BAFTA ရုပ်ရှင်ဆုပေးပွဲမှာလည်း Oppenheimer ဗိုလ်စွဲ

British Academy Film Awards ဖြစ်တဲ့ BAFTA Film Awards ကို ပြီးခဲ့တဲ့ Sunday က လန်ဒန်မြို့မှာရှိတဲ့ Royal Festival Hall မှာကျင်းပခဲ့ပါတယ်။ဒီပွဲမှာ ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ Oppenheimer က ဆု ၇ ဆုကိုရရှိခဲ့တာဖြစ်ပါတယ်။ခရစ္စတိုဖာနိုလန်က ပထမဆုံး BAFTA ဆုကိုရရှိတာနဲ့ပတ်သက်ပြီး “Universal Studio ကိုကျေးဇူးတင်မိပါတယ်။ကျွန်တော်တို့ကိုဒါမျိုးရိုက်ခွင့်ပေးပြီး သူ့ရဲ့ရလဒ်ကိုသိသွားစေတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ ပြောခဲ့ပါတယ်။ဒီကားရဲ့ အဓိကဇာတ်ဆောင် Cillian Murphy က ခေါင်းဆောင်မင်း သားဆုကိုပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဆုပေးပွဲမှာ Poor Things ကလည်းဆု ၅ ဆုပိုင်ဆိုင်နိုင်ခဲ့တဲ့အပြင် Emma Stone က ခေါင်းဆောင်မင်းသမီးဆုကိုရရှိခဲ့တာပါ။The Zone of Interest ရဲ့ ဒါရိုက်တာ ဂျိုနသန်ဂလေဇာက ဆုပိုက်ပြီးအိမ်ကိုပြန်နိုင်ခဲ့ပေမယ့် နာမည်ကြီးခဲ့တဲ့ Barbie၊ Saltburn ၊ Maestro နဲ့ Killers of The Flower Moon ရုပ်ရှင်တွေကတော့ ဆုတွေမရရှိခဲ့ပါဘူး။ဒီပွဲမှာ Best Supporting Actor ဆုကို Robert Downey Jr.၊ Best Supporting Actress ဆုကို Da’Vine Joy Randolph၊ Best Animated Film တွဲဖက်ဆုကို Hayao Miyazaki တို့ကရရှိသွားခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi

British Academy Film Awards ျဖစ္တဲ့ BAFTA Film Awards ကို ၿပီးခဲ့တဲ့ Sunday က လန္ဒန္ၿမိဳ႕မွာရွိတဲ့ Royal Festival Hall မွာက်င္းပခဲ့ပါတယ္။ဒီပြဲမွာ ဒါ႐ိုက္တာ ခရစၥတိုဖာႏိုလန္ရဲ႕ Oppenheimer က ဆု ၇ ဆုကိုရရွိခဲ့တာျဖစ္ပါတယ္။ခရစၥတိုဖာႏိုလန္က ပထမဆုံး BAFTA ဆုကိုရရွိတာနဲ႔ပတ္သက္ၿပီး “Universal Studio ကိုေက်းဇူးတင္မိပါတယ္။ကြၽန္ေတာ္တို႔ကိုဒါမ်ိဳး႐ိုက္ခြင့္ေပးၿပီး သူ႔ရဲ႕ရလဒ္ကိုသိသြားေစတဲ့အတြက္ ေက်းဇူးတင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ဒီကားရဲ႕ အဓိကဇာတ္ေဆာင္ Cillian Murphy က ေခါင္းေဆာင္မင္း သားဆုကိုပိုင္ဆိုင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီဆုေပးပြဲမွာ Poor Things ကလည္းဆု ၅ ဆုပိုင္ဆိုင္ႏိုင္ခဲ့တဲ့အျပင္ Emma Stone က ေခါင္းေဆာင္မင္းသမီးဆုကိုရရွိခဲ့တာပါ။The Zone of Interest ရဲ႕ ဒါ႐ိုက္တာ ဂ်ိဳနသန္ဂေလဇာက ဆုပိုက္ၿပီးအိမ္ကိုျပန္ႏိုင္ခဲ့ေပမယ့္ နာမည္ႀကီးခဲ့တဲ့ Barbie၊ Saltburn ၊ Maestro နဲ႔ Killers of The Flower Moon ႐ုပ္ရွင္ေတြကေတာ့ ဆုေတြမရရွိခဲ့ပါဘူး။ဒီပြဲမွာ Best Supporting Actor ဆုကို Robert Downey Jr.၊ Best Supporting Actress ဆုကို Da’Vine Joy Randolph၊ Best Animated Film တြဲဖက္ဆုကို Hayao Miyazaki တို႔ကရရွိသြားခဲ့တာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*