Self-Control ကောင်းစေဖို့နေ့စဉ်လေ့ကျင့်သင့်တဲ့အရာများ

Self-control ကောင်းဖို့ဆိုတာ ဘဝတစ်လျှောက်လုံးအတွက်လိုအပ်တဲ့အရာဖြစ်ပါတယ်။ ကိုယ်ရည်မှန်းထားတဲ့အရာတွေကိုတစိုက်မတ်မတ်လုပ်နိုင်ဖို့၊ ကိုယ်မဖြစ်ချင်တဲ့အရာတွေကို ထိန်းချုပ်နိုင်၊ရှောင်လွဲနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်ခြင်းက မဖြစ်မနေလိုအပ်ပါတယ်။Self-control ထဲမှာ စည်းမျဉ်းစည်းကမ်း၊ ဆုံးဖြတ်ချက်၊ စိတ်စွမ်းအင်တွေပါဝင်သလို Self-control ကကိုယ့်ရဲ့ကျန်းမာရေးနဲ့ ဘဝအောင်မြင်မှုအတွက်လည်း လိုအပ်ပါတယ်။ Self-control ကောင်းစေဖို့ ဒီအချက်တွေလုပ်ဆောင်နိုင်ပါတယ်။

– ပထမဆုံးတစ်ချက်ကတော့ အအိပ်အစားမှန်ဖို့ဖြစ်ပါတယ်။တွေးခေါ်ဆုံးဖြတ်နိုင်စွမ်းတွေကိုလျော့ပါးစေတဲ့ အိပ်ရေးမဝခြင်းကိုအရင် ပြင်ဆင်ဖို့ပါတယ်။အိပ်ရေးပျက်ခြင်းကငြင်းဆန်နိုင်စွမ်းကိုလျော့ကျစေပါတယ်တဲ့။အိပ်ရေးမဝခဲ့ရင် ထိန်းချုပ်နိုင်စွမ်းတွေ ၊ရွေးချယ်နိုင်စွမ်းတွေလျော့ပါးလာပါတယ်။အဲဒီလိုပဲ အစာအာဟာရကလည်း ကိုယ့်ရဲ့ Mood တွေကိုလွှမ်းမိုးပါတယ်။ ဗိုက်ဆာနေရင် စိတ်တိုလွယ်၊ဒေါသထွက် လွယ်ပါတယ်။ ဒါ့ကြောင့်လည်း Self-control အတွက် Lifestyle ပြောင်းလဲမှုကိုအရင်လုပ်ဖို့လိုတာဖြစ်ပါတယ်။

– နောက်တစ်ချက်က ရှင်းလင်းတဲ့ပန်းတိုင်ရှိထားဖို့ပါ။ကိုယ့်ဆီမှာ ကိုယ်လိုချင်တဲ့ပန်းတိုင်ရှိနေရင် ဘေးပတ်ဝန်းကျင်ကအရာတွေက ကိုယ့်ကိုမနှောင့်ယှက်နိုင်ပါဘူး။ ကိုယ်သွားချင်တဲ့ လမ်းကြောင်းနဲ့ ပန်းတိုင်ကိုသိထားတဲ့သူဟာ အလွယ်တကူမယိုင်လဲတတ်ပါဘူး။
ကိုယ့်မှာရည်မှန်းချက်တစ်ခုခုရှိနေရင် အွန်လိုင်းပေါ်မှာ Facebook သုံးပြီး အချိန်ဖြုန်းမိတာမျိုးနည်းလာပါလိမ့်မယ်။

– တတိယတစ်ချက်က ကြိုတင်ပြင်ဆင်မှုရှိဖို့ပါ။ကိုယ့်မှာပန်းတိုင်ရှိတယ်ဆိုရင် Plan ရှိဖို့ လိုလာပါပြီ။ဈေးဝယ်မယ်ဆိုရင်တောင် ကိုယ့်မှာ List မရှိဘဲ လျှောက်ကြည့်ပြီးဝယ်ခဲ့ရင် လိုအပ်တာကတခြား ပါလာတာကတခြားနဲ့ အချိန်ကုန်လူပန်းဖြစ်တတ်ပါတယ်။ Online Shop တွေဟာလည်း ဒီသဘောပါပဲ။ ကိုယ့်ဆီမှာအသုံးနဲ့အဖြုန်းခွဲခြားနိုင်မှုမရှိရင် လျှောက်ကြည့် လျှောက်ဝယ် နောင်တရဆိုတဲ့ ဘဝမှာလုံးချာလည်နေမှာဖြစ်ပါတယ်။အရာရာကို စနစ်တကျကြိုတင်ပြင်ဆင်လေ့ရှိခြင်းက Self Control ကောင်းစေဖို့ ရှိသင့်တဲ့အရာပါ။

– စတုတ္ထအချက်က Mindfulness Meditation လေ့ကျင့်ဖို့ပါ။ကိုယ်၊ နှုတ်၊ အမူအရာ အားလုံးကိုအသိ၊သတိနဲ့ထိန်းနိုင်ဖို့ Mindfulness Meditation ကိုနေ့စဉ် ၅ မိနစ်ရရ ၁၀ မိနစ်ရရလေ့ကျင့်ကြည့်ဖို့လိုပါတယ်။

– ခဏရပ်ပြီးစဉ်းစားတဲ့အလေ့အကျင့်ကိုလည်း လေ့ကျင့်ဖို့လိုပါတယ်။ဗိုက်မဆာဘဲ မုန့်တွေရှာနေမိတဲ့အခါ ငါဗိုက်မဆာဘူးလေ ကွတ်ကီးစားဖို့လိုလို့လားဆိုတဲ့ ခဏရပ်ပြီးစဉ်းစားတာမျိုး လုပ်ကြည့်ဖို့ဖြစ်ပါတယ်။ကွတ်ကီးအစား ငါကျန်းမာရေးနဲ့ညီညွတ်တာဘာစားမလဲ၊ ဒါမှမဟုတ် အာရုံပြောင်းပြီးတခြားတစ်ခုခုလုပ်မလား ဆိုတာမျိုး စိတ်ထိန်းတဲ့အလေ့အကျင့်ကိုလုပ်ကြည့်သင့်ပါတယ်။

– နောက်ဆုံးအချက်ကတော့ ရလဒ်ထက်လုပ်ဆောင်မှုဖြစ်စဉ်ကိုအာရုံစိုက်ဖို့ဖြစ်ပါတယ်။Atomic Habits ကိုရေးသားတဲ့ စာရေးဆရာ James Clear က စိတ်ကိုထိန်းချုပ်တယ်ဆိုတာ Results ကိုအာရုံမစိုက်ရဘူး၊ Process ကိုပဲအာရုံစိုက်ရမယ်လို့ ဆိုပါတယ်။ နေ့ရက်တိုင်းကို သတိကပ်တဲ့ထိန်းချုပ်မှုလေးတွေနဲ့ ဖြတ်ကျော်ကြည့်ပါ။ဒီအချက်‌တွေကိုနေ့ရက်တိုင်း ကောင်းကောင်းလုပ်နိုင်ချင်မှလုပ်နိုင်မှာပါ။ ဒါပေမဲ့ ရက်များများလုပ်နိုင်တယ်၊ တစ်နေ့ပြီးတစ်နေ့ကို သတိနဲ့ထိန်းချုပ်လာနိုင်တယ်ဆိုရင် အကျင့်တစ်ခုလိုစွဲသွားမှာသေချာပါတယ်။ဒီနေ့ဘာတွေလုပ်ခဲ့တယ်၊ ဘာတွေလုပ်နိုင်ခဲ့တယ်၊ ဘာတွေအားနည်းသွားတယ်ဆိုတာကို တစ်နေ့စာတစ်နေ့ပြန်ပြန်သုံးသပ်ပေး လိုက်မယ်ဆိုရင် Self-control တက်လာမှာပဲဖြစ်ပါတယ်။

အားလုံးပဲ ကိုယ့်ရဲ့ပန်းတိုင်ဆီဖြောင့်ဖြောင့်တန်းတန်း‌လျှောက်လှမ်းနိုင်ကြပါစေ။

Ju Ju

zawgyi

Self-control ေကာင္းဖို႔ဆိုတာ ဘဝတစ္ေလွ်ာက္လုံးအတြက္လိုအပ္တဲ့အရာျဖစ္ပါတယ္။ ကိုယ္ရည္မွန္းထားတဲ့အရာေတြကိုတစိုက္မတ္မတ္လုပ္ႏိုင္ဖို႔၊ ကိုယ္မျဖစ္ခ်င္တဲ့အရာေတြကို ထိန္းခ်ဳပ္ႏိုင္၊ေရွာင္လြဲႏိုင္ဖို႔ ကိုယ့္ကိုယ္ကိုယ္ထိန္းခ်ဳပ္ႏိုင္ျခင္းက မျဖစ္မေနလိုအပ္ပါတယ္။Self-control ထဲမွာ စည္းမ်ဥ္းစည္းကမ္း၊ ဆုံးျဖတ္ခ်က္၊ စိတ္စြမ္းအင္ေတြပါဝင္သလို Self-control ကကိုယ့္ရဲ႕က်န္းမာေရးနဲ႔ ဘဝေအာင္ျမင္မႈအတြက္လည္း လိုအပ္ပါတယ္။ Self-control ေကာင္းေစဖို႔ ဒီအခ်က္ေတြလုပ္ေဆာင္ႏိုင္ပါတယ္။

– ပထမဆုံးတစ္ခ်က္ကေတာ့ အအိပ္အစားမွန္ဖို႔ျဖစ္ပါတယ္။ေတြးေခၚဆုံးျဖတ္ႏိုင္စြမ္းေတြကိုေလ်ာ့ပါးေစတဲ့ အိပ္ေရးမဝျခင္းကိုအရင္ ျပင္ဆင္ဖို႔ပါတယ္။အိပ္ေရးပ်က္ျခင္းကျငင္းဆန္ႏိုင္စြမ္းကိုေလ်ာ့က်ေစပါတယ္တဲ့။အိပ္ေရးမဝခဲ့ရင္ ထိန္းခ်ဳပ္ႏိုင္စြမ္းေတြ ၊ေ႐ြးခ်ယ္ႏိုင္စြမ္းေတြေလ်ာ့ပါးလာပါတယ္။အဲဒီလိုပဲ အစာအာဟာရကလည္း ကိုယ့္ရဲ႕ Mood ေတြကိုလႊမ္းမိုးပါတယ္။ ဗိုက္ဆာေနရင္ စိတ္တိုလြယ္၊ေဒါသထြက္ လြယ္ပါတယ္။ ဒါ့ေၾကာင့္လည္း Self-control အတြက္ Lifestyle ေျပာင္းလဲမႈကိုအရင္လုပ္ဖို႔လိုတာျဖစ္ပါတယ္။

– ေနာက္တစ္ခ်က္က ရွင္းလင္းတဲ့ပန္းတိုင္ရွိထားဖို႔ပါ။ကိုယ့္ဆီမွာ ကိုယ္လိုခ်င္တဲ့ပန္းတိုင္ရွိေနရင္ ေဘးပတ္ဝန္းက်င္ကအရာေတြက ကိုယ့္ကိုမေႏွာင့္ယွက္ႏိုင္ပါဘူး။ ကိုယ္သြားခ်င္တဲ့ လမ္းေၾကာင္းနဲ႔ ပန္းတိုင္ကိုသိထားတဲ့သူဟာ အလြယ္တကူမယိုင္လဲတတ္ပါဘူး။
ကိုယ့္မွာရည္မွန္းခ်က္တစ္ခုခုရွိေနရင္ အြန္လိုင္းေပၚမွာ Facebook သုံးၿပီး အခ်ိန္ျဖဳန္းမိတာမ်ိဳးနည္းလာပါလိမ့္မယ္။

– တတိယတစ္ခ်က္က ႀကိဳတင္ျပင္ဆင္မႈရွိဖို႔ပါ။ကိုယ့္မွာပန္းတိုင္ရွိတယ္ဆိုရင္ Plan ရွိဖို႔ လိုလာပါၿပီ။ေဈးဝယ္မယ္ဆိုရင္ေတာင္ ကိုယ့္မွာ List မရွိဘဲ ေလွ်ာက္ၾကည့္ၿပီးဝယ္ခဲ့ရင္ လိုအပ္တာကတျခား ပါလာတာကတျခားနဲ႔ အခ်ိန္ကုန္လူပန္းျဖစ္တတ္ပါတယ္။ Online Shop ေတြဟာလည္း ဒီသေဘာပါပဲ။ ကိုယ့္ဆီမွာအသုံးနဲ႔အျဖဳန္းခြဲျခားႏိုင္မႈမရွိရင္ ေလွ်ာက္ၾကည့္ ေလွ်ာက္ဝယ္ ေနာင္တရဆိုတဲ့ ဘဝမွာလုံးခ်ာလည္ေနမွာျဖစ္ပါတယ္။အရာရာကို စနစ္တက်ႀကိဳတင္ျပင္ဆင္ေလ့ရွိျခင္းက Self Control ေကာင္းေစဖို႔ ရွိသင့္တဲ့အရာပါ။

– စတုတၳအခ်က္က Mindfulness Meditation ေလ့က်င့္ဖို႔ပါ။ကိုယ္၊ ႏႈတ္၊ အမူအရာ အားလုံးကိုအသိ၊သတိနဲ႔ထိန္းႏိုင္ဖို႔ Mindfulness Meditation ကိုေန႔စဥ္ ၅ မိနစ္ရရ ၁၀ မိနစ္ရရေလ့က်င့္ၾကည့္ဖို႔လိုပါတယ္။

– ခဏရပ္ၿပီးစဥ္းစားတဲ့အေလ့အက်င့္ကိုလည္း ေလ့က်င့္ဖို႔လိုပါတယ္။ဗိုက္မဆာဘဲ မုန႔္ေတြရွာေနမိတဲ့အခါ ငါဗိုက္မဆာဘူးေလ ကြတ္ကီးစားဖို႔လိုလို႔လားဆိုတဲ့ ခဏရပ္ၿပီးစဥ္းစားတာမ်ိဳး လုပ္ၾကည့္ဖို႔ျဖစ္ပါတယ္။ကြတ္ကီးအစား ငါက်န္းမာေရးနဲ႔ညီၫြတ္တာဘာစားမလဲ၊ ဒါမွမဟုတ္ အာ႐ုံေျပာင္းၿပီးတျခားတစ္ခုခုလုပ္မလား ဆိုတာမ်ိဳး စိတ္ထိန္းတဲ့အေလ့အက်င့္ကိုလုပ္ၾကည့္သင့္ပါတယ္။

– ေနာက္ဆုံးအခ်က္ကေတာ့ ရလဒ္ထက္လုပ္ေဆာင္မႈျဖစ္စဥ္ကိုအာ႐ုံစိုက္ဖို႔ျဖစ္ပါတယ္။Atomic Habits ကိုေရးသားတဲ့ စာေရးဆရာ James Clear က စိတ္ကိုထိန္းခ်ဳပ္တယ္ဆိုတာ Results ကိုအာ႐ုံမစိုက္ရဘူး၊ Process ကိုပဲအာ႐ုံစိုက္ရမယ္လို႔ ဆိုပါတယ္။ ေန႔ရက္တိုင္းကို သတိကပ္တဲ့ထိန္းခ်ဳပ္မႈေလးေတြနဲ႔ ျဖတ္ေက်ာ္ၾကည့္ပါ။ဒီအခ်က္‌ေတြကိုေန႔ရက္တိုင္း ေကာင္းေကာင္းလုပ္ႏိုင္ခ်င္မွလုပ္ႏိုင္မွာပါ။ ဒါေပမဲ့ ရက္မ်ားမ်ားလုပ္ႏိုင္တယ္၊ တစ္ေန႔ၿပီးတစ္ေန႔ကို သတိနဲ႔ထိန္းခ်ဳပ္လာႏိုင္တယ္ဆိုရင္ အက်င့္တစ္ခုလိုစြဲသြားမွာေသခ်ာပါတယ္။ဒီေန႔ဘာေတြလုပ္ခဲ့တယ္၊ ဘာေတြလုပ္ႏိုင္ခဲ့တယ္၊ ဘာေတြအားနည္းသြားတယ္ဆိုတာကို တစ္ေန႔စာတစ္ေန႔ျပန္ျပန္သုံးသပ္ေပး လိုက္မယ္ဆိုရင္ Self-control တက္လာမွာပဲျဖစ္ပါတယ္။

အားလုံးပဲ ကိုယ့္ရဲ႕ပန္းတိုင္ဆီေျဖာင့္ေျဖာင့္တန္းတန္း‌ေလွ်ာက္လွမ္းႏိုင္ၾကပါေစ။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*