အလုပ်ခွင်မှာ အစည်းအဝေးတွေဟာ သင့်ရဲ့ ခေါင်းဆောင်မှု အလားအလာ နဲ့ ကိုယ်ပိုင်ပုံရိပ်ကို တည်ဆောက်ပြသဖို့အတွက် အစွမ်းအထက်ဆုံး နေရာတွေပဲ ဖြစ်ပါတယ်။ အစည်းအဝေးတစ်ခုကို ရိုးရိုးလေး တက်ရောက်တာထက်စာရင် ဒီရိုးရှင်းတဲ့ အမူအကျင့် (၃) မျိုးကို ကျင့်သုံးခြင်းဖြင့် သင်ဟာ အနာဂတ် ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ထင်ရှားစွာ ပြသနိုင်မှာ ဖြစ်တယ်ဆိုတာကို ဝီလျှံ အာရုဒါက ဖော့ဘ်စ်မဂ္ဂဇင်းမှာ အခုလိုရေးသားထားပါတယ်။
ပြင်ဆင်မှု အပြည့်အဝဖြင့် စောစီးစွာ ရောက်ရှိပါ
ခေါင်းဆောင်မှုရဲ့ ပထမဆုံးခြေလှမ်းက အစည်းအဝေးခန်းထဲ မဝင်ခင် ဒါမှမဟုတ် အွန်လိုင်းက ဆိုရင်လည်း “Join Meeting” ကို မနှိပ်ခင်မှာ စတင်ပါတယ်။ ကြိုတင်ပြင်ဆင်မှုဟာ ပရော်ဖက်ရှင်နယ်ဆန်မှုရဲ့ အဓိက သော့ချက်ဖြစ်ပြီး သင် အစည်းအဝေးကို အလေးအနက်ထားကြောင်း ပြသတဲ့ အချက်ပါပဲ။အစီအစဉ်ကို ကြိုတင်သုံးသပ်ပြီး ဆွေးနွေးမယ့် အကြောင်းအရာတွေကို သေသေချာချာ ဖတ်ရှုပါ။ သင့်ဆီက ဘယ်လို အမြင်များ၊ ဆုံးဖြတ်ချက်များ၊ ဒါမှမဟုတ် ခွင့်ပြုချက် တွေကို လိုအပ်သလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိထားရပါမယ်။ပံ့ပိုးကူညီနိုင်မယ့် အချက်များ စဉ်းစားပြီး အစည်းအဝေးမှာ သင် ဘယ်လို တန်ဖိုးထပ်တိုးပေးနိုင်မလဲ၊ ဘယ်သူ့ကို ချီးကျူးဂုဏ်ပြု ပေးနိုင်မလဲဆိုတာကို ကြိုစဉ်းစားထားပါ။စမတ်ကျတဲ့ မေးခွန်းများ ပြင်ဆင်ပြီး အစည်းအဝေးကို တိကျပြတ်သားစေဖို့အတွက် အဓိပ္ပာယ်ရှိတဲ့၊ ရှင်း လင်းချက် တောင်းဆိုတဲ့ မေးခွန်းများ ကို ကြိုတင်စဉ်းစားထားခြင်းဖြင့် သင်ဟာ အဖွဲ့လိုက် ရည်မှန်းချက်ကို ဦးတည်သူ ဖြစ်ကြောင်း ပြသနိုင်ပါတယ်။အစည်းအဝေးမှာ စောစီးစွာ ရောက်ရှိခြင်း အားဖြင့် သင်ဟာ အဆင်သင့်ရှိပြီး လေးစားမှုရှိသူ ဖြစ်ကြောင်း အချက်ပြနိုင်ပါတယ်။
စိတ်ဝင်တစား တက်ကြွစွာ ပါဝင် ဆက်သွယ်ပါ
အစည်းအဝေးမှာ သင့်အလှည့်ပြီးသွားတာနဲ့ အာရုံစူးစိုက်မှု လျော့ကျသွားခြင်းဟာ လုပ်တတ်တဲ့ အမှားတစ်ခုပါ။ ခေါင်းဆောင်တွေဟာ အစမှအဆုံး တက်ကြွစွာ ပါဝင်ပတ်သက် နေပါတယ်။ ဒါမှသာ သင်ဟာ ရလဒ်တွေနဲ့ အဖွဲ့ရဲ့ အောင်မြင်မှုကို တကယ်ပဲ ဂရုစိုက်ကြောင်း ထင်ရှားမှာပါ။အမြင်ဖြင့် နားထောင်ခြင်းကို အသုံးပြုပါ။ မျက်လုံးချင်းဆုံပြီး ခေါင်းညိတ်ခြင်း၊ မှတ်စုယူခြင်း တို့က သင် အမှန်တကယ် နားထောင်နေကြောင်း ပြသတဲ့ အရေးကြီးတဲ့ အပြုအမူတွေပဲဖြစ်ပါတယ်။
အကြောင်းအရာများကို ချိတ်ဆက်ပေးပြီးအစည်းအဝေးမှာ အရင်ပြောပြီးသား အကြောင်းအရာတွေကို ရည်ညွှန်းပြောဆိုခြင်း၊ ဒါမှမဟုတ် နောင်လာမယ့် အစီအစဉ်အပေါ် စိတ်ဝင်စားကြောင်း ဖော်ပြခြင်းအားဖြင့် သင်ဟာ ပုံရိပ်တစ်ခုလုံးကို စိတ်ဝင်စားသူ ဖြစ်ကြောင်း ပြသနိုင်ပါတယ်။စကားဝိုင်းကို ရှေ့ဆက်စေပြီး သင် ကြားသိနားလည်လိုက်တဲ့ အချက်တွေကို အကျဉ်းချုပ် ပြောပြခြင်း၊ ပြီးရင် နောက်ထပ် လုပ်ဆောင်ရမယ့် အဆင့်နဲ့ တာဝန်ယူရမယ့်သူကို အဆိုပြုပေးခြင်းဖြင့် သင်ဟာ တိုး တက်မှုကို အာရုံစိုက်တဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ရပ်တည်နိုင်ပါတယ်။
ဗီဒီယို အစည်းအဝေးတွင် ထင်သာမြင်သာ ရှိပါစေ
Virtual Meeting တွေဟာ ကိုယ်တိုင်တွေ့ဆုံတာထက် အရေးမကြီးဘူးလို့ ထင်ရပေမယ့်၊ ဒီမှာလည်း ခေါင်းဆောင်မှုပြသဖို့ အခွင့်အရေး အပြည့်အဝရှိပါတယ်။ မျက်နှာပြင်တစ်ခုက သင့်ရဲ့ ထင်ရှားမှုကို လျော့နည်းစေတဲ့အတွက် ပိုပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ဖို့ လိုပါတယ်။သင်ဟာ အစည်းအဝေးထဲမှာ အပြည့်အဝရှိနေတယ် ဆိုတာကို ပြသဖို့ ကင်မရာကို ဖွင့်ထားပါ။ သင့်တော်တဲ့ အလင်းရောင်၊ ကင်မရာ၊ မျက်အလုံးနဲ့ အပြုံးတို့က သင့်ရဲ့ ပုံရိပ်ကို ပိုမို ကောင်းမွန်စေပါတယ်။အခြား အလုပ်များ လုပ်ခြင်းကို ရှောင်ပါ။ စခရင်နောက်ကွယ်မှာ တခြားအလုပ်တွေ တစ်ပြိုင်နက် လုပ်ချင်စိတ်ကို ထိန်းချုပ်ပါ။ သင်ဟာ အစည်းအဝေးတစ်ခုလုံးကို အာရုံ စိုက် နေကြောင်း မြင်သာအောင် ပြသပါ။ Chat Box ကို အသုံးပြုပြီး အခြားသူတွေရဲ့ အမြင်တွေကို အားပေးထောက်ခံတာ ဒါမှမဟုတ် နောက်ထပ် လိုအပ်မယ့် အဆင့်တွေကို ချက်ချင်း မှတ်တမ်းတင်ခြင်း စတဲ့ အပြုအမူတွေက သင်ဟာ တက်ကြွတဲ့ ခေါင်းဆောင် ဖြစ်ကြောင်း ဖော်ပြပါတယ်။
အစည်းအဝေးတွေဟာ ကိုယ်တိုင်ရဲ့ ကျွမ်းကျင်မှု ကို မိတ်ဆက်ပေးရုံသာမက အနာဂတ် ခေါင်းဆောင် တွေကို ဖော်ထုတ်တဲ့ မရှိမဖြစ်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အထက်ပါ ရိုးရှင်းတဲ့ အချက် (၃) ချက်ဖြစ်တဲ့ ပြင်ဆင်မှု၊ တက်ကြွစွာ ပါဝင်မှု၊ နဲ့ Virtual Meeting များတွင် ထင်သာမြင်သာရှိမှု တို့ကို ကျင့်သုံးခြင်းဖြင့် သင်ဟာ သင့်ရဲ့ ကိုယ်ပိုင်ပုံရိပ်ကို မြှင့်တင်ပြီး ပိုမိုမြင့်မားတဲ့ ရာထူးဆီသို့ ခြေလှမ်းလှမ်းနိုင်မှာ ဖြစ်ပါတယ်။
ကျော့ကေခိုင်
zawgyi
အလုပ္ခြင္မွာ အစည္းအေဝးေတြဟာ သင့္ရဲ႕ ေခါင္းေဆာင္မႈ အလားအလာ နဲ႔ ကိုယ္ပိုင္ပုံရိပ္ကို တည္ေဆာက္ျပသဖို႔အတြက္ အစြမ္းအထက္ဆုံး ေနရာေတြပဲ ျဖစ္ပါတယ္။ အစည္းအေဝးတစ္ခုကို ႐ိုး႐ိုးေလး တက္ေရာက္တာထက္စာရင္ ဒီ႐ိုးရွင္းတဲ့ အမူအက်င့္ (၃) မ်ိဳးကို က်င့္သုံးျခင္းျဖင့္ သင္ဟာ အနာဂတ္ ေခါင္းေဆာင္တစ္ဦးျဖစ္ေၾကာင္း ထင္ရွားစြာ ျပသႏိုင္မွာ ျဖစ္တယ္ဆိုတာကို ဝီလွ်ံ အာ႐ုဒါက ေဖာ့ဘ္စ္မဂၢဇင္းမွာ အခုလိုေရးသားထားပါတယ္။
ျပင္ဆင္မႈ အျပည့္အဝျဖင့္ ေစာစီးစြာ ေရာက္ရွိပါ
ေခါင္းေဆာင္မႈရဲ႕ ပထမဆုံးေျခလွမ္းက အစည္းအေဝးခန္းထဲ မဝင္ခင္ ဒါမွမဟုတ္ အြန္လိုင္းက ဆိုရင္လည္း “Join Meeting” ကို မႏွိပ္ခင္မွာ စတင္ပါတယ္။ ႀကိဳတင္ျပင္ဆင္မႈဟာ ပေရာ္ဖက္ရွင္နယ္ဆန္မႈရဲ႕ အဓိက ေသာ့ခ်က္ျဖစ္ၿပီး သင္ အစည္းအေဝးကို အေလးအနက္ထားေၾကာင္း ျပသတဲ့ အခ်က္ပါပဲ။အစီအစဥ္ကို ႀကိဳတင္သုံးသပ္ၿပီး ေဆြးေႏြးမယ့္ အေၾကာင္းအရာေတြကို ေသေသခ်ာခ်ာ ဖတ္ရႈပါ။ သင့္ဆီက ဘယ္လို အျမင္မ်ား၊ ဆုံးျဖတ္ခ်က္မ်ား၊ ဒါမွမဟုတ္ ခြင့္ျပဳခ်က္ ေတြကို လိုအပ္သလဲဆိုတာကို ရွင္းရွင္းလင္းလင္း သိထားရပါမယ္။ပံ့ပိုးကူညီႏိုင္မယ့္ အခ်က္မ်ား စဥ္းစားၿပီး အစည္းအေဝးမွာ သင္ ဘယ္လို တန္ဖိုးထပ္တိုးေပးႏိုင္မလဲ၊ ဘယ္သူ႔ကို ခ်ီးက်ဴးဂုဏ္ျပဳ ေပးႏိုင္မလဲဆိုတာကို ႀကိဳစဥ္းစားထားပါ။စမတ္က်တဲ့ ေမးခြန္းမ်ား ျပင္ဆင္ၿပီး အစည္းအေဝးကို တိက်ျပတ္သားေစဖို႔အတြက္ အဓိပၸာယ္ရွိတဲ့၊ ရွင္း လင္းခ်က္ ေတာင္းဆိုတဲ့ ေမးခြန္းမ်ား ကို ႀကိဳတင္စဥ္းစားထားျခင္းျဖင့္ သင္ဟာ အဖြဲ႕လိုက္ ရည္မွန္းခ်က္ကို ဦးတည္သူ ျဖစ္ေၾကာင္း ျပသႏိုင္ပါတယ္။အစည္းအေဝးမွာ ေစာစီးစြာ ေရာက္ရွိျခင္း အားျဖင့္ သင္ဟာ အဆင္သင့္ရွိၿပီး ေလးစားမႈရွိသူ ျဖစ္ေၾကာင္း အခ်က္ျပႏိုင္ပါတယ္။
စိတ္ဝင္တစား တက္ႂကြစြာ ပါဝင္ ဆက္သြယ္ပါ
အစည္းအေဝးမွာ သင့္အလွည့္ၿပီးသြားတာနဲ႔ အာ႐ုံစူးစိုက္မႈ ေလ်ာ့က်သြားျခင္းဟာ လုပ္တတ္တဲ့ အမွားတစ္ခုပါ။ ေခါင္းေဆာင္ေတြဟာ အစမွအဆုံး တက္ႂကြစြာ ပါဝင္ပတ္သက္ ေနပါတယ္။ ဒါမွသာ သင္ဟာ ရလဒ္ေတြနဲ႔ အဖြဲ႕ရဲ႕ ေအာင္ျမင္မႈကို တကယ္ပဲ ဂ႐ုစိုက္ေၾကာင္း ထင္ရွားမွာပါ။အျမင္ျဖင့္ နားေထာင္ျခင္းကို အသုံးျပဳပါ။ မ်က္လုံးခ်င္းဆုံၿပီး ေခါင္းညိတ္ျခင္း၊ မွတ္စုယူျခင္း တို႔က သင္ အမွန္တကယ္ နားေထာင္ေနေၾကာင္း ျပသတဲ့ အေရးႀကီးတဲ့ အျပဳအမူေတြပဲျဖစ္ပါတယ္။
အေၾကာင္းအရာမ်ားကို ခ်ိတ္ဆက္ေပးၿပီးအစည္းအေဝးမွာ အရင္ေျပာၿပီးသား အေၾကာင္းအရာေတြကို ရည္ၫႊန္းေျပာဆိုျခင္း၊ ဒါမွမဟုတ္ ေနာင္လာမယ့္ အစီအစဥ္အေပၚ စိတ္ဝင္စားေၾကာင္း ေဖာ္ျပျခင္းအားျဖင့္ သင္ဟာ ပုံရိပ္တစ္ခုလုံးကို စိတ္ဝင္စားသူ ျဖစ္ေၾကာင္း ျပသႏိုင္ပါတယ္။စကားဝိုင္းကို ေရွ႕ဆက္ေစၿပီး သင္ ၾကားသိနားလည္လိုက္တဲ့ အခ်က္ေတြကို အက်ဥ္းခ်ဳပ္ ေျပာျပျခင္း၊ ၿပီးရင္ ေနာက္ထပ္ လုပ္ေဆာင္ရမယ့္ အဆင့္နဲ႔ တာဝန္ယူရမယ့္သူကို အဆိုျပဳေပးျခင္းျဖင့္ သင္ဟာ တိုး တက္မႈကို အာ႐ုံစိုက္တဲ့ ေခါင္းေဆာင္တစ္ဦးအျဖစ္ ရပ္တည္ႏိုင္ပါတယ္။
ဗီဒီယို အစည္းအေဝးတြင္ ထင္သာျမင္သာ ရွိပါေစ
Virtual Meeting ေတြဟာ ကိုယ္တိုင္ေတြ႕ဆုံတာထက္ အေရးမႀကီးဘူးလို႔ ထင္ရေပမယ့္၊ ဒီမွာလည္း ေခါင္းေဆာင္မႈျပသဖို႔ အခြင့္အေရး အျပည့္အဝရွိပါတယ္။ မ်က္ႏွာျပင္တစ္ခုက သင့္ရဲ႕ ထင္ရွားမႈကို ေလ်ာ့နည္းေစတဲ့အတြက္ ပိုၿပီး ရည္႐ြယ္ခ်က္ရွိရွိ လုပ္ေဆာင္ဖို႔ လိုပါတယ္။သင္ဟာ အစည္းအေဝးထဲမွာ အျပည့္အဝရွိေနတယ္ ဆိုတာကို ျပသဖို႔ ကင္မရာကို ဖြင့္ထားပါ။ သင့္ေတာ္တဲ့ အလင္းေရာင္၊ ကင္မရာ၊ မ်က္အလုံးနဲ႔ အၿပဳံးတို႔က သင့္ရဲ႕ ပုံရိပ္ကို ပိုမို ေကာင္းမြန္ေစပါတယ္။အျခား အလုပ္မ်ား လုပ္ျခင္းကို ေရွာင္ပါ။ စခရင္ေနာက္ကြယ္မွာ တျခားအလုပ္ေတြ တစ္ၿပိဳင္နက္ လုပ္ခ်င္စိတ္ကို ထိန္းခ်ဳပ္ပါ။ သင္ဟာ အစည္းအေဝးတစ္ခုလုံးကို အာ႐ုံ စိုက္ ေနေၾကာင္း ျမင္သာေအာင္ ျပသပါ။ Chat Box ကို အသုံးျပဳၿပီး အျခားသူေတြရဲ႕ အျမင္ေတြကို အားေပးေထာက္ခံတာ ဒါမွမဟုတ္ ေနာက္ထပ္ လိုအပ္မယ့္ အဆင့္ေတြကို ခ်က္ခ်င္း မွတ္တမ္းတင္ျခင္း စတဲ့ အျပဳအမူေတြက သင္ဟာ တက္ႂကြတဲ့ ေခါင္းေဆာင္ ျဖစ္ေၾကာင္း ေဖာ္ျပပါတယ္။
အစည္းအေဝးေတြဟာ ကိုယ္တိုင္ရဲ႕ ကြၽမ္းက်င္မႈ ကို မိတ္ဆက္ေပး႐ုံသာမက အနာဂတ္ ေခါင္းေဆာင္ ေတြကို ေဖာ္ထုတ္တဲ့ မရွိမျဖစ္တဲ့ ေနရာတစ္ခုလည္း ျဖစ္ပါတယ္။ အထက္ပါ ႐ိုးရွင္းတဲ့ အခ်က္ (၃) ခ်က္ျဖစ္တဲ့ ျပင္ဆင္မႈ၊ တက္ႂကြစြာ ပါဝင္မႈ၊ နဲ႔ Virtual Meeting မ်ားတြင္ ထင္သာျမင္သာရွိမႈ တို႔ကို က်င့္သုံးျခင္းျဖင့္ သင္ဟာ သင့္ရဲ႕ ကိုယ္ပိုင္ပုံရိပ္ကို ျမႇင့္တင္ၿပီး ပိုမိုျမင့္မားတဲ့ ရာထူးဆီသို႔ ေျခလွမ္းလွမ္းႏိုင္မွာ ျဖစ္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply