အလုပ်နဲ့ဘဝ ဟန်ချက်ညီဖို့ဆိုတာ ဒဏ္ဍာရီဖြစ်သွားပြီလား

ကနေ့ခေတ်မှာ အလုပ်နဲ့ဘဝဟန်ချက်ညီဖို့ထက် လက်တွေ့ကျတဲ့ “ပေါင်းစပ်မှု” ကို ရှာဖွေကြည့်ဖို့ ပြောဆိုလာကြပါတယ်။ နှစ်တွေအကြာကြီး အလုပ်နဲ့ ဘဝကို ပြီးပြည့်စုံတဲ့ ဟန်ချက်ညီမှု (Balance) ရဖို့ ကြိုးစားခဲ့ကြရပါတယ်။ အဲဒါကို သီးခြား သေတ္တာနှစ်ခု လို ခွဲခြားပြီး နေ့တိုင်း ညီမျှနေအောင် ဖိအားပေးခဲ့ကြပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အလုပ်-ဘဝ ဟန်ချက်ညီမှု ဆိုတာ ဒဏ္ဍာရီ တစ်ခုလို ဖြစ်နေပါပြီ။ ဝန်ထမ်း ၅၉ရာခိုင်နှုန်းက ဟန်ချက်မ ညီလို့ဆိုပြီး အလုပ်ထွက်ဖို့ စဉ်းစားဖူးတယ်ဆိုတဲ့ ဒီစံနှုန်းဟာ စိတ်ဖိစီးမှုနဲ့ မကျေနပ်မှုကိုပဲ ပိုဖြစ်စေတယ်ဆိုတာ ပြသနေပါတယ်။

ဒါကြောင့် ဟန်ချက်ညီမှုကို လိုက်ရှာမယ့်အစား ပိုပြီး ရေရှည်တည်တံ့မယ့်၊ လက်တွေ့ကျမယ့် “ပေါင်းစပ်မှု” (Integration) ပုံစံကိုပြောင်း လဲဖို့ အချိန်ရောက်နေပါပြီလို့ ဆိုကြတာပဲဖြစ်ပါတယ်။

ဟန်ချက်ညီမှုက ဘာလို့ ဒဏ္ဍာရီဖြစ်ရတာလဲ

အလုပ်နဲ့ ဘဝက ရောယှက်နေတာ၊ ခွဲလို့မရသလိုအားလုံးက အလုပ်မှာ တစ်ဘဝ၊ အပြင်မှာ တစ်ဘဝ နေထိုင်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အီးမေးလ်၊ ကိုယ့်မိသားစု၊ ကိုယ့်ကျန်းမာရေးအားလုံးက အချိန်တိုင်း တစ်ခုနဲ့တစ်ခု ထပ်နေပါတယ်။ သူတို့ကို တင်းတင်းကျပ်ကျပ် ခွဲခြားဖို့ ကြိုးစားရင် ကလေးဖျားတာမျိုး၊ အရေးပေါ်ကိစ္စမျိုး ကြုံလာတဲ့အခါ ပဋိပက္ခပဲ ဖြစ်စေပါတယ်။ ခွဲခြားမယ့်အစား သူတို့ကို စနစ်တစ်ခုတည်းရဲ့ အစိတ်အပိုင်းတွေလို မြင်လိုက်ပါ။

တကယ်တော့ လိုအပ်တာက ပြီးပြည့်စုံမှု မဟုတ်ပါဘူး၊ ပြောင်းလွယ်ပြင်လွယ်ဖြစ်မှုပါလို့ Forbes မဂ္ဂဇင်းရဲ့ ပင်တိုင်ဆောင်းပါးရှင် ရှို ဒီဝမ်က ရေးသားထားပါတယ်။

ဟန်ချက်ညီမှုဆိုတာက ကိုယ် အမြဲတမ်း ထိန်းသိမ်းထားရမယ့် စံပြအခြေအနေ တစ်ခုကို ပြောတာဖြစ်ပြီး ဒီလိုမျိုးက လက်တွေ့မကျပါဘူး။ တချို့အပတ်တွေမှာ အလုပ်က ပိုလိုအပ်သလို၊ တချို့အပတ်တွေမှာ ကိုယ်ပိုင်ကိစ္စတွေက ပိုအရေးကြီးလာနိုင်ပါတယ်။ နေ့တိုင်း ညီမျှနေအောင် အတင်းလုပ်တာက ပင်ပန်းရုံပဲရှိပြီး အလုပ်များတဲ့အခါ လူမှုရေးကို လျှော့ချလိုက်ပါလို့ သူက ဆိုထားပါတယ်။။

နောက်တချက်ကတော့ နည်းပညာကြောင့် စည်းဘောင်တွေကို ကိုယ်တိုင် ဖန်တီးဖို့ လိုတယ်ဆိုတဲ့ အချက်ပါ။နည်းပညာကြောင့် အလုပ်က ကိုယ့်လက်ထဲမှာ အမြဲရှိနေပါတယ်။ ဖုန်းသတိပေးချက်တွေက ကိုယ့်အချိန်တွေကို အလွယ်တကူ ဝင်ရောက်နှောင့်ယှက်နိုင်တယ်။ ဒါကြောင့် စည်းဘောင်တွေကို တက်ကြွစွာ သတ်မှတ်ဖို့ လိုပါတယ်။ ညနေဘက်ဆို မလိုအပ်တဲ့ Notification တွေကို ပိတ်ပါ၊ Do Not Disturb ကို သုံးပါ၊ အလုပ်ချိန်ပြီးရင် ကွန်ပျူတာ ပိတ်တာ၊ လမ်းလျှောက်တာမျိုးလို အဆုံးသတ် ထုံးတမ်းစဉ်လာ လေးတွေ ဖန်တီးထားပါ။

ဟန်ချက်ညီအောင် ကြိုးစားတာက စိတ်ဖိစီးမှုပဲ ပေးပေမယ့် ပေါင်းစပ်မှု ကတော့ ရေရှည်တည်တံ့မှုကို ဖန်တီးပေးပါတယ်။ အလုပ်မလုပ်ရသေးလို့ အပြစ်ရှိသလို ခံစားနေမယ့်အစား၊ ကိုယ့်ပန်းတိုင်နှစ်ခုလုံးကို အထောက်အပံ့ပေးမယ့် စည်းချက်တွေကို ဖန်တီးဖို့ ရည်ရွယ်သင့်တယ်လို့ ရှိုက ပြောထားပါတယ်။

လိုက်လျောညီထွေရှိတဲ့ အစီအစဉ်ဆွဲပါ

တင်းကျပ်တဲ့ ဇယားတွေအစား ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ အချိန်အပိုင်းအခြား ကို ရည်ရွယ်ပါ။ နေ့လယ်ဘက် ကိုယ်ပိုင်ချိန်းဆိုမှု ရှိရင် အလုပ်ကို မနက်စောစော သို့မဟုတ် ညနေဘက်ကို ရွှေ့လိုက်ပါ။ ကိုယ့်ပြက္ခဒိန်မှာ အလုပ်နဲ့ ဘဝကို ရောနှောပြီး တစ်ခုတည်းသော စနစ်လို မြင်သာအောင် အရောင်တွေနဲ့ မှတ်သားပါ။

ဘဝကို တစ်ခုတည်းအဖြစ် ရှုမြင်ပါ

တစ်ရက်တာလုံး ပြီးပြည့်စုံနေဖို့ မလိုပါဘူး။ တစ်ပတ် ဒါမှမဟုတ် တစ်လတာ စိတ်ကျေနပ်မှုကိုပဲ ကြည့်ပါ။ တစ်ဖက်က ပိုပြီး အာရုံစိုက်ရမယ့် အချိန်တွေ ရှိလာနိုင်တယ်ဆိုတာ လက်ခံလိုက်ပါ။ အရေးကြီးတာက အချိန်ကာလတစ်ခုအတွင်းမှာ ဟန်ချက်ညီမှုဆီ ပြန်ရောက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။

တစ်ပြိုင်နက်တည်း အကျိုးပြုတဲ့ လုပ်ရိုးလုပ်စဉ်တွေ တည်ဆောက်ပါ

ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝနဲ့ အလုပ်ကို အတူတူ ရောစပ်လိုက်ပါ။ ဥပမာ အစည်းအဝေးတစ်ခုမှာ ပါဝင်ရင်း လမ်းလျှောက်ပြီး ဖုန်းပြောခြင်း (အလုပ်နဲ့ ကျန်းမာရေးကို ပေါင်းစပ်တာ)။ အလုပ်အတွက် လေ့လာသင်ယူရမယ့် စာအုပ်တစ်အုပ်ကို မိသားစုနဲ့အတူ အတူတူ ဖတ်ရှုခြင်း (သင်ယူမှုနဲ့ မိသားစုအချိန်ကို ပေါင်းစပ်တာ)။ အလုပ်-ဘဝ ဟန်ချက်ညီမှုဆိုတဲ့ စကားလုံးက ကောင်းပေမယ့် လက်တွေ့ဘဝနဲ့ မကိုက်ညီတဲ့ စံနှုန်းတစ်ခုပါ။ ဒီအတွေးအခေါ်ကို ပြောင်းဖို့ အချိန်ယူရပါလိမ့်မယ်။

ပြီးပြည့်စုံတဲ့ ဟန်ချက်ညီမှုကို ရဖို့ သင် ကြိုးစားနေစရာ မလိုပါဘူး။ ဒီအပတ်မှာ အကန့်တွေခွဲပြီး ချိန်ညှိတာမျိုးနဲ့ စတင်ကြည့်ပါ။ ဒီသေးငယ်တဲ့ ပြောင်းလဲမှုကပဲ သင့်ဘဝကို အလုပ်နဲ့ ပြိုင်ဆိုင်နေရတဲ့ စနစ်တစ်ခုအဖြစ် မဟုတ်ဘဲ အချင်းချင်း အထောက်အပံ့ပေးတဲ့ ပုံစံအ ဖြစ် ခံစားရစေမှာဖြစ်ပါတယ်။

ကျော့ကေခိုင်

zawgyi

ကေန႔ေခတ္မွာ အလုပ္နဲ႔ဘဝဟန္ခ်က္ညီဖို႔ထက္ လက္ေတြ႕က်တဲ့ “ေပါင္းစပ္မႈ” ကို ရွာေဖြၾကည့္ဖို႔ ေျပာဆိုလာၾကပါတယ္။ ႏွစ္ေတြအၾကာႀကီး အလုပ္နဲ႔ ဘဝကို ၿပီးျပည့္စုံတဲ့ ဟန္ခ်က္ညီမႈ (Balance) ရဖို႔ ႀကိဳးစားခဲ့ၾကရပါတယ္။ အဲဒါကို သီးျခား ေသတၱာႏွစ္ခု လို ခြဲျခားၿပီး ေန႔တိုင္း ညီမွ်ေနေအာင္ ဖိအားေပးခဲ့ၾကပါတယ္။ ဒါေပမဲ့ လက္ေတြ႕မွာေတာ့ အလုပ္-ဘဝ ဟန္ခ်က္ညီမႈ ဆိုတာ ဒ႑ာရီ တစ္ခုလို ျဖစ္ေနပါၿပီ။ ဝန္ထမ္း ၅၉ရာခိုင္ႏႈန္းက ဟန္ခ်က္မ ညီလို႔ဆိုၿပီး အလုပ္ထြက္ဖို႔ စဥ္းစားဖူးတယ္ဆိုတဲ့ ဒီစံႏႈန္းဟာ စိတ္ဖိစီးမႈနဲ႔ မေက်နပ္မႈကိုပဲ ပိုျဖစ္ေစတယ္ဆိုတာ ျပသေနပါတယ္။

ဒါေၾကာင့္ ဟန္ခ်က္ညီမႈကို လိုက္ရွာမယ့္အစား ပိုၿပီး ေရရွည္တည္တံ့မယ့္၊ လက္ေတြ႕က်မယ့္ “ေပါင္းစပ္မႈ” (Integration) ပုံစံကိုေျပာင္း လဲဖို႔ အခ်ိန္ေရာက္ေနပါၿပီလို႔ ဆိုၾကတာပဲျဖစ္ပါတယ္။

ဟန္ခ်က္ညီမႈက ဘာလို႔ ဒ႑ာရီျဖစ္ရတာလဲ

အလုပ္နဲ႔ ဘဝက ေရာယွက္ေနတာ၊ ခြဲလို႔မရသလိုအားလုံးက အလုပ္မွာ တစ္ဘဝ၊ အျပင္မွာ တစ္ဘဝ ေနထိုင္တာ မဟုတ္ပါဘူး။ ကိုယ့္ရဲ႕ အီးေမးလ္၊ ကိုယ့္မိသားစု၊ ကိုယ့္က်န္းမာေရးအားလုံးက အခ်ိန္တိုင္း တစ္ခုနဲ႔တစ္ခု ထပ္ေနပါတယ္။ သူတို႔ကို တင္းတင္းက်ပ္က်ပ္ ခြဲျခားဖို႔ ႀကိဳးစားရင္ ကေလးဖ်ားတာမ်ိဳး၊ အေရးေပၚကိစၥမ်ိဳး ႀကဳံလာတဲ့အခါ ပဋိပကၡပဲ ျဖစ္ေစပါတယ္။ ခြဲျခားမယ့္အစား သူတို႔ကို စနစ္တစ္ခုတည္းရဲ႕ အစိတ္အပိုင္းေတြလို ျမင္လိုက္ပါ။

တကယ္ေတာ့ လိုအပ္တာက ၿပီးျပည့္စုံမႈ မဟုတ္ပါဘူး၊ ေျပာင္းလြယ္ျပင္လြယ္ျဖစ္မႈပါလို႔ Forbes မဂၢဇင္းရဲ႕ ပင္တိုင္ေဆာင္းပါးရွင္ ရႈိ ဒီဝမ္က ေရးသားထားပါတယ္။

ဟန္ခ်က္ညီမႈဆိုတာက ကိုယ္ အၿမဲတမ္း ထိန္းသိမ္းထားရမယ့္ စံျပအေျခအေန တစ္ခုကို ေျပာတာျဖစ္ၿပီး ဒီလိုမ်ိဳးက လက္ေတြ႕မက်ပါဘူး။ တခ်ိဳ႕အပတ္ေတြမွာ အလုပ္က ပိုလိုအပ္သလို၊ တခ်ိဳ႕အပတ္ေတြမွာ ကိုယ္ပိုင္ကိစၥေတြက ပိုအေရးႀကီးလာႏိုင္ပါတယ္။ ေန႔တိုင္း ညီမွ်ေနေအာင္ အတင္းလုပ္တာက ပင္ပန္း႐ုံပဲရွိၿပီး အလုပ္မ်ားတဲ့အခါ လူမႈေရးကို ေလွ်ာ့ခ်လိုက္ပါလို႔ သူက ဆိုထားပါတယ္။။

ေနာက္တခ်က္ကေတာ့ နည္းပညာေၾကာင့္ စည္းေဘာင္ေတြကို ကိုယ္တိုင္ ဖန္တီးဖို႔ လိုတယ္ဆိုတဲ့ အခ်က္ပါ။နည္းပညာေၾကာင့္ အလုပ္က ကိုယ့္လက္ထဲမွာ အၿမဲရွိေနပါတယ္။ ဖုန္းသတိေပးခ်က္ေတြက ကိုယ့္အခ်ိန္ေတြကို အလြယ္တကူ ဝင္ေရာက္ေႏွာင့္ယွက္ႏိုင္တယ္။ ဒါေၾကာင့္ စည္းေဘာင္ေတြကို တက္ႂကြစြာ သတ္မွတ္ဖို႔ လိုပါတယ္။ ညေနဘက္ဆို မလိုအပ္တဲ့ Notification ေတြကို ပိတ္ပါ၊ Do Not Disturb ကို သုံးပါ၊ အလုပ္ခ်ိန္ၿပီးရင္ ကြန္ပ်ဴတာ ပိတ္တာ၊ လမ္းေလွ်ာက္တာမ်ိဳးလို အဆုံးသတ္ ထုံးတမ္းစဥ္လာ ေလးေတြ ဖန္တီးထားပါ။

ဟန္ခ်က္ညီေအာင္ ႀကိဳးစားတာက စိတ္ဖိစီးမႈပဲ ေပးေပမယ့္ ေပါင္းစပ္မႈ ကေတာ့ ေရရွည္တည္တံ့မႈကို ဖန္တီးေပးပါတယ္။ အလုပ္မလုပ္ရေသးလို႔ အျပစ္ရွိသလို ခံစားေနမယ့္အစား၊ ကိုယ့္ပန္းတိုင္ႏွစ္ခုလုံးကို အေထာက္အပံ့ေပးမယ့္ စည္းခ်က္ေတြကို ဖန္တီးဖို႔ ရည္႐ြယ္သင့္တယ္လို႔ ရႈိက ေျပာထားပါတယ္။

လိုက္ေလ်ာညီေထြရွိတဲ့ အစီအစဥ္ဆြဲပါ

တင္းက်ပ္တဲ့ ဇယားေတြအစား ေျပာင္းလြယ္ျပင္လြယ္ရွိတဲ့ အခ်ိန္အပိုင္းအျခား ကို ရည္႐ြယ္ပါ။ ေန႔လယ္ဘက္ ကိုယ္ပိုင္ခ်ိန္းဆိုမႈ ရွိရင္ အလုပ္ကို မနက္ေစာေစာ သို႔မဟုတ္ ညေနဘက္ကို ေ႐ႊ႕လိုက္ပါ။ ကိုယ့္ျပကၡဒိန္မွာ အလုပ္နဲ႔ ဘဝကို ေရာေႏွာၿပီး တစ္ခုတည္းေသာ စနစ္လို ျမင္သာေအာင္ အေရာင္ေတြနဲ႔ မွတ္သားပါ။

ဘဝကို တစ္ခုတည္းအျဖစ္ ရႈျမင္ပါ

တစ္ရက္တာလုံး ၿပီးျပည့္စုံေနဖို႔ မလိုပါဘူး။ တစ္ပတ္ ဒါမွမဟုတ္ တစ္လတာ စိတ္ေက်နပ္မႈကိုပဲ ၾကည့္ပါ။ တစ္ဖက္က ပိုၿပီး အာ႐ုံစိုက္ရမယ့္ အခ်ိန္ေတြ ရွိလာႏိုင္တယ္ဆိုတာ လက္ခံလိုက္ပါ။ အေရးႀကီးတာက အခ်ိန္ကာလတစ္ခုအတြင္းမွာ ဟန္ခ်က္ညီမႈဆီ ျပန္ေရာက္ေအာင္ ရည္႐ြယ္ခ်က္ရွိရွိ လုပ္ေဆာင္ဖို႔ပဲ ျဖစ္ပါတယ္။

တစ္ၿပိဳင္နက္တည္း အက်ိဳးျပဳတဲ့ လုပ္႐ိုးလုပ္စဥ္ေတြ တည္ေဆာက္ပါ

ကိုယ့္ရဲ႕ ကိုယ္ပိုင္ဘဝနဲ႔ အလုပ္ကို အတူတူ ေရာစပ္လိုက္ပါ။ ဥပမာ အစည္းအေဝးတစ္ခုမွာ ပါဝင္ရင္း လမ္းေလွ်ာက္ၿပီး ဖုန္းေျပာျခင္း (အလုပ္နဲ႔ က်န္းမာေရးကို ေပါင္းစပ္တာ)။ အလုပ္အတြက္ ေလ့လာသင္ယူရမယ့္ စာအုပ္တစ္အုပ္ကို မိသားစုနဲ႔အတူ အတူတူ ဖတ္ရႈျခင္း (သင္ယူမႈနဲ႔ မိသားစုအခ်ိန္ကို ေပါင္းစပ္တာ)။ အလုပ္-ဘဝ ဟန္ခ်က္ညီမႈဆိုတဲ့ စကားလုံးက ေကာင္းေပမယ့္ လက္ေတြ႕ဘဝနဲ႔ မကိုက္ညီတဲ့ စံႏႈန္းတစ္ခုပါ။ ဒီအေတြးအေခၚကို ေျပာင္းဖို႔ အခ်ိန္ယူရပါလိမ့္မယ္။

ၿပီးျပည့္စုံတဲ့ ဟန္ခ်က္ညီမႈကို ရဖို႔ သင္ ႀကိဳးစားေနစရာ မလိုပါဘူး။ ဒီအပတ္မွာ အကန္႔ေတြခြဲၿပီး ခ်ိန္ညႇိတာမ်ိဳးနဲ႔ စတင္ၾကည့္ပါ။ ဒီေသးငယ္တဲ့ ေျပာင္းလဲမႈကပဲ သင့္ဘဝကို အလုပ္နဲ႔ ၿပိဳင္ဆိုင္ေနရတဲ့ စနစ္တစ္ခုအျဖစ္ မဟုတ္ဘဲ အခ်င္းခ်င္း အေထာက္အပံ့ေပးတဲ့ ပုံစံအ ျဖစ္ ခံစားရေစမွာျဖစ္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*