မန်နေဂျာများက ဝန်ထမ်းများရဲ့ အလုပ်လုံခြုံမှုကို တိုးမြှင်ပေးနိုင်တဲ့ အချက် (၃)ချက်

မန်နေဂျာတစ်ဦးအနေနဲ့ သင့်ရဲ့ ဝန်ထမ်းများရဲ့ အတွေ့အကြုံအပေါ်မှာ မယုံနိုင်လောက်အောင်လွှမ်းမိုးမှုရှိပါတယ်။ မန်နေဂျာများက ဝန် ထမ်းများအတွက် ပိုပြီးတိုးတက်အောင်လုပ်နိုင်သလို၊ဖြိုဖျက်နိုင်ပါတယ်။ ဒီတော့ မန်နေဂျာတယောက်အနေနဲ့ သင့်ဝန်ထမ်းတွေကို သူတို့ရဲ့အလုပ်မှာလုံခြုံတယ်လို့ ခံစားရအောင်ဘယ်လိုကူညီပေးနိုင်မလဲ။ ဒီသုံးချက်က ကူညီပေးနိုင်ပါတယ်။

သင်ယူမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို အားပေးပါ

ကျွမ်းကျင်မှုများက ငွေကြေးအသစ်တမျိုးပါပဲ။ သင့်မှာ ကျွမ်းကျင်မှုရှိပြီဆိုတာနဲ့ ငွေကြေးကအနောက်ကနေ အလိုလိုပါလာပြီးသားဖြစ်ပါလိမ့်မယ်။ မန်နေဂျာတစ်ဦးအနေနဲ့သင့်ဝန်ထမ်းများကို သူတို့ရဲ့အလုပ်မှာ ကျွမ်းကျင်မှုရှိ‌ဖို့ တွန်းအားပေးသင့်ပါတယ်။ဝန်ထမ်းများရဲ့ သင်ယူမှုခရီးလမ်း အားကောင်းစေဖို့၊ ကျွမ်းကျင်မှုအစုံကိုမြှင့်တင်ဖို့ကူညီပေးနိုင်ပါတယ်။ အလုပ်ဖြုတ်ခံရတာမျိုး တစုံတရာဖြစ်လာခဲ့မယ်ဆိုရင်ဒီကျွမ်းကျင်မှုတွေပဲ ကူညီပေးနိုင်မှာဖြစ်ပါတယ်။ ဒီလိုကျွမ်းကျင်မှုတွေကိုမြှင့်တင်ပေးတာကခက်ခဲကြမ်းတမ်းတဲ့ အလုပ်အ ကိုင်ဈေးကွက်ကို ကြံ့ကြံ့ခိုင်နိုင်ဖို့အတွက် သူတို့အနေနဲ့ကောင်းမွန်စွာ ပြင်ဆင်နိုင်မှာပဲဖြစ်ပါတယ်။

အနာဂတ် အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်ဖြစ်ပါစေ

ကိုယ်က ဝန်ထမ်းတွေရဲ့ခေါင်းဆောင်ဖြစ်တယ်ဆိုရင် အနာဂတ်အတွက် ကိုယ့်မှာအမြော်အမြင်တွေရှိဖိုလိုပါတယ်။ လမ်းတလျှောက်မှာဖြစ်လာနိုင်တဲ့ လမ်းပိတ်ဆို့မှုများ၊အဆင်မပြေမှုများ၊ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ထားတာတွေလည်း ပါဝင်ပါတယ်။အကောင်းမြင်ဝါဒနဲ့ လက်တွေ့ကျတဲ့ ပေါင်းစပ်မှုတွေက လိုအပ်တဲ့အရည်အချင်းတွေကိုတည်ဆောက်ဖို့ ကူညီပေးနိုင်ပါတယ်။ဒီလိုလုပ်ဆောင်တာက သင့်အဖွဲ့အတွက် ရလဒ်များဖြစ်လာစေနိုင်ပါတယ်။တီထွင်ဖန်တီးမှုမြင့်မားတာ၊ စွမ်းဆောင်ရည်နဲ့ ခံစားနိုင်ရည်ရှိမှုတွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ အတွေးအမြင်ကိုလက်ခံကျင့်သုံးတာက အလုပ်လုံခြုံရေးကို တိုးမြှင့်ဖို့အတွက် အရေးကြီးပါတယ်။ဝေးဝေးကြိုတွေးပြီး ကြိုတင်ပြင်ဆင်ထားတာက သင့်အဖွဲ့အတွက်အသက်မွေးဝမ်းကျောင်းလမ်းကြောင်‌တွေ ဖန်တီးဖို့ ပိုမိုကောင်းမွန်တဲ့အနေအထားဖြစ်နိုင်ပါတယ်။

အသက်မွေးဝမ်းကြောင်းအတွက် အပြောင်းအရွေ့ကို အားပေးတာ

ကိုယ့်ဝန်ထမ်းတွေက ဒီအလုပ်မှာပဲ ဒီရာထူးမှာပဲ အတူဆက်ရှိချင်တာကခေါင်းဆောင်ကောင်းတွေရဲ့ လက္ခဏာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ဝန်ထမ်းတွေကို သူတို့နဲ့ကိုက်ညီတဲ့၊ထိုက်တန်တဲ့နေရာတခုမှာရှိနိုင် အောင်ဖန်တီးပေးနိုင်တာကသာကောင်းမွန်တဲ့ခေါင်းဆောင်မှုဖြစ်ပါတယ်။ဒါကြောင့် ကိုယ့်ဝန်ထမ်းက ကိုယ့်ကုမ္ပဏီထက် ကောင်းမွန်တဲ့အခွင့်အလမ်းရှိလို့အလုပ်ပြောင်းရွေ့မှုလုပ်မယ်ဆိုရင် အားပေးဖို့ပါပဲ။ ဌာနတွင်းပြောင်းရွေ့တာဖြစ်စေ၊တခြားအလုပ်တခုကိုပြောင်းရွေ့တာဖြစ်စေ ဒါက လက်ခံရမယ့်ကိစ္စတခုပါပဲ။ဒီအချက်သုံးချက်က တော့ အလုပ်လုံခြုံမှုအတွက် မန်နေဂျာတွေက သူတို့ရဲ့ဝန်ထမ်းတွေကိုလုပ်ပေးနိုင်တဲ့ အချက်သုံးချက်ဖြစ်ပါတယ်။

MYit

zawgyi








MYit

Be the first to comment

Leave a Reply

Your email address will not be published.


*