Kung Fu Panda 4 မတ်လမှာထွက်ရှိမယ်

ကွန်ဖူးပန်ဒါ Animation ကားလေးကိုသဘောကျတဲ့သူတွေအတွက် Kung Fu Panda 4 ဟာမတ်လ ၈ ရက်နေ့မှာ စတင်ထွက်ရှိမယ်လို့သိရပါတယ်။ဒီဇာတ်ကားကို DreamWorks Animation က ထုတ်လုပ်တာဖြစ်ပြီး ကြာချိန် ၉၄ မိနစ်ရှိမှာဖြစ်ပါတယ်။ကွန်ဖူးပန်ဒါကားဟာ ကိုယ်ခံပညာအခြေခံထားတဲ့ဟာသရုပ်ရှင်ဖြစ်ပြီး အရှေ့တိုင်းမှာရော အနောက်နိုင်ငံတွေမှာပါ လူကြိုက်များတဲ့ Animation ရုပ်ရှင်ဖြစ်ပါတယ်။ကွန်ဖူးပန်ဒါ 3 ဟာ ၂၀၁၆ ခုနစ်ကထွက်ရှိခဲ့တာမို့ ၇ နှစ်အကြာမှ ဇာတ်ကားသစ်ထုတ်လုပ်နိုင်ခဲ့တာပါ။

Kung Fu Panda 4 မှာတော့ Awkwafina ၊ Viola Davis နဲ့ Ke Huy Quan တို့က ကာရိုက်တာအသစ်တွေအနေနဲ့ ပါဝင်လာဦးမှာဖြစ်ပါတယ်။ အသံသရုပ်ဆောင်တွေအနေနဲ့ Jack Black က ပန်ဒါကြီး Po အဖြစ်သရုပ်ဆောင်မှာဖြစ်ပြီး Awkwafina က Zhen အဖြစ်ပါဝင်မှာဖြစ်ပါတယ်။Kung Fu Panda 4 ရဲ့ Trailer ကို You Tube မှာကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*