာင္ ေရးတတ္ဖို႔ လိုပါတယ္။ စာေရးသားမႈ ေကာင္းမြန္တဲ့သူေတြဟာ တာဝန္ႀကီးတဲ့ ရာထူးေတြကို ရဖို႔ အခြင့္အလမ္း ပိုမ်ားပါတယ္။ အရင္က ကိုယ္ေရးခဲ့တဲ့ Email ေတြ၊ Report ေတြကို ျပန္ဖတ္ၾကည့္ပါ။ ရႈပ္ေထြးေနတာေတြ ရွိလား။ အဓိကအခ်က္ကို အရင္ဆုံးေျပာၿပီး ေနာက္မွ အေသးစိတ္နဲ႔ လိုအပ္တာေတြကို တိုတိုရွင္းရွင္း ျပန္ေရးၾကည့္ပါ။ ခက္ခဲတဲ့ အ ေၾကာင္းအရာေတြကို တစ္မိနစ္အတြင္း ဖတ္လို႔ရမယ့္ အႏွစ္ခ်ဳပ္ေလးေတြ ျဖစ္ေအာင္ ေရးတတ္ဖို႔ ေလ့က်င့္ပါ။
ဦးေဆာင္သူျဖစ္လာေစမယ့္ Managerial Basics
သင္ဟာ အခုလက္ရွိ မန္ေနဂ်ာမဟုတ္ေသးရင္ေတာင္ စီမံခန႔္ခြဲမႈ အေျခခံေတြကို သိထားတာဟာ အက်ိဳးအျမတ္ အမ်ားႀကီးရွိပါတယ္။ သူတစ္ပါးကို ဘယ္လိုကူညီမလဲ၊ အလုပ္ေတြကို ဘယ္လိုခြဲေဝေပးမလဲဆိုတာ သိထားဖို႔ လိုပါတယ္။အစည္းအေဝးတစ္ခုကို ဦးေဆာင္ၾကည့္တာမ်ိဳး၊ ဒါမွမဟုတ္ လုပ္ေဖာ္ကိုင္ဖက္ အသစ္ေတြကို သင္ျပေပးတာမ်ိဳးေတြကေန စတင္ပါ။ Feedback ေပးတဲ့အခါမွာလည္း လူပုဂၢိဳလ္ကို မေဝဖန္ဘဲ အလုပ္ရလဒ္အေပၚမွာပဲ အျပဳသေဘာေဆာင္ ေျပာတတ္ေအာင္ ေလ့က်င့္ပါ။ ဒါဟာ သင္ဟာ ဦးေဆာင္ႏိုင္စြမ္းရွိတယ္ဆိုတာကို ျပသရာေရာက္ပါတယ္။
ဒီဇင္ဘာလဟာ ေျပာင္းလဲဖို႔ အေကာင္းဆုံးအခ်ိန္ပါ။ ဒီစြမ္းရည္ေတြကို တစ္ႏွစ္ပတ္လုံး သင္ယူေနစရာ မလိုပါဘူး။ အခုကတည္းက တစိုက္မတ္မတ္ ေလ့က်င့္သြားမယ္ဆိုရင္ ၂၀၂၆ မွာ သင့္ရဲ႕ လစာနဲ႔ ရာထူးက သိသိသာသာ ေျပာင္းလဲသြားမွာပါ။ သင္လုပ္ႏိုင္ပါတယ္။ အခုပဲ စတင္လိုက္ဖို႔ပါပဲ။
ေက်ာ့ေကခိုင္
Leave a Reply