ဆယ်ကျော်သက်များ စိတ်ဖိစီးမှုကို စီမံခန့်ခွဲဖို့ ထိရောက်တဲ့ နည်းလမ်း ၆ သွယ်

ယနေ့ခေတ် လူငယ်တွေဟာ စိတ်ဖိစီးမှု၊ ပင်ပန်းနွမ်းနယ်မှုနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ကို အကြီးအကျယ် ရင်ဆိုင်နေကြရပါတယ်။ Crisis Text Line နဲ့ Cigna ရဲ့ စစ်တမ်းတွေအရ ၂၀၁၀ ခုနှစ်ကတည်းက စိတ်ဓာတ်ကျဆင်းမှုတွေနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနှုန်းတွေ သိသိသာသာ မြင့်တက်လာခဲ့ပြီး Gen Z မျိုး ဆက်တွေဟာ စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုကို အများဆုံး ခံစားနေကြရပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ Crisis Text Line ကနေ ရရှိတဲ့ အချက် အလက်တွေကနေ ဆယ်ကျော်သက်တွေရဲ့ သုခချမ်းသာအတွက် အမှန်တကယ် အကျိုးပြုတဲ့ ထိရောက်တဲ့ နည်းလမ်း (၆) သွယ် ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဆယ်ကျော်သက်များ စိတ်ဖိစီးမှုကို စီမံခန့်ခွဲရာမှာ မိဘ၊ ဆရာ၊ လမ်းညွှန်သူ ဒါမှမဟုတ် မိတ်ဆွေတစ်ဦးအနေနဲ့ သင်ကူညီပေးနိုင်မယ့် နည်းလမ်းတွေကတော့-

၁။ လူမှုဆက်ဆံရေးကို မြှင့်တင်ပေးပါ

လူငယ်တွေကို ကူညီဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုကတော့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ချိတ်ဆက်ဖို့နဲ့ ပိုင်ဆိုင်မှု ခံစားချက်ကို တည်ဆောက်ဖို့ အားပေးတာပါပဲ။ Crisis Text Line ရဲ့ အချက်အလက်အရ ဆယ်ကျော်သက်တွေရဲ့ ၁၈ရာခိုင်နှုန်းဟာ အသင်းအဖွဲ့တွေမှာ ပါဝင်တာ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတာလိုမျိုး လူမှုဆက်သွယ်မှုတွေက သူတို့ရဲ့ စိတ်ကျန်းမာရေးအတွက် အရေးပါတယ်လို့ ပြောကြပါတယ်။လူတွေနဲ့ အတူတူ လှုပ်ရှားမှုတွေမှာ ပါဝင်တဲ့အခါ ပျော်ရွှင်မှုကို ပိုခံစားရတယ်လို့ သုတေသနတွေက ဆိုပါတယ်။ ပြီးတော့ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်း (၂) ယောက် ဒါမှမဟုတ် (၃) ယောက်ရှိခြင်းဟာ စိတ်ကျန်းမာရေး ကောင်းမွန်ခြင်း၊ အသက်ရှည်ခြင်းနဲ့ နှလုံးကျန်းမာရေး ကောင်းမွန်ခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။

၂။ အနုပညာနဲ့ ဖော်ထုတ်ခွင့်ပေးပါ

ဆယ်ကျော်သက်တွေ စိတ်ဖိစီးမှု ဖြေလျှော့ဖို့အတွက် နောက်ထပ် အားကောင်းတဲ့နည်းလမ်းတစ်ခုကတော့ အနုပညာကနေတစ်ဆင့် သူတို့ကိုယ်သူတို့ ဖော်ထုတ်ဖို့ တိုက်တွန်းတာပါ။ အကျပ်အတည်းကြုံနေရသူတွေထဲက ၁၆ရာခိုင်နှုန်းဟာ ဂီတ၊ စာရေးခြင်း၊ ပုံဆွဲခြင်း၊ ပြဇာတ် နဲ့ အခြားအနုပညာတွေမှာ ပါဝင်ခြင်းက အကျိုးရှိတယ်လို့ ပြောခဲ့ပါတယ်။အနုပညာနဲ့ ပတ်သက်တဲ့ ဖန်တီးမှုတွေ လုပ်ဆောင်ခြင်းက စိတ်ကျန်းမာရေးနဲ့ ပျော်ရွှင်မှုကို တိုးမြှင့်ပေးပြီး အပျက်သဘောဆောင်တဲ့ ခံစားချက်တွေကို လျှော့ချပေးပါတယ်။ ဖန်တီးမှု လှုပ်ရှားမှုတွေမှာ ပါဝင်ခြင်းဟာ အကောင်းမြင်စိတ်ကို ဖြစ်ပေါ်စေပြီး ပိုပြီး ဖန်တီးမှုတွေ ဆက်လုပ်ချင်စိတ်ကို ဖြစ်စေတဲ့ ကောင်းမွန်တဲ့ သံသရာကို ဖန်တီးပေးပါတယ်။

၃။ ပညာရှင်အကူအညီ ရယူပါ

အကျပ်အတည်းတွေ ကြုံတွေ့နေရတဲ့ လူငယ်တွေအတွက် စိတ်ကျန်းမာရေး ပညာရှင်ရဲ့ အကူအညီ ရယူဖို့က အရေးကြီးပါတယ်။ အချက်အလက်တွေအရ ၁၀ ရာခိုင်နှုန်း ဟာ စိတ်ကျန်းမာရေး ဝန်ဆောင်မှုတွေ၊ ကုထုံးတွေ၊ ဆရာဝန်နဲ့ ပြသတာတွေ ဒါမှမဟုတ် ဆေးသောက်တာတွေက သူတို့ကို ကူညီပေးတယ်လို့ ပြောခဲ့ကြပါတယ်။

၄။ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ

ခက်ခဲတဲ့အချိန်တွေမှာ ကိုယ်လက်လှုပ်ရှားမှု လုပ်တာက ဆယ်ကျော်သက်တွေအတွက် အလွန် အထောက်အကူပြုပြီး ပျော်ရွှင်မှုကို ဖြစ်ပေါ်စေ ပါတယ်။ ၈ရာခိုင်နှုန်းကတော့ လေ့ကျင့်ခန်း ဒါမှမဟုတ် အားကစားတွေ (ပြေးတာ၊ ယောဂကျင့်တာ၊ အားကစားအသင်းမှာ ပါဝင်တာ) က သူတို့အတွက် အကျိုးရှိတယ်လို့ ဆိုပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်းဟာ ပျော်ရွှင်မှုနဲ့ ခိုင်မာစွာ ဆက်စပ်နေပြီး အနည်းငယ်မျှသော လှုပ်ရှားမှု တွေကတောင် စိတ်ချမ်းသာမှုကို အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ပြေးခြင်းက ရယ်မောပျော်ရွှင်မှု ခံစားချက်ကို ဖြစ်ပေါ်စေတဲ့ ဒိုပါမင်းနဲ့ အန်ဒေါ်ဖင် တို့ကို ထုတ်လွှတ်ပေးတဲ့အတွက် စိတ်ခံစားမှုနဲ့ မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။

၅။ စာဖတ်ပါ

စာဖတ်ခြင်းဟာ ကျွန်ုပ်တို့အားလုံးအတွက် အကျိုးကျေးဇူးများစွာ ရှိပါတယ်။ အကျပ်အတည်း ကြုံတွေ့နေရတဲ့ ဆယ်ကျော်သက်တွေထဲက ၆ရာခိုင်နှုန်းက စာအုပ်ဖတ်ခြင်း၊ အသံထွက်စာအုပ် နားထောင်ခြင်းနဲ့ စာကြည့်တိုက်သွားခြင်းတို့က သူတို့အတွက် အထောက်အကူဖြစ်တယ်လို့ ဆိုပါတယ်။စာဖတ်ခြင်းက ကျန်းမာရေးနဲ့ အသက်ရှည်ဖို့ကို မြှင့်တင်ပေးနိုင်ပြီး ပိုကောင်းတဲ့ တွေးခေါ်မှုနဲ့ မှတ်ဉာဏ်ကို အထောက်အကူပြုပါတယ်။ စိတ်ဖိစီးမှု ခံစားနေရသူတွေအတွက် စာဖတ်ခြင်းက ဇာတ်လမ်းထဲက လူတွေရဲ့ နေရာမှာ ဝင်ရောက်ခံစားကြည့်ခြင်းဖြင့် စာနာနားလည်မှုကို တိုးမြှင့်ပေးပြီး စိတ်ခံစားချက်တွေကို ပိုမိုကောင်းမွန်စေပါတယ်။

၆။ အပြင်ထွက်ပါ

ဆယ်ကျော်သက်တွေကို ကူညီပေးမယ့် နောက်ထပ် နည်းလမ်းကောင်းတစ်ခုကတော့ အပြင်ထွက်ပြီး သဘာဝပတ်ဝန်းကျင်မှာ အချိန်ကုန်ဆုံးဖို့ တိုက်တွန်းတာပါ။ Crisis Text Line ရဲ့ စာရင်းမှာ ပါဝင်သူတွေထဲက ၅ရာခိုင်နှုန်း ဟာ ပန်းခြံတွေသွားတာ၊ တောင်တက်တာလိုမျိုး သဘာဝပတ်ဝန်းကျင်မှာ ရှိနေခြင်းက အထူးအကျိုးရှိတယ်လို့ ဆိုခဲ့ကြပါတယ်။သုတေသနတွေအရ သဘာဝပတ်ဝန်းကျင်မှာ ရှိနေခြင်းက တွေးခေါ်မှုနဲ့ မှတ်ဉာဏ် ကို တိုးတက်စေနိုင်ပြီး တီထွင်ဖန်တီးနိုင်စွမ်း၊ ယုံကြည်မှုနဲ့ စိတ်ဓာတ်ခိုင်မာမှုကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် အခြားသူတွေနဲ့ ပိုမိုချိတ်ဆက်မှုကို ခံစားရစေပြီး ပိုကောင်းတဲ့ ဆက်သွယ်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

နားထောင်ပေးပြီး စာနာမှုနှင့် ဂရုဏာကို ဖော်ပြတဲ့အခါ လူငယ်များအတွက် သင် ရှိနေကြောင်း အမြဲပြသပါ။ ဆယ်ကျော်သက်များ စိတ်ဖိစီးမှု စီမံခန့်ခွဲရာတွင် ကူညီရန် ရိုးရှင်းသော နည်းလမ်းများစွာ ရှိပေမဲ့ သင်ရဲ့ ဂရုစိုက်မှုနဲ့ အာရုံစိုက်မှုက သူတို့အတွက်အ ဓိက အကျိုးကျေးဇူး ဖြစ်စေတယ်ဆိုတာကို သတိချပ်စေချင်ပါတယ်။

ကျော့ကေခိုင်

zawgyi

ယေန႔ေခတ္ လူငယ္ေတြဟာ စိတ္ဖိစီးမႈ၊ ပင္ပန္းႏြမ္းနယ္မႈနဲ႔ စိတ္က်န္းမာေရးဆိုင္ရာ ျပႆနာေတြ ကို အႀကီးအက်ယ္ ရင္ဆိုင္ေနၾကရပါတယ္။ Crisis Text Line နဲ႔ Cigna ရဲ႕ စစ္တမ္းေတြအရ ၂၀၁၀ ခုႏွစ္ကတည္းက စိတ္ဓာတ္က်ဆင္းမႈေတြနဲ႔ ကိုယ့္ကိုယ္ကိုယ္ သတ္ေသမႈႏႈန္းေတြ သိသိသာသာ ျမင့္တက္လာခဲ့ၿပီး Gen Z မ်ိဳး ဆက္ေတြဟာ စိတ္ဖိစီးမႈနဲ႔ ပင္ပန္းႏြမ္းနယ္မႈကို အမ်ားဆုံး ခံစားေနၾကရပါတယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ ကံေကာင္းစြာနဲ႔ပဲ Crisis Text Line ကေန ရရွိတဲ့ အခ်က္ အလက္ေတြကေန ဆယ္ေက်ာ္သက္ေတြရဲ႕ သုခခ်မ္းသာအတြက္ အမွန္တကယ္ အက်ိဳးျပဳတဲ့ ထိေရာက္တဲ့ နည္းလမ္း (၆) သြယ္ ကို ေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။

ဆယ္ေက်ာ္သက္မ်ား စိတ္ဖိစီးမႈကို စီမံခန႔္ခြဲရာမွာ မိဘ၊ ဆရာ၊ လမ္းၫႊန္သူ ဒါမွမဟုတ္ မိတ္ေဆြတစ္ဦးအေနနဲ႔ သင္ကူညီေပးႏိုင္မယ့္ နည္းလမ္းေတြကေတာ့-

၁။ လူမႈဆက္ဆံေရးကို ျမႇင့္တင္ေပးပါ

လူငယ္ေတြကို ကူညီဖို႔ အေကာင္းဆုံးနည္းလမ္းေတြထဲက တစ္ခုကေတာ့ သူငယ္ခ်င္းအေပါင္းအသင္းေတြနဲ႔ ခ်ိတ္ဆက္ဖို႔နဲ႔ ပိုင္ဆိုင္မႈ ခံစားခ်က္ကို တည္ေဆာက္ဖို႔ အားေပးတာပါပဲ။ Crisis Text Line ရဲ႕ အခ်က္အလက္အရ ဆယ္ေက်ာ္သက္ေတြရဲ႕ ၁၈ရာခိုင္ႏႈန္းဟာ အသင္းအဖြဲ႕ေတြမွာ ပါဝင္တာ ဒါမွမဟုတ္ သူငယ္ခ်င္းေတြနဲ႔ အခ်ိန္ျဖဳန္းတာလိုမ်ိဳး လူမႈဆက္သြယ္မႈေတြက သူတို႔ရဲ႕ စိတ္က်န္းမာေရးအတြက္ အေရးပါတယ္လို႔ ေျပာၾကပါတယ္။လူေတြနဲ႔ အတူတူ လႈပ္ရွားမႈေတြမွာ ပါဝင္တဲ့အခါ ေပ်ာ္႐ႊင္မႈကို ပိုခံစားရတယ္လို႔ သုေတသနေတြက ဆိုပါတယ္။ ၿပီးေတာ့ ခင္မင္ရင္းႏွီးတဲ့ သူငယ္ခ်င္း (၂) ေယာက္ ဒါမွမဟုတ္ (၃) ေယာက္ရွိျခင္းဟာ စိတ္က်န္းမာေရး ေကာင္းမြန္ျခင္း၊ အသက္ရွည္ျခင္းနဲ႔ ႏွလုံးက်န္းမာေရး ေကာင္းမြန္ျခင္းတို႔နဲ႔ ဆက္စပ္ေနပါတယ္။

၂။ အႏုပညာနဲ႔ ေဖာ္ထုတ္ခြင့္ေပးပါ

ဆယ္ေက်ာ္သက္ေတြ စိတ္ဖိစီးမႈ ေျဖေလွ်ာ့ဖို႔အတြက္ ေနာက္ထပ္ အားေကာင္းတဲ့နည္းလမ္းတစ္ခုကေတာ့ အႏုပညာကေနတစ္ဆင့္ သူတို႔ကိုယ္သူတို႔ ေဖာ္ထုတ္ဖို႔ တိုက္တြန္းတာပါ။ အက်ပ္အတည္းႀကဳံေနရသူေတြထဲက ၁၆ရာခိုင္ႏႈန္းဟာ ဂီတ၊ စာေရးျခင္း၊ ပုံဆြဲျခင္း၊ ျပဇာတ္ နဲ႔ အျခားအႏုပညာေတြမွာ ပါဝင္ျခင္းက အက်ိဳးရွိတယ္လို႔ ေျပာခဲ့ပါတယ္။အႏုပညာနဲ႔ ပတ္သက္တဲ့ ဖန္တီးမႈေတြ လုပ္ေဆာင္ျခင္းက စိတ္က်န္းမာေရးနဲ႔ ေပ်ာ္႐ႊင္မႈကို တိုးျမႇင့္ေပးၿပီး အပ်က္သေဘာေဆာင္တဲ့ ခံစားခ်က္ေတြကို ေလွ်ာ့ခ်ေပးပါတယ္။ ဖန္တီးမႈ လႈပ္ရွားမႈေတြမွာ ပါဝင္ျခင္းဟာ အေကာင္းျမင္စိတ္ကို ျဖစ္ေပၚေစၿပီး ပိုၿပီး ဖန္တီးမႈေတြ ဆက္လုပ္ခ်င္စိတ္ကို ျဖစ္ေစတဲ့ ေကာင္းမြန္တဲ့ သံသရာကို ဖန္တီးေပးပါတယ္။

၃။ ပညာရွင္အကူအညီ ရယူပါ

အက်ပ္အတည္းေတြ ႀကဳံေတြ႕ေနရတဲ့ လူငယ္ေတြအတြက္ စိတ္က်န္းမာေရး ပညာရွင္ရဲ႕ အကူအညီ ရယူဖို႔က အေရးႀကီးပါတယ္။ အခ်က္အလက္ေတြအရ ၁၀ ရာခိုင္ႏႈန္း ဟာ စိတ္က်န္းမာေရး ဝန္ေဆာင္မႈေတြ၊ ကုထုံးေတြ၊ ဆရာဝန္နဲ႔ ျပသတာေတြ ဒါမွမဟုတ္ ေဆးေသာက္တာေတြက သူတို႔ကို ကူညီေပးတယ္လို႔ ေျပာခဲ့ၾကပါတယ္။

၄။ ကိုယ္လက္လႈပ္ရွားမႈ လုပ္ပါ

ခက္ခဲတဲ့အခ်ိန္ေတြမွာ ကိုယ္လက္လႈပ္ရွားမႈ လုပ္တာက ဆယ္ေက်ာ္သက္ေတြအတြက္ အလြန္ အေထာက္အကူျပဳၿပီး ေပ်ာ္႐ႊင္မႈကို ျဖစ္ေပၚေစ ပါတယ္။ ၈ရာခိုင္ႏႈန္းကေတာ့ ေလ့က်င့္ခန္း ဒါမွမဟုတ္ အားကစားေတြ (ေျပးတာ၊ ေယာဂက်င့္တာ၊ အားကစားအသင္းမွာ ပါဝင္တာ) က သူတို႔အတြက္ အက်ိဳးရွိတယ္လို႔ ဆိုပါတယ္။
ေလ့က်င့္ခန္းလုပ္ျခင္းဟာ ေပ်ာ္႐ႊင္မႈနဲ႔ ခိုင္မာစြာ ဆက္စပ္ေနၿပီး အနည္းငယ္မွ်ေသာ လႈပ္ရွားမႈ ေတြကေတာင္ စိတ္ခ်မ္းသာမႈကို အျပဳသေဘာေဆာင္တဲ့ အက်ိဳးသက္ေရာက္မႈ ရွိေစပါတယ္။ ေျပးျခင္းက ရယ္ေမာေပ်ာ္႐ႊင္မႈ ခံစားခ်က္ကို ျဖစ္ေပၚေစတဲ့ ဒိုပါမင္းနဲ႔ အန္ေဒၚဖင္ တို႔ကို ထုတ္လႊတ္ေပးတဲ့အတြက္ စိတ္ခံစားမႈနဲ႔ မွတ္ဉာဏ္ကို တိုးတက္ေစပါတယ္။

၅။ စာဖတ္ပါ

စာဖတ္ျခင္းဟာ ကြၽႏ္ုပ္တို႔အားလုံးအတြက္ အက်ိဳးေက်းဇူးမ်ားစြာ ရွိပါတယ္။ အက်ပ္အတည္း ႀကဳံေတြ႕ေနရတဲ့ ဆယ္ေက်ာ္သက္ေတြထဲက ၆ရာခိုင္ႏႈန္းက စာအုပ္ဖတ္ျခင္း၊ အသံထြက္စာအုပ္ နားေထာင္ျခင္းနဲ႔ စာၾကည့္တိုက္သြားျခင္းတို႔က သူတို႔အတြက္ အေထာက္အကူျဖစ္တယ္လို႔ ဆိုပါတယ္။စာဖတ္ျခင္းက က်န္းမာေရးနဲ႔ အသက္ရွည္ဖို႔ကို ျမႇင့္တင္ေပးႏိုင္ၿပီး ပိုေကာင္းတဲ့ ေတြးေခၚမႈနဲ႔ မွတ္ဉာဏ္ကို အေထာက္အကူျပဳပါတယ္။ စိတ္ဖိစီးမႈ ခံစားေနရသူေတြအတြက္ စာဖတ္ျခင္းက ဇာတ္လမ္းထဲက လူေတြရဲ႕ ေနရာမွာ ဝင္ေရာက္ခံစားၾကည့္ျခင္းျဖင့္ စာနာနားလည္မႈကို တိုးျမႇင့္ေပးၿပီး စိတ္ခံစားခ်က္ေတြကို ပိုမိုေကာင္းမြန္ေစပါတယ္။

၆။ အျပင္ထြက္ပါ

ဆယ္ေက်ာ္သက္ေတြကို ကူညီေပးမယ့္ ေနာက္ထပ္ နည္းလမ္းေကာင္းတစ္ခုကေတာ့ အျပင္ထြက္ၿပီး သဘာဝပတ္ဝန္းက်င္မွာ အခ်ိန္ကုန္ဆုံးဖို႔ တိုက္တြန္းတာပါ။ Crisis Text Line ရဲ႕ စာရင္းမွာ ပါဝင္သူေတြထဲက ၅ရာခိုင္ႏႈန္း ဟာ ပန္းၿခံေတြသြားတာ၊ ေတာင္တက္တာလိုမ်ိဳး သဘာဝပတ္ဝန္းက်င္မွာ ရွိေနျခင္းက အထူးအက်ိဳးရွိတယ္လို႔ ဆိုခဲ့ၾကပါတယ္။သုေတသနေတြအရ သဘာဝပတ္ဝန္းက်င္မွာ ရွိေနျခင္းက ေတြးေခၚမႈနဲ႔ မွတ္ဉာဏ္ ကို တိုးတက္ေစႏိုင္ၿပီး တီထြင္ဖန္တီးႏိုင္စြမ္း၊ ယုံၾကည္မႈနဲ႔ စိတ္ဓာတ္ခိုင္မာမႈကို ျမႇင့္တင္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ အျခားသူေတြနဲ႔ ပိုမိုခ်ိတ္ဆက္မႈကို ခံစားရေစၿပီး ပိုေကာင္းတဲ့ ဆက္သြယ္မႈကို ျဖစ္ေပၚေစႏိုင္ပါတယ္။

နားေထာင္ေပးၿပီး စာနာမႈႏွင့္ ဂ႐ုဏာကို ေဖာ္ျပတဲ့အခါ လူငယ္မ်ားအတြက္ သင္ ရွိေနေၾကာင္း အၿမဲျပသပါ။ ဆယ္ေက်ာ္သက္မ်ား စိတ္ဖိစီးမႈ စီမံခန႔္ခြဲရာတြင္ ကူညီရန္ ႐ိုးရွင္းေသာ နည္းလမ္းမ်ားစြာ ရွိေပမဲ့ သင္ရဲ႕ ဂ႐ုစိုက္မႈနဲ႔ အာ႐ုံစိုက္မႈက သူတို႔အတြက္အ ဓိက အက်ိဳးေက်းဇူး ျဖစ္ေစတယ္ဆိုတာကို သတိခ်ပ္ေစခ်င္ပါတယ္။

ေက်ာ့ေကခိုင္

 

Be the first to comment

Leave a Reply

Your email address will not be published.


*