နှစ်ကုန်ပိုင်း စွမ်းဆောင်ရည် သုံးသပ်ခြင်းကာလဟာ သင့်လုပ်ငန်းခွင် စွမ်းဆောင်ရည်တွေကို ပြန်လည်သုံးသပ်ဖို့နဲ့ လစာ၊ အကျိုးခံစားခွင့်တွေ ညှိနှိုင်းဖို့ အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ အောက်ပါ အချက် ၅ ချက်က သင့်ကို ပိုမိုကောင်းမွန်တဲ့ လစာတိုးမြှင့်မှုနဲ့ အကျိုးခံစားခွင့်တွေ ညှိနှိုင်းရာမှာ ယုံကြည်မှုရှိရှိ အထောက်အကူပြုပါလိမ့်မယ်။
သက်ရောက်မှုရှိကြောင်း အထောက်အထားများ ယူဆောင်လာပါ
လုပ်ငန်းအပေါ် သက်ရောက်မှုရှိခဲ့တဲ့အထောက်အထားတွေကို ယူလာပါ။ ပြီးခဲ့တဲ့နှစ်က သတ်မှတ်ထားတဲ့ ပန်းတိုင်တွေနဲ့ နှိုင်းယှဉ်ပြပါ။ ပန်းတိုင်တွေကို ဘယ်လို ပြည့်မီအောင်လုပ်ခဲ့လဲ၊ ဘယ်လို ကျော်လွန်အောင် စွမ်းဆောင်ခဲ့လဲ ဆိုတဲ့ ဥပမာတွေနဲ့ ပြင်ဆင်လာပါ။ သင်ဟာ ထူးချွန်တဲ့ ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း ပြောပြတာထက်၊ သင်ပေးခဲ့တဲ့ တန်ဖိုးကို ဥပမာတွေနဲ့ တင်ပြခြင်း က ပိုထိရောက်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ထောက်ခံပြောဆိုပါ
စွမ်းဆောင်ရည်သုံးသပ်မှုဟာ သင် ထူးချွန်ခဲ့တဲ့နေရာများ၊ မျှော်လင့်ချက်တွေ ပြည့်မီခဲ့တဲ့နေရာများ နဲ့ တိုးတက်ဖို့ လိုတဲ့နေရာများ ကို အာရုံစိုက်ဖို့ ကောင်းတဲ့ အချိန်ပါ။ ပေးထားတဲ့ လစာတိုးမြှင့်မှုနဲ့ မကျေနပ်ရင် ချက်ချင်း စကားမပြောခင် စဉ်းစားပါ။ သင့်ရဲ့ ရာထူးအတွက် ဈေးကွက်ပေါက်ဈေး (market rate) ကို Glassdoor သို့မဟုတ် LinkedIn ကဲ့သို့သော ဝက်ဘ်ဆိုက်များမှ လေ့လာပါ။
စုစုပေါင်း အကျိုးခံစားခွင့်နဲ့ လျော်ကြေးကို ပြန်လည် ဆန်းစစ်ပါ
သင့်ရဲ့ သုံးသပ်ချက်ဟာ လစာငွေ သက်သက်မဟုတ်ဘဲ၊ စုစုပေါင်း အကျိုးခံစားခွင့်ကိုပါ ချိန်ထိုးရမယ့် အချိန်ပါ။ သင်ပိုလိုချင်တဲ့ အခြား အကျိုးခံစားခွင့်များ ကို စဉ်းစားပါ။ ဥပမာ- ပိုမိုများပြားတဲ့ ခွင့်ရက်၊ အဝေးမှ အလုပ်လုပ်နိုင်ခွင့် ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိခြင်း၊ သို့မဟုတ် ရုံးသုံးပစ္စည်းအသစ်များပဲဖြစ်ပါတယ်။ ပညာသင်တန်းများ (classes)၊ ကျွမ်းကျင်မှုမြှင့်တင်ရေး အခွင့်အလမ်းများ (upskilling) တို့ကို လစာတိုးမြှင့်မှုအပြင် သို့မဟုတ် လစာတိုးမြှင့်မှုအစား တောင်းဆိုဖို့ စဉ်းစားပါ။
AI နဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှုမြှင့်တင်ရေး သင်တန်းများ တောင်းဆိုပါ
AI (ဉာဏ်ရည်တု) က အလုပ်လုပ်ပုံကို ပြောင်းလဲနေတာကြောင့်၊ သင့်လုပ်ငန်းခွင်အတွက် AI လေ့ကျင့်ရေးသင်တန်းများ ကို တောင်းဆိုသင့်ပါတယ်။ သင့်ကိုသာမက သင်ရဲ့အဖွဲ့နဲ့ အဖွဲ့အစည်းတစ်ခုလုံးကိုပါ အကျိုးရှိစေမယ့် သင်တန်းများကို ရှာဖွေပြီး တင်ပြပါ။ ခေါင်းဆောင်ကောင်းများက ထိပ်တန်း အရည်အချင်းရှိသူတွေကို မြှင့်တင်ပေးလိုကြပါတယ်။ ဒါကြောင့် သင့်တောင်းဆိုချက်ကို သင့်မန်နေဂျာက အလေးပေး စဉ်းစားနိုင်ပါတယ်။
အလုပ်လုပ်ရာတွင် ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိရန် တောင်းဆိုပါ
အလုပ်မှာ ပိုမို ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ အစီအစဉ် တွေ (ဥပမာ- hybrid work arrangement) ကို တောင်းဆိုဖို့ အကြံပြုထားပါတယ်။ ဒီလို ပြောင်းလွယ်ပြင်လွယ်ရှိခြင်းက တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးနိုင်သလို၊ အလုပ်နဲ့ဘဝ မျှတမှုကို ပိုမိုကောင်းမွန်စေပါတယ်။ အဝေးမှ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ သင့်လျော်တဲ့ ကိရိယာတွေနဲ့ နည်းပညာတွေ ရှိနေဖို့တော့ လိုအပ်ပါလိမ့်မယ်။
အားနည်းချက်တွေကို ပြောဆိုရတဲ့အခါ ဒါမှမဟုတ် အောင်မြင်မှုတွေကို ပြသရတဲ့အခါ ယုံကြည်မှုရှိဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ အရေးကြီးပါတယ်။ အကယ်၍ အမှားလုပ်မိခဲ့ရင် ပွင့်ပွင့်လင်းလင်း ဝန်ခံပါ။ ဒါပေမယ့် အဲဒီအမှားကနေ ဘာတွေသင်ယူခဲ့လဲ၊ ဘယ်လို ပိုအားကောင်းလာအောင် လုပ်ခဲ့လဲ၊ အနာဂတ်မှာ ဘယ်လို မတူညီအောင် လုပ်ဆောင်သွားမလဲ ဆိုတာကို မဟာဗျူဟာကျကျ ဝေမျှဖို့ သေချာပါစေ။
ကျော့ကေခိုင်
zawgyi
ႏွစ္ကုန္ပိုင္း စြမ္းေဆာင္ရည္ သုံးသပ္ျခင္းကာလဟာ သင့္လုပ္ငန္းခြင္ စြမ္းေဆာင္ရည္ေတြကို ျပန္လည္သုံးသပ္ဖို႔နဲ႔ လစာ၊ အက်ိဳးခံစားခြင့္ေတြ ညႇိႏႈိင္းဖို႔ အေရးႀကီးတဲ့ အခ်ိန္ျဖစ္ပါတယ္။ ေအာက္ပါ အခ်က္ ၅ ခ်က္က သင့္ကို ပိုမိုေကာင္းမြန္တဲ့ လစာတိုးျမႇင့္မႈနဲ႔ အက်ိဳးခံစားခြင့္ေတြ ညႇိႏႈိင္းရာမွာ ယုံၾကည္မႈရွိရွိ အေထာက္အကူျပဳပါလိမ့္မယ္။
သက္ေရာက္မႈရွိေၾကာင္း အေထာက္အထားမ်ား ယူေဆာင္လာပါ
လုပ္ငန္းအေပၚ သက္ေရာက္မႈရွိခဲ့တဲ့အေထာက္အထားေတြကို ယူလာပါ။ ၿပီးခဲ့တဲ့ႏွစ္က သတ္မွတ္ထားတဲ့ ပန္းတိုင္ေတြနဲ႔ ႏႈိင္းယွဥ္ျပပါ။ ပန္းတိုင္ေတြကို ဘယ္လို ျပည့္မီေအာင္လုပ္ခဲ့လဲ၊ ဘယ္လို ေက်ာ္လြန္ေအာင္ စြမ္းေဆာင္ခဲ့လဲ ဆိုတဲ့ ဥပမာေတြနဲ႔ ျပင္ဆင္လာပါ။ သင္ဟာ ထူးခြၽန္တဲ့ ဝန္ထမ္းတစ္ဦးျဖစ္ေၾကာင္း ေျပာျပတာထက္၊ သင္ေပးခဲ့တဲ့ တန္ဖိုးကို ဥပမာေတြနဲ႔ တင္ျပျခင္း က ပိုထိေရာက္ပါတယ္။
ကိုယ့္ကိုယ္ကိုယ္ ေထာက္ခံေျပာဆိုပါ
စြမ္းေဆာင္ရည္သုံးသပ္မႈဟာ သင္ ထူးခြၽန္ခဲ့တဲ့ေနရာမ်ား၊ ေမွ်ာ္လင့္ခ်က္ေတြ ျပည့္မီခဲ့တဲ့ေနရာမ်ား နဲ႔ တိုးတက္ဖို႔ လိုတဲ့ေနရာမ်ား ကို အာ႐ုံစိုက္ဖို႔ ေကာင္းတဲ့ အခ်ိန္ပါ။ ေပးထားတဲ့ လစာတိုးျမႇင့္မႈနဲ႔ မေက်နပ္ရင္ ခ်က္ခ်င္း စကားမေျပာခင္ စဥ္းစားပါ။ သင့္ရဲ႕ ရာထူးအတြက္ ေဈးကြက္ေပါက္ေဈး (market rate) ကို Glassdoor သို႔မဟုတ္ LinkedIn ကဲ့သို႔ေသာ ဝက္ဘ္ဆိုက္မ်ားမွ ေလ့လာပါ။
စုစုေပါင္း အက်ိဳးခံစားခြင့္နဲ႔ ေလ်ာ္ေၾကးကို ျပန္လည္ ဆန္းစစ္ပါ
သင့္ရဲ႕ သုံးသပ္ခ်က္ဟာ လစာေငြ သက္သက္မဟုတ္ဘဲ၊ စုစုေပါင္း အက်ိဳးခံစားခြင့္ကိုပါ ခ်ိန္ထိုးရမယ့္ အခ်ိန္ပါ။ သင္ပိုလိုခ်င္တဲ့ အျခား အက်ိဳးခံစားခြင့္မ်ား ကို စဥ္းစားပါ။ ဥပမာ- ပိုမိုမ်ားျပားတဲ့ ခြင့္ရက္၊ အေဝးမွ အလုပ္လုပ္ႏိုင္ခြင့္ ပိုမိုေျပာင္းလြယ္ျပင္လြယ္ရွိျခင္း၊ သို႔မဟုတ္ ႐ုံးသုံးပစၥည္းအသစ္မ်ားပဲျဖစ္ပါတယ္။ ပညာသင္တန္းမ်ား (classes)၊ ကြၽမ္းက်င္မႈျမႇင့္တင္ေရး အခြင့္အလမ္းမ်ား (upskilling) တို႔ကို လစာတိုးျမႇင့္မႈအျပင္ သို႔မဟုတ္ လစာတိုးျမႇင့္မႈအစား ေတာင္းဆိုဖို႔ စဥ္းစားပါ။
AI နဲ႔ပတ္သက္တဲ့ ကြၽမ္းက်င္မႈျမႇင့္တင္ေရး သင္တန္းမ်ား ေတာင္းဆိုပါ
AI (ဉာဏ္ရည္တု) က အလုပ္လုပ္ပုံကို ေျပာင္းလဲေနတာေၾကာင့္၊ သင့္လုပ္ငန္းခြင္အတြက္ AI ေလ့က်င့္ေရးသင္တန္းမ်ား ကို ေတာင္းဆိုသင့္ပါတယ္။ သင့္ကိုသာမက သင္ရဲ႕အဖြဲ႕နဲ႔ အဖြဲ႕အစည္းတစ္ခုလုံးကိုပါ အက်ိဳးရွိေစမယ့္ သင္တန္းမ်ားကို ရွာေဖြၿပီး တင္ျပပါ။ ေခါင္းေဆာင္ေကာင္းမ်ားက ထိပ္တန္း အရည္အခ်င္းရွိသူေတြကို ျမႇင့္တင္ေပးလိုၾကပါတယ္။ ဒါေၾကာင့္ သင့္ေတာင္းဆိုခ်က္ကို သင့္မန္ေနဂ်ာက အေလးေပး စဥ္းစားႏိုင္ပါတယ္။
အလုပ္လုပ္ရာတြင္ ပိုမိုေျပာင္းလြယ္ျပင္လြယ္ရွိရန္ ေတာင္းဆိုပါ
အလုပ္မွာ ပိုမို ေျပာင္းလြယ္ျပင္လြယ္ရွိတဲ့ အစီအစဥ္ ေတြ (ဥပမာ- hybrid work arrangement) ကို ေတာင္းဆိုဖို႔ အႀကံျပဳထားပါတယ္။ ဒီလို ေျပာင္းလြယ္ျပင္လြယ္ရွိျခင္းက တီထြင္ဖန္တီးႏိုင္စြမ္းကို ျမႇင့္တင္ေပးႏိုင္သလို၊ အလုပ္နဲ႔ဘဝ မွ်တမႈကို ပိုမိုေကာင္းမြန္ေစပါတယ္။ အေဝးမွ ပူးေပါင္းေဆာင္႐ြက္ႏိုင္ဖို႔ သင့္ေလ်ာ္တဲ့ ကိရိယာေတြနဲ႔ နည္းပညာေတြ ရွိေနဖို႔ေတာ့ လိုအပ္ပါလိမ့္မယ္။
အားနည္းခ်က္ေတြကို ေျပာဆိုရတဲ့အခါ ဒါမွမဟုတ္ ေအာင္ျမင္မႈေတြကို ျပသရတဲ့အခါ ယုံၾကည္မႈရွိဖို႔နဲ႔ ပြင့္လင္းျမင္သာမႈရွိဖို႔ အေရးႀကီးပါတယ္။ အကယ္၍ အမွားလုပ္မိခဲ့ရင္ ပြင့္ပြင့္လင္းလင္း ဝန္ခံပါ။ ဒါေပမယ့္ အဲဒီအမွားကေန ဘာေတြသင္ယူခဲ့လဲ၊ ဘယ္လို ပိုအားေကာင္းလာေအာင္ လုပ္ခဲ့လဲ၊ အနာဂတ္မွာ ဘယ္လို မတူညီေအာင္ လုပ္ေဆာင္သြားမလဲ ဆိုတာကို မဟာဗ်ဴဟာက်က် ေဝမွ်ဖို႔ ေသခ်ာပါေစ။
ေက်ာ့ေကခိုင္
Leave a Reply