ခေါင်းဆောင်မှန်းတန်းသိစေနိုင်တဲ့ကိုယ်ဟန်အမူအရာ 5 ချက်

လူအချင်းချင်းဆက်သွယ်မှုရဲ့ 90 ရာခိုင်နှုန်းဟာစကားမဟုတ်ဘူးလို့ လေ့လာသူတွေကဆိုကြပါတယ်။ဒီအယူအဆဟာဘယ်ကဆင်း သက်လာတာလဲဆိုရင်တော့ 1990 ခုနစ်အလယ်ပိုင်းမှာ Body Language Researcher ဖြစ်တဲ့ Albert Mehrabian ဆီကနေဆင်းသက်လာတာဖြစ်ပါတယ်။ကိုယ်ပြောတဲ့စကားလုံးတွေဟာ ဆက်သွယ်မှုရဲ့ 7% သာဖြစ်တယ်လို့ သူကပြောခဲ့ပါတယ်။ 38% ကတော့အသံနေ အသံထားဖြစ်ပါတယ်။ ကျန်တဲ့ 55% ကတော့ Body Language ဖြစ်တယ်လို့ဆိုပါတယ်။ကိုယ်ဟန်အနေအထား၊ ကိုယ်ဟန်အမူအရာဟာ အလွှာစုံကလူတိုင်းအတွက်အရေးပါချင်မှပါနိုင်ပေမယ့်ကိုယ့်ရဲ့ခေါင်းဆောင်မှုစွမ်းရည်နဲ့ ကိုယ့်ရဲ့ Career ကိုမြှင့်တင်ချင်တဲ့လူတစ်ယောက်အတွက်တော့အရေးပါလွန်းပါတယ်။ခေါင်းဆောင်တစ်ယောက်မှန်းသိစေနိုင်တဲ့ ကိုယ်ဟန်အနေအထား 5 ချက်ထဲမှာ…

မျက်နှာအမူအရာကိုထိန်းချုပ်နိုင်ခြင်း
မျက်ခုံးပင့်တင်လိုက်တာ၊ မျက်မှောင်ကြုတ်တာ၊ ပြုံးပြတာစတဲ့ မျက်နှာအမူအရာတွေဟာခေါင်းဆောင်တွေအတွက် အများကြီးအဓိပ္ပါယ်သက်ရောက်မှုရှိပါတယ်။ ဒီအမူအရာတွေဟာကျယ်လောင်တဲ့မက်ဆေ့ချ်တွေပေးနေသလိုပါပဲ။အဆိုးအကောင်းအခြေအနေအ မျိုးမျိုးကိုတွေ့ကြုံနေရမယ့် ခေါင်းဆောင်အဖို့အလွယ်တကူမျက်နှာပျက်လွယ်တာမျိုးမရှိရပါဘူး။ ဘယ်လိုအခြေအနေပဲကြုံကြုံမျက်နှာအမူအရာကိုထိန်းထားနိုင်ဖို့က အရေးကြီးပါတယ်။ ကိုယ့်မျက်နှာအမူအရာကိုလူတွေအများကြီးကစောင့်ကြည့်နေတယ်ဆိုတာကိုလည်း သတိပြုဖို့လိုပါတယ်။

မျက်လုံးချင်းဆုံကြည့်နိုင်ခြင်း
ကိုယ်ကတစ်ယောက်ယောက်နဲ့စကားပြောတဲ့အခါ ပြတင်းပေါက်ကိုကြည့်နေတာ၊ကြမ်းပြင်ကိုကြည့်နေတာမျိုးလုပ်မိနေလား။ ဒါဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိသူ၊ယုံကြည်အားကိုးမခံထိုက်သူအဖြစ်ဖော်ပြလိုက်တာပါပဲ။ ခေါင်းဆောင်တစ်ယောက်ဟာဘယ်သူနဲ့မဆိုမျက်လုံးချင်းဆုံပြီး စကားပြောဆိုရဲရမှာဖြစ်ပါတယ်။ တစ်ဖက်လူကိုတစ်ချိန်လုံးကြည့်နေရမယ်ဆိုတာက နည်းနည်းတော့စိတ်မသက်မသာဖြစ်စရာကောင်းပါတယ်။ ဒါပေမဲ့စကားပြောနေသူကို မျက်လုံးချင်းဆုံပြီးကြည့်နိုင်လေကောင်းလေပါပဲ။အစည်းအဝေးခန်းမမှာဆိုရင်လည်း တစ်ယောက်ယောက်ကိုမျက်လုံးချင်းဆုံကြည့်ပြီးစကားပြောလိုက်တာက ကိုယ့်ကိုစိတ်ဖိစီးမှုတွေလျှော့ချပေးပြီး စကား ပြောဆိုမှုပြေပြစ်စေပါတယ်။

ကြိုဆိုလက်ခံသောအမူအရာရှိခြင်း
လက်ဖဝါးတွေကိုဖြန့်၊ လက်နှစ်ဖက်ကိုဖွင့်ထားတာက ကိုယ့်ကိုချဥ်းကပ်ရလွယ်သူ၊ လက်ခံနိုင်သူ၊သက်သောင့်သက်သာရှိသူအဖြစ်ပေါ် လွင်နေစေပါတယ်။ စကားပြောနေချိန်၊မိန့်ခွန်းပြောနေချိန်မျိုးမှာလည်း ဒီလက်နှစ်ဖက်ကို ကောင်းကောင်းအသုံးချတတ်ဖို့လိုပါတယ်။ ကိုယ်ဟာစိတ်အားထက်သန်သူ၊ တက်ကြွသူအဖြစ် သိစေနိုင်ဖို့ ဒီလက်နှစ်ဖက်ကိုအသုံးချရမှာပဲဖြစ်ပါတယ်။လက်ပိုက်ထားလိုက်မယ်ဆိုရင် ကိုယ့်ကိုမာန်ကြီးသူ၊ စိတ်မသက်မသာဖြစ်နေသူလို့ထင်ရစေနိုင်ပါတယ်။

နားထောင်တတ်သူဖြစ်ခြင်း
တစ်ဖက်လူဘာပြောနေလဲဆိုတာကို နားလည်တယ်၊ စိတ်ဝင်တစားလည်းရှိတယ်၊သူပြောနေတဲ့ဇာတ်လမ်းအတိုင်းခံစားနိုင်တယ်၊ပြန်ပြီးအကြံပေးနိုင်တယ်ဆိုတာတွေကနားထောင်တတ်သူရဲ့ လက္ခဏာရပ်တွေပါပဲ။ဒီလိုနားထောင်တတ်သူဖြစ်မယ်ဆိုရင်လက်အောက်ငယ် သားတွေက သူတို့ရဲ့ပြဿနာတွေ၊အကြံဉာဏ်တွေကို ပိုပြီးပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးလာကြမှာပဲဖြစ်ပါတယ်။

ကိုယ်ဟန်အနေအထားကိုသတိထားတတ်ခြင်း
ခေါင်းဆောင်တစ်ယောက်ဟာ ထိုင်နေတာဖြစ်ဖြစ်၊ မတ်တပ်ရပ်နေတာဖြစ်ဖြစ်လူတွေကသူ့ကိုစောင့်ကြည့်နေတာဖြစ်ပါတယ်။ ကိုယ်ဟန်အနေအထားဟာအလုပ်အပေါ်ကိုယ့်ရဲ့သဘောထားကိုလည်းဖော်ပြနိုင်ပါတယ်။ ခေါင်းငုံ့ပြီးလမ်းလျှောက်တာ၊လေးတိလေးကန်လျှောက်နေတာမျိုးကိုရှောင်ရပါမယ်။ အမြဲတမ်းကိုယ်ကိုမတ်မတ်ထားပြီးတက်တက်ကြွကြွလျှောက်ပါ။ ဒါက ကိုယ့်ကိုသြဇာတိက္ကမရှိသူတစ်ယောက်အဖြစ် ပုံဖော်နိုင်ပါတယ်။ဒီအချက် 5 ချက်က ကိုယ့်ကိုယုံကြည်ထိုက်သူခေါင်းဆောင်တစ်ယောက်အဖြစ်ပုံဖော်ပေးပြီး
ဝန်ထမ်းတွေရဲ့လေးစားမှုနဲ့ယုံကြည်မှုကိုလည်း ရရှိစေမှာဖြစ်ပါတယ်။

Ju Ju

zawgyi

လူအခ်င္းခ်င္းဆက္သြယ္မႈရဲ႕ 90 ရာခိုင္ႏႈန္းဟာစကားမဟုတ္ဘူးလို႔ ေလ့လာသူေတြကဆိုၾကပါတယ္။ဒီအယူအဆဟာဘယ္ကဆင္း သက္လာတာလဲဆိုရင္ေတာ့ 1990 ခုနစ္အလယ္ပိုင္းမွာ Body Language Researcher ျဖစ္တဲ့ Albert Mehrabian ဆီကေနဆင္းသက္လာတာျဖစ္ပါတယ္။ကိုယ္ေျပာတဲ့စကားလုံးေတြဟာ ဆက္သြယ္မႈရဲ႕ 7% သာျဖစ္တယ္လို႔ သူကေျပာခဲ့ပါတယ္။ 38% ကေတာ့အသံေန အသံထားျဖစ္ပါတယ္။ က်န္တဲ့ 55% ကေတာ့ Body Language ျဖစ္တယ္လို႔ဆိုပါတယ္။ကိုယ္ဟန္အေနအထား၊ ကိုယ္ဟန္အမူအရာဟာ အလႊာစုံကလူတိုင္းအတြက္အေရးပါခ်င္မွပါႏိုင္ေပမယ့္ကိုယ့္ရဲ႕ေခါင္းေဆာင္မႈစြမ္းရည္နဲ႔ ကိုယ့္ရဲ႕ Career ကိုျမႇင့္တင္ခ်င္တဲ့လူတစ္ေယာက္အတြက္ေတာ့အေရးပါလြန္းပါတယ္။ေခါင္းေဆာင္တစ္ေယာက္မွန္းသိေစႏိုင္တဲ့ ကိုယ္ဟန္အေနအထား 5 ခ်က္ထဲမွာ…

မ်က္ႏွာအမူအရာကိုထိန္းခ်ဳပ္ႏိုင္ျခင္း
မ်က္ခုံးပင့္တင္လိုက္တာ၊ မ်က္ေမွာင္ၾကဳတ္တာ၊ ၿပဳံးျပတာစတဲ့ မ်က္ႏွာအမူအရာေတြဟာေခါင္းေဆာင္ေတြအတြက္ အမ်ားႀကီးအဓိပၸါယ္သက္ေရာက္မႈရွိပါတယ္။ ဒီအမူအရာေတြဟာက်ယ္ေလာင္တဲ့မက္ေဆ့ခ်္ေတြေပးေနသလိုပါပဲ။အဆိုးအေကာင္းအေျခအေနအ မ်ိဳးမ်ိဳးကိုေတြ႕ႀကဳံေနရမယ့္ ေခါင္းေဆာင္အဖို႔အလြယ္တကူမ်က္ႏွာပ်က္လြယ္တာမ်ိဳးမရွိရပါဘူး။ ဘယ္လိုအေျခအေနပဲႀကဳံႀကဳံမ်က္ႏွာအမူအရာကိုထိန္းထားႏိုင္ဖို႔က အေရးႀကီးပါတယ္။ ကိုယ့္မ်က္ႏွာအမူအရာကိုလူေတြအမ်ားႀကီးကေစာင့္ၾကည့္ေနတယ္ဆိုတာကိုလည္း သတိျပဳဖို႔လိုပါတယ္။

မ်က္လုံးခ်င္းဆုံၾကည့္ႏိုင္ျခင္း
ကိုယ္ကတစ္ေယာက္ေယာက္နဲ႔စကားေျပာတဲ့အခါ ျပတင္းေပါက္ကိုၾကည့္ေနတာ၊ၾကမ္းျပင္ကိုၾကည့္ေနတာမ်ိဳးလုပ္မိေနလား။ ဒါဆိုရင္ေတာ့ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈမရွိသူ၊ယုံၾကည္အားကိုးမခံထိုက္သူအျဖစ္ေဖာ္ျပလိုက္တာပါပဲ။ ေခါင္းေဆာင္တစ္ေယာက္ဟာဘယ္သူနဲ႔မဆိုမ်က္လုံးခ်င္းဆုံၿပီး စကားေျပာဆိုရဲရမွာျဖစ္ပါတယ္။ တစ္ဖက္လူကိုတစ္ခ်ိန္လုံးၾကည့္ေနရမယ္ဆိုတာက နည္းနည္းေတာ့စိတ္မသက္မသာျဖစ္စရာေကာင္းပါတယ္။ ဒါေပမဲ့စကားေျပာေနသူကို မ်က္လုံးခ်င္းဆုံၿပီးၾကည့္ႏိုင္ေလေကာင္းေလပါပဲ။အစည္းအေဝးခန္းမမွာဆိုရင္လည္း တစ္ေယာက္ေယာက္ကိုမ်က္လုံးခ်င္းဆုံၾကည့္ၿပီးစကားေျပာလိုက္တာက ကိုယ့္ကိုစိတ္ဖိစီးမႈေတြေလွ်ာ့ခ်ေပးၿပီး စကား ေျပာဆိုမႈေျပျပစ္ေစပါတယ္။

ႀကိဳဆိုလက္ခံေသာအမူအရာရွိျခင္း
လက္ဖဝါးေတြကိုျဖန႔္၊ လက္ႏွစ္ဖက္ကိုဖြင့္ထားတာက ကိုယ့္ကိုခ်ဥ္းကပ္ရလြယ္သူ၊ လက္ခံႏိုင္သူ၊သက္ေသာင့္သက္သာရွိသူအျဖစ္ေပၚ လြင္ေနေစပါတယ္။ စကားေျပာေနခ်ိန္၊မိန႔္ခြန္းေျပာေနခ်ိန္မ်ိဳးမွာလည္း ဒီလက္ႏွစ္ဖက္ကို ေကာင္းေကာင္းအသုံးခ်တတ္ဖို႔လိုပါတယ္။ ကိုယ္ဟာစိတ္အားထက္သန္သူ၊ တက္ႂကြသူအျဖစ္ သိေစႏိုင္ဖို႔ ဒီလက္ႏွစ္ဖက္ကိုအသုံးခ်ရမွာပဲျဖစ္ပါတယ္။လက္ပိုက္ထားလိုက္မယ္ဆိုရင္ ကိုယ့္ကိုမာန္ႀကီးသူ၊ စိတ္မသက္မသာျဖစ္ေနသူလို႔ထင္ရေစႏိုင္ပါတယ္။

နားေထာင္တတ္သူျဖစ္ျခင္း
တစ္ဖက္လူဘာေျပာေနလဲဆိုတာကို နားလည္တယ္၊ စိတ္ဝင္တစားလည္းရွိတယ္၊သူေျပာေနတဲ့ဇာတ္လမ္းအတိုင္းခံစားႏိုင္တယ္၊ျပန္ၿပီးအႀကံေပးႏိုင္တယ္ဆိုတာေတြကနားေထာင္တတ္သူရဲ႕ လကၡဏာရပ္ေတြပါပဲ။ဒီလိုနားေထာင္တတ္သူျဖစ္မယ္ဆိုရင္လက္ေအာက္ငယ္ သားေတြက သူတို႔ရဲ႕ျပႆနာေတြ၊အႀကံဉာဏ္ေတြကို ပိုၿပီးပြင့္ပြင့္လင္းလင္းေျပာဆိုေဆြးေႏြးလာၾကမွာပဲျဖစ္ပါတယ္။

ကိုယ္ဟန္အေနအထားကိုသတိထားတတ္ျခင္း
ေခါင္းေဆာင္တစ္ေယာက္ဟာ ထိုင္ေနတာျဖစ္ျဖစ္၊ မတ္တပ္ရပ္ေနတာျဖစ္ျဖစ္လူေတြကသူ႔ကိုေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။ ကိုယ္ဟန္အေနအထားဟာအလုပ္အေပၚကိုယ့္ရဲ႕သေဘာထားကိုလည္းေဖာ္ျပႏိုင္ပါတယ္။ ေခါင္းငုံ႔ၿပီးလမ္းေလွ်ာက္တာ၊ေလးတိေလးကန္ေလွ်ာက္ေနတာမ်ိဳးကိုေရွာင္ရပါမယ္။ အၿမဲတမ္းကိုယ္ကိုမတ္မတ္ထားၿပီးတက္တက္ႂကြႂကြေလွ်ာက္ပါ။ ဒါက ကိုယ့္ကိုၾသဇာတိကၠမရွိသူတစ္ေယာက္အျဖစ္ ပုံေဖာ္ႏိုင္ပါတယ္။ဒီအခ်က္ 5 ခ်က္က ကိုယ့္ကိုယုံၾကည္ထိုက္သူေခါင္းေဆာင္တစ္ေယာက္အျဖစ္ပုံေဖာ္ေပးၿပီး
ဝန္ထမ္းေတြရဲ႕ေလးစားမႈနဲ႔ယုံၾကည္မႈကိုလည္း ရရွိေစမွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*