
“ခေါင်းငုံ့ပြီး ကိုယ့်အလုပ်ကိုယ်လုပ်ပါ၊” “အခြေအနေမကောင်းဘူး၊” “ဒီအလုပ်ရတာတောင် ကံကောင်းတာပဲ” စတဲ့ စကားတွေကို မကြာ ခဏ ကြားနေရတယ်ဆိုရင် သင်ဟာ အများနဲ့မတူတဲ့ လမ်းကြောင်းတစ်ခုကို ရွေးချယ်ဖို့ အချိန်ရောက်နေပါပြီ။ ဘာလို့လဲဆိုတော့ တခြားသူတွေ အခြေအနေကို စိုးရိမ်ပြီး ငြိမ်သက်နေချိန်မှာ၊ သင့်ရဲ့အသက်မွေးဝမ်းကြောင်းကို သင်ကိုယ်တိုင် ထိန်းချုပ်ပြီး ရှေ့ကို တက်လှမ်းဖို့ အကောင်းဆုံး အခွင့်အရေးကို ပိုင်ဆိုင်ထားလို့ပါပဲ။
တော်တော်များများစိတ်ထဲမှ “ဒီစီးပွားရေးအခြေအနေနဲ့ ရာထူးတိုးဖို့ မဖြစ်နိုင်ဘူး” ဆိုတဲ့ အယူအဆက စွဲမြဲနေတတ်ပါတယ်။ ဒါမှမဟုတ် ကိုယ့်ထက် အရည်အချင်းနိမ့်တဲ့သူက ရာထူးတိုးသွားတာကို မြင်ပြီး စိတ်ပျက်နေရတာမျိုးလည်း ကြုံဖူးကြမှာပါ။ ဒါပေမဲ့ လူတိုင်း ရာထူး တိုးဖို့ မဝံ့ရဲတဲ့အချိန်ဟာ သင့်အတွက် အခွင့်အလမ်းဖြစ်လာနိုင်ပါတယ်။ ဒီတော့ ဘတ်ဂျက်တွေ တင်းကျပ်နေချိန်၊ ပြိုင်ဆိုင်မှုတွေ များ ပြားနေချိန်မှာတောင် ရာထူးတိုးဖို့အတွက် အသင့်တော်ဆုံး နည်းလမ်းတွေကို လေ့လာကြည့်ရအောင်ပါ။
၁။ ကိုယ့်ကိုယ်ကိုယ် မရှက်ဘဲ မြှင့်တင်ပါ
ပထမဆုံးနဲ့ အရေးအကြီးဆုံးအချက်ကတော့ သင့်ရဲ့အောင်မြင်မှုတွေကို ပေါ်လွင်အောင် လုပ်ဖို့ပါပဲ။ သင် လုပ်ခဲ့တဲ့ အလုပ်တွေ၊ သင် ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို သင့်ရဲ့အထက်လူကြီးတွေ သိအောင် လုပ်ပါ။ သင့်ရဲ့ ပညာအရည်အချင်း၊ ကျွမ်းကျင်မှုတွေကိုလည်း အခွင့်အရေးရတိုင်း ထုတ်ဖော်ပြောဆိုပါ။ သေးငယ်တဲ့ နေ့စဉ်လုပ်ဆောင်မှုလေးတွေကနေစပြီး ကြီးမားတဲ့ အစည်းအဝေးတွေအထိ သင့်ရဲ့တန်ဖိုးကို အမြဲတမ်း ပေါ်လွင်နေအောင် လုပ်ပါ။ ကိုယ့်ရဲ့စွမ်းရည်တွေကို သူများက သတိထားမိအောင် လုပ်တာဟာ ရာထူးတိုးဖို့အတွက် အဓိကသော့ချက်ပါပဲ။
၂။ သီးခြားကျွမ်းကျင်မှုတစ်ခုနဲ့ ထင်ရှားပါစေ
လူအများကြီးထဲမှာ သာမန်တစ်ယောက်ဖြစ်နေမယ့်အစား သီးခြားနယ်ပယ်တစ်ခု ဒါမှမဟုတ် ကျွမ်းကျင်မှုတစ်ခုမှာ ထူးချွန်တဲ့သူအဖြစ် ရပ်တည်ပါ။ ဘယ်သူမှ မလုပ်ချင်တဲ့ အလုပ်မျိုးကို တာဝန်ယူပြီး လုပ်ကိုင်ပါ။ ဒါပေမယ့် အရိုင်းသက်သက်တော့ မဖြစ်သင့်ပါဘူး။ ဥပမာ- ကုမ္ပဏီအတွက် အရေးကြီးတဲ့ ပြဿနာတစ်ခုကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေတင်ပြတာမျိုး၊ အစည်းအဝေးတွေမှာ အကျိုးရှိတဲ့ အတွေးအမြင်တွေ မျှဝေတာမျိုးကို လုပ်ဆောင်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် သင်ဟာ အဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်တဲ့သူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။
၃။ ဆုံးဖြတ်ချက်ချသူတွေနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ပါ
ရာထူးတိုးဖို့အတွက် ဘယ်သူတွေက ဆုံးဖြတ်ချက်ချလဲဆိုတာကို နားလည်ပြီး သူတို့နဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ဖို့ လိုပါတယ်။ သူတို့ရဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို နားလည်အောင် ကြိုးစားပြီး သင့်ရဲ့လုပ်ဆောင်မှုတွေက သူတို့ကို ဘယ်လို အထောက်အကူပြုနိုင်လဲဆိုတာကို ဖော်ပြပါ။ ပုံမှန်ဆက်သွယ်ပြောဆိုပြီး သင့်ရဲ့လုပ်ငန်းဆောင်တာတွေကို သူတို့ရဲ့စိတ်ထဲမှာ အမြဲရှိနေအောင် လုပ်ပါ။ ဒီလို ဆက်ဆံရေးမျိုးက သင့်ရဲ့ ရာထူးတိုးဖို့လမ်းကို ပိုမိုပွင့်လင်းစေပါတယ်။
၄။ ကိုယ်လိုချင်တာကို ပွင့်ပွင့်လင်းလင်း တောင်းဆိုပါ
တစ်စုံတစ်ယောက်က သင့်ကို ရာထူးတိုးပေးဖို့ ဆုံးဖြတ်တာကို ထိုင်စောင့်မနေပါနဲ့။ သင့်ရဲ့အထက်လူကြီးကို သင် ရာထူးတိုးချင်တဲ့အ ကြောင်း တိုက်ရိုက်ပြောပါ။ ဒီလိုပြောတဲ့အခါ သင့်ရဲ့ အောင်မြင်မှုတွေနဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ထောက်ခံချက်အနေနဲ့ တင်ပြဖို့လည်း ပြင်ဆင်ထားပါ။ “မရသေးဘူး” လို့ ငြင်းဆိုခံရရင်လည်း အရှုံးမပေးပါနဲ့။ ဘာတွေလုပ်ရင် ရာထူးတိုးနိုင်မလဲဆိုတာကို အတိအကျ မေး မြန်းပြီး အသေးစိတ်မှတ်စုယူထားပါ။ သင် ရည်မှန်းချက်တွေ ပြည့်မီတဲ့အခါ အဲဒီမှတ်စုတွေကို ကိုးကားပြီး အရင်ပြောခဲ့တဲ့ စကားတွေကို ပြန်သတိပေးနိုင်ပါတယ်။
ဒီလမ်းညွှန်ချက်တွေကို လိုက်နာမယ်ဆိုရင် သင်ဟာ လူတိုင်း ကြောက်ရွံ့နေတဲ့ အခြေအနေမှာတောင် ရာထူးတိုးဖို့ အခွင့်အလမ်းတွေကို ကိုယ်တိုင်ဖန်တီးနိုင်မှာပါ။ တံခါးဖွင့်ဖို့ စောင့်မနေဘဲ ကိုယ်တိုင်ဖွင့်နိုင်အောင် ကြိုးစားသင့်ပါတယ်။
ကျော့ကေခိုင်
zawgyi
“ေခါင္းငုံ႔ၿပီး ကိုယ့္အလုပ္ကိုယ္လုပ္ပါ၊” “အေျခအေနမေကာင္းဘူး၊” “ဒီအလုပ္ရတာေတာင္ ကံေကာင္းတာပဲ” စတဲ့ စကားေတြကို မၾကာ ခဏ ၾကားေနရတယ္ဆိုရင္ သင္ဟာ အမ်ားနဲ႔မတူတဲ့ လမ္းေၾကာင္းတစ္ခုကို ေ႐ြးခ်ယ္ဖို႔ အခ်ိန္ေရာက္ေနပါၿပီ။ ဘာလို႔လဲဆိုေတာ့ တျခားသူေတြ အေျခအေနကို စိုးရိမ္ၿပီး ၿငိမ္သက္ေနခ်ိန္မွာ၊ သင့္ရဲ႕အသက္ေမြးဝမ္းေၾကာင္းကို သင္ကိုယ္တိုင္ ထိန္းခ်ဳပ္ၿပီး ေရွ႕ကို တက္လွမ္းဖို႔ အေကာင္းဆုံး အခြင့္အေရးကို ပိုင္ဆိုင္ထားလို႔ပါပဲ။
ေတာ္ေတာ္မ်ားမ်ားစိတ္ထဲမွ “ဒီစီးပြားေရးအေျခအေနနဲ႔ ရာထူးတိုးဖို႔ မျဖစ္ႏိုင္ဘူး” ဆိုတဲ့ အယူအဆက စြဲၿမဲေနတတ္ပါတယ္။ ဒါမွမဟုတ္ ကိုယ့္ထက္ အရည္အခ်င္းနိမ့္တဲ့သူက ရာထူးတိုးသြားတာကို ျမင္ၿပီး စိတ္ပ်က္ေနရတာမ်ိဳးလည္း ႀကဳံဖူးၾကမွာပါ။ ဒါေပမဲ့ လူတိုင္း ရာထူး တိုးဖို႔ မဝံ့ရဲတဲ့အခ်ိန္ဟာ သင့္အတြက္ အခြင့္အလမ္းျဖစ္လာႏိုင္ပါတယ္။ ဒီေတာ့ ဘတ္ဂ်က္ေတြ တင္းက်ပ္ေနခ်ိန္၊ ၿပိဳင္ဆိုင္မႈေတြ မ်ား ျပားေနခ်ိန္မွာေတာင္ ရာထူးတိုးဖို႔အတြက္ အသင့္ေတာ္ဆုံး နည္းလမ္းေတြကို ေလ့လာၾကည့္ရေအာင္ပါ။
၁။ ကိုယ့္ကိုယ္ကိုယ္ မရွက္ဘဲ ျမႇင့္တင္ပါ
ပထမဆုံးနဲ႔ အေရးအႀကီးဆုံးအခ်က္ကေတာ့ သင့္ရဲ႕ေအာင္ျမင္မႈေတြကို ေပၚလြင္ေအာင္ လုပ္ဖို႔ပါပဲ။ သင္ လုပ္ခဲ့တဲ့ အလုပ္ေတြ၊ သင္ ရရွိခဲ့တဲ့ ေအာင္ျမင္မႈေတြကို သင့္ရဲ႕အထက္လူႀကီးေတြ သိေအာင္ လုပ္ပါ။ သင့္ရဲ႕ ပညာအရည္အခ်င္း၊ ကြၽမ္းက်င္မႈေတြကိုလည္း အခြင့္အေရးရတိုင္း ထုတ္ေဖာ္ေျပာဆိုပါ။ ေသးငယ္တဲ့ ေန႔စဥ္လုပ္ေဆာင္မႈေလးေတြကေနစၿပီး ႀကီးမားတဲ့ အစည္းအေဝးေတြအထိ သင့္ရဲ႕တန္ဖိုးကို အၿမဲတမ္း ေပၚလြင္ေနေအာင္ လုပ္ပါ။ ကိုယ့္ရဲ႕စြမ္းရည္ေတြကို သူမ်ားက သတိထားမိေအာင္ လုပ္တာဟာ ရာထူးတိုးဖို႔အတြက္ အဓိကေသာ့ခ်က္ပါပဲ။
၂။ သီးျခားကြၽမ္းက်င္မႈတစ္ခုနဲ႔ ထင္ရွားပါေစ
လူအမ်ားႀကီးထဲမွာ သာမန္တစ္ေယာက္ျဖစ္ေနမယ့္အစား သီးျခားနယ္ပယ္တစ္ခု ဒါမွမဟုတ္ ကြၽမ္းက်င္မႈတစ္ခုမွာ ထူးခြၽန္တဲ့သူအျဖစ္ ရပ္တည္ပါ။ ဘယ္သူမွ မလုပ္ခ်င္တဲ့ အလုပ္မ်ိဳးကို တာဝန္ယူၿပီး လုပ္ကိုင္ပါ။ ဒါေပမယ့္ အ႐ိုင္းသက္သက္ေတာ့ မျဖစ္သင့္ပါဘူး။ ဥပမာ- ကုမၸဏီအတြက္ အေရးႀကီးတဲ့ ျပႆနာတစ္ခုကို ေျဖရွင္းႏိုင္မယ့္ နည္းလမ္းေတြကို ရွာေဖြတင္ျပတာမ်ိဳး၊ အစည္းအေဝးေတြမွာ အက်ိဳးရွိတဲ့ အေတြးအျမင္ေတြ မွ်ေဝတာမ်ိဳးကို လုပ္ေဆာင္ပါ။ ဒီလိုလုပ္ျခင္းအားျဖင့္ သင္ဟာ အဖြဲ႕အစည္းအတြက္ မရွိမျဖစ္လိုအပ္တဲ့သူတစ္ေယာက္ ျဖစ္လာႏိုင္ပါတယ္။
၃။ ဆုံးျဖတ္ခ်က္ခ်သူေတြနဲ႔ ဆက္ဆံေရးေကာင္း တည္ေဆာက္ပါ
ရာထူးတိုးဖို႔အတြက္ ဘယ္သူေတြက ဆုံးျဖတ္ခ်က္ခ်လဲဆိုတာကို နားလည္ၿပီး သူတို႔နဲ႔ ဆက္ဆံေရးေကာင္း တည္ေဆာက္ဖို႔ လိုပါတယ္။ သူတို႔ရဲ႕ စိန္ေခၚမႈေတြ၊ အခက္အခဲေတြကို နားလည္ေအာင္ ႀကိဳးစားၿပီး သင့္ရဲ႕လုပ္ေဆာင္မႈေတြက သူတို႔ကို ဘယ္လို အေထာက္အကူျပဳႏိုင္လဲဆိုတာကို ေဖာ္ျပပါ။ ပုံမွန္ဆက္သြယ္ေျပာဆိုၿပီး သင့္ရဲ႕လုပ္ငန္းေဆာင္တာေတြကို သူတို႔ရဲ႕စိတ္ထဲမွာ အၿမဲရွိေနေအာင္ လုပ္ပါ။ ဒီလို ဆက္ဆံေရးမ်ိဳးက သင့္ရဲ႕ ရာထူးတိုးဖို႔လမ္းကို ပိုမိုပြင့္လင္းေစပါတယ္။
၄။ ကိုယ္လိုခ်င္တာကို ပြင့္ပြင့္လင္းလင္း ေတာင္းဆိုပါ
တစ္စုံတစ္ေယာက္က သင့္ကို ရာထူးတိုးေပးဖို႔ ဆုံးျဖတ္တာကို ထိုင္ေစာင့္မေနပါနဲ႔။ သင့္ရဲ႕အထက္လူႀကီးကို သင္ ရာထူးတိုးခ်င္တဲ့အ ေၾကာင္း တိုက္႐ိုက္ေျပာပါ။ ဒီလိုေျပာတဲ့အခါ သင့္ရဲ႕ ေအာင္ျမင္မႈေတြနဲ႔ လုပ္ေဆာင္ႏိုင္စြမ္းေတြကို ေထာက္ခံခ်က္အေနနဲ႔ တင္ျပဖို႔လည္း ျပင္ဆင္ထားပါ။ “မရေသးဘူး” လို႔ ျငင္းဆိုခံရရင္လည္း အရႈံးမေပးပါနဲ႔။ ဘာေတြလုပ္ရင္ ရာထူးတိုးႏိုင္မလဲဆိုတာကို အတိအက် ေမး ျမန္းၿပီး အေသးစိတ္မွတ္စုယူထားပါ။ သင္ ရည္မွန္းခ်က္ေတြ ျပည့္မီတဲ့အခါ အဲဒီမွတ္စုေတြကို ကိုးကားၿပီး အရင္ေျပာခဲ့တဲ့ စကားေတြကို ျပန္သတိေပးႏိုင္ပါတယ္။
ဒီလမ္းၫႊန္ခ်က္ေတြကို လိုက္နာမယ္ဆိုရင္ သင္ဟာ လူတိုင္း ေၾကာက္႐ြံ႕ေနတဲ့ အေျခအေနမွာေတာင္ ရာထူးတိုးဖို႔ အခြင့္အလမ္းေတြကို ကိုယ္တိုင္ဖန္တီးႏိုင္မွာပါ။ တံခါးဖြင့္ဖို႔ ေစာင့္မေနဘဲ ကိုယ္တိုင္ဖြင့္ႏိုင္ေအာင္ ႀကိဳးစားသင့္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply