ဒီလိုအချိန်ဆို ဖုန်းခေါ်ပါ

“ဒူးနေရာဒူး တော်နေရာတော်” ဆိုသလို တစ်ခါတလေမှာ အခြေအနေအချိန်အခါကိုကြည့်ပြီးနေထိုင်ပြောဆိုတတ်ရမယ် မဟုတ်ပါလားနော်။ စကားပြောတာတောင်မျက်နှာချင်းဆိုင်ပြီးပြောသင့်တာရှိသလို နှစ်ကိုယ်ကြား ပြောရတာမျိုးလည်း ရှိတတ်ကြပါတယ်။လုပ်ငန်းခွင်မှာလည်း ဘယ်လိုအနေအထားမျိုးမှာ မေးလ်နဲ့ပြောမလဲ ဘယ်လိုအချိန်မှာဖုန်းခေါ်ပြီးပြောမလဲဆိုတာကို သိထားသင့်တာမို့ ဒါလေးကိုမျှဝေပါရစေ။

တောင်းပန်ဖို့လိုရင်
တစ်ခုခုအတွက် တောင်းပန်ဖို့လိုတယ်ဆိုရင် ဖုန်းဆက်လိုက်တာက ပိုပြီးလေးစားရာကျပါတယ်။စာတိုလေးတစ်စောင် မေးလ်လေးတစ်စောင်ပို့ပြီးတောင်းပန်တာထက် ဖုန်းဆက်တောင်းပန်တာကသင့်ရဲ့အသံအနိမ့်အမြင့်ကို ခံစားမိစေပါတယ်။ “ကျွန်တော် တကယ်တောင်း ပန်ပါတယ်ဗျာ..အဲဒီနေ့ကလေ စိတ်မကောင်းလွန်းလို့ ထမင်းတောင်မစားနိုင်ဘူး’’ တို့ ဘာတို့ကို ပိုပိုသာသာလေးပြောလိုက်တာက တစ် ဖက်လူကို ဘဝင်ကျသွားစေမှာပါ။

မေးခွန်းမေးဖို့လိုရင်
အလုပ်အတွက် ကိုယ်မေးရမယ့်မေးခွန်းပေါင်း ထောင်နဲ့ချီရှိနေတာကို အီးမေးလ်တစ်စောင်ပြီးတစ်စောင်ပို့နေလို့ကတော့ ဘယ်သူမှစိတ် ရှည်နိုင်မှာမဟုတ်ပါဘူး။ နောက်ဆုံးမသိချင်ယောင်ဆောင်သွားပါလိမ့်မယ်။ ဒါကြောင့် Record ဖွင့်ပြီး ဖုန်းသာဆက်လိုက်ပါ။သူလည်းအဆင်ပြေ ကိုယ်လည်းမြန်မြန်ဆန်ဆန် အလုပ်ပြီးတာပေါ့နော်။

ရှင်းပြဖို့လိုလာရင်
တစ်ခုခုကို ရှည်ရှည်ဝေးဝေးရှင်းပြဖို့လိုလာရင်တော့ ဖုန်းခေါ်လိုက်တာကောင်းပါတယ်။ “ဒီကောင်သောက်ချိုးမပြေဘူး၊ အလုပ်လုပ်တာ အသုံးမကျဘူး’’လို့ ထင်မသွားခင် ကိုယ့်ဘက်ကအနေအထားကိုတစ်ခုချင်း ရှင်းပြပါ။ သူလည်းအချိန်ပေးမယ်ဆိုရင် အေးအေးဆေးဆေး ပြောဆိုနိုင်ပြီးအထင်လွဲခံရမှုဘေးကနေ ကင်းဝေးနိုင်ပါတယ်။

လူမှုရေးကိစ္စဆွေးနွေးချင်ရင်
ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စ ပြောချင်တာမျိုးဆိုရင် မဖြစ်မနေဖုန်းခေါ်သင့်ပါတယ်။ “ချစ်ကိုကြီးရေမသွားမဖြစ်ကိစ္စလေးရှိလို့ပါ.. အမေ့ကိုသွားကြည့်ရမှာမို့ပါ… ကလေးကဘာဖြစ်လို့ပါ’’ ဘာညာဆိုပြီးကိုယ့်ဘာသာရောက်ချင်တဲ့နေရာ ရောက်ပေါ့နော်။ အဓိကကတော့ ကိုယ့်ရဲ့လူမှုရေးကိစ္စတစ်ခုခုအရေးပေါ်လာတာမျိုးဆိုရင် ဖုန်းနဲ့ပြောတာက အသင့်တော်ဆုံးပါပဲ။အားလုံးပဲလုပ်ငန်းခွင်ထဲမှာအရိပ်အခြည်နားလည်တတ်သူတစ်ယောက်အဖြစ်နာမည်ရပြီးအစစအရာရာအဆင်ပြေကြပါစေနော်။

Ju Ju

zawgyi

“ဒူးေနရာဒူး ေတာ္ေနရာေတာ္” ဆိုသလို တစ္ခါတေလမွာ အေျခအေနအခ်ိန္အခါကိုၾကည့္ၿပီးေနထိုင္ေျပာဆိုတတ္ရမယ္ မဟုတ္ပါလားေနာ္။ စကားေျပာတာေတာင္မ်က္ႏွာခ်င္းဆိုင္ၿပီးေျပာသင့္တာရွိသလို ႏွစ္ကိုယ္ၾကား ေျပာရတာမ်ိဳးလည္း ရွိတတ္ၾကပါတယ္။လုပ္ငန္းခြင္မွာလည္း ဘယ္လိုအေနအထားမ်ိဳးမွာ ေမးလ္နဲ႔ေျပာမလဲ ဘယ္လိုအခ်ိန္မွာဖုန္းေခၚၿပီးေျပာမလဲဆိုတာကို သိထားသင့္တာမို႔ ဒါေလးကိုမွ်ေဝပါရေစ။

ေတာင္းပန္ဖို႔လိုရင္
တစ္ခုခုအတြက္ ေတာင္းပန္ဖို႔လိုတယ္ဆိုရင္ ဖုန္းဆက္လိုက္တာက ပိုၿပီးေလးစားရာက်ပါတယ္။စာတိုေလးတစ္ေစာင္ ေမးလ္ေလးတစ္ေစာင္ပို႔ၿပီးေတာင္းပန္တာထက္ ဖုန္းဆက္ေတာင္းပန္တာကသင့္ရဲ႕အသံအနိမ့္အျမင့္ကို ခံစားမိေစပါတယ္။ “ကြၽန္ေတာ္ တကယ္ေတာင္း ပန္ပါတယ္ဗ်ာ..အဲဒီေန႔ကေလ စိတ္မေကာင္းလြန္းလို႔ ထမင္းေတာင္မစားႏိုင္ဘူး’’ တို႔ ဘာတို႔ကို ပိုပိုသာသာေလးေျပာလိုက္တာက တစ္ ဖက္လူကို ဘဝင္က်သြားေစမွာပါ။

ေမးခြန္းေမးဖို႔လိုရင္
အလုပ္အတြက္ ကိုယ္ေမးရမယ့္ေမးခြန္းေပါင္း ေထာင္နဲ႔ခ်ီရွိေနတာကို အီးေမးလ္တစ္ေစာင္ၿပီးတစ္ေစာင္ပို႔ေနလို႔ကေတာ့ ဘယ္သူမွစိတ္ ရွည္ႏိုင္မွာမဟုတ္ပါဘူး။ ေနာက္ဆုံးမသိခ်င္ေယာင္ေဆာင္သြားပါလိမ့္မယ္။ ဒါေၾကာင့္ Record ဖြင့္ၿပီး ဖုန္းသာဆက္လိုက္ပါ။သူလည္းအဆင္ေျပ ကိုယ္လည္းျမန္ျမန္ဆန္ဆန္ အလုပ္ၿပီးတာေပါ့ေနာ္။

ရွင္းျပဖို႔လိုလာရင္
တစ္ခုခုကို ရွည္ရွည္ေဝးေဝးရွင္းျပဖို႔လိုလာရင္ေတာ့ ဖုန္းေခၚလိုက္တာေကာင္းပါတယ္။ “ဒီေကာင္ေသာက္ခ်ိဳးမေျပဘူး၊ အလုပ္လုပ္တာ အသုံးမက်ဘူး’’လို႔ ထင္မသြားခင္ ကိုယ့္ဘက္ကအေနအထားကိုတစ္ခုခ်င္း ရွင္းျပပါ။ သူလည္းအခ်ိန္ေပးမယ္ဆိုရင္ ေအးေအးေဆးေဆး ေျပာဆိုႏိုင္ၿပီးအထင္လြဲခံရမႈေဘးကေန ကင္းေဝးႏိုင္ပါတယ္။

လူမႈေရးကိစၥေဆြးေႏြးခ်င္ရင္
ကိုယ့္ရဲ႕ ကိုယ္ေရးကိုယ္တာကိစၥ ေျပာခ်င္တာမ်ိဳးဆိုရင္ မျဖစ္မေနဖုန္းေခၚသင့္ပါတယ္။ “ခ်စ္ကိုႀကီးေရမသြားမျဖစ္ကိစၥေလးရွိလို႔ပါ.. အေမ့ကိုသြားၾကည့္ရမွာမို႔ပါ… ကေလးကဘာျဖစ္လို႔ပါ’’ ဘာညာဆိုၿပီးကိုယ့္ဘာသာေရာက္ခ်င္တဲ့ေနရာ ေရာက္ေပါ့ေနာ္။ အဓိကကေတာ့ ကိုယ့္ရဲ႕လူမႈေရးကိစၥတစ္ခုခုအေရးေပၚလာတာမ်ိဳးဆိုရင္ ဖုန္းနဲ႔ေျပာတာက အသင့္ေတာ္ဆုံးပါပဲ။အားလုံးပဲလုပ္ငန္းခြင္ထဲမွာအရိပ္အျခည္နားလည္တတ္သူတစ္ေယာက္အျဖစ္နာမည္ရၿပီးအစစအရာရာအဆင္ေျပၾကပါေစေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*