စုံစမ်းစစ်ဆေးမှုတွေမပြီးသေးတာကြောင့် အဆိုတော်လီယမ် ပိန်းရဲ့ အလောင်းကို မိသားစုဆီ လွှဲပေးဖို့ အဆင့်သင့်မဖြစ်သေး

အဆိုတော် လီယမ် ပိန်း သေဆုံးမှုနဲပတ်သက်ပြီး စုံစမ်းစစ်ဆေးသူများက ရုပ်အလောင်းကိုမိသားစုဆီ ပြန်လွှဲပေးဖို့ အဆင်သင့်မဖြစ်သေးကြောင်း အာဂျင်တီးနားနိုင်ငံ ဘရူနိုအေးရိစ်ရှိအစိုးရရှေ့နေတွေရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ One Direction အဆိုတော်ဟောင်းရဲ့ ဖခင် Geoff Payne က သောကြာနေ့မှာ Buenos Airesကိုရောက်ရှိလာပြီဖြစ်ပါတယ်။စစ်ဆေးမှုတွေမပြီးပြတ်သေးတာကြောင့် ရုပ်အ လောင်းကို လွှဲပေးဖို့အဆင်သင့်မဖြစ်သေးကြောင်းကို ပြည်သူ့အစိုးရရှေ့နေရုံးရဲ့ ကိုယ်စားလှယ်က ဖခင်ဖြစ်သူကိုအသိပေးခဲ့တာဖြစ်ပါတယ်။ကနဦးအစီရင်ခံစာမှာ ကိုးကင်းနဲ့ထိတွေ့မှုအထောက်အထားများရှိတယ်လို့ AP သတင်းဌာနကဖော်ပြထားပါတယ်။“သေဆုံးသူ ရဲ့ ဂုဏ်သိက္ခာကို လေးစားလိုက်နာဖို့ လိုအပ်တာကြောင့် စုံစမ်းစစ်ဆေးမှုမှာဖြစ်ပေါ်လာတဲ့ ကိစ္စရပ်အားလုံးကို မိသားစုထံ ဦးစွာ တင်ပြသွားမှာပါ” လို့ အစိုးရရှေ့နေရုံးကသူတို့ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

MYit

zawgyi

အဆိုေတာ္ လီယမ္ ပိန္း ေသဆုံးမႈနဲပတ္သက္ၿပီး စုံစမ္းစစ္ေဆးသူမ်ားက ႐ုပ္အေလာင္းကိုမိသားစုဆီ ျပန္လႊဲေပးဖို႔ အဆင္သင့္မျဖစ္ေသးေၾကာင္း အာဂ်င္တီးနားႏိုင္ငံ ဘ႐ူႏိုေအးရိစ္ရွိအစိုးရေရွ႕ေနေတြရဲ႕ ထုတ္ျပန္ခ်က္အရသိရပါတယ္။ One Direction အဆိုေတာ္ေဟာင္းရဲ႕ ဖခင္ Geoff Payne က ေသာၾကာေန႔မွာ Buenos Airesကိုေရာက္ရွိလာၿပီျဖစ္ပါတယ္။စစ္ေဆးမႈေတြမၿပီးျပတ္ေသးတာေၾကာင့္ ႐ုပ္အ ေလာင္းကို လႊဲေပးဖို႔အဆင္သင့္မျဖစ္ေသးေၾကာင္းကို ျပည္သူ႔အစိုးရေရွ႕ေန႐ုံးရဲ႕ ကိုယ္စားလွယ္က ဖခင္ျဖစ္သူကိုအသိေပးခဲ့တာျဖစ္ပါတယ္။ကနဦးအစီရင္ခံစာမွာ ကိုးကင္းနဲ႔ထိေတြ႕မႈအေထာက္အထားမ်ားရွိတယ္လို႔ AP သတင္းဌာနကေဖာ္ျပထားပါတယ္။“ေသဆုံးသူ ရဲ႕ ဂုဏ္သိကၡာကို ေလးစားလိုက္နာဖို႔ လိုအပ္တာေၾကာင့္ စုံစမ္းစစ္ေဆးမႈမွာျဖစ္ေပၚလာတဲ့ ကိစၥရပ္အားလုံးကို မိသားစုထံ ဦးစြာ တင္ျပသြားမွာပါ” လို႔ အစိုးရေရွ႕ေန႐ုံးကသူတို႔ရဲ႕ ထုတ္ျပန္ခ်က္မွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*