အကျိုးအမြတ်ရနိုင်တဲ့ အလုပ်အကိုင်ဆိုင်ရာ စွန့်စားမှု (၅) ခု

တစ်ခါတလေမှာ ဘေးကင်းအောင် နေရတာက စွန့်စားရတာထက် ပိုလွယ်ပါတယ်။ အထူးသဖြင့်ကိုယ့်အလုပ်အကိုင်နဲ့ ပတ်သက်လာရင် ပေါ့။ မရေရာတာကို ကြောက်တာ၊ ငြင်းပယ်ခံရမှာကိုကြောက်တာ၊ ဒါမှမဟုတ် မအောင်မြင်မှာကို ကြောက်တာမျိုးတွေကြောင့်လက်ရှိအနေအထားမှာပဲ ကျေနပ်နေချင်ကြပါလိမ့်မယ်။ဒါပေမယ့် စွန့်စားမှု မလုပ်တာက သင်ထင်တာထက် ပိုပြီး အန္တရာယ်များပါတယ်။ Resume Now ရဲ့ စစ်တမ်းတစ်ခုက အလုပ်သမား ၆၀ ရာခိုင်နှုန်းဟာ သူတို့လိုချင်တာထက် ပိုကြာကြာအလုပ်တစ်ခုမှာ ပိတ်မိနေတယ်လို့ ပြသခဲ့ပါတယ်။ အလုပ်ပြောင်းလိုက်ရင် ပိုပျော်မယ်လို့ယုံကြည်တဲ့ ၆၆ ရာခိုင်နှုန်း ထဲက ၁၃ရာခိုင်နှုန်းသာ အမှန်တကယ် အလုပ်ပြောင်းခဲ့ကြပါတယ်။ဒါကြောင့် ကိုယ်ရေးကိုယ်တာရော၊ အလုပ်အကိုင်မှာပါ ဆက်လက်တိုးတက်ချင်တယ်ဆိုရင်မကြာခင်မှာ အကျိုးအမြတ်ရရှိလာနိုင်တဲ့ အလုပ်အကိုင်ဆိုင်ရာ စွန့်စားမှုအချို့ကိုဖော်ပြပေးလိုက်ပါတယ်။

၁။ ကျွမ်းကျင်မှုမရှိတဲ့ အလုပ်တွေကို လုပ်ကြည့်တာ

စံပြအနေနဲ့ သင်ဟာ လုံလောက်တဲ့ လေ့ကျင့်မှု၊ ထိတွေ့မှု၊ ဒါမှမဟုတ် အတွေ့အကြုံ ရရှိထားတဲ့ပတ်ဝန်းကျင်မှာ အလုပ်လုပ်သင့်ပါတယ်။ ဒါပေမယ့် အသစ်အဆန်းတွေကို စမ်းသပ်ပြီးလေ့လာရင်းနဲ့ လုပ်ဆောင်သွားရမယ့်အချိန်တွေ ရှိပါလိမ့်မယ်။ဥပမာအားဖြင့် သင့်ရဲ့ လုပ် ဖော်ကိုင်ဖက်တစ်ဦး ခွင့်ယူနေချိန်မှာ ဖောက်သည်စီမံခန့်ခွဲမှုတာဝန်ခံသူအဖြစ် ဝင်ရောက်လုပ်ကိုင်ပေးရနိုင်ပါတယ်။ တစ်ဦးတစ်ယောက်က Graphic Design၊ Report ရေးသားခြင်း၊ ဒါမှမဟုတ် Customer Complaints တွေကို ဖြေရှင်းခြင်းလိုသင်မကျွမ်းကျင်တဲ့ နယ်ပယ်တစ်ခုမှာ အကူအညီ လိုအပ်နေနိုင်ပါတယ်။ဒီစိန်ခေါ်မှုကို လက်ခံခြင်းအားဖြင့် သင်ဟာ အဖွဲ့ကို ကူညီရုံသာမက သင့်ရဲ့ပြောင်းလွယ်ပြင်လွယ်ရှိမှု၊ ပညာရှင်ဆန်မှုနဲ့ တိုးတက်လိုစိတ်ကိုလည်း ပြသရာရောက်ပါတယ်။သင့်နယ်ပယ်ပြင်ပက သင့်လျော်တဲ့ အလုပ်တွေကို လက်ခံလိုက်တဲ့အခါ သင့်ရဲ့တခြားအားသာချက်တွေနဲ့ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေကိုပါ ရှာဖွေတွေ့ရှိနိုင်ပါတယ်။

၂။ လိုအပ်နေတဲ့ ကျွမ်းကျင်မှုအသစ်တွေ သင်ယူတာ

ကျွမ်းကျင်မှုအသစ်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဖွံ့ဖြိုးတိုးတက်စေတာက အမြဲတမ်း တန်ဖိုးရှိပေမယ့်လိုအပ်နေတဲ့ ကျွမ်းကျင်မှုတွေကို အာရုံ စိုက်သင်ယူတာက ပိုပြီး အကျိုးကျေးဇူးများပါတယ်။မိနစ် ၃၀ ဒါမှမဟုတ် တစ်နာရီလောက် အချိန်ပိုရပါသလား။ အဲဒီအချိန်ကို AI, Robotics, Cybersecurity, Digital Marketing နဲ့ တခြား လိုအပ်ချက်များတဲ့ ကျွမ်းကျင်မှုတွေအကြောင်းလေ့လာရာမှာ အသုံးပြုလိုက်ပါ။အမေရိကန် အလုပ်သမားစာရင်းအင်းဗျူရို (U.S. Bureau of Labor Statistics) ရဲ့ အဆိုအရSoftware Developer, Personal Financial Advisor နဲ့ Database Architect တို့ရဲ့အလုပ်အကိုင်ဟာ ၂၀၂၃ ကနေ ၂၀၃၃ အတွင်းမှာ ၁၈ရာခိုင်နှုန်း, ၁၇ရာခိုင် နှုန်း နဲ့၁၁ရာခိုင်နှုန်းအထိ အသီးသီး တိုးလာဖို့ မျှော်မှန်းထားပါတယ်။ ဒီကိန်းဂဏန်းတွေက AI ဟာလုပ်ငန်းနယ်ပယ်အသီးသီးမှာ မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုတစ်ခုဖြစ်ပြီးကုန်ထုတ်စွမ်းအားကို တိုးစေကာ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းဖြေရှင်းနည်းတွေကိုပေးစွမ်းနိုင်တယ်ဆိုတာကိုပဲ ပြသနေပါတယ်။ဒီကျွမ်းကျင်မှုတွေက ကြောက်စရာကောင်းနိုင်ပေမယ့် စာအုပ်တွေ၊ Podcast တွေ၊ Tutorial Video တွေနဲ့ အခမဲ့ Online Course တွေအပါအဝင် သင့်ကို ကူညီပေးနိုင်မယ့် အရင်းအမြစ်တွေအများကြီးရှိပါတယ်။ ဒါကြောင့် သင့်ရဲ့ အလုပ်အကိုင်ကို အနာဂတ်အတွက် ပြင်ဆင်ဖို့မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို စတင်တည်ဆောက်လိုက်ပါ။

၃။ လစာလျှော့ယူရနိုင်တဲ့ အလုပ်ကို လက်ခံတာ

လစာလျှော့ယူရနိုင်တဲ့ အလုပ်ကို လက်ခံတာဟာ လူအများစု မလိုချင်တဲ့ ကြီးမားတဲ့ငွေကြေးဆိုင်ရာ စွန့်စားမှုတစ်ခုပါပဲ။ ဒါပေမယ့် တစ် ခါတလေမှာ ရေရှည်တိုးတက်မှုရရှိဖို့အတွက် ဒါက အတိအကျ လိုအပ်တဲ့အရာ ဖြစ်နိုင်ပါတယ်။ လစာနည်းတာကကျွမ်းကျင်မှုအသစ်တွေ ရရှိတာ လူမှုကွန်ရက် ချဲ့ထွင်တာ၊ အလုပ်နဲ့ဘဝ မျှတမှုကို ခံစားရတာ၊ပိုမိုအဓိပ္ပာယ်ရှိတဲ့ အလုပ်တွေကို လုပ်ကိုင်ရတာကို ဆိုလိုတယ်ဆိုရင်တော့ ဒီစွန့်စားမှုကတန်ဖိုးရှိပါတယ်။ကျွန်မကိုယ်တိုင်လည်း Consulting ကနေ Recruitment ကို ပြောင်းရွှေ့ခဲ့တုန်းကလစာလျှော့ယူခဲ့ဖူးပါတယ်။ ဒါက ကျွန်မရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခုပါပဲ။အလုပ်ခန့်မန်နေဂျာတွေ လျှောက်ထားသူတွေဆီကနေ ဘာတွေလိုချင်လဲ၊ဘာတွေလိုအပ်လဲဆိုတာကို ကျွန်မသိခဲ့ရပြီး အဲဒီအမြင်တွေကို အသုံးပြုပြီး ကျွန်မတို့ Workhapရဲ့ ဖောက်သည်တွေကို သူတို့ရဲ့ စိတ်အားထက်သန်မှုနဲ့ ပန်းတိုင်တွေနဲ့ ကိုက်ညီတဲ့အလုပ်အကိုင်တွေ ရရှိအောင် ကူညီပေးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ငွေကြေးအရအကျိုးအမြတ်အများဆုံး ရွေးချယ်မှု မဟုတ်ခဲ့ပေမယ့် အဲဒီအကူးအပြောင်းက ကျွန်မနဲ့လူထောင်ပေါင်းများစွာကို ကြီးထွားဖို့ ကူညီပေးခဲ့ပါတယ်။

၄။ နိုင်ငံခြားသို့ ပြောင်းရွှေ့တာ

နိုင်ငံတကာကို ပြောင်းရွှေ့တာဟာ သင်တကယ်ကို စဉ်းစားရမယ့် အန္တရာယ်ရှိတဲ့အလုပ်အကိုင်ဆိုင်ရာ ဆုံးဖြတ်ချက်တွေထဲက တစ်ခုပါပဲ။ မိသားစုနဲ့ သူငယ်ချင်းတွေကိုလွမ်းဆွတ်တာအပြင် ပိုမိုမြင့်မားတဲ့ နေထိုင်မှုစရိတ်၊ ယဉ်ကျေးမှု ထိခိုက်မှုနဲ့မသိနားမလည်မှုတွေအတွက် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားသင့်ပါတယ်။ဒါပေမယ့် နိုင်ငံခြားကို ပြောင်းရွှေ့ခြင်းက သင့်ရဲ့ သက်တောင့်သက်သာ နယ်ပယ်ထဲမှာပဲနေ မယ်ဆိုရင် ဘယ်တော့မှ မကြုံတွေ့နိုင်တဲ့ အရာတွေကို ခံစားခွင့်ရစေပါတယ်။ မတူကွဲပြားတဲ့နောက်ခံရှိတဲ့ လူတွေနဲ့ တွေ့ဆုံရမယ်၊ သင့်ရဲ့ ရှုထောင့်တွေကို ကျယ်ပြန့်လာမယ်၊ခံနိုင်ရည်ရှိလာမယ်၊ ခက်ခဲတဲ့ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းရာမှာပိုမိုယုံကြည်မှုရှိလာပါလိမ့်မယ်။ SavvyNomad ရဲ့ အဆိုအရ အမေရိကန်နိုင်ငံသား ၉ သန်းကျော်ဟာ ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ပိုမိုလွတ် လပ်မှုအပါအဝင် အကြောင်းအမျိုးမျိုးကြောင့်နိုင်ငံခြားမှာ နေထိုင်နေကြပါတယ်။ သင်က Digital Nomad ဖြစ်ချင်တယ်ဆိုရင် နေထိုင်မှုစရိတ်၊သင်တိုးတက်အောင်လုပ်ဖို့ လိုအပ်နိုင်တဲ့ ကျွမ်းကျင်မှုတွေ၊ အသိအမှတ်ပြုလက်မှတ်လိုအပ်ချက်တွေအပါအဝင် သင့်ရဲ့သုတေသနကို သေချာလုပ်ဖို့ လိုပါတယ်။ ဒါမှမမျှော်လင့်တဲ့ အရာတွေ မကြုံရမှာပါ။

၅။ ကိုယ့်လုပ်ငန်းကိုယ် အပြည့်အဝ စွန့်စားလုပ်ကိုင်တာ

သင်ရဲ့ Corporate အလုပ်အကိုင်နဲ့ လုံလောက်တဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပြီး ခိုင်မာတဲ့ဘေးကင်းရေး ကွန်ရက်တစ်ခုကိုလည်းတည် ဆောက်ထားပြီးပြီလား။ ဒါဆိုရင်တော့ကိုယ့်လုပ်ငန်းကိုယ် လုပ်ကြည့်ဖို့ အချိန်ရောက်ပြီ ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ အထူးပြုနယ်ပယ်နဲ့
စိတ်ဝင်စားမှုတွေအပေါ် အခြေခံပြီး လုပ်ငန်းတစ်ခုကို ဖွင့်လှစ်လိုက်ပါ။ ဥပမာ- သင်က Digital Marketing မှာ ကျွမ်းကျင်တယ်ဆိုရင် Agency တစ်ခု ဘာလို့ မဖွင့်တာလဲ။ Event Management မှာ လုပ်ကိုင်ခဲ့ဖူးတယ်ဆိုရင် Event Planning ကုမ္ပဏီတစ်ခု ထောင်လိုက် ပါ။ Management Consulting နဲ့ Talent Development မှာ ကျွန်မရဲ့ အတွေ့အကြုံတွေနဲ့ လူတွေကိုသူတို့နှစ်သက်တဲ့ အလုပ်အကိုင်တွေ ရှာဖွေပြီး အောင်မြင်အောင် ကူညီပေးတဲ့ Career Coaching ကုမ္ပဏီတစ်ခုကို ကျွန်မ တည်ထောင်ခဲ့ပါတယ်။ ဟုတ်ပါတယ်၊ ကိုယ့်လုပ်ငန်းကိုယ်တည်ဆောက်တာဟာ မရေရာမှုတွေ အပြည့်ပါပဲ။ ဒါပေမယ့် ဒါက သင့်ကို တိုးတက်မှုအတွက်အခွင့်အလမ်းများစွာနဲ့ မတူညီတဲ့ ပြည့်စုံမှုတစ်မျိုးကို ပေးစွမ်းနိုင်ပါတယ်။အလုပ်အကိုင်ဆိုင်ရာ လှုပ်ရှားမှုတိုင်းမှာ စွန့်စားမှုတွေ ပါဝင်ပါတယ်။ ဒါပေမယ့် ရေရှည်မှာအပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်။ လစာလျှော့ယူရနိုင်တာ၊မရင်းနှီးတဲ့၊ လိုအပ်နေတဲ့ ကျွမ်းကျင်မှုအသစ်တွေ သင်ယူတာ၊ နိုင်ငံခြားကို ပြောင်းရွှေ့တာ၊ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်းစတင်တာ စတာတွေပဲဖြစ်ဖြစ် သင့်ရဲ့ သတ္တိက အများကြီးအ ထောက်အကူပြုနိုင်ပါတယ်။ အခုပဲ ဒီရဲရဲဝံ့ဝံ့ လှုပ်ရှားမှုကို လုပ်ဆောင်လိုက်ပါ။သင်လုပ်နိုင်ပါတယ်။

ကျော့ကေခိုင်

zawgyi

တစ္ခါတေလမွာ ေဘးကင္းေအာင္ ေနရတာက စြန႔္စားရတာထက္ ပိုလြယ္ပါတယ္။ အထူးသျဖင့္ကိုယ့္အလုပ္အကိုင္နဲ႔ ပတ္သက္လာရင္ ေပါ့။ မေရရာတာကို ေၾကာက္တာ၊ ျငင္းပယ္ခံရမွာကိုေၾကာက္တာ၊ ဒါမွမဟုတ္ မေအာင္ျမင္မွာကို ေၾကာက္တာမ်ိဳးေတြေၾကာင့္လက္ရွိအေနအထားမွာပဲ ေက်နပ္ေနခ်င္ၾကပါလိမ့္မယ္။ဒါေပမယ့္ စြန႔္စားမႈ မလုပ္တာက သင္ထင္တာထက္ ပိုၿပီး အႏၲရာယ္မ်ားပါတယ္။ Resume Now ရဲ႕ စစ္တမ္းတစ္ခုက အလုပ္သမား ၆၀ ရာခိုင္ႏႈန္းဟာ သူတို႔လိုခ်င္တာထက္ ပိုၾကာၾကာအလုပ္တစ္ခုမွာ ပိတ္မိေနတယ္လို႔ ျပသခဲ့ပါတယ္။ အလုပ္ေျပာင္းလိုက္ရင္ ပိုေပ်ာ္မယ္လို႔ယုံၾကည္တဲ့ ၆၆ ရာခိုင္ႏႈန္း ထဲက ၁၃ရာခိုင္ႏႈန္းသာ အမွန္တကယ္ အလုပ္ေျပာင္းခဲ့ၾကပါတယ္။ဒါေၾကာင့္ ကိုယ္ေရးကိုယ္တာေရာ၊ အလုပ္အကိုင္မွာပါ ဆက္လက္တိုးတက္ခ်င္တယ္ဆိုရင္မၾကာခင္မွာ အက်ိဳးအျမတ္ရရွိလာႏိုင္တဲ့ အလုပ္အကိုင္ဆိုင္ရာ စြန႔္စားမႈအခ်ိဳ႕ကိုေဖာ္ျပေပးလိုက္ပါတယ္။

၁။ ကြၽမ္းက်င္မႈမရွိတဲ့ အလုပ္ေတြကို လုပ္ၾကည့္တာ

စံျပအေနနဲ႔ သင္ဟာ လုံေလာက္တဲ့ ေလ့က်င့္မႈ၊ ထိေတြ႕မႈ၊ ဒါမွမဟုတ္ အေတြ႕အႀကဳံ ရရွိထားတဲ့ပတ္ဝန္းက်င္မွာ အလုပ္လုပ္သင့္ပါတယ္။ ဒါေပမယ့္ အသစ္အဆန္းေတြကို စမ္းသပ္ၿပီးေလ့လာရင္းနဲ႔ လုပ္ေဆာင္သြားရမယ့္အခ်ိန္ေတြ ရွိပါလိမ့္မယ္။ဥပမာအားျဖင့္ သင့္ရဲ႕ လုပ္ ေဖာ္ကိုင္ဖက္တစ္ဦး ခြင့္ယူေနခ်ိန္မွာ ေဖာက္သည္စီမံခန႔္ခြဲမႈတာဝန္ခံသူအျဖစ္ ဝင္ေရာက္လုပ္ကိုင္ေပးရႏိုင္ပါတယ္။ တစ္ဦးတစ္ေယာက္က Graphic Design၊ Report ေရးသားျခင္း၊ ဒါမွမဟုတ္ Customer Complaints ေတြကို ေျဖရွင္းျခင္းလိုသင္မကြၽမ္းက်င္တဲ့ နယ္ပယ္တစ္ခုမွာ အကူအညီ လိုအပ္ေနႏိုင္ပါတယ္။ဒီစိန္ေခၚမႈကို လက္ခံျခင္းအားျဖင့္ သင္ဟာ အဖြဲ႕ကို ကူညီ႐ုံသာမက သင့္ရဲ႕ေျပာင္းလြယ္ျပင္လြယ္ရွိမႈ၊ ပညာရွင္ဆန္မႈနဲ႔ တိုးတက္လိုစိတ္ကိုလည္း ျပသရာေရာက္ပါတယ္။သင့္နယ္ပယ္ျပင္ပက သင့္ေလ်ာ္တဲ့ အလုပ္ေတြကို လက္ခံလိုက္တဲ့အခါ သင့္ရဲ႕တျခားအားသာခ်က္ေတြနဲ႔ ပိုမိုေကာင္းမြန္တဲ့ အခြင့္အလမ္းေတြကိုပါ ရွာေဖြေတြ႕ရွိႏိုင္ပါတယ္။

၂။ လိုအပ္ေနတဲ့ ကြၽမ္းက်င္မႈအသစ္ေတြ သင္ယူတာ

ကြၽမ္းက်င္မႈအသစ္ေတြနဲ႔ ကိုယ့္ကိုယ္ကိုယ္ ဖြံ႕ၿဖိဳးတိုးတက္ေစတာက အၿမဲတမ္း တန္ဖိုးရွိေပမယ့္လိုအပ္ေနတဲ့ ကြၽမ္းက်င္မႈေတြကို အာ႐ုံ စိုက္သင္ယူတာက ပိုၿပီး အက်ိဳးေက်းဇူးမ်ားပါတယ္။မိနစ္ ၃၀ ဒါမွမဟုတ္ တစ္နာရီေလာက္ အခ်ိန္ပိုရပါသလား။ အဲဒီအခ်ိန္ကို AI, Robotics, Cybersecurity, Digital Marketing နဲ႔ တျခား လိုအပ္ခ်က္မ်ားတဲ့ ကြၽမ္းက်င္မႈေတြအေၾကာင္းေလ့လာရာမွာ အသုံးျပဳလိုက္ပါ။အေမရိကန္ အလုပ္သမားစာရင္းအင္းဗ်ဴ႐ို (U.S. Bureau of Labor Statistics) ရဲ႕ အဆိုအရSoftware Developer, Personal Financial Advisor နဲ႔ Database Architect တို႔ရဲ႕အလုပ္အကိုင္ဟာ ၂၀၂၃ ကေန ၂၀၃၃ အတြင္းမွာ ၁၈ရာခိုင္ႏႈန္း, ၁၇ရာခိုင္ ႏႈန္း နဲ႔၁၁ရာခိုင္ႏႈန္းအထိ အသီးသီး တိုးလာဖို႔ ေမွ်ာ္မွန္းထားပါတယ္။ ဒီကိန္းဂဏန္းေတြက AI ဟာလုပ္ငန္းနယ္ပယ္အသီးသီးမွာ မရွိမျဖစ္လိုအပ္တဲ့ ကြၽမ္းက်င္မႈတစ္ခုျဖစ္ၿပီးကုန္ထုတ္စြမ္းအားကို တိုးေစကာ ပိုမိုေကာင္းမြန္တဲ့ လုပ္ငန္းေျဖရွင္းနည္းေတြကိုေပးစြမ္းႏိုင္တယ္ဆိုတာကိုပဲ ျပသေနပါတယ္။ဒီကြၽမ္းက်င္မႈေတြက ေၾကာက္စရာေကာင္းႏိုင္ေပမယ့္ စာအုပ္ေတြ၊ Podcast ေတြ၊ Tutorial Video ေတြနဲ႔ အခမဲ့ Online Course ေတြအပါအဝင္ သင့္ကို ကူညီေပးႏိုင္မယ့္ အရင္းအျမစ္ေတြအမ်ားႀကီးရွိပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕ အလုပ္အကိုင္ကို အနာဂတ္အတြက္ ျပင္ဆင္ဖို႔မရွိမျဖစ္လိုအပ္တဲ့ ကြၽမ္းက်င္မႈေတြကို စတင္တည္ေဆာက္လိုက္ပါ။

၃။ လစာေလွ်ာ့ယူရႏိုင္တဲ့ အလုပ္ကို လက္ခံတာ

လစာေလွ်ာ့ယူရႏိုင္တဲ့ အလုပ္ကို လက္ခံတာဟာ လူအမ်ားစု မလိုခ်င္တဲ့ ႀကီးမားတဲ့ေငြေၾကးဆိုင္ရာ စြန႔္စားမႈတစ္ခုပါပဲ။ ဒါေပမယ့္ တစ္ ခါတေလမွာ ေရရွည္တိုးတက္မႈရရွိဖို႔အတြက္ ဒါက အတိအက် လိုအပ္တဲ့အရာ ျဖစ္ႏိုင္ပါတယ္။ လစာနည္းတာကကြၽမ္းက်င္မႈအသစ္ေတြ ရရွိတာ လူမႈကြန္ရက္ ခ်ဲ႕ထြင္တာ၊ အလုပ္နဲ႔ဘဝ မွ်တမႈကို ခံစားရတာ၊ပိုမိုအဓိပၸာယ္ရွိတဲ့ အလုပ္ေတြကို လုပ္ကိုင္ရတာကို ဆိုလိုတယ္ဆိုရင္ေတာ့ ဒီစြန႔္စားမႈကတန္ဖိုးရွိပါတယ္။ကြၽန္မကိုယ္တိုင္လည္း Consulting ကေန Recruitment ကို ေျပာင္းေ႐ႊ႕ခဲ့တုန္းကလစာေလွ်ာ့ယူခဲ့ဖူးပါတယ္။ ဒါက ကြၽန္မရဲ႕ အေကာင္းဆုံး ဆုံးျဖတ္ခ်က္ေတြထဲက တစ္ခုပါပဲ။အလုပ္ခန႔္မန္ေနဂ်ာေတြ ေလွ်ာက္ထားသူေတြဆီကေန ဘာေတြလိုခ်င္လဲ၊ဘာေတြလိုအပ္လဲဆိုတာကို ကြၽန္မသိခဲ့ရၿပီး အဲဒီအျမင္ေတြကို အသုံးျပဳၿပီး ကြၽန္မတို႔ Workhapရဲ႕ ေဖာက္သည္ေတြကို သူတို႔ရဲ႕ စိတ္အားထက္သန္မႈနဲ႔ ပန္းတိုင္ေတြနဲ႔ ကိုက္ညီတဲ့အလုပ္အကိုင္ေတြ ရရွိေအာင္ ကူညီေပးခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းက ေငြေၾကးအရအက်ိဳးအျမတ္အမ်ားဆုံး ေ႐ြးခ်ယ္မႈ မဟုတ္ခဲ့ေပမယ့္ အဲဒီအကူးအေျပာင္းက ကြၽန္မနဲ႔လူေထာင္ေပါင္းမ်ားစြာကို ႀကီးထြားဖို႔ ကူညီေပးခဲ့ပါတယ္။

၄။ ႏိုင္ငံျခားသို႔ ေျပာင္းေ႐ႊ႕တာ

ႏိုင္ငံတကာကို ေျပာင္းေ႐ႊ႕တာဟာ သင္တကယ္ကို စဥ္းစားရမယ့္ အႏၲရာယ္ရွိတဲ့အလုပ္အကိုင္ဆိုင္ရာ ဆုံးျဖတ္ခ်က္ေတြထဲက တစ္ခုပါပဲ။ မိသားစုနဲ႔ သူငယ္ခ်င္းေတြကိုလြမ္းဆြတ္တာအျပင္ ပိုမိုျမင့္မားတဲ့ ေနထိုင္မႈစရိတ္၊ ယဥ္ေက်းမႈ ထိခိုက္မႈနဲ႔မသိနားမလည္မႈေတြအတြက္ ကိုယ့္ကိုယ္ကိုယ္ ျပင္ဆင္ထားသင့္ပါတယ္။ဒါေပမယ့္ ႏိုင္ငံျခားကို ေျပာင္းေ႐ႊ႕ျခင္းက သင့္ရဲ႕ သက္ေတာင့္သက္သာ နယ္ပယ္ထဲမွာပဲေန မယ္ဆိုရင္ ဘယ္ေတာ့မွ မႀကဳံေတြ႕ႏိုင္တဲ့ အရာေတြကို ခံစားခြင့္ရေစပါတယ္။ မတူကြဲျပားတဲ့ေနာက္ခံရွိတဲ့ လူေတြနဲ႔ ေတြ႕ဆုံရမယ္၊ သင့္ရဲ႕ ရႈေထာင့္ေတြကို က်ယ္ျပန႔္လာမယ္၊ခံႏိုင္ရည္ရွိလာမယ္၊ ခက္ခဲတဲ့ အေျခအေနေတြကို ကိုင္တြယ္ေျဖရွင္းရာမွာပိုမိုယုံၾကည္မႈရွိလာပါလိမ့္မယ္။ SavvyNomad ရဲ႕ အဆိုအရ အေမရိကန္ႏိုင္ငံသား ၉ သန္းေက်ာ္ဟာ ပိုမိုေကာင္းမြန္တဲ့အလုပ္အကိုင္အခြင့္အလမ္းေတြနဲ႔ ပိုမိုလြတ္ လပ္မႈအပါအဝင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ႏိုင္ငံျခားမွာ ေနထိုင္ေနၾကပါတယ္။ သင္က Digital Nomad ျဖစ္ခ်င္တယ္ဆိုရင္ ေနထိုင္မႈစရိတ္၊သင္တိုးတက္ေအာင္လုပ္ဖို႔ လိုအပ္ႏိုင္တဲ့ ကြၽမ္းက်င္မႈေတြ၊ အသိအမွတ္ျပဳလက္မွတ္လိုအပ္ခ်က္ေတြအပါအဝင္ သင့္ရဲ႕သုေတသနကို ေသခ်ာလုပ္ဖို႔ လိုပါတယ္။ ဒါမွမေမွ်ာ္လင့္တဲ့ အရာေတြ မႀကဳံရမွာပါ။

၅။ ကိုယ့္လုပ္ငန္းကိုယ္ အျပည့္အဝ စြန႔္စားလုပ္ကိုင္တာ

သင္ရဲ႕ Corporate အလုပ္အကိုင္နဲ႔ လုံေလာက္တဲ့ ေအာင္ျမင္မႈေတြ ရရွိခဲ့ၿပီး ခိုင္မာတဲ့ေဘးကင္းေရး ကြန္ရက္တစ္ခုကိုလည္းတည္ ေဆာက္ထားၿပီးၿပီလား။ ဒါဆိုရင္ေတာ့ကိုယ့္လုပ္ငန္းကိုယ္ လုပ္ၾကည့္ဖို႔ အခ်ိန္ေရာက္ၿပီ ျဖစ္ႏိုင္ပါတယ္။ သင့္ရဲ႕ အထူးျပဳနယ္ပယ္နဲ႔
စိတ္ဝင္စားမႈေတြအေပၚ အေျခခံၿပီး လုပ္ငန္းတစ္ခုကို ဖြင့္လွစ္လိုက္ပါ။ ဥပမာ- သင္က Digital Marketing မွာ ကြၽမ္းက်င္တယ္ဆိုရင္ Agency တစ္ခု ဘာလို႔ မဖြင့္တာလဲ။ Event Management မွာ လုပ္ကိုင္ခဲ့ဖူးတယ္ဆိုရင္ Event Planning ကုမၸဏီတစ္ခု ေထာင္လိုက္ ပါ။ Management Consulting နဲ႔ Talent Development မွာ ကြၽန္မရဲ႕ အေတြ႕အႀကဳံေတြနဲ႔ လူေတြကိုသူတို႔ႏွစ္သက္တဲ့ အလုပ္အကိုင္ေတြ ရွာေဖြၿပီး ေအာင္ျမင္ေအာင္ ကူညီေပးတဲ့ Career Coaching ကုမၸဏီတစ္ခုကို ကြၽန္မ တည္ေထာင္ခဲ့ပါတယ္။ ဟုတ္ပါတယ္၊ ကိုယ့္လုပ္ငန္းကိုယ္တည္ေဆာက္တာဟာ မေရရာမႈေတြ အျပည့္ပါပဲ။ ဒါေပမယ့္ ဒါက သင့္ကို တိုးတက္မႈအတြက္အခြင့္အလမ္းမ်ားစြာနဲ႔ မတူညီတဲ့ ျပည့္စုံမႈတစ္မ်ိဳးကို ေပးစြမ္းႏိုင္ပါတယ္။အလုပ္အကိုင္ဆိုင္ရာ လႈပ္ရွားမႈတိုင္းမွာ စြန႔္စားမႈေတြ ပါဝင္ပါတယ္။ ဒါေပမယ့္ ေရရွည္မွာအျပဳသေဘာေဆာင္တဲ့ သက္ေရာက္မႈေတြလည္း ရွိႏိုင္ပါတယ္။ လစာေလွ်ာ့ယူရႏိုင္တာ၊မရင္းႏွီးတဲ့၊ လိုအပ္ေနတဲ့ ကြၽမ္းက်င္မႈအသစ္ေတြ သင္ယူတာ၊ ႏိုင္ငံျခားကို ေျပာင္းေ႐ႊ႕တာ၊ဒါမွမဟုတ္ ကိုယ္ပိုင္လုပ္ငန္းစတင္တာ စတာေတြပဲျဖစ္ျဖစ္ သင့္ရဲ႕ သတၱိက အမ်ားႀကီးအ ေထာက္အကူျပဳႏိုင္ပါတယ္။ အခုပဲ ဒီရဲရဲဝံ့ဝံ့ လႈပ္ရွားမႈကို လုပ္ေဆာင္လိုက္ပါ။သင္လုပ္ႏိုင္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*