အုပ်စုစွဲ

ငယ်ငယ်က ကျောင်းနေတုန်းမှာ ဆရာမက ကျောင်းသူ ကျောင်းသားတွေကို အသင်း ၄ သင်းဖွဲ့ပေးလေ့ရှိပါတယ်။ ကျန်စစ်သား၊ အ လောင်းဘုရား၊ ဗန္ဒုလနဲ့ ဘုရင့်နောင်။ဒီအသင်းတွေက အလှည့်ကျ အတန်းရဲ့ ဝေယျာဝစ္စတွေ လုပ်ရပါတယ်။ သောက်ရေအိုးရေဖြည့် တာတို့၊ စာသင်ခန်းကို သန့်ရှင်းရေးလုပ်တာတို့လို ပေါ့ပေါ့ပါးပါး အလုပ်တွေပေါ့။တစ်ခါတစ်လေလဲ ပန်းချီဆွဲတာတို့၊ စာစီစာကုံးရေးရတာတို့၊ စကားရေလုပွဲတို့လိုအလုပ်မျိုးတွေကို အသင်းလိုက် လုပ်ဆောင်ရတာ ယှဉ်ပြိုင်ရတာတွေ ရှိပါတယ်။ဒီတော့ ကျောင်းသားကျောင်းသူတွေရဲ့စိတ်ထဲမှာ ကိုယ့်အသင်းဆိုတဲ့ အစွဲလေးတွေ၊ကိုယ့်အသင်းသားတွေဆိုတဲ့ စိတ်ဓါတ်လေးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့်စွဲစွဲမြဲမြဲကြီးတော့ မဟုတ်ဘူး။ နောက်တစ်တန်းတက်လို့ နောက်တစ်ခါ အသင်းပြန်ဖွဲ့ရင်ကိုယ်ကျရာအသင်းမှာ ပါဝင်လှုပ်ရှားကြရပြန်ရော။ ဘာပဲဖြစ်ဖြစ် ငယ်စဉ်ကတည်းကအသင်းအဖွဲ့နဲ့ အလုပ်လုပ် တတ်အောင် လေ့ကျင့်ပေးခဲ့ ပါတယ်။

မဟာတန်းကို သင်ကြားရတဲ့ အခါမှာတုန်းက အတန်းထဲက ကိစ္စလေးတွေကို စီမံဖို့အတွက်အုပ်စုလေးတွေ ဖွဲ့ထားကြတာကို တွေ့ရတယ်။ အုပ်စုလိုက်လုပ်ရတဲ့ သင်ခန်းစာတွေလုပ်ဖို့၊အတန်းဝေယျာဝစ္စတွေ ဆောင်ရွက်ဖို့၊ စည်းကမ်းထိမ်းသိမ်းဖို့၊ ဆရာဆရာမတွေ အကြိုအပို့
စီစဉ်ပေးဖို့၊ ကိစ္စအဝဝကို တာဝန်ခွဲလုပ်ဆောင်ဖို့ အလှည့်ကျ အုပ်စုလိုက် တာဝန်ယူပြီးစီမံလေ့ရှိကြပါတယ်။ကျောင်းကလိုအပ်တဲ့ ကိစ္စတွေအပြင် အုပ်စုလိုက် စာစုကျက်တာ၊ ညစာထွက်စားတာ၊ကော်ဖီဆိုင် ထိုင်တာ၊ ခရီးသွားတာ မျိုးတွေကိုလဲ လုပ်ကြတော့ သူတို့မှာ အုပ် စုစွဲကတော်တော်လေး ကြီးပါတယ်။ “သူက ကျွန်မတို့နဲ့ တစ်အုပ်စုထဲလေ” ဆိုတာမျိုး၊“သူကကျွန်တော်တို့နဲ့ အုပ်စုချင်း မတူတော့ သူ့အ ကြောင်းကို သိပ်မသိဘူး”ဆိုတာမျိုးတွေကို ကြားရတတ်တယ်။

အခါအခွင့်သင့်တိုင်း အုပ်စုနဲ့ အလုပ်လုပ်တတ်တာ ကောင်းပေမယ့် အုပ်စုစွဲ ထားလွန်းတာမကောင်းတဲ့အကြောင်း၊ အထူးသဖြင့် ကျောင်းလာတက်တဲ့အချိန်မှာ ကိုယ့်အုပ်စုထဲကလူတွေကိုပဲ ပေါင်းသင်းတာထက် တစ်တန်းလုံးက လူတွေနဲ့ ရင်းနှီးမှ ကိုယ်ရဲ့အသိုင်းအဝိုင်းက ပိုပြီးကျယ်ပြန့် လာမှာ ဖြစ်တဲ့အကြောင်း တိုက်တွန်းပေးတတ်ပါတယ်။ဒါပေမယ့်လဲ ကျောင်းပြီးသွားပြီးမှ လမ်းမှာတွေ့လို့ နှုတ်ဆက်တဲ့
ကျောင်းသားဟောင်းတွေကလဲ “ကျွန်တော် ဘယ်အုပ်စုကပါ မှတ်မိလားဆရာမ” လို့အုပ်စုစွဲလေးကတော့ မကျွတ်ချင်တတ်သေး။

ကုမ္ပဏီတစ်ခုက သူ့ရဲ့ ဝန်ထမ်းတွေကို အားလပ်ရက် တစ်နေ့မှာအသင်းအဖွဲ့စိတ်ဓါတ်ဖွံ့ဖြိုးရေး အတွက် ဂိမ်းတွေကစားရတဲ့ အဖွဲ့လိုက် ယှဉ်ပြိုင်မှုတွေကိုပြုလုပ်စေပါတယ်။ အဖွဲ့အသီးသီးက တူညီဝတ်စုံတွေကို အဖွဲ့အလိုက် ဆင်တူဝတ်ရပါတယ်။ ဂိမ်းတွေကို တီထွင်ဖန် တီးပြီး ကစားပွဲကို ကြီးကြပ်ပေးမယ့် အဖွဲ့ကိုလဲငှားထားပါတယ်။သူတို့ကစားကြတာတွေကို ကြည့်ရတော့ ကစားနည်းတွေက တစ်ဖွဲ့လုံးတက်ညီလက်ညီအလုပ်လုပ်မှ နိုင်မယ့်ကစားနည်းမျိုးတွေပါ။ တစ်မျိုးပြီးတစ်မျိုး ကစားနေကြတော့ကစားရင်းနဲ့ အဖွဲ့ထဲက လူတွေက ပိုပြီးစည်းလုံးလာကြပြီး တခြားအဖွဲ့ကလူတွေကိုပြိုင်ဖက်လိုပိုပြီး သဘောထား လာကြတယ်။

သူတို့ကို ကြည့်ရင်းနဲ့ တွေးကြည့်မိတာပါ။ ဒီကနေ့ကစားပွဲကနေပြီးတော့ အုပ်စုနဲ့အလုပ်လုပ်တဲ့ စိတ်ဓါတ်ထက် အုပ်စုစွဲသွားတဲ့ စိတ်ဓါတ်က ပိုပြင်းထန်ခဲ့ရင် နောက်နေ့အလုပ်ထဲရောက်တဲ့အခါ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိမလဲလို့လေ။ဘယ်အသင်းထဲကိုရောက်ရောက် ကိုယ်ရောက်တဲ့ အသင်းက ကိုယ့်အသင်းပဲဖြစ်ပါတယ်။တချို့က ရှိတယ်မဟုတ်လား။ အမြဲတန်းတွဲလုပ်နေကျ လူနဲ့ပဲ အလုပ်တွဲလုပ်ချင်တာလေ။ကိုယ်နဲ့ ဘက်ညီတဲ့သူနဲ့ပဲ အလုပ်လုပ်ရရင် ရလဒ်ကောင်းအောင်လုပ်နိုင်ပေမယ့် အမြဲတမ်းကိုယ့်အဖော်ကို မင်နေလို့ မရတဲ့အခါတွေလဲ ရှိပါတယ်။ အဲဒီအခါကျတော့လဲ ရှိတဲ့သူနဲ့အလုပ်ဖြစ်အောင် လုပ်တတ်ခြင်းဟာ အရေးပါတဲ့ ပညာတစ်ခုပေါ့။အုပ်စုစွဲရှိတာနဲ့ အုပ်စုစိတ်ဓါတ်ရှိတာနဲ့တော့ မတူဘူးလေ။

မမိုးခိုင်

zawgyi

ငယ္ငယ္က ေက်ာင္းေနတုန္းမွာ ဆရာမက ေက်ာင္းသူ ေက်ာင္းသားေတြကို အသင္း ၄ သင္းဖြဲ႕ေပးေလ့ရွိပါတယ္။ က်န္စစ္သား၊ အ ေလာင္းဘုရား၊ ဗႏၵဳလနဲ႔ ဘုရင့္ေနာင္။ဒီအသင္းေတြက အလွည့္က် အတန္းရဲ႕ ေဝယ်ာဝစၥေတြ လုပ္ရပါတယ္။ ေသာက္ေရအိုးေရျဖည့္ တာတို႔၊ စာသင္ခန္းကို သန္႔ရွင္းေရးလုပ္တာတို႔လို ေပါ့ေပါ့ပါးပါး အလုပ္ေတြေပါ့။တစ္ခါတစ္ေလလဲ ပန္းခ်ီဆြဲတာတို႔၊ စာစီစာကုံးေရးရတာတို႔၊ စကားေရလုပြဲတို႔လိုအလုပ္မ်ိဳးေတြကို အသင္းလိုက္ လုပ္ေဆာင္ရတာ ယွဥ္ၿပိဳင္ရတာေတြ ရွိပါတယ္။ဒီေတာ့ ေက်ာင္းသားေက်ာင္းသူေတြရဲ႕စိတ္ထဲမွာ ကိုယ့္အသင္းဆိုတဲ့ အစြဲေလးေတြ၊ကိုယ့္အသင္းသားေတြဆိုတဲ့ စိတ္ဓါတ္ေလးေတြ ရွိတတ္ပါတယ္။ ဒါေပမယ့္စြဲစြဲၿမဲၿမဲႀကီးေတာ့ မဟုတ္ဘူး။ ေနာက္တစ္တန္းတက္လို႔ ေနာက္တစ္ခါ အသင္းျပန္ဖြဲ႕ရင္ကိုယ္က်ရာအသင္းမွာ ပါဝင္လႈပ္ရွားၾကရျပန္ေရာ။ ဘာပဲျဖစ္ျဖစ္ ငယ္စဥ္ကတည္းကအသင္းအဖြဲ႕နဲ႔ အလုပ္လုပ္ တတ္ေအာင္ ေလ့က်င့္ေပးခဲ့ ပါတယ္။

မဟာတန္းကို သင္ၾကားရတဲ့ အခါမွာတုန္းက အတန္းထဲက ကိစၥေလးေတြကို စီမံဖို႔အတြက္အုပ္စုေလးေတြ ဖြဲ႕ထားၾကတာကို ေတြ႕ရတယ္။ အုပ္စုလိုက္လုပ္ရတဲ့ သင္ခန္းစာေတြလုပ္ဖို႔၊အတန္းေဝယ်ာဝစၥေတြ ေဆာင္႐ြက္ဖို႔၊ စည္းကမ္းထိမ္းသိမ္းဖို႔၊ ဆရာဆရာမေတြ အႀကိဳအပို႔
စီစဥ္ေပးဖို႔၊ ကိစၥအဝဝကို တာဝန္ခြဲလုပ္ေဆာင္ဖို႔ အလွည့္က် အုပ္စုလိုက္ တာဝန္ယူၿပီးစီမံေလ့ရွိၾကပါတယ္။ေက်ာင္းကလိုအပ္တဲ့ ကိစၥေတြအျပင္ အုပ္စုလိုက္ စာစုက်က္တာ၊ ညစာထြက္စားတာ၊ေကာ္ဖီဆိုင္ ထိုင္တာ၊ ခရီးသြားတာ မ်ိဳးေတြကိုလဲ လုပ္ၾကေတာ့ သူတို႔မွာ အုပ္ စုစြဲကေတာ္ေတာ္ေလး ႀကီးပါတယ္။ “သူက ကြၽန္မတို႔နဲ႔ တစ္အုပ္စုထဲေလ” ဆိုတာမ်ိဳး၊“သူကကြၽန္ေတာ္တို႔နဲ႔ အုပ္စုခ်င္း မတူေတာ့ သူ႔အ ေၾကာင္းကို သိပ္မသိဘူး”ဆိုတာမ်ိဳးေတြကို ၾကားရတတ္တယ္။

အခါအခြင့္သင့္တိုင္း အုပ္စုနဲ႔ အလုပ္လုပ္တတ္တာ ေကာင္းေပမယ့္ အုပ္စုစြဲ ထားလြန္းတာမေကာင္းတဲ့အေၾကာင္း၊ အထူးသျဖင့္ ေက်ာင္းလာတက္တဲ့အခ်ိန္မွာ ကိုယ့္အုပ္စုထဲကလူေတြကိုပဲ ေပါင္းသင္းတာထက္ တစ္တန္းလုံးက လူေတြနဲ႔ ရင္းႏွီးမွ ကိုယ္ရဲ႕အသိုင္းအဝိုင္းက ပိုၿပီးက်ယ္ျပန္႔ လာမွာ ျဖစ္တဲ့အေၾကာင္း တိုက္တြန္းေပးတတ္ပါတယ္။ဒါေပမယ့္လဲ ေက်ာင္းၿပီးသြားၿပီးမွ လမ္းမွာေတြ႕လို႔ ႏႈတ္ဆက္တဲ့
ေက်ာင္းသားေဟာင္းေတြကလဲ “ကြၽန္ေတာ္ ဘယ္အုပ္စုကပါ မွတ္မိလားဆရာမ” လို႔အုပ္စုစြဲေလးကေတာ့ မကြၽတ္ခ်င္တတ္ေသး။

ကုမၸဏီတစ္ခုက သူ႔ရဲ႕ ဝန္ထမ္းေတြကို အားလပ္ရက္ တစ္ေန႔မွာအသင္းအဖြဲ႕စိတ္ဓါတ္ဖြံ႕ၿဖိဳးေရး အတြက္ ဂိမ္းေတြကစားရတဲ့ အဖြဲ႕လိုက္ ယွဥ္ၿပိဳင္မႈေတြကိုျပဳလုပ္ေစပါတယ္။ အဖြဲ႕အသီးသီးက တူညီဝတ္စုံေတြကို အဖြဲ႕အလိုက္ ဆင္တူဝတ္ရပါတယ္။ ဂိမ္းေတြကို တီထြင္ဖန္ တီးၿပီး ကစားပြဲကို ႀကီးၾကပ္ေပးမယ့္ အဖြဲ႕ကိုလဲငွားထားပါတယ္။သူတို႔ကစားၾကတာေတြကို ၾကည့္ရေတာ့ ကစားနည္းေတြက တစ္ဖြဲ႕လုံးတက္ညီလက္ညီအလုပ္လုပ္မွ ႏိုင္မယ့္ကစားနည္းမ်ိဳးေတြပါ။ တစ္မ်ိဳးၿပီးတစ္မ်ိဳး ကစားေနၾကေတာ့ကစားရင္းနဲ႔ အဖြဲ႕ထဲက လူေတြက ပိုၿပီးစည္းလုံးလာၾကၿပီး တျခားအဖြဲ႕ကလူေတြကိုၿပိဳင္ဖက္လိုပိုၿပီး သေဘာထား လာၾကတယ္။

သူတို႔ကို ၾကည့္ရင္းနဲ႔ ေတြးၾကည့္မိတာပါ။ ဒီကေန႔ကစားပြဲကေနၿပီးေတာ့ အုပ္စုနဲ႔အလုပ္လုပ္တဲ့ စိတ္ဓါတ္ထက္ အုပ္စုစြဲသြားတဲ့ စိတ္ဓါတ္က ပိုျပင္းထန္ခဲ့ရင္ ေနာက္ေန႔အလုပ္ထဲေရာက္တဲ့အခါ ဘယ္လိုအက်ိဳးသက္ေရာက္မႈေတြ ရွိမလဲလို႔ေလ။ဘယ္အသင္းထဲကိုေရာက္ေရာက္ ကိုယ္ေရာက္တဲ့ အသင္းက ကိုယ့္အသင္းပဲျဖစ္ပါတယ္။တခ်ိဳ႕က ရွိတယ္မဟုတ္လား။ အၿမဲတန္းတြဲလုပ္ေနက် လူနဲ႔ပဲ အလုပ္တြဲလုပ္ခ်င္တာေလ။ကိုယ္နဲ႔ ဘက္ညီတဲ့သူနဲ႔ပဲ အလုပ္လုပ္ရရင္ ရလဒ္ေကာင္းေအာင္လုပ္ႏိုင္ေပမယ့္ အၿမဲတမ္းကိုယ့္အေဖာ္ကို မင္ေနလို႔ မရတဲ့အခါေတြလဲ ရွိပါတယ္။ အဲဒီအခါက်ေတာ့လဲ ရွိတဲ့သူနဲ႔အလုပ္ျဖစ္ေအာင္ လုပ္တတ္ျခင္းဟာ အေရးပါတဲ့ ပညာတစ္ခုေပါ့။အုပ္စုစြဲရွိတာနဲ႔ အုပ္စုစိတ္ဓါတ္ရွိတာနဲ႔ေတာ့ မတူဘူးေလ။

မမိုးခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*