မမှားယွင်းနိုင်သော Career ရွေးချယ်နည်း

ကိုယ်ဘယ်လိုအလုပ်မျိုးနဲ့အသက်မွေးသင့်လဲဆိုတာကို အရွယ်ရောက်ပြီးလူကြီးတွေတောင်ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာမချနိုင်တာမျိုးရှိတတ်ကြပါတယ်။ လူငယ်တွေအနေနဲ့သူတို့ဘဝမှာဘာဖြစ်ချင်တယ်၊ ဘယ်လို Career မျိုးကိုရွေးချယ်ချင်တယ်ဆိုတာကိုသေသေချာချာမသိသေးဘူးဆိုရင်လည်း ဒါကဖြစ်လေ့ဖြစ်ထရှိတဲ့အရာတစ်ခုပါ။ ဒီလိုမသိတဲ့အတွက်အပြစ်တင်လို့မရပါဘူး။ဒါကြောင့်လူငယ်တွေအနေနဲ့ အလုပ်စလုပ်တော့မယ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုခုကိုရွေးချယ်တော့မယ်ဆိုရင် ကိုယ်စိတ်ဝင်စားတာနဲ့ကွက်တိကျတဲ့အလုပ်မျိုးကိုရစေဖို့ဘယ်လိုစဥ်းစားအဖြေရှာသင့်လဲဆိုတာကိုမျှဝေပေးချင်ပါတယ်နော်။

အခြေခံအကျဆုံးအချက်ကတော့ အလုပ်ရှာတဲ့အခါ ဖော်ပြထားတဲ့အလုပ်အတွက်လုပ်ဆောင်ရမယ့်တာဝန်တွေကိုဖတ်ရင်းနဲ့ကိုယ်နဲ့အဆင်ပြေမပြေဆိုတာကိုအကြမ်းဖျင်းသိနိုင်ပါတယ်။နောက်တစ်နည်းကတော့ Career test ၊ Personality Type Quizzes တွေကနေလည်းကိုယ်နဲ့ဘယ်အလုပ်သင့်တော်မလဲဆိုတာကို သိနိုင်ပါတယ်။ဒီလိုရွေးချယ်မှုလေးတွေလုပ်နိုင်ပေမယ့် တကယ့်တကယ်ဆုံးဖြတ်ရတော့မယ်ဆိုရင် မှန်ကန်တဲ့ Career လမ်းကြောင်းပေါ်ခြေချမိဖို့ဆိုတာ တကယ်ကိုခက်ခဲပါတယ်။ Career တစ်ခုခုကိုရွေးချယ်ဖို့ဆုံးဖြတ်ချက်ချတဲ့အခါ အချိန်ယူရပါတယ်။ ဘာကြောင့်လဲဆိုတော့ဒီဆုံးဖြတ်ချက်က ကိုယ့်ရဲ့ကျန်ရှိတဲ့ဘဝတစ်လျှောက်လုံးအတွက်လည်းသက်ရောက်သွားစေနိုင်လို့ဖြစ်ပါတယ်။

Career ကိုပြန်ပြောင်းလို့ရတယ်ဆိုပေမယ့် ပေးဆပ်ခဲ့ရတဲ့အချိန်တွေရှိသလို ခဏခဏ Careerပြောင်းနေလို့လည်းမရပါဘူး။ ဒါကြောင့်မှန်ကန်တဲ့ Career ရွေးချယ်မှုအတွက်တဆင့်ပြီးတဆင့်လုပ်ဆောင်သင့်တဲ့မဟာဗျူဟာတွေရှိပါတယ်။ဒီအဆင့် ၅ ဆင့်က သင့်ကိုမှန်ကန်တဲ့ Career တစ်ခုကိုရွေးချယ်မိစေဖို့ကူညီပေးနိုင်ပါတယ်။

၁. ကိုယ့်အကြောင်းကိုယ်နက်နက်ရှိုင်းရှိုင်းစဥ်းစားပါ
ကိုယ့်ရဲ့အားသာချက်၊အားနည်းချက်တွေကိုကိုယ့်ဘာသာပြန်ရှာရတယ်ဆိုတာနည်းနည်းတော့ကသိကအောက်နိုင်ပါတယ်။ဒါပေမဲ့ ဒါက Career ရွေးချယ်မှုအတွက်အရေးပါပါတယ်။ ဆိတ်ငြိမ်တဲ့နေရာတစ်ခုကိုရှာပြီးတစ်ယောက်တည်းထိုင်ပါ။ကိုယ့်ရဲ့တန်ဖိုးထားမှု၊ ဝါသနာနဲ့ Soft Skills တွေကိုစဥ်းစားပါ။ စဥ်းစားလို့ရတာတွေကိုချရေးပါ။ကိုယ့်ဘဝကိုယ်စိတ်ကူးယဥ်ကြည့်ပါ။ ငါဘယ်လိုဘဝမျိုးမှာနေချင်တာလဲ၊နေ့ရက်တိုင်းဘာတွေလုပ်ရရင်ပျော်မလဲ၊ ငွေကြေးအများကြီးမရရင်တောင်ဘယ်အလုပ်ကိုလုပ်နေရရင်ပျော်မလဲ ဆိုတာလေးတွေ အရင်စဥ်းစားကြည့်သင့်ပါတယ်။

၂. ကိုယ်နဲ့သင့်တော်မယ်ထင်ရတဲ့ Career တွေအများကြီးကိုချရေးပါ
ဒီလိုချရေးပြီးတဲ့အခါ ကိုယ့်ရဲ့တန်ဖိုးထားမှု၊ အလုပ်ရဲ့ရပ်တည်ချက်နဲ့တန်ဖိုးတွေကိုပြန်သုံးသပ်ပြီးစတင်ရွေးထုတ်နိုင်ပါတယ်။ ရွေးချယ်နေရင်းနဲ့ပဲ အကောင်းအဆိုးရောနေတာလေးတွေ၊ဝေခွဲမရတာလေးတွေလည်းကြုံလာတတ်ပါသေးတယ်။ ဒါတွေကိုဆက်ပြီးစာရင်းထဲထည့်ထားလိုက်ပါ။

၃. ကိုယ်ရွေးထားတဲ့စာရင်းအတိုင်းစတင်စုံစမ်းပါ
ဒီအလုပ်ကဘယ်နေရာမှာရှိတာလဲ၊ ကိုယ်ကနယ်သွားနေရမှာလား၊ ခရီးမကြာခဏသွားရမှာလား၊ပညာရေးနောက်ခံဘယ်လောက်ထိလိုတာလဲ၊ ဘာတွေထပ်လေ့လာမှ ထိပ်ဆုံးကိုရောက်နိုင်မှာလဲ၊အလုပ်ချိန်များလား၊ ကိုယ့်ကျန်းမာရေးနဲ့အဆင်ပြေပါ့မလား၊ ကိုယ်လိုချင်တဲ့ Lifestyle ကိုရပါ့မလား။ပေးတဲ့လခကရော ကိုယ့်အတွက်လုံလောက်နိုင်လား စတဲ့အသေးစိတ်အချက်တွေကိုပါစဥ်းစားပါ။

၄. ကိုယ်ရဲ့စာရင်းထဲမှာ အများဆုံး ၅ ခုအထိကျန်အောင်စစ်ထုတ်ကြည့်ပါ
ဒီလောက်ထိစာရင်းမချုံ့နိုင်သေးဘူးဆိုရင် ကိုယ်လုံးဝမလုပ်ချင်တာတွေ၊လုပ်နိုင်မယ်မထင်တာတွေကိုချရေးပါ။ အကောင်းဆုံးအချက်က ကိုယ်စိတ်ဝင်စားမိနေတဲ့ Career ကိုတွေ့ပြီဆိုရင် ဒါမှမဟုတ် Career နှစ်ခု၊သုံးခုကြားဝေခွဲရခက်နေပြီဆိုရင် အဲဒီ Career မှာထဲထဲဝင်ဝင်လုပ်ဆောင်နေသူတွေနဲ့ တွေ့ဆုံနိုင်အောင်ကြိုးစားပါ။သူတို့ရဲ့လက်တွေ့ကျတဲ့သုံးသပ်ချက်တွေကို မှတ်သားပြီးစဥ်းစားသင့်ပါတယ်။သူတို့အချိန်ကိုဘယ်လိုစီမံနေရသလဲ၊ Work-life Balance ဖြစ်ရဲ့လားဆိုတာကိုပါထည့်တွက်သင့်ပါတယ်။

၅. ကိုယ့်ရဲ့ဘဝရည်မှန်းချက်ကိုလည်းစဥ်းစားပါ။
ကိုယ်ကအလုပ်များများလုပ်၊ ပိုက်ဆံများများရှာပြီး စိတ်ကြိုက်သုံးချင်သူလား။ ပိုက်ဆံထက်မိသားစုနဲ့ပိုပြီးအချိန်ကုန်ချင်မိသူလား၊ စိတ်ဖိစီးမှုတွေကိုခံနိုင်ရည်နည်းပါးသလားစသဖြင့်ဘဝရဲ့နေ့ရက်တွေကို ကိုယ်ဘယ်လိုဖြတ်သန်းသွားချင်တာလဲဆိုတာကို တွေးမိဖို့အရေးကြီးပါတယ်နော်။Career အတွက် ဒီလိုနည်းလမ်းတွေနဲ့နှိုင်းယှဥ်စဥ်းစားရွေးချယ်မယ်ဆိုရင် ရွေးချယ်မှုမမှားနိုင်ပါဘူး။ဒါပေမဲ့ ငါသေသေ ချာချာဆုံးဖြတ်ထားတဲ့အရာပဲဆိုပြီး ကိုယ်မပျော်တဲ့ Career တစ်ခုမှာနောက်ပြန်မလှည့်နိုင်ဘဲ ပိတ်မိနေစရာတော့မလိုပါဘူးနော်။ အလုပ်ဆိုတာကလုပ်ရင်းနဲ့မှပိုမိုစိတ်ဝင်စားလာတာရှိသလို လုပ်ရင်းနဲ့စိတ်ကုန်လာတာမျိုးလည်းရှိတတ်ပါတယ်။အသက်အရွယ်အလိုက် အတွေးအမြင်ပြောင်းလာတာမျိုးလည်းရှိတတ်ကြပါတယ်။ဒါကြောင့်လည်း လူတော်တော်များများက ဘယ်အချိန်ပဲဖြစ်ဖြစ် ဘယ်အသက်အရွယ်ပဲရောက်နေနေ Career ပြောင်းနေကြတာဖြစ်ပါတယ်။

Career ရွေးချယ်မှုနဲ့ပတ်သက်ပြီးသတိထားသင့်တာလေးတွေကိုအနှစ်ချုပ်အနေနဲ့မျှဝေရမယ်ဆိုရင်တချို့သူတွေရဲ့ပြောစကားတွေ၊ အကြံပေးချက်တွေက ကိုယ့်ရွေးချယ်မှုကိုလွှမ်းမိုးသွားတတ်တာမို့ဒါကိုတော့သတိထားပါနော်။ ကိုယ့်ရဲ့အားသာချက်ကိုမမေ့ပါနဲ့။ ကိုယ်စိတ်ဝင်စားရာနယ်ပယ်မှာစေတနာ့ ဝန်ထမ်းလိုက်လုပ်ကြည့်ပါ။ ငွေကြေးကိုလည်းထည့်တွက်ဖို့မမေ့ပါနဲ့။ အချိန်ယူပါ၊ကိုယ့်ကိုယ်ကိုယ်လည်းစိတ်ရှည်ပါ။ ကျောင်းတက်တုန်းက ဘယ်ဘာသာရပ်ကိုသင်ရတာပျော်သလဲ၊စိတ်ဝင်စားသလဲဆိုတာကို ပြန်စဥ်းစားကြည့်ပေးပါ။ကိုယ့်မှာဖြစ်ချင်တဲ့အိပ်မက်တစ်ခုရှိတယ်ဆိုရင် ဘာကြောင့်ဒါကိုဖြစ်ချင်ရတာလဲဆိုတာကိုပါမဖြစ်မနေစဥ်းစားပါ။ဒီအချက်တွေနဲ့နှိုင်းယှဥ်ရွေးချယ်မယ်ဆိုရင် ကိုယ့်အတွက်မမှားယွင်းနိုင်တဲ့ Careerတစ်ခုကိုတွေ့ရှိမှာသေချာပါတယ်။

Ju Ju

zawgyi

ကိုယ္ဘယ္လိုအလုပ္မ်ိဳးနဲ႔အသက္ေမြးသင့္လဲဆိုတာကို အ႐ြယ္ေရာက္ၿပီးလူႀကီးေတြေတာင္ဆုံးျဖတ္ခ်က္ခိုင္ခိုင္မာမာမခ်ႏိုင္တာမ်ိဳးရွိတတ္ၾကပါတယ္။ လူငယ္ေတြအေနနဲ႔သူတို႔ဘဝမွာဘာျဖစ္ခ်င္တယ္၊ ဘယ္လို Career မ်ိဳးကိုေ႐ြးခ်ယ္ခ်င္တယ္ဆိုတာကိုေသေသခ်ာခ်ာမသိေသးဘူးဆိုရင္လည္း ဒါကျဖစ္ေလ့ျဖစ္ထရွိတဲ့အရာတစ္ခုပါ။ ဒီလိုမသိတဲ့အတြက္အျပစ္တင္လို႔မရပါဘူး။ဒါေၾကာင့္လူငယ္ေတြအေနနဲ႔ အလုပ္စလုပ္ေတာ့မယ္၊ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းတစ္ခုခုကိုေ႐ြးခ်ယ္ေတာ့မယ္ဆိုရင္ ကိုယ္စိတ္ဝင္စားတာနဲ႔ကြက္တိက်တဲ့အလုပ္မ်ိဳးကိုရေစဖို႔ဘယ္လိုစဥ္းစားအေျဖရွာသင့္လဲဆိုတာကိုမွ်ေဝေပးခ်င္ပါတယ္ေနာ္။

အေျခခံအက်ဆုံးအခ်က္ကေတာ့ အလုပ္ရွာတဲ့အခါ ေဖာ္ျပထားတဲ့အလုပ္အတြက္လုပ္ေဆာင္ရမယ့္တာဝန္ေတြကိုဖတ္ရင္းနဲ႔ကိုယ္နဲ႔အဆင္ေျပမေျပဆိုတာကိုအၾကမ္းဖ်င္းသိႏိုင္ပါတယ္။ေနာက္တစ္နည္းကေတာ့ Career test ၊ Personality Type Quizzes ေတြကေနလည္းကိုယ္နဲ႔ဘယ္အလုပ္သင့္ေတာ္မလဲဆိုတာကို သိႏိုင္ပါတယ္။ဒီလိုေ႐ြးခ်ယ္မႈေလးေတြလုပ္ႏိုင္ေပမယ့္ တကယ့္တကယ္ဆုံးျဖတ္ရေတာ့မယ္ဆိုရင္ မွန္ကန္တဲ့ Career လမ္းေၾကာင္းေပၚေျခခ်မိဖို႔ဆိုတာ တကယ္ကိုခက္ခဲပါတယ္။ Career တစ္ခုခုကိုေ႐ြးခ်ယ္ဖို႔ဆုံးျဖတ္ခ်က္ခ်တဲ့အခါ အခ်ိန္ယူရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ဒီဆုံးျဖတ္ခ်က္က ကိုယ့္ရဲ႕က်န္ရွိတဲ့ဘဝတစ္ေလွ်ာက္လုံးအတြက္လည္းသက္ေရာက္သြားေစႏိုင္လို႔ျဖစ္ပါတယ္။

Career ကိုျပန္ေျပာင္းလို႔ရတယ္ဆိုေပမယ့္ ေပးဆပ္ခဲ့ရတဲ့အခ်ိန္ေတြရွိသလို ခဏခဏ Careerေျပာင္းေနလို႔လည္းမရပါဘူး။ ဒါေၾကာင့္မွန္ကန္တဲ့ Career ေ႐ြးခ်ယ္မႈအတြက္တဆင့္ၿပီးတဆင့္လုပ္ေဆာင္သင့္တဲ့မဟာဗ်ဴဟာေတြရွိပါတယ္။ဒီအဆင့္ ၅ ဆင့္က သင့္ကိုမွန္ကန္တဲ့ Career တစ္ခုကိုေ႐ြးခ်ယ္မိေစဖို႔ကူညီေပးႏိုင္ပါတယ္။

၁. ကိုယ့္အေၾကာင္းကိုယ္နက္နက္ရႈိင္းရႈိင္းစဥ္းစားပါ
ကိုယ့္ရဲ႕အားသာခ်က္၊အားနည္းခ်က္ေတြကိုကိုယ့္ဘာသာျပန္ရွာရတယ္ဆိုတာနည္းနည္းေတာ့ကသိကေအာက္ႏိုင္ပါတယ္။ဒါေပမဲ့ ဒါက Career ေ႐ြးခ်ယ္မႈအတြက္အေရးပါပါတယ္။ ဆိတ္ၿငိမ္တဲ့ေနရာတစ္ခုကိုရွာၿပီးတစ္ေယာက္တည္းထိုင္ပါ။ကိုယ့္ရဲ႕တန္ဖိုးထားမႈ၊ ဝါသနာနဲ႔ Soft Skills ေတြကိုစဥ္းစားပါ။ စဥ္းစားလို႔ရတာေတြကိုခ်ေရးပါ။ကိုယ့္ဘဝကိုယ္စိတ္ကူးယဥ္ၾကည့္ပါ။ ငါဘယ္လိုဘဝမ်ိဳးမွာေနခ်င္တာလဲ၊ေန႔ရက္တိုင္းဘာေတြလုပ္ရရင္ေပ်ာ္မလဲ၊ ေငြေၾကးအမ်ားႀကီးမရရင္ေတာင္ဘယ္အလုပ္ကိုလုပ္ေနရရင္ေပ်ာ္မလဲ ဆိုတာေလးေတြ အရင္စဥ္းစားၾကည့္သင့္ပါတယ္။

၂. ကိုယ္နဲ႔သင့္ေတာ္မယ္ထင္ရတဲ့ Career ေတြအမ်ားႀကီးကိုခ်ေရးပါ
ဒီလိုခ်ေရးၿပီးတဲ့အခါ ကိုယ့္ရဲ႕တန္ဖိုးထားမႈ၊ အလုပ္ရဲ႕ရပ္တည္ခ်က္နဲ႔တန္ဖိုးေတြကိုျပန္သုံးသပ္ၿပီးစတင္ေ႐ြးထုတ္ႏိုင္ပါတယ္။ ေ႐ြးခ်ယ္ေနရင္းနဲ႔ပဲ အေကာင္းအဆိုးေရာေနတာေလးေတြ၊ေဝခြဲမရတာေလးေတြလည္းႀကဳံလာတတ္ပါေသးတယ္။ ဒါေတြကိုဆက္ၿပီးစာရင္းထဲထည့္ထားလိုက္ပါ။

၃. ကိုယ္ေ႐ြးထားတဲ့စာရင္းအတိုင္းစတင္စုံစမ္းပါ
ဒီအလုပ္ကဘယ္ေနရာမွာရွိတာလဲ၊ ကိုယ္ကနယ္သြားေနရမွာလား၊ ခရီးမၾကာခဏသြားရမွာလား၊ပညာေရးေနာက္ခံဘယ္ေလာက္ထိလိုတာလဲ၊ ဘာေတြထပ္ေလ့လာမွ ထိပ္ဆုံးကိုေရာက္ႏိုင္မွာလဲ၊အလုပ္ခ်ိန္မ်ားလား၊ ကိုယ့္က်န္းမာေရးနဲ႔အဆင္ေျပပါ့မလား၊ ကိုယ္လိုခ်င္တဲ့ Lifestyle ကိုရပါ့မလား။ေပးတဲ့လခကေရာ ကိုယ့္အတြက္လုံေလာက္ႏိုင္လား စတဲ့အေသးစိတ္အခ်က္ေတြကိုပါစဥ္းစားပါ။

၄. ကိုယ္ရဲ႕စာရင္းထဲမွာ အမ်ားဆုံး ၅ ခုအထိက်န္ေအာင္စစ္ထုတ္ၾကည့္ပါ
ဒီေလာက္ထိစာရင္းမခ်ဳံ႕ႏိုင္ေသးဘူးဆိုရင္ ကိုယ္လုံးဝမလုပ္ခ်င္တာေတြ၊လုပ္ႏိုင္မယ္မထင္တာေတြကိုခ်ေရးပါ။ အေကာင္းဆုံးအခ်က္က ကိုယ္စိတ္ဝင္စားမိေနတဲ့ Career ကိုေတြ႕ၿပီဆိုရင္ ဒါမွမဟုတ္ Career ႏွစ္ခု၊သုံးခုၾကားေဝခြဲရခက္ေနၿပီဆိုရင္ အဲဒီ Career မွာထဲထဲဝင္ဝင္လုပ္ေဆာင္ေနသူေတြနဲ႔ ေတြ႕ဆုံႏိုင္ေအာင္ႀကိဳးစားပါ။သူတို႔ရဲ႕လက္ေတြ႕က်တဲ့သုံးသပ္ခ်က္ေတြကို မွတ္သားၿပီးစဥ္းစားသင့္ပါတယ္။သူတို႔အခ်ိန္ကိုဘယ္လိုစီမံေနရသလဲ၊ Work-life Balance ျဖစ္ရဲ႕လားဆိုတာကိုပါထည့္တြက္သင့္ပါတယ္။

၅. ကိုယ့္ရဲ႕ဘဝရည္မွန္းခ်က္ကိုလည္းစဥ္းစားပါ။
ကိုယ္ကအလုပ္မ်ားမ်ားလုပ္၊ ပိုက္ဆံမ်ားမ်ားရွာၿပီး စိတ္ႀကိဳက္သုံးခ်င္သူလား။ ပိုက္ဆံထက္မိသားစုနဲ႔ပိုၿပီးအခ်ိန္ကုန္ခ်င္မိသူလား၊ စိတ္ဖိစီးမႈေတြကိုခံႏိုင္ရည္နည္းပါးသလားစသျဖင့္ဘဝရဲ႕ေန႔ရက္ေတြကို ကိုယ္ဘယ္လိုျဖတ္သန္းသြားခ်င္တာလဲဆိုတာကို ေတြးမိဖို႔အေရးႀကီးပါတယ္ေနာ္။Career အတြက္ ဒီလိုနည္းလမ္းေတြနဲ႔ႏႈိင္းယွဥ္စဥ္းစားေ႐ြးခ်ယ္မယ္ဆိုရင္ ေ႐ြးခ်ယ္မႈမမွားႏိုင္ပါဘူး။ဒါေပမဲ့ ငါေသေသ ခ်ာခ်ာဆုံးျဖတ္ထားတဲ့အရာပဲဆိုၿပီး ကိုယ္မေပ်ာ္တဲ့ Career တစ္ခုမွာေနာက္ျပန္မလွည့္ႏိုင္ဘဲ ပိတ္မိေနစရာေတာ့မလိုပါဘူးေနာ္။ အလုပ္ဆိုတာကလုပ္ရင္းနဲ႔မွပိုမိုစိတ္ဝင္စားလာတာရွိသလို လုပ္ရင္းနဲ႔စိတ္ကုန္လာတာမ်ိဳးလည္းရွိတတ္ပါတယ္။အသက္အ႐ြယ္အလိုက္ အေတြးအျမင္ေျပာင္းလာတာမ်ိဳးလည္းရွိတတ္ၾကပါတယ္။ဒါေၾကာင့္လည္း လူေတာ္ေတာ္မ်ားမ်ားက ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ ဘယ္အသက္အ႐ြယ္ပဲေရာက္ေနေန Career ေျပာင္းေနၾကတာျဖစ္ပါတယ္။

Career ေ႐ြးခ်ယ္မႈနဲ႔ပတ္သက္ၿပီးသတိထားသင့္တာေလးေတြကိုအႏွစ္ခ်ဳပ္အေနနဲ႔မွ်ေဝရမယ္ဆိုရင္တခ်ိဳ႕သူေတြရဲ႕ေျပာစကားေတြ၊ အႀကံေပးခ်က္ေတြက ကိုယ့္ေ႐ြးခ်ယ္မႈကိုလႊမ္းမိုးသြားတတ္တာမို႔ဒါကိုေတာ့သတိထားပါေနာ္။ ကိုယ့္ရဲ႕အားသာခ်က္ကိုမေမ့ပါနဲ႔။ ကိုယ္စိတ္ဝင္စားရာနယ္ပယ္မွာေစတနာ့ ဝန္ထမ္းလိုက္လုပ္ၾကည့္ပါ။ ေငြေၾကးကိုလည္းထည့္တြက္ဖို႔မေမ့ပါနဲ႔။ အခ်ိန္ယူပါ၊ကိုယ့္ကိုယ္ကိုယ္လည္းစိတ္ရွည္ပါ။ ေက်ာင္းတက္တုန္းက ဘယ္ဘာသာရပ္ကိုသင္ရတာေပ်ာ္သလဲ၊စိတ္ဝင္စားသလဲဆိုတာကို ျပန္စဥ္းစားၾကည့္ေပးပါ။ကိုယ့္မွာျဖစ္ခ်င္တဲ့အိပ္မက္တစ္ခုရွိတယ္ဆိုရင္ ဘာေၾကာင့္ဒါကိုျဖစ္ခ်င္ရတာလဲဆိုတာကိုပါမျဖစ္မေနစဥ္းစားပါ။ဒီအခ်က္ေတြနဲ႔ႏႈိင္းယွဥ္ေ႐ြးခ်ယ္မယ္ဆိုရင္ ကိုယ့္အတြက္မမွားယြင္းႏိုင္တဲ့ Careerတစ္ခုကိုေတြ႕ရွိမွာေသခ်ာပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*