Jisoo ရဲ့လှုပ်ရှားမှုတွေကို တစ်ဝကြီးမြင်ခွင့်ရမယ့် Blissoo ရဲ့တရားဝင် Channel များ

Black Pink က Jisoo ရဲ့ Label အသစ်ဖြစ်တဲ့ Blissoo ဟာ ဒီနေ့မှာ Official Channel တွေကိုမိတ်ဆက်လာပြီဖြစ်ပါတယ်။Blissoo ရဲ့ တရားဝင် Website နဲ့ SNS Channel တွေကို ဒီနေ့မှာစတင်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။ Blissoo ရဲ့ တာဝန်ရှိသူက “ဒီ Channel တွေကနေ Jisoo ရဲ့လှုပ်ရှားမှုမျိုးစုံကို တင်ပေးသွားမှာဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေသာမကဘဲ Jisoo ရဲ့ Positive Energy လေးတွေပါ မျှဝေသွားမှာပါ” လို့ပြောခဲ့ပါတယ်။

Blissoo ဟာ Bliss ဆိုတဲ့စကားလုံးနဲ့ပေါင်းစပ်ထားပြီး ပျော်ရွှင်မှုအထွတ်အထိပ်လို့အဓိပ္ပါယ်ရပါတယ်။Jisoo ဟာ Black Pink ရဲ့ Group Activity တွေအတွက် YG Entertainment နဲ့စာချုပ်ဆက်ချုပ်ခဲ့ပြီး တစ်ကိုယ်တော်လှုပ်ရှားမှုအတွက် အစ်ကိုဖြစ်သူရဲ့အေဂျင် စီ Blissoo နဲ့ စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*