အလုပ်လျှောက်သူတွေအတွက် ပြိုင်ဆိုင်မှုများလာတဲ့ အလုပ်အကိုင်ဈေးကွက်

ဒီကနေ့ခေတ် အလုပ်အကိုင်ဈေးကွက်က အားလုံးသိတဲ့အတိုင်း အရင်ကထက် သိသိသာသာပြိုင်ဆိုင်မှု ပိုများလာပါတယ်။ နည်းပညာတွေ တိုးတက်လာတာ၊ ကမ္ဘာ့စီးပွားရေးအခြေအနေတွေ ပြောင်းလဲလာတာနဲ့အတူ အလုပ်လျှောက်သူတွေက အလုပ်ရှင်တွေရဲ့လိုအပ် ချက်တွေနဲ့ ကိုက်ညီအောင် ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ပြင်ဆင်နေဖို့လိုအပ်လာပါတယ်။ အလုပ်ခေါ်စာတွေရဲ့ JD တွေဖတ်ပြီး ကိုယ်ဘာတွေ လိုအပ်မလဲဆိုတာပြင်ဆင်ဖို့လိုသလို အခုဖော်ပြမယ့်အချက်တွေကနေလည်း အများကြီးအထောက်အကူဖြစ်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

ကျွမ်းကျင်မှုအသစ်တွေ စဉ်ဆက်မပြတ် သင်ယူပါ

အလုပ်အကိုင်ဈေးကွက်က အချိန်တိုင်း ပြောင်းလဲနေပါတယ်။ ဒီနေ့ခေတ်မှာ လိုအပ်နေတဲ့ကျွမ်းကျင်မှုတွေဟာ နောက်ငါးနှစ် ဒါမှမဟုတ် ဆယ်နှစ်မှာ မလိုအပ်တော့တာမျိုးဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်နယ်ပယ်နဲ့ သက်ဆိုင်တဲ့ နောက်ဆုံးပေါ် နည်းပညာတွေ၊ဆော့ဖ်ဝဲလ်တွေနဲ့ လုပ်ငန်းခွင် လိုအပ်ချက်တွေကို အမြဲလေ့လာသင်ယူနေဖို့ အရေးကြီးပါတယ်။အွန်လိုင်းသင်တန်းတွေ၊ workshop တွေ ဒါမှမဟုတ် ဘွဲ့လွန်သင်တန်းတွေ တက်ရောက်ပြီးကိုယ့်ရဲ့ အရည်အချင်းကို မြှင့်တင်နိုင်ပါတယ်။

Personal Branding ကို တည်ဆောက်ပါ

ဒီနေ့ခေတ်မှာ ကိုယ့်ကိုယ်ကိုယ် ထင်ပေါ်အောင် ပြသဖို့ လိုအပ်ပါတယ်။ LinkedIn လိုမျိုးပရော်ဖက်ရှင်နယ် platform တွေပေါ်မှာ ကိုယ့်ရဲ့ ကျွမ်းကျင်မှုတွေ၊ အတွေ့အကြုံတွေနဲ့လုပ်ငန်းအောင်မြင်မှုတွေကို ဖော်ပြထားဖို့ပါ။ ကိုယ့်ရဲ့ လုပ်ငန်းနယ်ပယ်နဲ့ ပတ်သက်တဲ့ဆောင်းပါးတွေ ရေးသားတာ၊ webinar တွေမှာ ပါဝင်ဆွေးနွေးတာ ဒါမှမဟုတ်ပရော်ဖက်ရှင်နယ် network တွေ တည်ဆောက်တာကလည်း ကိုယ့်ရဲ့ personal bran ကိုခိုင်မာစေပါတယ်။

Soft Skills တွေကို တိုးတက်အောင် လုပ်ဆောင်ပါ

နည်းပညာနဲ့ ကျွမ်းကျင်မှုတွေအပြင် ဆက်သွယ်ရေးစွမ်းရည် (Communication Skills)၊ပြဿနာဖြေရှင်းနိုင်စွမ်း (Problem-Solving)၊ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်နိုင်စွမ်း(Teamwork)၊ လိုက်လျောညီထွေရှိမှု (Adaptability) နဲ့ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်း (Critical Thinking) လိုမျိုး Soft Skills တွေကလည်း အလုပ်ရှင်တွေအတွက် အရေးကြီးပါတယ်။ဒီစွမ်းရည်တွေက ဘယ်အလုပ်မှာမဆို လိုအပ်ပြီး အလုပ်တခုကနေတခုအပြောင်းအလဲမှာလည်း နောက်အလုပ်ကို သယ်သွားလို့ရတဲ့ စွမ်းရည်တွေဖြစ်ပါတယ်။ဒါ့ကြောင့် ဒီ soft skills တွေက ဘယ်လုပ်ငန်းခွင်မှာမဆို အသုံးဝင်ပြီး ကိုယ့်ရဲ့ အလုပ်ကို ပိုမိုထိရောက်စေနိုင်ပါတယ်။

အလုပ်လျှောက်လွှာတွေကို ဂရုတစိုက် ပြင်ဆင်ပါ

အလုပ်ရှင်တွေဟာ CV/Resume တွေကို ကြည့်ဖို့ အချိန်အများကြီး မပေးနိုင်ပါဘူး။ ဒါကြောင့်ကိုယ့်ရဲ့ CV/Resume တခုက ရှင်းလင်းပြတ်သားပြီး အလုပ်လျှောက်တဲ့ ရာထူးနဲ့ ကိုက်ညီတဲ့အချက်အလက်တွေကိုပဲ အဓိကထား ဖော်ပြသင့်ပါတယ်။ အလုပ်ရှင်ကဘယ်လိုကျွမ်းကျင်မှုတွေ လိုချင်သလဲဆိုတာကို ကြိုတင်လေ့လာပြီး ကိုယ့်ရဲ့ CV/Resume မှာအဲဒီအချက်တွေကို ဦးစားပေး ထည့်သွင်းဖော်ပြနိုင်ဖို့ အရေးကြီးပါတယ်။ Cover Letter ကိုလည်း အလုပ်တစ်ခုချင်းစီအတွက် သီးသန့်ရေးသားပြီး ကိုယ်က ဒီရာထူးအတွက်ဘယ်လောက် အသင့်တော်ဆုံး ဖြစ်တယ်ဆိုတာကို အတိုချုပ် ဖော်ပြပေးပါ။

အင်တာဗျူးအတွက် သေချာပြင်ဆင်ပါ

အင်တာဗျူးဆိုတာ ကိုယ့်ရဲ့ အရည်အချင်းတွေကို တိုက်ရိုက်ပြသရမယ့် အခွင့်အရေးပါ။အင်တာဗျူးမဖြေခင်မှာ ကုမ္ပဏီအကြောင်း၊ အ လုပ်ရာထူးနဲ့ ပတ်သက်ပြီးသေချာလေ့လာထားပါ။ အင်တာဗျူးမှာ မေးလေ့ရှိတဲ့ မေးခွန်းတွေအတွက်ကြိုတင်ပြင်ဆင်ထားပြီး ကိုယ့်ရဲ့ အတွေ့အကြုံတွေကို ဥပမာပေးပြီး ရှင်းပြနိုင်အောင်လေ့ကျင့်ထားပါ။ မေးခွန်းပြန်မေးဖို့ အခွင့်အရေးရရင် ကုမ္ပဏီအပေါ် စိတ်ဝင်စားမှုကို
ပြသနိုင်တဲ့ မေးခွန်းကောင်းတွေကို မေးပါ။ အင်တာဗျူးဖြေဆိုတဲ့ စွမ်းရည်က အလုပ်ရ၊ မရကိုဆုံးဖြတ်နိုင်ပါတယ်။

Networking တည်ဆောက်ပါ

လူမှုဆက်ဆံရေးကွန်ရက်ကို ခိုင်မာအောင် တည်ဆောက်ထားတာဟာ အလုပ်အကိုင်ရှာဖွေရာမှာအရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ကိုယ့်ရဲ့ လုပ်ငန်းနယ်ပယ်ကပရော်ဖက်ရှင်နယ်တွေနဲ့ ချိတ်ဆက်ပြီး ဆက်ဆံရေး တည်ဆောက်ပါ။ သူတို့ဆီက အလုပ်အကိုင်
အခွင့်အလမ်းတွေအကြောင်း ဒါမှမဟုတ် လုပ်ငန်းခွင် အခြေအနေတွေအကြောင်းကိုအမြဲမပြတ်လေ့လာပါ။ သင်က အလုပ်ရှာနေသူဖြစ်ကြောင်းနဲ့ ဘယ်လိုနယ်ပယ်မျိုးကိုကျွမ်းကျင်တယ်ဆိုတာကို သူတို့ကိုသိအောင် ပြောပြထားပါ။

သင်နဲ့ကိုက်ညီတဲ့အလုပ်တွေ့တဲ့အခါ သင့်ကိုပထမဆုံးပြေးမြင်မိတာမျိုးဖြစ်ပါစေ။ဒါကြောင့် ပြိုင်ဆိုင်မှုများတဲ့ အလုပ်အကိုင်ဈေးကွက်မှာ ကိုယ်က သူများထက်ခြေတလှမ်းသာဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း မြှင့်တင်နေဖို့၊ ခေတ်နဲ့အညီလိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနေဖို့နဲ့ ကိုယ့်ရဲ့ အရည်အချင်းတွေကို ထိရောက်စွာဖော်ပြနိုင်ဖို့ အရေးကြီးပါတယ်။

ကျော့ကေခိုင်

zawgyi

ဒီကေန႔ေခတ္ အလုပ္အကိုင္ေဈးကြက္က အားလုံးသိတဲ့အတိုင္း အရင္ကထက္ သိသိသာသာၿပိဳင္ဆိုင္မႈ ပိုမ်ားလာပါတယ္။ နည္းပညာေတြ တိုးတက္လာတာ၊ ကမာၻ႔စီးပြားေရးအေျခအေနေတြ ေျပာင္းလဲလာတာနဲ႔အတူ အလုပ္ေလွ်ာက္သူေတြက အလုပ္ရွင္ေတြရဲ႕လိုအပ္ ခ်က္ေတြနဲ႔ ကိုက္ညီေအာင္ ကိုယ့္ကိုယ္ကိုယ္ အၿမဲတမ္း ျပင္ဆင္ေနဖို႔လိုအပ္လာပါတယ္။ အလုပ္ေခၚစာေတြရဲ႕ JD ေတြဖတ္ၿပီး ကိုယ္ဘာေတြ လိုအပ္မလဲဆိုတာျပင္ဆင္ဖို႔လိုသလို အခုေဖာ္ျပမယ့္အခ်က္ေတြကေနလည္း အမ်ားႀကီးအေထာက္အကူျဖစ္မယ္လို႔ ယုံၾကည္ေမွ်ာ္လင့္ပါတယ္။

ကြၽမ္းက်င္မႈအသစ္ေတြ စဥ္ဆက္မျပတ္ သင္ယူပါ

အလုပ္အကိုင္ေဈးကြက္က အခ်ိန္တိုင္း ေျပာင္းလဲေနပါတယ္။ ဒီေန႔ေခတ္မွာ လိုအပ္ေနတဲ့ကြၽမ္းက်င္မႈေတြဟာ ေနာက္ငါးႏွစ္ ဒါမွမဟုတ္ ဆယ္ႏွစ္မွာ မလိုအပ္ေတာ့တာမ်ိဳးျဖစ္သြားႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ့္နယ္ပယ္နဲ႔ သက္ဆိုင္တဲ့ ေနာက္ဆုံးေပၚ နည္းပညာေတြ၊ေဆာ့ဖ္ဝဲလ္ေတြနဲ႔ လုပ္ငန္းခြင္ လိုအပ္ခ်က္ေတြကို အၿမဲေလ့လာသင္ယူေနဖို႔ အေရးႀကီးပါတယ္။အြန္လိုင္းသင္တန္းေတြ၊ workshop ေတြ ဒါမွမဟုတ္ ဘြဲ႕လြန္သင္တန္းေတြ တက္ေရာက္ၿပီးကိုယ့္ရဲ႕ အရည္အခ်င္းကို ျမႇင့္တင္ႏိုင္ပါတယ္။

Personal Branding ကို တည္ေဆာက္ပါ

ဒီေန႔ေခတ္မွာ ကိုယ့္ကိုယ္ကိုယ္ ထင္ေပၚေအာင္ ျပသဖို႔ လိုအပ္ပါတယ္။ LinkedIn လိုမ်ိဳးပေရာ္ဖက္ရွင္နယ္ platform ေတြေပၚမွာ ကိုယ့္ရဲ႕ ကြၽမ္းက်င္မႈေတြ၊ အေတြ႕အႀကဳံေတြနဲ႔လုပ္ငန္းေအာင္ျမင္မႈေတြကို ေဖာ္ျပထားဖို႔ပါ။ ကိုယ့္ရဲ႕ လုပ္ငန္းနယ္ပယ္နဲ႔ ပတ္သက္တဲ့ေဆာင္းပါးေတြ ေရးသားတာ၊ webinar ေတြမွာ ပါဝင္ေဆြးေႏြးတာ ဒါမွမဟုတ္ပေရာ္ဖက္ရွင္နယ္ network ေတြ တည္ေဆာက္တာကလည္း ကိုယ့္ရဲ႕ personal bran ကိုခိုင္မာေစပါတယ္။

Soft Skills ေတြကို တိုးတက္ေအာင္ လုပ္ေဆာင္ပါ

နည္းပညာနဲ႔ ကြၽမ္းက်င္မႈေတြအျပင္ ဆက္သြယ္ေရးစြမ္းရည္ (Communication Skills)၊ျပႆနာေျဖရွင္းႏိုင္စြမ္း (Problem-Solving)၊ အဖြဲ႕လိုက္ပူးေပါင္းေဆာင္႐ြက္ႏိုင္စြမ္း(Teamwork)၊ လိုက္ေလ်ာညီေထြရွိမႈ (Adaptability) နဲ႔ ေဝဖန္ပိုင္းျခားေတြးေခၚႏိုင္စြမ္း (Critical Thinking) လိုမ်ိဳး Soft Skills ေတြကလည္း အလုပ္ရွင္ေတြအတြက္ အေရးႀကီးပါတယ္။ဒီစြမ္းရည္ေတြက ဘယ္အလုပ္မွာမဆို လိုအပ္ၿပီး အလုပ္တခုကေနတခုအေျပာင္းအလဲမွာလည္း ေနာက္အလုပ္ကို သယ္သြားလို႔ရတဲ့ စြမ္းရည္ေတြျဖစ္ပါတယ္။ဒါ့ေၾကာင့္ ဒီ soft skills ေတြက ဘယ္လုပ္ငန္းခြင္မွာမဆို အသုံးဝင္ၿပီး ကိုယ့္ရဲ႕ အလုပ္ကို ပိုမိုထိေရာက္ေစႏိုင္ပါတယ္။

အလုပ္ေလွ်ာက္လႊာေတြကို ဂ႐ုတစိုက္ ျပင္ဆင္ပါ

အလုပ္ရွင္ေတြဟာ CV/Resume ေတြကို ၾကည့္ဖို႔ အခ်ိန္အမ်ားႀကီး မေပးႏိုင္ပါဘူး။ ဒါေၾကာင့္ကိုယ့္ရဲ႕ CV/Resume တခုက ရွင္းလင္းျပတ္သားၿပီး အလုပ္ေလွ်ာက္တဲ့ ရာထူးနဲ႔ ကိုက္ညီတဲ့အခ်က္အလက္ေတြကိုပဲ အဓိကထား ေဖာ္ျပသင့္ပါတယ္။ အလုပ္ရွင္ကဘယ္လိုကြၽမ္းက်င္မႈေတြ လိုခ်င္သလဲဆိုတာကို ႀကိဳတင္ေလ့လာၿပီး ကိုယ့္ရဲ႕ CV/Resume မွာအဲဒီအခ်က္ေတြကို ဦးစားေပး ထည့္သြင္းေဖာ္ျပႏိုင္ဖို႔ အေရးႀကီးပါတယ္။ Cover Letter ကိုလည္း အလုပ္တစ္ခုခ်င္းစီအတြက္ သီးသန႔္ေရးသားၿပီး ကိုယ္က ဒီရာထူးအတြက္ဘယ္ေလာက္ အသင့္ေတာ္ဆုံး ျဖစ္တယ္ဆိုတာကို အတိုခ်ဳပ္ ေဖာ္ျပေပးပါ။

အင္တာဗ်ဴးအတြက္ ေသခ်ာျပင္ဆင္ပါ

အင္တာဗ်ဴးဆိုတာ ကိုယ့္ရဲ႕ အရည္အခ်င္းေတြကို တိုက္႐ိုက္ျပသရမယ့္ အခြင့္အေရးပါ။အင္တာဗ်ဴးမေျဖခင္မွာ ကုမၸဏီအေၾကာင္း၊ အ လုပ္ရာထူးနဲ႔ ပတ္သက္ၿပီးေသခ်ာေလ့လာထားပါ။ အင္တာဗ်ဴးမွာ ေမးေလ့ရွိတဲ့ ေမးခြန္းေတြအတြက္ႀကိဳတင္ျပင္ဆင္ထားၿပီး ကိုယ့္ရဲ႕ အေတြ႕အႀကဳံေတြကို ဥပမာေပးၿပီး ရွင္းျပႏိုင္ေအာင္ေလ့က်င့္ထားပါ။ ေမးခြန္းျပန္ေမးဖို႔ အခြင့္အေရးရရင္ ကုမၸဏီအေပၚ စိတ္ဝင္စားမႈကို
ျပသႏိုင္တဲ့ ေမးခြန္းေကာင္းေတြကို ေမးပါ။ အင္တာဗ်ဴးေျဖဆိုတဲ့ စြမ္းရည္က အလုပ္ရ၊ မရကိုဆုံးျဖတ္ႏိုင္ပါတယ္။

Networking တည္ေဆာက္ပါ

လူမႈဆက္ဆံေရးကြန္ရက္ကို ခိုင္မာေအာင္ တည္ေဆာက္ထားတာဟာ အလုပ္အကိုင္ရွာေဖြရာမွာအေရးပါတဲ့ အခန္းက႑ကေန ပါဝင္ပါတယ္။ ကိုယ့္ရဲ႕ လုပ္ငန္းနယ္ပယ္ကပေရာ္ဖက္ရွင္နယ္ေတြနဲ႔ ခ်ိတ္ဆက္ၿပီး ဆက္ဆံေရး တည္ေဆာက္ပါ။ သူတို႔ဆီက အလုပ္အကိုင္
အခြင့္အလမ္းေတြအေၾကာင္း ဒါမွမဟုတ္ လုပ္ငန္းခြင္ အေျခအေနေတြအေၾကာင္းကိုအၿမဲမျပတ္ေလ့လာပါ။ သင္က အလုပ္ရွာေနသူျဖစ္ေၾကာင္းနဲ႔ ဘယ္လိုနယ္ပယ္မ်ိဳးကိုကြၽမ္းက်င္တယ္ဆိုတာကို သူတို႔ကိုသိေအာင္ ေျပာျပထားပါ။

သင္နဲ႔ကိုက္ညီတဲ့အလုပ္ေတြ႕တဲ့အခါ သင့္ကိုပထမဆုံးေျပးျမင္မိတာမ်ိဳးျဖစ္ပါေစ။ဒါေၾကာင့္ ၿပိဳင္ဆိုင္မႈမ်ားတဲ့ အလုပ္အကိုင္ေဈးကြက္မွာ ကိုယ္က သူမ်ားထက္ေျခတလွမ္းသာဖို႔ဆိုရင္ ကိုယ့္ကိုယ္ကိုယ္ အၿမဲတမ္း ျမႇင့္တင္ေနဖို႔၊ ေခတ္နဲ႔အညီလိုက္ေလ်ာညီေထြျဖစ္ေအာင္ ေျပာင္းလဲေနဖို႔နဲ႔ ကိုယ့္ရဲ႕ အရည္အခ်င္းေတြကို ထိေရာက္စြာေဖာ္ျပႏိုင္ဖို႔ အေရးႀကီးပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*