ရုတ်တရက် အလုပ်မရှိတော့တဲ့ အခြေအနေကို ဘယ်လို ပြင်ဆင်ထားမလဲ

ဘဝမှာ မမျှော်လင့်တဲ့ အရာတွေ အများကြီး ရှိနိုင်ပါတယ်။ အဲဒီထဲမှာ ရုတ်တရက်အလုပ်လက်မဲ့ ဖြစ်သွားတာမျိုးလည်း ပါဝင်ပါတယ်။ ဒီလို အခြေအနေမျိုးကို ရင်ဆိုင်ရတဲ့အခါစိတ်ဓာတ်ကျပြီး ဘာလုပ်ရမှန်း မသိဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားမယ်ဆိုရင် ဒီအခြေအနေကို အကောင်းဆုံး ဖြတ်ကျော်နိုင်မှာဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု

ပထမဆုံးအချက်အနေနဲ့တော့ စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုက အရေးကြီးပါတယ်။ တခါတလေမှာဒီအလုပ်မှာပဲ လုပ်တော့မယ်လို့ စိတ်ချလက်ချနဲ့ နေမိတဲ့အချိန်မျိုးမှာအကြောင်းအမျိုးမျိုးကြောင့် ရုတ်တရက် အလုပ်ကမရှိတော့မျိုး၊အလုပ်ပြုတ်သွားတာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာဆိုရင်စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုက အရေးကြီးပါတယ်။ အလုပ်ပြုတ်တာကသင့်ရဲ့အားနည်းချက်မဟုတ်ဘူးဆိုတာကို သိနားလည်ထားပါ။ စီးပွားရေးအခြေအနေတွေ၊အပြောင်းအလဲတွေကြောင့် ဖြစ်ရတဲ့အခြေအနေမှာ ကိုယ့်ကိုယ်ကိုယ်ဖိအားမပေးပါနဲ့။စိတ်ကိုအတတ်နိုင်ဆုံးခပ်အေးအေးထားပြီး ဘာလုပ်မလဲဆိုတာကို အစီအစဉ်ချပါ။ ပြီးတော့မိသားစု၊ သူငယ်ချင်းစတဲ့ အကြံပေးနိုင်တဲ့သူတွေဆီကနေ အကူအညီရယူပါ။တခုသတိထားရမှာက အလုပ်ပြုတ်တာက ဘဝကြီးမဟုတ်ပါဘူး။ တခါတလေမှာပိုကောင်းတဲ့အ ရာတွေဖြစ်လာဖို့အတွက် ဒီအခြေအနေတွေဖြစ်ရတယ်လို့ တွေးပါ။

ငွေရေးကြေးရေး ပြင်ဆင်မှု

ဒုတိယအချက်ကတော့ ငွေရေးကြေးရေး ပြင်ဆင်မှုပါ။ ကိုယ်က အရင်ကတည်းကကိုယ့်ရဲ့ပိုက်ဆံကို အရေးပေါ်အခြေအနေအတွက် စုဆောင်းထားသင့်ပါတယ်။ အနည်းဆုံး ၃လကနေ ၆လလောက် အရေးပေါ်သုံးဖို့ ငွေစုထားပါ။ မလိုအပ်တဲ့ အသုံးစရိတ်တွေ လျှော့ချပြီး
အရေးကြီးတဲ့ အသုံးစရိတ်တွေအတွက် ဦးစားပေးသုံးစွဲပါ။ ကိုယ်ကအလုပ်လက်မဲ့အကျိုးခံစားခွင့်လိုဟာမျိုးတွေ၊ ကျန်းမာရေးအာမခံနဲ့
တခြားအကျိုးခံစားခွင့်တွေရှိ၊ မရှိကို စစ်ဆေးကြည့်ပါ။

အလုပ်သစ် ရှာဖွေဖို့ ပြင်ဆင်မှု

တတိယအချက်ကတော့ အလုပ်သစ်ရှာဖွေဖို့အတွက် ပြင်ဆင်ဖို့ပါပဲ။ ဒီနေရာမှာ ကိုယ့်ရဲ့ကိုယ်ရေးရာဇဝင်ကို update လုပ်ဖို့ပါပဲ။ ဒီနေရာမှာ ကိုယ်လျှောက်မယ့်အလုပ်နဲ့ ကိုက်ညီတဲ့ကိုယ့်ရဲ့အတွေ့အကြုံနဲ့အရည်အချင်းတွေကို အလေးပေးဖော်ပြဖို့က အရေးကြီးပါတယ်။ပြီးရင်တော့ လုပ်ငန်းနဲ့ပတ်သက်တဲ့ လူတွေနဲ့ ဆက်သွယ်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေကိုမေးမြန်းသင့်ပါတယ်။ ပြီးတော့ အလုပ်ခေါ်စာတင်ပေးတဲ့ website တွေ၊ facebook page တွေကိုအမြဲမပြတ်စောင့်ကြည့်ပါ။ ကိုယ်လုပ်ချင်တဲ့ ကုမ္ပဏီအဖွဲ့အစည်းရှိတယ်ဆိုရင်လည်းအဲဒီအလုပ်ရဲ့ website စာမျက်နှာ၊ facebook စာမျက်နှာတွေကို စောင့်ကြည့်ပါ။ ပြီးရင်တော့အလုပ်လျှောက်လွှာတွေ ပေးပို့ပါ။ ဒီနေရာမှာ အင်တာဗျူးအတွက်ပါတခါထဲပြင်ဆင်ထားသင့်ပါတယ်။

တခြား ရွေးချယ်စရာများ

ဒီနေရာမှာ တခြားရွေးချယ်စရာနည်းလမ်းတွေလည်း ရှိနေပါတယ်။ အဲဒါကတော့ဝန်ထမ်းအဖြစ်မလုပ်တော့ဘဲ freelance အဖြစ်လုပ် ကိုင်တာမျိုးပါ။ ဒါကလည်း ဝင်ငွေနဲ့ကိုယ့်ရဲ့ လိုအပ်ချက်ကိုကြည့်ပြီး လုပ်နိုင်ပါတယ်။ နောက်တခုကတော့ကိုယ်ပိုင်လုပ်ငန်းစတင်တာပါ။ ဒါကတော့ အိုင်ဒီယာရှိမယ်ဆိုရင် စတင်နိုင်ပါတယ်။ နောက်ပြီးစေတနာဝန်ထမ်းလုပ်ပြီး လုပ်ငန်းအတွေ့အကြုံတွေနဲ့ကွန်ရက်ချိတ်ဆက်မှုတွေကိုချဲ့ထွင်နိုင်ပါတယ်။

သတိပြုသင့်တဲ့အချက်

ဒီနေရာမှာ သတိပြုသင့်တဲ့အချက်ကတော့ အလုပ်ကနေ ရုတ်တရက်နားလိုက်ရတာ၊အလုပ်ရုတ်တရက်မရှိတော့တာမျိုးကြုံရတဲ့အခါမှာ အကောင်းမြင်စိတ်ထားဖို့ပါပဲ။အလုပ်မရှိတော့တဲ့အတွက် သင်ယူလေ့လာဖို့အချိန်တွေပိုထွက်လာတာကလည်းအခွင့်အရေးတရပ်ဖြစ်တယ်ဆိုတာ သင်သိထားသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားဖို့ မမေ့ပါနဲ့။ အဓိကကတော့ ဒီအချိန်မှာကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့ပါပဲ။ စိတ်ဓာတ်ကျတာ၊ စိတ်ညစ်တာက သင့်ပြဿနာတွေကိုမဖြေရှင်းပေးနိုင်ဘူးဆိုတာ သတိပြုပါ။
ရုတ်တရက် အလုပ်လက်မဲ့ ဖြစ်သွားတာဟာ ခက်ခဲတဲ့ အခြေအနေ တစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားမယ်ဆိုရင် ဒီအခြေအနေကို အကောင်းဆုံးဖြတ်ကျော်နိုင်တယ်ဆိုတာ မမေ့သင့်ပါဘူး။

ကျော့ကေခိုင်

zawgyi

ဘဝမွာ မေမွ်ာ္လင့္တဲ့ အရာေတြ အမ်ားႀကီး ရွိႏိုင္ပါတယ္။ အဲဒီထဲမွာ ႐ုတ္တရက္အလုပ္လက္မဲ့ ျဖစ္သြားတာမ်ိဳးလည္း ပါဝင္ပါတယ္။ ဒီလို အေျခအေနမ်ိဳးကို ရင္ဆိုင္ရတဲ့အခါစိတ္ဓာတ္က်ၿပီး ဘာလုပ္ရမွန္း မသိျဖစ္တတ္ပါတယ္။ ဒါေပမဲ့ ႀကိဳတင္ျပင္ဆင္မႈေတြလုပ္ထားမယ္ဆိုရင္ ဒီအေျခအေနကို အေကာင္းဆုံး ျဖတ္ေက်ာ္ႏိုင္မွာျဖစ္ပါတယ္။

စိတ္ပိုင္းဆိုင္ရာ ျပင္ဆင္မႈ

ပထမဆုံးအခ်က္အေနနဲ႔ေတာ့ စိတ္ပိုင္းဆိုင္ရာျပင္ဆင္မႈက အေရးႀကီးပါတယ္။ တခါတေလမွာဒီအလုပ္မွာပဲ လုပ္ေတာ့မယ္လို႔ စိတ္ခ်လက္ခ်နဲ႔ ေနမိတဲ့အခ်ိန္မ်ိဳးမွာအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ႐ုတ္တရက္ အလုပ္ကမရွိေတာ့မ်ိဳး၊အလုပ္ျပဳတ္သြားတာမ်ိဳးျဖစ္တတ္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာဆိုရင္စိတ္ပိုင္းဆိုင္ရာျပင္ဆင္မႈက အေရးႀကီးပါတယ္။ အလုပ္ျပဳတ္တာကသင့္ရဲ႕အားနည္းခ်က္မဟုတ္ဘူးဆိုတာကို သိနားလည္ထားပါ။ စီးပြားေရးအေျခအေနေတြ၊အေျပာင္းအလဲေတြေၾကာင့္ ျဖစ္ရတဲ့အေျခအေနမွာ ကိုယ့္ကိုယ္ကိုယ္ဖိအားမေပးပါနဲ႔။စိတ္ကိုအတတ္ႏိုင္ဆုံးခပ္ေအးေအးထားၿပီး ဘာလုပ္မလဲဆိုတာကို အစီအစဥ္ခ်ပါ။ ၿပီးေတာ့မိသားစု၊ သူငယ္ခ်င္းစတဲ့ အႀကံေပးႏိုင္တဲ့သူေတြဆီကေန အကူအညီရယူပါ။တခုသတိထားရမွာက အလုပ္ျပဳတ္တာက ဘဝႀကီးမဟုတ္ပါဘူး။ တခါတေလမွာပိုေကာင္းတဲ့အ ရာေတြျဖစ္လာဖို႔အတြက္ ဒီအေျခအေနေတြျဖစ္ရတယ္လို႔ ေတြးပါ။

ေငြေရးေၾကးေရး ျပင္ဆင္မႈ

ဒုတိယအခ်က္ကေတာ့ ေငြေရးေၾကးေရး ျပင္ဆင္မႈပါ။ ကိုယ္က အရင္ကတည္းကကိုယ့္ရဲ႕ပိုက္ဆံကို အေရးေပၚအေျခအေနအတြက္ စုေဆာင္းထားသင့္ပါတယ္။ အနည္းဆုံး ၃လကေန ၆လေလာက္ အေရးေပၚသုံးဖို႔ ေငြစုထားပါ။ မလိုအပ္တဲ့ အသုံးစရိတ္ေတြ ေလွ်ာ့ခ်ၿပီး
အေရးႀကီးတဲ့ အသုံးစရိတ္ေတြအတြက္ ဦးစားေပးသုံးစြဲပါ။ ကိုယ္ကအလုပ္လက္မဲ့အက်ိဳးခံစားခြင့္လိုဟာမ်ိဳးေတြ၊ က်န္းမာေရးအာမခံနဲ႔
တျခားအက်ိဳးခံစားခြင့္ေတြရွိ၊ မရွိကို စစ္ေဆးၾကည့္ပါ။

အလုပ္သစ္ ရွာေဖြဖို႔ ျပင္ဆင္မႈ

တတိယအခ်က္ကေတာ့ အလုပ္သစ္ရွာေဖြဖို႔အတြက္ ျပင္ဆင္ဖို႔ပါပဲ။ ဒီေနရာမွာ ကိုယ့္ရဲ႕ကိုယ္ေရးရာဇဝင္ကို update လုပ္ဖို႔ပါပဲ။ ဒီေနရာမွာ ကိုယ္ေလွ်ာက္မယ့္အလုပ္နဲ႔ ကိုက္ညီတဲ့ကိုယ့္ရဲ႕အေတြ႕အႀကဳံနဲ႔အရည္အခ်င္းေတြကို အေလးေပးေဖာ္ျပဖို႔က အေရးႀကီးပါတယ္။ၿပီးရင္ေတာ့ လုပ္ငန္းနဲ႔ပတ္သက္တဲ့ လူေတြနဲ႔ ဆက္သြယ္ၿပီး အလုပ္အကိုင္အခြင့္အလမ္းေတြကိုေမးျမန္းသင့္ပါတယ္။ ၿပီးေတာ့ အလုပ္ေခၚစာတင္ေပးတဲ့ website ေတြ၊ facebook page ေတြကိုအၿမဲမျပတ္ေစာင့္ၾကည့္ပါ။ ကိုယ္လုပ္ခ်င္တဲ့ ကုမၸဏီအဖြဲ႕အစည္းရွိတယ္ဆိုရင္လည္းအဲဒီအလုပ္ရဲ႕ website စာမ်က္ႏွာ၊ facebook စာမ်က္ႏွာေတြကို ေစာင့္ၾကည့္ပါ။ ၿပီးရင္ေတာ့အလုပ္ေလွ်ာက္လႊာေတြ ေပးပို႔ပါ။ ဒီေနရာမွာ အင္တာဗ်ဴးအတြက္ပါတခါထဲျပင္ဆင္ထားသင့္ပါတယ္။

တျခား ေ႐ြးခ်ယ္စရာမ်ား

ဒီေနရာမွာ တျခားေ႐ြးခ်ယ္စရာနည္းလမ္းေတြလည္း ရွိေနပါတယ္။ အဲဒါကေတာ့ဝန္ထမ္းအျဖစ္မလုပ္ေတာ့ဘဲ freelance အျဖစ္လုပ္ ကိုင္တာမ်ိဳးပါ။ ဒါကလည္း ဝင္ေငြနဲ႔ကိုယ့္ရဲ႕ လိုအပ္ခ်က္ကိုၾကည့္ၿပီး လုပ္ႏိုင္ပါတယ္။ ေနာက္တခုကေတာ့ကိုယ္ပိုင္လုပ္ငန္းစတင္တာပါ။ ဒါကေတာ့ အိုင္ဒီယာရွိမယ္ဆိုရင္ စတင္ႏိုင္ပါတယ္။ ေနာက္ၿပီးေစတနာဝန္ထမ္းလုပ္ၿပီး လုပ္ငန္းအေတြ႕အႀကဳံေတြနဲ႔ကြန္ရက္ခ်ိတ္ဆက္မႈေတြကိုခ်ဲ႕ထြင္ႏိုင္ပါတယ္။

သတိျပဳသင့္တဲ့အခ်က္

ဒီေနရာမွာ သတိျပဳသင့္တဲ့အခ်က္ကေတာ့ အလုပ္ကေန ႐ုတ္တရက္နားလိုက္ရတာ၊အလုပ္႐ုတ္တရက္မရွိေတာ့တာမ်ိဳးႀကဳံရတဲ့အခါမွာ အေကာင္းျမင္စိတ္ထားဖို႔ပါပဲ။အလုပ္မရွိေတာ့တဲ့အတြက္ သင္ယူေလ့လာဖို႔အခ်ိန္ေတြပိုထြက္လာတာကလည္းအခြင့္အေရးတရပ္ျဖစ္တယ္ဆိုတာ သင္သိထားသင့္ပါတယ္။ ေလ့က်င့္ခန္းလုပ္ၿပီးက်န္းမာေရးနဲ႔ညီၫြတ္တဲ့အစားအစာေတြစားဖို႔ မေမ့ပါနဲ႔။ အဓိကကေတာ့ ဒီအခ်ိန္မွာကိုယ့္ကိုယ္ကိုယ္ဂ႐ုစိုက္ဖို႔ပါပဲ။ စိတ္ဓာတ္က်တာ၊ စိတ္ညစ္တာက သင့္ျပႆနာေတြကိုမေျဖရွင္းေပးႏိုင္ဘူးဆိုတာ သတိျပဳပါ။
႐ုတ္တရက္ အလုပ္လက္မဲ့ ျဖစ္သြားတာဟာ ခက္ခဲတဲ့ အေျခအေန တစ္ခုပဲျဖစ္ပါတယ္။ ဒါေပမဲ့ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ထားမယ္ဆိုရင္ ဒီအေျခအေနကို အေကာင္းဆုံးျဖတ္ေက်ာ္ႏိုင္တယ္ဆိုတာ မေမ့သင့္ပါဘူး။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*