Employee retention ဆိုတာအဖွဲ့အစည်းတခု၊ ကုမ္ပဏီတခုက လူများကို ထိန်းထားနိုင်ပြီးအလုပ်ထွက်နှုန်းကို လျှော့ချနိုင်မှုကိုဆိုလိုပါတယ်။ အလုပ်ရှင်တွေက ဒီနည်းလမ်းများနဲ့ဝန်ထမ်းများကို အလုပ်ထွက်နှုန်းလျှော့ကျအောင် ထိန်းသိမ်းထားနိုင်ပါတယ်။အကျိုးခံစားခွင့်များပေးတာ၊ အပြုသဘောဆောင်တဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုကိုဖန်တီးပေးတာ၊လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ပေးတာ၊ အသိ အမှတ်ပြုတာ၊အလုပ်နဲ့ဘဝဟန်ချက်ညီအောင်မြှင့်တင်ပေးတာ စတဲ့နည်းလမ်းများစွာပါဝင်ပါတယ်။ဝန်ထမ်းမြဲပြီး အလုပ်လုပ်တဲ့သက် တမ်းကြာမြင့်တဲ့ ဝန်ထမ်းကိုပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတွေကဝန်ထမ်းထိန်းသိမ်းမှု ပိုမိုမြင့်မားလာမှာဖြစ်ပါတယ်။ ဝန်ထမ်းမမြဲဘဲကာလတိုနဲ့အလုပ်ထွက်ကြတဲ့ ကုမ္ပဏီတွေကတော့ ဝန်ထမ်းထိန်းသိမ်းမှုသိသိသာသာလျှော့ကျမှာပဲဖြစ်ပါတယ်။
ဝန်ထမ်းမြဲအောင်ထိန်းသိမ်းနိုင်မယ်ဆိုရင် ဝန်ထမ်းများအလုပ်ထွက်နှုန်းကို လျှော့ချနိုင်ပြီးအောင်မြင်တဲ့ လုပ်ငန်းတခုအတွက် အရေးကြီးတဲ့အချက်တချက်လည်းဖြစ်ပါတယ်။ကုမ္ပဏီတခုက ဝန်ထမ်းမမြဲဘူးဆိုရင် အဲဒီကုမ္ပဏီက မအောင်မြင်နိုင်ပါဘူး။ တချိန်လုံးဝန်ထမ်းတွေက ထွက်လိုက် ဝင်လိုက်၊ ထွက်လိုက်ဝင်လိုက်ဖြစ်နေတဲ့ ကုမ္ပဏီတွေကိုကြည့်ရင်ဝန်ထမ်းထိန်းသိမ်းနိုင်မှုမြင့်မားတဲ့ ကုမ္ပဏီတွေလောက် မအောင်မြင်တာကို တွေ့ရပါတယ်။ဝန်ထမ်းထိန်းသိမ်းနိုင်မှု လျော့နည်းတာက ကျွမ်းကျင်ဝန်ထမ်းကို မထိန်းထားနိုင်တာနဲ့တူတူပါပဲ။ အ ကောင်းဆုံးဝန်ထမ်းတွေ နုတ်ထွက်သွားနိုင်ပါတယ်။လူသစ်ရှာဖွေတာက အချိန်နဲ့ ငွေကုန်နိုင်တာကို အားလုံးသိထားပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ လူ့စွမ်းအားအရင်းအမြစ်အတွက်လည်း ထည့်တွက်ရပါမယ်။ကုမ္ပဏီတခုမှာ ဝန်ထမ်းမမြဲတာက အ ထက်ပါအချက်တွေအားလုံးကို ထိခိုက်နစ်နာစေပါတယ်။
ဝန်ထမ်းမမြဲတာက ရှိပြီးသားဝန်ထမ်းတွေအတွက်လည်း ဝန်ထုပ်ဝန်ပိုးကိုဖြစ်စေနိုင်ပါတယ်။ဘာကြောင့်လဲဆိုရင် နောက်ထပ်ဝန်ထမ်းအသစ်တယောက် မရောက်မချင်းလစ်လပ်နေရာအတွက် ကျန်ဝန်ထမ်းတွေက တာဝန်ခွဲဝေယူရလို့ပါ။အသစ်ရောက်လာခဲ့ရင်လည်း အရင်ဝန်ထမ်းရဲ့အလုပ်တာဝန်တွေကို နားလည်တတ်ကျွမ်းအောင် အချိန်ပေးပြီး ရှင်းလင်းပြောဆိုရပါသေးတယ်။ ဒီအချက်တွေကရှိပြီးသားဝန်ထမ်းတွေကိုလည်း စိတ်ဖိစီးမှုကိုဖြစ်စေနိုင်ပါတယ်။အနည်းဆုံးတော့ ဝန်ထမ်းတွေရဲ့ ထိတွေ့ဆက်ဆံမှုနဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် လုပ်ငန်းတခု၊ ကုမ္ပဏီတခုမှာ Employee retention ကအရေးကြီးဆုံးအချက်ဖြစ်တယ်ဆိုတာကို အားလုံးလက်ခံထားဖို့လိုပါတယ်။
MYit
zawgyi
Leave a Reply