အလုပ်လျှောက်သူအများစုအတွက် အင်တာဗျူးဖြေရတာက အလုပ်ရှာခြင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စိတ်ဖိစီးမှုအများဆုံးအပိုင်းလည်းဖြစ်ပါတယ်။ အင်တာဗျူးတွေကစိန်ခေါ်မှုတွေဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုကတော့ အင်တာဗျူးတွေမှာ မေးလေ့ရှိတဲ့မေးခွန်းတွေဟာ hard skills တွေကို စစ်ဆေးတာမျိုးမဟုတ်ဘဲ လူအများစုရဲ့ ပြုမူပုံ၊တုံ့ပြန်ပုံတွေကို စစ်ဆေးတာမျိုးဖြစ်ပြီး “အကောင်းဆုံးအဖြေ ဆိုတာမျိုးလည်းမရှိတာကြောင့်ဖြစ်ပါတယ်။
တကယ်တော့ LinkedIn ရဲ့ 2024 Global Talent Trends အစီရင်ခံစာအရ အမေရိကန်မှာရှိတဲ့လူ့စွမ်းအားအရင်းအမြစ်မန်နေဂျာ ၆၉ ရာခိုင်နှုန်းက ဝန်ထမ်းခန့်အပ်တဲ့အခါမှာ ဖန်တီးနိုင်စွမ်း၊ပူးပေါင်းဆောင်ရွက်နိုင်စွမ်း၊ လိုက်လျောညီထွေဖြစ်အောင်နေနိုင်စွမ်းစတဲ့ soft skills တွေကိုဦးစားပေးရွေးချယ်ဖို့ စီစဉ်နေကြတယ်လို့ ဖော်ပြထားပါတယ်။ဒီလိုမေးခွန်းမျိုးတွေကို အင်တာဗျူးမှာ မေးလာတဲ့အခါ သတိထားရမှာကအင်တာဗျူးမေးသူက သင့်ကို ဒုက္ခပေးဖို့ မေးနေတာမဟုတ်ဘူးဆိုတာပါပဲ။ သူတို့ကဝန်ထမ်းတစ်ယောက်အနေနဲ့ ဘယ် လိုလူမျိုးဖြစ်နိုင်လဲဆိုတာကို ပုံဖော်နိုင်ဖို့နဲ့ သင့်တော်တဲ့သူကိုရွေးချယ်နိုင်ဖို့အတွက် မေးနေတာဖြစ်ပါတယ်။
အင်တာဗျူးမှာ ကိုယ့်ရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို မေးလာတဲ့အခါ
အင်တာဗျူးမေးတဲ့သူက ဒီအချက်ငါးချက်ကို နားလည်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။မိမိကိုယ်ကို သိမြင်နားလည်မှု (Self-awareness)
သင့်ရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို မေးတာက သင်က သင့်ရဲ့စွမ်းရည်တွေကိုသိရှိနားလည်ပြီး အဲဒီစွမ်းရည်တွေကို အများဆုံးအသုံးချနိုင်သူလား ဒါမှမဟုတ်သင့်ရဲ့အားနည်းချက်တွေကို သိရှိနားလည်ပြီး အဖွဲ့အစည်းအတွက် အကျိုးရှိအောင်ပြုပြင်နိုင်သူလားဆိုတာကို သိချင်တာဖြစ်ပါတယ်။
မိမိကိုယ်ကို မြှင့်တင်နိုင်စွမ်း (Capacity for self-improvement) လူတိုင်းမှာ ကိုယ့်ကိုယ်ကို မြှင့်တင်ဖို့လိုအပ်တဲ့အပိုင်းတွေရှိပါတယ်။ အင်တာဗျူးဖြေနေတဲ့သူကကိုယ့်ကိုယ်ကို ပိုမိုကောင်းမွန်အောင် လုပ်နိုင်သူ၊ စိတ်အားထက်သန်ပြီးသင့်ရဲ့အလုပ်အကိုင်ပန်းတိုင်တွေကို အောင်မြင်အောင် လုပ်နိုင်သူလားဆိုတာကိုသိချင်တာဖြစ်ပါတယ်။
သင့်ရဲ့အလုပ်လုပ်နည်း၊ လုပ်ဟန် (Work style) ဒီမေးခွန်းကို သင်ဘယ်လိုဖြေလဲဆိုတာက သင့်ရဲ့ပင်ကိုယ်စရိုက်ကို ဖော်ပြနေပါတယ်။သင့်ရဲ့အဖြေပေါ်မူတည်ပြီး အင်တာဗျူးဖြေနေတဲ့သူက အဖွဲ့နဲ့ပူးပေါင်းလုပ်ဆောင်နိုင်သူလား၊ပြန်လည်သုံးသပ်မှုတွေကို ဘယ်လိုတုံ့ပြန်လဲ၊ ကိုယ့်ကိုယ်ကိုဘယ်လိုထိန်းချုပ်နိုင်လဲဆိုတာတွေကို အကဲဖြတ်နိုင်ပါတယ်။
အဖွဲ့အစည်းနဲ့ သင့်တော်မှု (Fit with the organization)
သင့်ရဲ့အလုပ်က တစ်ယောက်တည်း လုပ်ရတာမျိုးမဟုတ်ဘူးဆိုရင် သင်ကအဖွဲ့တစ်ခုရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာမှာပါ။ အင်တာဗျူးဖြေနေတဲ့သူက အဖွဲ့နဲ့ဘယ်လိုလိုက်လျောညီထွေဖြစ်မလဲ၊ သင့်ရဲ့စွမ်းရည်တွေက အဖွဲ့နဲ့ ဘယ်လိုလိုက်ဖက်မလဲ၊ဒါမှမဟုတ် သင့်ရဲ့အားနည်းချက်တွေကို အဖွဲ့ထဲက တစ်ယောက်ယောက်ကဖြည့်ဆည်းပေးနိုင်မလားဆိုတာကို အကဲဖြတ်ချင်တာဖြစ်ပါတယ်။
စိတ်ဖိစီးမှုနေချိန်မှာ တုံ့ပြန်ပုံ (Reaction under pressure)
အလုပ်ခွင်တွေက စိတ်ဖိစီးမှုတွေများပြီး စိတ်ဖိစီးမှုတွေရှိနေချိန်မှာသင်ဘယ်လိုတုံ့ပြန်လဲဆိုတာက စိန်ခေါ်မှုတွေနဲ့ ပဋိပက္ခတွေကိုသင် ဘယ်လိုကိုင်တွယ်ဖြေရှင်းနိုင်လဲဆိုတာကို သက်ရောက်မှုရှိပါတယ်။ဒီလိုစိတ်မသက်မသာဖြစ်စရာမေးခွန်းမျိုးကို မေးခြင်းအားဖြင့် အင် တာဗျူးဖြေနေတဲ့သူကခက်ခဲတဲ့အခြေအနေတွေကို ရင်ဆိုင်ရတဲ့အခါ ဘယ်လိုတုံ့ပြန်လဲ၊အဖွဲ့နဲ့ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းရှိလားဆိုတာကို အကဲဖြတ်နိုင်ပါတယ်။
ဒါကြောင့် အင်တာဗျူးမှာ သင့်ရဲ့အားသာချက်နဲ့ အားနည်းချက်တွေကို ပြောတဲ့အခါအထက်ပါအချက်တွေကို သတိထားပြီး ပြင်ဆင်ထားသင့်ပါတယ်။ သင်က လူအများရှေ့မှာစကားပြောရတာ၊ ခေါင်းဆောင်မှုပေးရတာ၊ အခြားသူတွေကိုစိတ်အားထက်သန်အောင်လုပ်ရတာ၊ လျင်လျင်မြန်မြန်သင်ယူနိုင်တာတွေမှာအားသာချက်မရှိဘူးဆိုရင်တောင် ဒီအချက်တွေကို မြှင့်တင်ဖို့ အခွင့်အလမ်းတွေအဖြစ်ပြင်ဆင်ထားရင် အင်တာဗျူးမှာ ယုံကြည်မှုရှိရှိနဲ့ ဖြေဆိုနိုင်မှာဖြစ်ပါတယ်။
Source: Why interviewers ask about strengths and weaknesses
Kyawt K Khine
zawgyi
အလုပ္ေလွ်ာက္သူအမ်ားစုအတြက္ အင္တာဗ်ဴးေျဖရတာက အလုပ္ရွာျခင္းရဲ႕အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး စိတ္ဖိစီးမႈအမ်ားဆုံးအပိုင္းလည္းျဖစ္ပါတယ္။ အင္တာဗ်ဴးေတြကစိန္ေခၚမႈေတြျဖစ္ေစတဲ့ အေၾကာင္းရင္းတစ္ခုကေတာ့ အင္တာဗ်ဴးေတြမွာ ေမးေလ့ရွိတဲ့ေမးခြန္းေတြဟာ hard skills ေတြကို စစ္ေဆးတာမ်ိဳးမဟုတ္ဘဲ လူအမ်ားစုရဲ႕ ျပဳမူပုံ၊တုံ႔ျပန္ပုံေတြကို စစ္ေဆးတာမ်ိဳးျဖစ္ၿပီး “အေကာင္းဆုံးအေျဖ ဆိုတာမ်ိဳးလည္းမရွိတာေၾကာင့္ျဖစ္ပါတယ္။
တကယ္ေတာ့ LinkedIn ရဲ႕ 2024 Global Talent Trends အစီရင္ခံစာအရ အေမရိကန္မွာရွိတဲ့လူ႔စြမ္းအားအရင္းအျမစ္မန္ေနဂ်ာ ၆၉ ရာခိုင္ႏႈန္းက ဝန္ထမ္းခန႔္အပ္တဲ့အခါမွာ ဖန္တီးႏိုင္စြမ္း၊ပူးေပါင္းေဆာင္႐ြက္ႏိုင္စြမ္း၊ လိုက္ေလ်ာညီေထြျဖစ္ေအာင္ေနႏိုင္စြမ္းစတဲ့ soft skills ေတြကိုဦးစားေပးေ႐ြးခ်ယ္ဖို႔ စီစဥ္ေနၾကတယ္လို႔ ေဖာ္ျပထားပါတယ္။ဒီလိုေမးခြန္းမ်ိဳးေတြကို အင္တာဗ်ဴးမွာ ေမးလာတဲ့အခါ သတိထားရမွာကအင္တာဗ်ဴးေမးသူက သင့္ကို ဒုကၡေပးဖို႔ ေမးေနတာမဟုတ္ဘူးဆိုတာပါပဲ။ သူတို႔ကဝန္ထမ္းတစ္ေယာက္အေနနဲ႔ ဘယ္ လိုလူမ်ိဳးျဖစ္ႏိုင္လဲဆိုတာကို ပုံေဖာ္ႏိုင္ဖို႔နဲ႔ သင့္ေတာ္တဲ့သူကိုေ႐ြးခ်ယ္ႏိုင္ဖို႔အတြက္ ေမးေနတာျဖစ္ပါတယ္။
အင္တာဗ်ဴးမွာ ကိုယ့္ရဲ႕ အားသာခ်က္နဲ႔ အားနည္းခ်က္ေတြကို ေမးလာတဲ့အခါ
အင္တာဗ်ဴးေမးတဲ့သူက ဒီအခ်က္ငါးခ်က္ကို နားလည္ဖို႔ ႀကိဳးစားေနတာျဖစ္ပါတယ္။မိမိကိုယ္ကို သိျမင္နားလည္မႈ (Self-awareness)
သင့္ရဲ႕ အားသာခ်က္နဲ႔ အားနည္းခ်က္ေတြကို ေမးတာက သင္က သင့္ရဲ႕စြမ္းရည္ေတြကိုသိရွိနားလည္ၿပီး အဲဒီစြမ္းရည္ေတြကို အမ်ားဆုံးအသုံးခ်ႏိုင္သူလား ဒါမွမဟုတ္သင့္ရဲ႕အားနည္းခ်က္ေတြကို သိရွိနားလည္ၿပီး အဖြဲ႕အစည္းအတြက္ အက်ိဳးရွိေအာင္ျပဳျပင္ႏိုင္သူလားဆိုတာကို သိခ်င္တာျဖစ္ပါတယ္။
မိမိကိုယ္ကို ျမႇင့္တင္ႏိုင္စြမ္း (Capacity for self-improvement) လူတိုင္းမွာ ကိုယ့္ကိုယ္ကို ျမႇင့္တင္ဖို႔လိုအပ္တဲ့အပိုင္းေတြရွိပါတယ္။ အင္တာဗ်ဴးေျဖေနတဲ့သူကကိုယ့္ကိုယ္ကို ပိုမိုေကာင္းမြန္ေအာင္ လုပ္ႏိုင္သူ၊ စိတ္အားထက္သန္ၿပီးသင့္ရဲ႕အလုပ္အကိုင္ပန္းတိုင္ေတြကို ေအာင္ျမင္ေအာင္ လုပ္ႏိုင္သူလားဆိုတာကိုသိခ်င္တာျဖစ္ပါတယ္။
သင့္ရဲ႕အလုပ္လုပ္နည္း၊ လုပ္ဟန္ (Work style) ဒီေမးခြန္းကို သင္ဘယ္လိုေျဖလဲဆိုတာက သင့္ရဲ႕ပင္ကိုယ္စ႐ိုက္ကို ေဖာ္ျပေနပါတယ္။သင့္ရဲ႕အေျဖေပၚမူတည္ၿပီး အင္တာဗ်ဴးေျဖေနတဲ့သူက အဖြဲ႕နဲ႔ပူးေပါင္းလုပ္ေဆာင္ႏိုင္သူလား၊ျပန္လည္သုံးသပ္မႈေတြကို ဘယ္လိုတုံ႔ျပန္လဲ၊ ကိုယ့္ကိုယ္ကိုဘယ္လိုထိန္းခ်ဳပ္ႏိုင္လဲဆိုတာေတြကို အကဲျဖတ္ႏိုင္ပါတယ္။
အဖြဲ႕အစည္းနဲ႔ သင့္ေတာ္မႈ (Fit with the organization)
သင့္ရဲ႕အလုပ္က တစ္ေယာက္တည္း လုပ္ရတာမ်ိဳးမဟုတ္ဘူးဆိုရင္ သင္ကအဖြဲ႕တစ္ခုရဲ႕အစိတ္အပိုင္းတစ္ခုျဖစ္လာမွာပါ။ အင္တာဗ်ဴးေျဖေနတဲ့သူက အဖြဲ႕နဲ႔ဘယ္လိုလိုက္ေလ်ာညီေထြျဖစ္မလဲ၊ သင့္ရဲ႕စြမ္းရည္ေတြက အဖြဲ႕နဲ႔ ဘယ္လိုလိုက္ဖက္မလဲ၊ဒါမွမဟုတ္ သင့္ရဲ႕အားနည္းခ်က္ေတြကို အဖြဲ႕ထဲက တစ္ေယာက္ေယာက္ကျဖည့္ဆည္းေပးႏိုင္မလားဆိုတာကို အကဲျဖတ္ခ်င္တာျဖစ္ပါတယ္။
စိတ္ဖိစီးမႈေနခ်ိန္မွာ တုံ႔ျပန္ပုံ (Reaction under pressure)
အလုပ္ခြင္ေတြက စိတ္ဖိစီးမႈေတြမ်ားၿပီး စိတ္ဖိစီးမႈေတြရွိေနခ်ိန္မွာသင္ဘယ္လိုတုံ႔ျပန္လဲဆိုတာက စိန္ေခၚမႈေတြနဲ႔ ပဋိပကၡေတြကိုသင္ ဘယ္လိုကိုင္တြယ္ေျဖရွင္းႏိုင္လဲဆိုတာကို သက္ေရာက္မႈရွိပါတယ္။ဒီလိုစိတ္မသက္မသာျဖစ္စရာေမးခြန္းမ်ိဳးကို ေမးျခင္းအားျဖင့္ အင္ တာဗ်ဴးေျဖေနတဲ့သူကခက္ခဲတဲ့အေျခအေနေတြကို ရင္ဆိုင္ရတဲ့အခါ ဘယ္လိုတုံ႔ျပန္လဲ၊အဖြဲ႕နဲ႔ပူးေပါင္းလုပ္ေဆာင္ႏိုင္စြမ္းရွိလားဆိုတာကို အကဲျဖတ္ႏိုင္ပါတယ္။
ဒါေၾကာင့္ အင္တာဗ်ဴးမွာ သင့္ရဲ႕အားသာခ်က္နဲ႔ အားနည္းခ်က္ေတြကို ေျပာတဲ့အခါအထက္ပါအခ်က္ေတြကို သတိထားၿပီး ျပင္ဆင္ထားသင့္ပါတယ္။ သင္က လူအမ်ားေရွ႕မွာစကားေျပာရတာ၊ ေခါင္းေဆာင္မႈေပးရတာ၊ အျခားသူေတြကိုစိတ္အားထက္သန္ေအာင္လုပ္ရတာ၊ လ်င္လ်င္ျမန္ျမန္သင္ယူႏိုင္တာေတြမွာအားသာခ်က္မရွိဘူးဆိုရင္ေတာင္ ဒီအခ်က္ေတြကို ျမႇင့္တင္ဖို႔ အခြင့္အလမ္းေတြအျဖစ္ျပင္ဆင္ထားရင္ အင္တာဗ်ဴးမွာ ယုံၾကည္မႈရွိရွိနဲ႔ ေျဖဆိုႏိုင္မွာျဖစ္ပါတယ္။
Source: Why interviewers ask about strengths and weaknesses
Kyawt K Khine
Leave a Reply