အလုပ်အင်တာဗျူးက Red flag များ

အလုပ်ရှင်တွေရဲ့ စီမံခန့်ခွဲမှုဟာ ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် ကုထုံးပညာရှင်တွေထက်တောင် ပိုပြီး သက်ရောက်မှုရှိတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ ဒါ့ကြောင့် အလုပ်မစခင်ကတည်းက စိတ်ဖိစီးမှုများတဲ့ အလုပ်ခွင်ကို ရောက်မသွားအောင် ကြိုတင်သတိပြုဖို့ အရေးကြီးပါတယ်။ Reddit ပေါ်က အတွေ့အကြုံရှိသူတွေ မျှဝေထားတဲ့ အင်တာဗျူး သတိပေးလက္ခဏာတွေနဲ့ သူတို့ကို ဖော်ထုတ်နိုင်မယ့် နည်းလမ်းတွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးချင်ပါတယ်။

“ငါတို့က ဒီမှာ မိသားစုလိုပဲ” ဆိုတဲ့ စကားလုံး

အင်တာဗျူးသူက “ကျွန်တော်တို့က အားလုံး ဒီမှာ မိသားစုလိုပဲ” ဆိုတဲ့ စကားကို ပြောလာရင် ထွက်ပြေးဖို့ အချိန်တန်ပြီလို့ Reddit အသုံးပြုသူများက အကြံပေးထားပါတယ်။ ဒီစကားက ဝန်ထမ်းတွေဆီကနေ မိသားစုစိတ်ဓာတ်နဲ့ ပေးဆပ်မှုကို အကြောင်းပြပြီး ပိုပြီးတော့ အလုပ်ခိုင်းဖို့၊ အချိန်ပိုပေးဖို့ မျှော်လင့်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် Family type ဆိုတဲ့ အလုပ်ခွင်မျိုးဆိုရင် ဝေးနိုင်သမျှဝေးအောင်ပြေးဖို့ အကြံပေးထားပါတယ်။

အားလပ်ရက်နဲ့ ခွင့်ယူမှုကို ပြောဆိုပုံ

ခေါင်းဆောင်တစ်ဦးက အမြဲတမ်း အလုပ်လုပ်နေကြောင်း ကြွားဝါနေရင်၊ ဝန်ထမ်းတွေဆီကလည်း အလားတူ မျှော်လင့်နေတာ ဖြစ်နိုင်ပါတယ်။ “Hustle Culture” (အလွန်အကျွံကြိုးစားရမယ်ဆိုသည့် ယဉ်ကျေးမှု) ကို ပြောဆိုတာမျိုုး၊ ဍ အားလပ်ရက်မယူတာ၊ ရုံးမှာ အိပ်တာတွေကို ဂုဏ်ယူဝင့်ကြွားနေတဲ့ မန်နေဂျာတွေဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ စံနှုန်းတွေကို သတ်မှတ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် သတ်မှတ်ထားတဲ့ အလုပ်စချိန်နဲ့ အားလပ်ချိန်တွေကို အင်တာဗျူးမှာ သတိကြီးစွာ စောင့်ကြည့်ပါ။ဒီအချက်တွေသိဖို့ဆိုရင် မေးခွန်းမေးဖို့ လိုပါတယ်။ “အားလပ်ရက်/ခွင့်ယူတဲ့ ပုံစံက ဘယ်လိုလဲ” လို့ တိုက်ရိုက်မေးပါ။ သူတို့ရဲ့ အဖြေဟာ ပုံမပီဝိုးတ ဝါး ဖြစ်နေရင် ဒါမှမဟုတ် အရမ်းတင်းကြပ်တဲ့ လုပ်ငန်းစဉ်ကို ပြောပြရင် သင့်အားလပ်ချိန်ကို တန်ဖိုးထားတဲ့ လုပ်ငန်းခွင်ဖြစ်မှာ မဟုတ်ပါဘူး။

ကုမ္ပဏီရဲ့ ‘အဆိုးဆုံးအပိုင်း’ ကို မေးကြည့်ပါ

အချို့သော အလုပ်ရှင်တွေက အင်တာဗျူးမှာ “အဖွဲ့ကို တိုးချဲ့နေတယ်” လို့ ပြောပေမယ့် တကယ်တမ်းမှာ “အရမ်းနောက်ကျနေလို့ ရှိတဲ့လူကို သေအောင် ခိုင်းနေတာ” ကို ဆိုလိုတာမျိုး ဖြစ်တတ်ပါတယ်။

ဒါကြောင့် မမျှော်လင့်တဲ့ မေးခွန်းများ မေးဖို့လိုပါတယ်။ အင်တာဗျူးဖြေသူကို “ကုမ္ပဏီမှာ အလုပ်လုပ်ရတဲ့ အဆိုးဆုံးအပိုင်းက ဘာလဲ” လို့ မေးပါ။ ဒါမှမဟုတ် “သူတို့ရဲ့ လက်ရှိ ရာထူးမှာ ပျော်ရွှင်ရဲ့လား” လို့ မေးကြည့်ပါ။ သူတို့က စိတ်အေးလက်အေးနဲ့ သူတို့ရဲ့ အတွေ့အကြုံကို စိတ်လှုပ်ရှားစွာ ပြောပြရင် ယေဘုယျအားဖြင့် ကျန်း မာတဲ့ လုပ်ငန်းခွင် ယဉ်ကျေးမှုရှိပါတယ်။ဒါပေမယ့် သူတို့က တင်းမာသွားပြီး၊ စကားနည်းသွားရင် (မသက်မသာဖြစ်တဲ့ လက္ခဏာ)၊ သူတို့ကအမှန်တရားကို ဖုံးကွယ်ထားနိုင်ပါတယ်။

အဖြေတွေဟာ မှုန်ဝါးဝါး ဖြစ်နေတာ

လုပ်ခလစာ၊ အလုပ်တာဝန်၊ ဒါမှမဟုတ် အလုပ်ခွင်ယဉ်ကျေးမှု စတဲ့ ဘယ်ကိစ္စကိုမဆို အဖြေတွေက ရှင်းရှင်းလင်းလင်း၊ တိုက်ရိုက်မဖြစ်ဘဲ မှုန်ဝါးဝါးဖြစ်နေရင်၊ ဒါဟာ ဖုံးကွယ်ထားတာရဲ့ လက္ခဏာအဖြစ် မှတ်ယူလို့ရပါတယ်။”သင့်ရဲ့ တိကျတဲ့ အလုပ်တာဝန်တွေက ဘာတွေလဲ”၊ “ဘယ်သူက ဦးဆောင်မှာလဲ”၊ “လစာ သို့မဟုတ် ရာထူးတိုးမြှင့်မှု” စတာတွေကို မေးတဲ့အခါ ရှင်းလင်းပြတ်သားတဲ့ အဖြေမရရင် သံသယဝင်ပါ။ အင်တာဗျူးသူက သင့်အချိန်ကို တန်ဖိုးမထားဘဲ၊ အဖြေတွေကို အလေးအနက်မထားဘဲ၊ လုံခြုံမှုမရှိတဲ့ အင်တာဗျူးပတ်ဝန်းကျင်ကို ဖန်တီးနေရင် သတိထားပါ။

ဒီနေရာမှာ အကြီးမားဆုံး အကြံပြုချက်ကတော့ သင့်ရဲ့ စိတ်ကို ယုံကြည်ဖို့ပါပဲ။ ဖော်ပြပါအချက်တွေအပြင် အဆိပ်အတောက်ဖြစ်စေတဲ့ အလုပ်ပတ်ဝန်းကျင်ကို သိနိုင်မယ့် နည်းလမ်းများစွာ ရှိပါသေးတယ်။ ဒါပေမယ့် အကြီးမားဆုံး အကြံပေးချက်ကတော့ သင့်ရဲ့ ဗီဇကို ယုံကြည်ပါ။ တစ်စုံတစ်ရာ မှားယွင်းနေတယ်လို့ ခံစားရရင် ဒါမှမဟုတ် အင်တာဗျူးသူနဲ့ စိတ်ချင်းမချိတ်ဆက်နိုင်ရင် သူတို့ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချဖို့ စဉ်းစားပါ။အလုပ်လက်ခံဖို့ လွတ်လပ်ခွင့်မရှိဘူးဆိုရင်တောင် အလုပ်စကတည်းက သင့်အလုပ်ရှင်နဲ့ ရှင်းလင်းပြတ်သားတဲ့ နယ်နိမိတ်တွေကို စောစီးစွာ သတ်မှတ် ဖို့ မမေ့ပါနဲ့။

ကျော့ကေခိုင်

zawgyi

အလုပ္ရွင္ေတြရဲ႕ စီမံခန႔္ခြဲမႈဟာ ဝန္ထမ္းေတြရဲ႕ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးအေပၚ ကုထုံးပညာရွင္ေတြထက္ေတာင္ ပိုၿပီး သက္ေရာက္မႈရွိတယ္လို႔ စစ္တမ္းေတြက ဆိုပါတယ္။ ဒါ့ေၾကာင့္ အလုပ္မစခင္ကတည္းက စိတ္ဖိစီးမႈမ်ားတဲ့ အလုပ္ခြင္ကို ေရာက္မသြားေအာင္ ႀကိဳတင္သတိျပဳဖို႔ အေရးႀကီးပါတယ္။ Reddit ေပၚက အေတြ႕အႀကဳံရွိသူေတြ မွ်ေဝထားတဲ့ အင္တာဗ်ဴး သတိေပးလကၡဏာေတြနဲ႔ သူတို႔ကို ေဖာ္ထုတ္ႏိုင္မယ့္ နည္းလမ္းေတြကို ဒီေဆာင္းပါးမွာ ေဖာ္ျပေပးခ်င္ပါတယ္။

“ငါတို႔က ဒီမွာ မိသားစုလိုပဲ” ဆိုတဲ့ စကားလုံး

အင္တာဗ်ဴးသူက “ကြၽန္ေတာ္တို႔က အားလုံး ဒီမွာ မိသားစုလိုပဲ” ဆိုတဲ့ စကားကို ေျပာလာရင္ ထြက္ေျပးဖို႔ အခ်ိန္တန္ၿပီလို႔ Reddit အသုံးျပဳသူမ်ားက အႀကံေပးထားပါတယ္။ ဒီစကားက ဝန္ထမ္းေတြဆီကေန မိသားစုစိတ္ဓာတ္နဲ႔ ေပးဆပ္မႈကို အေၾကာင္းျပၿပီး ပိုၿပီးေတာ့ အလုပ္ခိုင္းဖို႔၊ အခ်ိန္ပိုေပးဖို႔ ေမွ်ာ္လင့္တာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ Family type ဆိုတဲ့ အလုပ္ခြင္မ်ိဳးဆိုရင္ ေဝးႏိုင္သမွ်ေဝးေအာင္ေျပးဖို႔ အႀကံေပးထားပါတယ္။

အားလပ္ရက္နဲ႔ ခြင့္ယူမႈကို ေျပာဆိုပုံ

ေခါင္းေဆာင္တစ္ဦးက အၿမဲတမ္း အလုပ္လုပ္ေနေၾကာင္း ႂကြားဝါေနရင္၊ ဝန္ထမ္းေတြဆီကလည္း အလားတူ ေမွ်ာ္လင့္ေနတာ ျဖစ္ႏိုင္ပါတယ္။ “Hustle Culture” (အလြန္အကြၽံႀကိဳးစားရမယ္ဆိုသည့္ ယဥ္ေက်းမႈ) ကို ေျပာဆိုတာမ်ိဳုး၊ ဍ အားလပ္ရက္မယူတာ၊ ႐ုံးမွာ အိပ္တာေတြကို ဂုဏ္ယူဝင့္ႂကြားေနတဲ့ မန္ေနဂ်ာေတြဟာ က်န္းမာေရးနဲ႔မညီၫြတ္တဲ့ စံႏႈန္းေတြကို သတ္မွတ္ေနတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သတ္မွတ္ထားတဲ့ အလုပ္စခ်ိန္နဲ႔ အားလပ္ခ်ိန္ေတြကို အင္တာဗ်ဴးမွာ သတိႀကီးစြာ ေစာင့္ၾကည့္ပါ။ဒီအခ်က္ေတြသိဖို႔ဆိုရင္ ေမးခြန္းေမးဖို႔ လိုပါတယ္။ “အားလပ္ရက္/ခြင့္ယူတဲ့ ပုံစံက ဘယ္လိုလဲ” လို႔ တိုက္႐ိုက္ေမးပါ။ သူတို႔ရဲ႕ အေျဖဟာ ပုံမပီဝိုးတ ဝါး ျဖစ္ေနရင္ ဒါမွမဟုတ္ အရမ္းတင္းၾကပ္တဲ့ လုပ္ငန္းစဥ္ကို ေျပာျပရင္ သင့္အားလပ္ခ်ိန္ကို တန္ဖိုးထားတဲ့ လုပ္ငန္းခြင္ျဖစ္မွာ မဟုတ္ပါဘူး။

ကုမၸဏီရဲ႕ ‘အဆိုးဆုံးအပိုင္း’ ကို ေမးၾကည့္ပါ

အခ်ိဳ႕ေသာ အလုပ္ရွင္ေတြက အင္တာဗ်ဴးမွာ “အဖြဲ႕ကို တိုးခ်ဲ႕ေနတယ္” လို႔ ေျပာေပမယ့္ တကယ္တမ္းမွာ “အရမ္းေနာက္က်ေနလို႔ ရွိတဲ့လူကို ေသေအာင္ ခိုင္းေနတာ” ကို ဆိုလိုတာမ်ိဳး ျဖစ္တတ္ပါတယ္။

ဒါေၾကာင့္ မေမွ်ာ္လင့္တဲ့ ေမးခြန္းမ်ား ေမးဖို႔လိုပါတယ္။ အင္တာဗ်ဴးေျဖသူကို “ကုမၸဏီမွာ အလုပ္လုပ္ရတဲ့ အဆိုးဆုံးအပိုင္းက ဘာလဲ” လို႔ ေမးပါ။ ဒါမွမဟုတ္ “သူတို႔ရဲ႕ လက္ရွိ ရာထူးမွာ ေပ်ာ္႐ႊင္ရဲ႕လား” လို႔ ေမးၾကည့္ပါ။ သူတို႔က စိတ္ေအးလက္ေအးနဲ႔ သူတို႔ရဲ႕ အေတြ႕အႀကဳံကို စိတ္လႈပ္ရွားစြာ ေျပာျပရင္ ေယဘုယ်အားျဖင့္ က်န္း မာတဲ့ လုပ္ငန္းခြင္ ယဥ္ေက်းမႈရွိပါတယ္။ဒါေပမယ့္ သူတို႔က တင္းမာသြားၿပီး၊ စကားနည္းသြားရင္ (မသက္မသာျဖစ္တဲ့ လကၡဏာ)၊ သူတို႔ကအမွန္တရားကို ဖုံးကြယ္ထားႏိုင္ပါတယ္။

အေျဖေတြဟာ မႈန္ဝါးဝါး ျဖစ္ေနတာ

လုပ္ခလစာ၊ အလုပ္တာဝန္၊ ဒါမွမဟုတ္ အလုပ္ခြင္ယဥ္ေက်းမႈ စတဲ့ ဘယ္ကိစၥကိုမဆို အေျဖေတြက ရွင္းရွင္းလင္းလင္း၊ တိုက္႐ိုက္မျဖစ္ဘဲ မႈန္ဝါးဝါးျဖစ္ေနရင္၊ ဒါဟာ ဖုံးကြယ္ထားတာရဲ႕ လကၡဏာအျဖစ္ မွတ္ယူလို႔ရပါတယ္။”သင့္ရဲ႕ တိက်တဲ့ အလုပ္တာဝန္ေတြက ဘာေတြလဲ”၊ “ဘယ္သူက ဦးေဆာင္မွာလဲ”၊ “လစာ သို႔မဟုတ္ ရာထူးတိုးျမႇင့္မႈ” စတာေတြကို ေမးတဲ့အခါ ရွင္းလင္းျပတ္သားတဲ့ အေျဖမရရင္ သံသယဝင္ပါ။ အင္တာဗ်ဴးသူက သင့္အခ်ိန္ကို တန္ဖိုးမထားဘဲ၊ အေျဖေတြကို အေလးအနက္မထားဘဲ၊ လုံၿခဳံမႈမရွိတဲ့ အင္တာဗ်ဴးပတ္ဝန္းက်င္ကို ဖန္တီးေနရင္ သတိထားပါ။

ဒီေနရာမွာ အႀကီးမားဆုံး အႀကံျပဳခ်က္ကေတာ့ သင့္ရဲ႕ စိတ္ကို ယုံၾကည္ဖို႔ပါပဲ။ ေဖာ္ျပပါအခ်က္ေတြအျပင္ အဆိပ္အေတာက္ျဖစ္ေစတဲ့ အလုပ္ပတ္ဝန္းက်င္ကို သိႏိုင္မယ့္ နည္းလမ္းမ်ားစြာ ရွိပါေသးတယ္။ ဒါေပမယ့္ အႀကီးမားဆုံး အႀကံေပးခ်က္ကေတာ့ သင့္ရဲ႕ ဗီဇကို ယုံၾကည္ပါ။ တစ္စုံတစ္ရာ မွားယြင္းေနတယ္လို႔ ခံစားရရင္ ဒါမွမဟုတ္ အင္တာဗ်ဴးသူနဲ႔ စိတ္ခ်င္းမခ်ိတ္ဆက္ႏိုင္ရင္ သူတို႔ရဲ႕ ကမ္းလွမ္းခ်က္ကို ပယ္ခ်ဖို႔ စဥ္းစားပါ။အလုပ္လက္ခံဖို႔ လြတ္လပ္ခြင့္မရွိဘူးဆိုရင္ေတာင္ အလုပ္စကတည္းက သင့္အလုပ္ရွင္နဲ႔ ရွင္းလင္းျပတ္သားတဲ့ နယ္နိမိတ္ေတြကို ေစာစီးစြာ သတ္မွတ္ ဖို႔ မေမ့ပါနဲ႔။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*