ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ အပြုအမူကို ပြောင်းလဲဖို့ အဆင့် (၅)ဆင့်

ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ အပြုအမူ (self-sabotaging) ဆိုတာ ကိုယ့်ရဲ့ ရည်မှန်းချက်တွေ၊ပန်းတိုင်တွေကို ရောက်ရှိဖို့အတွက် အ တားအဆီးဖြစ်စေတဲ့ အပြုအမူတွေပါ။ဒါကိုတချို့ကလည်း ကိုယ့်သေတွင်းကိုယ်တူးတယ်လို့ ဆိုကြပါတယ်။ တကယ်လည်းဟုတ်ပါတယ်။ ဒီအပြုအမူတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့စေပြီး ဘဝမှာအောင်မြင်မှုတွေ ရရှိဖို့ ခက်ခဲစေပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့အပြုအမူတွေကို ရပ်တန့်ဖို့ အရေးကြီးပါတယ်။ ဒီဆောင်းပါးမှာတော့ သင့်ရဲ့ အပြုအမူကိုပြောင်းလဲဖို့ အဆင့် ၅ ဆင့်ကို ဖော်ပြပေးချင်ပါတယ်။

ကိုယ့်ရဲ့ အပြုအမူကို သတိပြုပါ

ကိုယ့်ကိုယ်ကို ဖျက်ဆီးတဲ့ အပြုအမူတွေက ဘာတွေလဲဆိုတာကို သတိပြုပါ။ ဥပမာတခုခုလုပ်ဖို့အတွက် အချိန်ဆွဲတာ၊ ရွှေ့ဆိုင်းတာ၊ ရှောင်ဖယ်တာ အပျက်သဘောဆောင်တဲ့အတွေးတွေ စတာတွေပါပဲ။ ဒါကြောင့်လည်း ဒီအပြုအမူတွေက ကိုယ့်သေတွင်းကိုတူးတယ်လို့
တချို့က ဆိုကြတာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ဒီအပြုအမူတွေက ဘယ်လိုအခြေအနေမျိုးတွေမှာဖြစ်ပေါ်လာတတ်သလဲဆိုတာကို လေ့လာသင့်ပါတယ်။ ဒီအပြုအမူတွေက သင့်ရဲ့ဘဝကိုဘယ်လိုထိခိုက်နေသလဲဆိုတာကိုပါ နားလည်ထားဖို့လိုပါတယ်။

အပြုအမူရဲ့ အကြောင်းရင်းကို ရှာဖွေပါ

ဘာကြောင့် ကိုယ့်ကိုယ်ကို ဖျက်ဆီးတဲ့ အပြုအမူတွေ လုပ်နေရတာလဲဆိုတာကို ရှာဖွေဖို့ပါ။တခါတလေမှာ ကိုယ့်ရဲ့ငယ်ဘဝအတွေ့အ ကြုံတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ ကြောက်ရွံ့မှုတွေကနေစတဲ့ အကြောင်းအရင်းတွေရှိနေနိုင်ပါတယ်။ ဒီလိုအကြောင်းအရင်းကို ရှာဖွေဖို့အ တွက်ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေ မေးပါ။ ဥပမာ ငါဘာကို ကြောက်နေတာလဲ၊ငါဘာကိုရှောင်နေတာလဲ၊ ငါဘာကြောင့် ရင်ဆိုင်ဖို့မကြိုးစားတာလဲစတာတွေပဲဖြစ်ပါတယ်။

အပြုအမူကို ပြောင်းလဲဖို့ ဆုံးဖြတ်ပါ

ပြီးရင်တော့ ကိုယ့်ကိုယ်ကို ဖျက်ဆီးတဲ့ အပြုအမူတွေကို ရပ်တန့်ဖို့ ဆုံးဖြတ်ဖို့ပါပဲ။ဒီလိုမဆုံးဖြတ်ဘူးဆိုရင် အပေါ်မှာပြောခဲ့သလို ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်တာကြောင့်ပြောင်းလဲဖို့အတွက် စိတ်ပိုင်းဖြတ်ဖို့လိုပါတယ်။ ဒါပေမဲ့ ပြောင်းလဲဖို့အတွက်အချိန်ယူရမယ်ဆိုတာကိုလည်း လက်ခံပါ။ လူတွေက စွဲမြဲလာတဲ့အကျင့်ဟောင်းတွေ၊အပြုအမူတွေကို အချိန်တခဏအတွင်း မပြောင်းလဲနိုင်ပါဘူး။ ဒါကြောင့်ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးစေတဲ့အပြုအမူတွေကို ပြောင်းလဲဖို့ကြိုးစားတဲ့အခါမှာ အချိန်ယူပြီးဇွဲရှိရှိ ရင်ဆိုင်ရမယ်ဆိုတာကို လက် ခံထားပါ။

အပြုအမူကို ပြောင်းလဲဖို့ နည်းလမ်းတွေ ရှာဖွေပါ

နောက်တချက်ကတော့ အပြုအမူကို ပြောင်းလဲဖို့အတွက် နည်းလမ်းတွေ ရှာဖွေဖို့ပါ။ဘယ်လိုနည်းလမ်းတွေနဲ့ပြောင်းလဲမလဲဆိုတာပါ။ လူတွေက ပတ်ဝန်းကျင်အခြေအနေတွေ၊မိသားစုအခြေအနေတွေက တဦးနဲ့တဦး မတူညီနိုင်ကြပါဘူး။ ဒါကြောင့် ကိုယ့်အတွက်ဘယ်လိုပြောင်းလဲမှုက အသင့်တော်ဆုံးဖြစ်မလဲဆိုတာကို နည်းလမ်းတွေရှာဖွေဖို့ပါပဲ။အပြုသဘောဆောင်တဲ့ အတွေးတွေနဲ့ အပြုအမူတွေကို စတင်လေ့ကျင့်ပြီးတွေးတောပေးဖို့လိုပါတယ်။ ဥပမာ ငါလုပ်နိုင်တယ်၊ ငါက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့သူတယောက်ဖြစ်တယ်။ ငါက ယုံကြည်ထိုက်တဲ့သူတယောက်ဖြစ်တယ်စတာမျိုးတွေပါ။ ပြီးတော့ သေးငယ်တဲ့ ပန်းတိုင်လေးတွေသတ်မှတ်ပြီးတဖြည်းဖြည်းချင်း အချိန်ယူပြီး ပြောင်းလဲပါ။

အကူအညီ ရယူပါ

နောက်ဆုံးအချက်ကတော့ ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့ ခက်ခဲနေရင် အကူအညီ ရယူဖို့ပါပဲ။တခြားသူတွေနဲ့ communicate လုပ်ဖို့ပါပဲ။ ကိုယ့်ရဲ့ မိသားစုဝင်တွေ၊ ယုံကြည်ရတဲ့သူငယ်ချင်းတွေ ဒါမှမဟုတ် ကျွမ်းကျင်သူတွေဆီကနေ အကူအညီရယူပါ။ကိုယ့်ကိုယ်ကိုယ် ဖျက် ဆီးတဲ့ အပြုအမူတွေကို ရပ်တန့်ဖို့ဆိုတာ အချိန်ယူရတဲ့လုပ်ငန်းစဉ်တစ်ခုပါ။ စိတ်ရှည်သည်းခံပြီး အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေကိုလိုက်နာပါ။ တဖြည်းဖြည်းနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာပြီး ပိုမိုအောင်မြင်တဲ့ ဘဝကိုပိုင်ဆိုင်နိုင်မှာပါ။

ကျော့ကေခိုင်

zawgyi

ကိုယ့္ကိုယ္ကိုယ္ ဖ်က္ဆီးတဲ့ အျပဳအမူ (self-sabotaging) ဆိုတာ ကိုယ့္ရဲ႕ ရည္မွန္းခ်က္ေတြ၊ပန္းတိုင္ေတြကို ေရာက္ရွိဖို႔အတြက္ အ တားအဆီးျဖစ္ေစတဲ့ အျပဳအမူေတြပါ။ဒါကိုတခ်ိဳ႕ကလည္း ကိုယ့္ေသတြင္းကိုယ္တူးတယ္လို႔ ဆိုၾကပါတယ္။ တကယ္လည္းဟုတ္ပါတယ္။ ဒီအျပဳအမူေတြက ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ကင္းမဲ့ေစၿပီး ဘဝမွာေအာင္ျမင္မႈေတြ ရရွိဖို႔ ခက္ခဲေစပါတယ္။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ ဖ်က္ဆီးတဲ့အျပဳအမူေတြကို ရပ္တန႔္ဖို႔ အေရးႀကီးပါတယ္။ ဒီေဆာင္းပါးမွာေတာ့ သင့္ရဲ႕ အျပဳအမူကိုေျပာင္းလဲဖို႔ အဆင့္ ၅ ဆင့္ကို ေဖာ္ျပေပးခ်င္ပါတယ္။

ကိုယ့္ရဲ႕ အျပဳအမူကို သတိျပဳပါ

ကိုယ့္ကိုယ္ကို ဖ်က္ဆီးတဲ့ အျပဳအမူေတြက ဘာေတြလဲဆိုတာကို သတိျပဳပါ။ ဥပမာတခုခုလုပ္ဖို႔အတြက္ အခ်ိန္ဆြဲတာ၊ ေ႐ႊ႕ဆိုင္းတာ၊ ေရွာင္ဖယ္တာ အပ်က္သေဘာေဆာင္တဲ့အေတြးေတြ စတာေတြပါပဲ။ ဒါေၾကာင့္လည္း ဒီအျပဳအမူေတြက ကိုယ့္ေသတြင္းကိုတူးတယ္လို႔
တခ်ိဳ႕က ဆိုၾကတာပဲျဖစ္ပါတယ္။ ကိုယ့္ရဲ႕ဒီအျပဳအမူေတြက ဘယ္လိုအေျခအေနမ်ိဳးေတြမွာျဖစ္ေပၚလာတတ္သလဲဆိုတာကို ေလ့လာသင့္ပါတယ္။ ဒီအျပဳအမူေတြက သင့္ရဲ႕ဘဝကိုဘယ္လိုထိခိုက္ေနသလဲဆိုတာကိုပါ နားလည္ထားဖို႔လိုပါတယ္။

အျပဳအမူရဲ႕ အေၾကာင္းရင္းကို ရွာေဖြပါ

ဘာေၾကာင့္ ကိုယ့္ကိုယ္ကို ဖ်က္ဆီးတဲ့ အျပဳအမူေတြ လုပ္ေနရတာလဲဆိုတာကို ရွာေဖြဖို႔ပါ။တခါတေလမွာ ကိုယ့္ရဲ႕ငယ္ဘဝအေတြ႕အ ႀကဳံေတြ၊ စိုးရိမ္ပူပန္မႈေတြ၊ ေၾကာက္႐ြံ႕မႈေတြကေနစတဲ့ အေၾကာင္းအရင္းေတြရွိေနႏိုင္ပါတယ္။ ဒီလိုအေၾကာင္းအရင္းကို ရွာေဖြဖို႔အ တြက္ကိုယ့္ကိုယ္ကိုယ္ ေမးခြန္းေတြ ေမးပါ။ ဥပမာ ငါဘာကို ေၾကာက္ေနတာလဲ၊ငါဘာကိုေရွာင္ေနတာလဲ၊ ငါဘာေၾကာင့္ ရင္ဆိုင္ဖို႔မႀကိဳးစားတာလဲစတာေတြပဲျဖစ္ပါတယ္။

အျပဳအမူကို ေျပာင္းလဲဖို႔ ဆုံးျဖတ္ပါ

ၿပီးရင္ေတာ့ ကိုယ့္ကိုယ္ကို ဖ်က္ဆီးတဲ့ အျပဳအမူေတြကို ရပ္တန႔္ဖို႔ ဆုံးျဖတ္ဖို႔ပါပဲ။ဒီလိုမဆုံးျဖတ္ဘူးဆိုရင္ အေပၚမွာေျပာခဲ့သလို ကိုယ့္ေသတြင္းကိုယ္တူးသလို ျဖစ္တာေၾကာင့္ေျပာင္းလဲဖို႔အတြက္ စိတ္ပိုင္းျဖတ္ဖို႔လိုပါတယ္။ ဒါေပမဲ့ ေျပာင္းလဲဖို႔အတြက္အခ်ိန္ယူရမယ္ဆိုတာကိုလည္း လက္ခံပါ။ လူေတြက စြဲၿမဲလာတဲ့အက်င့္ေဟာင္းေတြ၊အျပဳအမူေတြကို အခ်ိန္တခဏအတြင္း မေျပာင္းလဲႏိုင္ပါဘူး။ ဒါေၾကာင့္ကိုယ့္ကိုယ္ကိုယ္ဖ်က္ဆီးေစတဲ့အျပဳအမူေတြကို ေျပာင္းလဲဖို႔ႀကိဳးစားတဲ့အခါမွာ အခ်ိန္ယူၿပီးဇြဲရွိရွိ ရင္ဆိုင္ရမယ္ဆိုတာကို လက္ ခံထားပါ။

အျပဳအမူကို ေျပာင္းလဲဖို႔ နည္းလမ္းေတြ ရွာေဖြပါ

ေနာက္တခ်က္ကေတာ့ အျပဳအမူကို ေျပာင္းလဲဖို႔အတြက္ နည္းလမ္းေတြ ရွာေဖြဖို႔ပါ။ဘယ္လိုနည္းလမ္းေတြနဲ႔ေျပာင္းလဲမလဲဆိုတာပါ။ လူေတြက ပတ္ဝန္းက်င္အေျခအေနေတြ၊မိသားစုအေျခအေနေတြက တဦးနဲ႔တဦး မတူညီႏိုင္ၾကပါဘူး။ ဒါေၾကာင့္ ကိုယ့္အတြက္ဘယ္လိုေျပာင္းလဲမႈက အသင့္ေတာ္ဆုံးျဖစ္မလဲဆိုတာကို နည္းလမ္းေတြရွာေဖြဖို႔ပါပဲ။အျပဳသေဘာေဆာင္တဲ့ အေတြးေတြနဲ႔ အျပဳအမူေတြကို စတင္ေလ့က်င့္ၿပီးေတြးေတာေပးဖို႔လိုပါတယ္။ ဥပမာ ငါလုပ္ႏိုင္တယ္၊ ငါက ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈရွိတဲ့သူတေယာက္ျဖစ္တယ္။ ငါက ယုံၾကည္ထိုက္တဲ့သူတေယာက္ျဖစ္တယ္စတာမ်ိဳးေတြပါ။ ၿပီးေတာ့ ေသးငယ္တဲ့ ပန္းတိုင္ေလးေတြသတ္မွတ္ၿပီးတျဖည္းျဖည္းခ်င္း အခ်ိန္ယူၿပီး ေျပာင္းလဲပါ။

အကူအညီ ရယူပါ

ေနာက္ဆုံးအခ်က္ကေတာ့ ကိုယ့္ကိုယ္ကို ေျပာင္းလဲဖို႔ ခက္ခဲေနရင္ အကူအညီ ရယူဖို႔ပါပဲ။တျခားသူေတြနဲ႔ communicate လုပ္ဖို႔ပါပဲ။ ကိုယ့္ရဲ႕ မိသားစုဝင္ေတြ၊ ယုံၾကည္ရတဲ့သူငယ္ခ်င္းေတြ ဒါမွမဟုတ္ ကြၽမ္းက်င္သူေတြဆီကေန အကူအညီရယူပါ။ကိုယ့္ကိုယ္ကိုယ္ ဖ်က္ ဆီးတဲ့ အျပဳအမူေတြကို ရပ္တန႔္ဖို႔ဆိုတာ အခ်ိန္ယူရတဲ့လုပ္ငန္းစဥ္တစ္ခုပါ။ စိတ္ရွည္သည္းခံၿပီး အထက္မွာ ေဖာ္ျပထားတဲ့ နည္းလမ္းေတြကိုလိုက္နာပါ။ တျဖည္းျဖည္းနဲ႔ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ တိုးလာၿပီး ပိုမိုေအာင္ျမင္တဲ့ ဘဝကိုပိုင္ဆိုင္ႏိုင္မွာပါ။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*