
လုပ်ငန်းရှင်တိုင်းမဟုတ်ပေမဲ့ တချို့အလုပ်ရှင်တွေက “ပိုက်ဆံရှိရင် အချိန်မရွေးဝန်ထမ်းခေါ်လို့ရတယ်” ဆိုပြီး ဝန်ထမ်းတွေကို တန်ဖိုးမထားတတ်ကြပါဘူး။ ပိုက်ဆံရှိတိုင်းဝန်ထမ်းခေါ်လို့ရတဲ့ဆိုတဲ့အချက်က သူတို့ထင်သလို တချို့တဝက်တော့ မှန်ပါလိမ့်မယ်။ပိုက်ဆံရှိတိုင်း ဝန်ထမ်းခေါ်လို့ရပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲအကျိုးဆက်တွေတော့ရှိပါတယ်။ပိုက်ဆံရှိရင် ဝန်ထမ်းခေါ်ဖို့ အခက်အခဲမရှိဘူး”လို့ ယူဆထားတဲ့ လုပ်ငန်းရှင်တွေအခုထိရှိပါသေးတယ်။ လိုအပ်တာက ငွေကြေးဖြစ်ပြီး ဝန်ထမ်းဆိုတာ အစားထိုးလို့ရတဲ့အရာဝတ္ထုတစ်ခုလို သဘောထားတတ်ကြပါတယ်။ ဒါပေမဲ့ ဒီလိုအတွေးအခေါ်က ရေရှည်မှာလုပ်ငန်းအတွက် ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေနိုင်လဲဆိုတာကိုတော့ သေချာစဉ်းစားဖို့လိုပါတယ်။
ဝန်ထမ်းတွေကို တန်ဖိုးမထားခြင်းရဲ့ အကျိုးဆက်
ဝန်ထမ်းတွေကို တန်ဖိုးမထားဘဲ ငွေကြေးတစ်ခုတည်းနဲ့ပဲ အရာရာကို တိုင်းတာမယ်ဆိုရင်လုပ်ငန်းရဲ့ ပုံရိပ်ကို အကြီးအကျယ် ထိခိုက်စေပါတယ်။ “ဒီကုမ္ပဏီက ဝန်ထမ်းတွေကိုဖိနှိပ်တယ်၊ အလုပ်ထွက်နှုန်းများတယ်၊ ဝန်ထမ်းတွေကို တန်ဖိုးမထားဘူး” စတဲ့ နာမည်ဆိုးတွေ
ထွက်ပေါ်လာပြီး လူမှုကွန်ရက်နဲ့ အလုပ်အကိုင်ရှာဖွေရေး ပလက်ဖောင်းတွေမှာပါပျံ့နှံ့သွားနိုင်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ နာမည်ဂုဏ်သတင်းမကောင်းတဲ့ ကုမ္ပဏီတစ်ခုအဖြစ် ပစ်ပယ်ခံရနိုင်ပါတယ်။ ဒါ့အပြင် အဆိုးဆုံးကတော့အရည်အချင်းရှိဝန်ထမ်းတွေကို လက်လွတ်ဆုံးရှုံးရတာပါပဲ။
အရည်အချင်းရှိသူကို ဆွဲဆောင်နိုင်မှု မရှိတော့တာ
နာမည်ဂုဏ်သတင်း မကောင်းတဲ့အခါ အပြင်က အရည်အချင်းရှိပြီး ထက်မြက်တဲ့သူတွေဟာသင့်တို့ရဲ့ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ စဉ်းစားတော့မှာ မဟုတ်ပါဘူး။ သူတို့ဟာ ကိုယ့်ရဲ့တန်ဖိုးကိုနားလည်ပြီး ကိုယ့်ကိုတန်ဖိုးထားတဲ့ ပတ်ဝန်းကျင်မျိုးကို ပိုမိုလိုလားကြပါတယ်။ ဒါကြောင့်ပိုက်ဆံပေးနိုင်ရုံနဲ့ အရည်အချင်းမြင့် ဝန်ထမ်းကောင်းတွေကို ခေါ်ယူနိုင်တော့မှာ မဟုတ်ပါဘူး။ရတဲ့သူနဲ့ပဲ လုပ်ကိုင်ရတဲ့အခြေအ နေမျိုးကို ရောက်ရှိသွားနိုင်တာက အလုပ်ရှင်တွေအတွက်နစ်နာမှု၊ ထိခိုက်မှုပါပဲ။
ဝန်ထမ်းမတည်ငြိမ်မှုနဲ့ အမြဲတမ်းအသစ်ပြန်စနေရတာ
ဝန်ထမ်းတွေကို တန်ဖိုးမထားတဲ့ လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေဟာ ကြာကြာမနေပါဘူး။အခွင့်အလမ်း ပိုကောင်းတာ၊ ကိုယ့်ကိုတန်ဖိုးထားတာမျိုး တွေ့တာနဲ့ ပြောင်းရွှေ့သွားကြမှာသေချာပါတယ်။ ဒါ့ကြောင့် ဝန်ထမ်းမမြဲတာ၊ အလုပ်ထွက်နှုန်းများတာ စတဲ့ ပြဿနာတွေကြုံရပါလိမ့်မယ်။ဝန်ထမ်းတစ်ယောက် ထွက်သွားတိုင်း အသစ်တစ်ယောက်ကို ပြန်လည်ခေါ်ယူရပြီး အစကနေပြန်သင်ကြားပေးရပါတယ်။ ဒီဖြစ်စဉ်က အချိန်၊ ငွေကြေးနဲ့ လူအင်အားအများကြီးကုန်ကျစေတာကို အလုပ်ရှင်တွေအနေနဲ့ သတိပြုမိဖို့လိုပါတယ်။ ဝန်ထမ်းအသစ်ဟာ
လုပ်ငန်းအကြောင်းကို အချိန်ယူ လေ့လာရတာကြောင့် လုပ်ငန်းလည်ပတ်မှုစွမ်းဆောင်ရည်ကိုပါ ထိခိုက်စေပါတယ်။ အမြဲတမ်း အသစ်ကနေပဲ စစနေရတော့ လုပ်ငန်းရဲ့တိုးတက်မှုနှုန်း နှေးကွေးပြီး အောင်မြင်မှုလမ်းကြောင်းပေါ်မှာ ရှေ့ကိုရောက်သင့်သလောက်မရောက်နိုင်ဘဲ ဖြစ်နေတတ်ပါတယ်။
ရေရှည်တည်တံ့ခိုင်မြဲမှု မရှိတာ
လုပ်ငန်းတစ်ခု ရေရှည်တည်တံ့ခိုင်မြဲဖို့ဆိုရင် ငွေကြေးတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။လုပ်ငန်းရဲ့ အဓိကမောင်းနှင်အားဖြစ်တဲ့ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်၊ သစ္စာစောင့်သိမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေဟာ အရေးကြီးပါတယ်။ ဝန်ထမ်းတွေ စိတ်ကျေနပ်မှုမရှိဘဲခဏတာပဲ တည်ရှိနေတဲ့ လုပ်ငန်းမျိုးဟာ အခက်အခဲ ကြုံလာတဲ့အခါ ဒါမှမဟုတ် ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့အခါမှာ အလွယ်တကူ ပြိုလဲနိုင်ပါတယ်။ ဒီလုပ်ငန်းကဝန်ထမ်းတွေအတွက်တော့ ပန်းတိုင်မရောက်ခင်မှာ ခဏတဖြုတ်နားတဲ့နေရာအဖြစ်သာရှိနေပါတယ်။
ဒါကြောင့် ပိုက်ဆံရှိရင် အချိန်မရွေး ဝန်ထမ်းခေါ်လို့ရတယ် ဆိုတဲ့ အတွေးဟာ ရေတိုမှာအဆင်ပြေတယ်လို့ ထင်ရပေမဲ့ ရေရှည်မှာတော့ လုပ်ငန်းရဲ့ ဂုဏ်သိက္ခာ၊ စွမ်းဆောင်ရည်နဲ့ရှင်သန်ရပ်တည်နိုင်စွမ်းကို ထိခိုက်စေနိုင်တဲ့ မှားယွင်းတဲ့ ယူဆချက်တစ်ခုပဲ ဖြစ်ပါတယ်။ဝန်ထမ်းတွေကို တန်ဖိုးထားပြီး ရင်းနှီးမြှုပ်နှံခြင်းဟာ လုပ်ငန်းရဲ့ ရေရှည်အောင်မြင်မှုအတွက်အရေးအကြီးဆုံးသော အချက်တစ်ခုပဲ ဖြစ်တယ်ဆိုတာ အလုပ်ရှင်တွေအနေနဲ့ သတိပြုသင့်တဲ့အချက်ဖြစ်ပါတယ်။
ကျော့ကေခိုင်
လုပ္ငန္းရွင္တိုင္းမဟုတ္ေပမဲ့ တခ်ိဳ႕အလုပ္ရွင္ေတြက “ပိုက္ဆံရွိရင္ အခ်ိန္မေ႐ြးဝန္ထမ္းေခၚလို႔ရတယ္” ဆိုၿပီး ဝန္ထမ္းေတြကို တန္ဖိုးမထားတတ္ၾကပါဘူး။ ပိုက္ဆံရွိတိုင္းဝန္ထမ္းေခၚလို႔ရတဲ့ဆိုတဲ့အခ်က္က သူတို႔ထင္သလို တခ်ိဳ႕တဝက္ေတာ့ မွန္ပါလိမ့္မယ္။ပိုက္ဆံရွိတိုင္း ဝန္ထမ္းေခၚလို႔ရပါတယ္။ ဒါေပမဲ့ ေနာက္ဆက္တြဲအက်ိဳးဆက္ေတြေတာ့ရွိပါတယ္။ပိုက္ဆံရွိရင္ ဝန္ထမ္းေခၚဖို႔ အခက္အခဲမရွိဘူး”လို႔ ယူဆထားတဲ့ လုပ္ငန္းရွင္ေတြအခုထိရွိပါေသးတယ္။ လိုအပ္တာက ေငြေၾကးျဖစ္ၿပီး ဝန္ထမ္းဆိုတာ အစားထိုးလို႔ရတဲ့အရာဝတၳဳတစ္ခုလို သေဘာထားတတ္ၾကပါတယ္။ ဒါေပမဲ့ ဒီလိုအေတြးအေခၚက ေရရွည္မွာလုပ္ငန္းအတြက္ ဘယ္လိုဆိုးက်ိဳးေတြ ျဖစ္ေစႏိုင္လဲဆိုတာကိုေတာ့ ေသခ်ာစဥ္းစားဖို႔လိုပါတယ္။
ဝန္ထမ္းေတြကို တန္ဖိုးမထားျခင္းရဲ႕ အက်ိဳးဆက္
ဝန္ထမ္းေတြကို တန္ဖိုးမထားဘဲ ေငြေၾကးတစ္ခုတည္းနဲ႔ပဲ အရာရာကို တိုင္းတာမယ္ဆိုရင္လုပ္ငန္းရဲ႕ ပုံရိပ္ကို အႀကီးအက်ယ္ ထိခိုက္ေစပါတယ္။ “ဒီကုမၸဏီက ဝန္ထမ္းေတြကိုဖိႏွိပ္တယ္၊ အလုပ္ထြက္ႏႈန္းမ်ားတယ္၊ ဝန္ထမ္းေတြကို တန္ဖိုးမထားဘူး” စတဲ့ နာမည္ဆိုးေတြ
ထြက္ေပၚလာၿပီး လူမႈကြန္ရက္နဲ႔ အလုပ္အကိုင္ရွာေဖြေရး ပလက္ေဖာင္းေတြမွာပါပ်ံ႕ႏွံ႔သြားႏိုင္ပါတယ္။ ဒီလိုျဖစ္လာတဲ့အခါ နာမည္ဂုဏ္သတင္းမေကာင္းတဲ့ ကုမၸဏီတစ္ခုအျဖစ္ ပစ္ပယ္ခံရႏိုင္ပါတယ္။ ဒါ့အျပင္ အဆိုးဆုံးကေတာ့အရည္အခ်င္းရွိဝန္ထမ္းေတြကို လက္လြတ္ဆုံးရႈံးရတာပါပဲ။
အရည္အခ်င္းရွိသူကို ဆြဲေဆာင္ႏိုင္မႈ မရွိေတာ့တာ
နာမည္ဂုဏ္သတင္း မေကာင္းတဲ့အခါ အျပင္က အရည္အခ်င္းရွိၿပီး ထက္ျမက္တဲ့သူေတြဟာသင့္တို႔ရဲ႕ကုမၸဏီမွာ အလုပ္လုပ္ဖို႔ စဥ္းစားေတာ့မွာ မဟုတ္ပါဘူး။ သူတို႔ဟာ ကိုယ့္ရဲ႕တန္ဖိုးကိုနားလည္ၿပီး ကိုယ့္ကိုတန္ဖိုးထားတဲ့ ပတ္ဝန္းက်င္မ်ိဳးကို ပိုမိုလိုလားၾကပါတယ္။ ဒါေၾကာင့္ပိုက္ဆံေပးႏိုင္႐ုံနဲ႔ အရည္အခ်င္းျမင့္ ဝန္ထမ္းေကာင္းေတြကို ေခၚယူႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ရတဲ့သူနဲ႔ပဲ လုပ္ကိုင္ရတဲ့အေျခအ ေနမ်ိဳးကို ေရာက္ရွိသြားႏိုင္တာက အလုပ္ရွင္ေတြအတြက္နစ္နာမႈ၊ ထိခိုက္မႈပါပဲ။
ဝန္ထမ္းမတည္ၿငိမ္မႈနဲ႔ အၿမဲတမ္းအသစ္ျပန္စေနရတာ
ဝန္ထမ္းေတြကို တန္ဖိုးမထားတဲ့ လုပ္ငန္းခြင္မွာ ဝန္ထမ္းေတြဟာ ၾကာၾကာမေနပါဘူး။အခြင့္အလမ္း ပိုေကာင္းတာ၊ ကိုယ့္ကိုတန္ဖိုးထားတာမ်ိဳး ေတြ႕တာနဲ႔ ေျပာင္းေ႐ႊ႕သြားၾကမွာေသခ်ာပါတယ္။ ဒါ့ေၾကာင့္ ဝန္ထမ္းမၿမဲတာ၊ အလုပ္ထြက္ႏႈန္းမ်ားတာ စတဲ့ ျပႆနာေတြႀကဳံရပါလိမ့္မယ္။ဝန္ထမ္းတစ္ေယာက္ ထြက္သြားတိုင္း အသစ္တစ္ေယာက္ကို ျပန္လည္ေခၚယူရၿပီး အစကေနျပန္သင္ၾကားေပးရပါတယ္။ ဒီျဖစ္စဥ္က အခ်ိန္၊ ေငြေၾကးနဲ႔ လူအင္အားအမ်ားႀကီးကုန္က်ေစတာကို အလုပ္ရွင္ေတြအေနနဲ႔ သတိျပဳမိဖို႔လိုပါတယ္။ ဝန္ထမ္းအသစ္ဟာ
လုပ္ငန္းအေၾကာင္းကို အခ်ိန္ယူ ေလ့လာရတာေၾကာင့္ လုပ္ငန္းလည္ပတ္မႈစြမ္းေဆာင္ရည္ကိုပါ ထိခိုက္ေစပါတယ္။ အၿမဲတမ္း အသစ္ကေနပဲ စစေနရေတာ့ လုပ္ငန္းရဲ႕တိုးတက္မႈႏႈန္း ေႏွးေကြးၿပီး ေအာင္ျမင္မႈလမ္းေၾကာင္းေပၚမွာ ေရွ႕ကိုေရာက္သင့္သေလာက္မေရာက္ႏိုင္ဘဲ ျဖစ္ေနတတ္ပါတယ္။
ေရရွည္တည္တံ့ခိုင္ၿမဲမႈ မရွိတာ
လုပ္ငန္းတစ္ခု ေရရွည္တည္တံ့ခိုင္ၿမဲဖို႔ဆိုရင္ ေငြေၾကးတစ္ခုတည္းနဲ႔ မလုံေလာက္ပါဘူး။လုပ္ငန္းရဲ႕ အဓိကေမာင္းႏွင္အားျဖစ္တဲ့ ဝန္ထမ္းေတြရဲ႕ စြမ္းေဆာင္ရည္၊ သစၥာေစာင့္သိမႈနဲ႔ပူးေပါင္းေဆာင္႐ြက္မႈေတြဟာ အေရးႀကီးပါတယ္။ ဝန္ထမ္းေတြ စိတ္ေက်နပ္မႈမရွိဘဲခဏတာပဲ တည္ရွိေနတဲ့ လုပ္ငန္းမ်ိဳးဟာ အခက္အခဲ ႀကဳံလာတဲ့အခါ ဒါမွမဟုတ္ ၿပိဳင္ဆိုင္မႈျပင္းထန္လာတဲ့အခါမွာ အလြယ္တကူ ၿပိဳလဲႏိုင္ပါတယ္။ ဒီလုပ္ငန္းကဝန္ထမ္းေတြအတြက္ေတာ့ ပန္းတိုင္မေရာက္ခင္မွာ ခဏတျဖဳတ္နားတဲ့ေနရာအျဖစ္သာရွိေနပါတယ္။
ဒါေၾကာင့္ ပိုက္ဆံရွိရင္ အခ်ိန္မေ႐ြး ဝန္ထမ္းေခၚလို႔ရတယ္ ဆိုတဲ့ အေတြးဟာ ေရတိုမွာအဆင္ေျပတယ္လို႔ ထင္ရေပမဲ့ ေရရွည္မွာေတာ့ လုပ္ငန္းရဲ႕ ဂုဏ္သိကၡာ၊ စြမ္းေဆာင္ရည္နဲ႔ရွင္သန္ရပ္တည္ႏိုင္စြမ္းကို ထိခိုက္ေစႏိုင္တဲ့ မွားယြင္းတဲ့ ယူဆခ်က္တစ္ခုပဲ ျဖစ္ပါတယ္။ဝန္ထမ္းေတြကို တန္ဖိုးထားၿပီး ရင္းႏွီးျမႇဳပ္ႏွံျခင္းဟာ လုပ္ငန္းရဲ႕ ေရရွည္ေအာင္ျမင္မႈအတြက္အေရးအႀကီးဆုံးေသာ အခ်က္တစ္ခုပဲ ျဖစ္တယ္ဆိုတာ အလုပ္ရွင္ေတြအေနနဲ႔ သတိျပဳသင့္တဲ့အခ်က္ျဖစ္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply