ဖီလစ်ပိုင်မှာ Fan Meeting ပြုလုပ်မယ့် Taecyeon

2PM အဖွဲ့ဝင် Taecyeon အနေနဲ့ ဖီလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ တစ်ကိုယ်တော် Fan Meeting ပြုလုပ်မယ်လို့သိရပါတယ်။သူ့ရဲ့ SpecialTY လို့နာမည်ပေးထားတဲ့ Solo Fan Meeting ကိုမကြာခင်ကမှ ဂျပန်နိုင်ငံ၊တိုကျိုမြို့မှာပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ မနီလာမြို့မှာပြုလုပ်မယ့်အခမ်းအနားကိုတော့ New Frontier Theater မှာကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။ ကျင်းပမယ့်ရက်ကတော့စက်တင် ဘာလ ၂၃ ရက်နေ့ဖြစ်ပါတယ်။

အဲဒီအခမ်းအနားပြီးရင်တော့သူဟာ ဟောင်ကောင်၊ ဗန်ကောက်နဲ့ ဂျာကာတာမြို့တွေဆီကိုဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။ Taecyeon ဟာ 2PM အဖွဲ့ဝင်အဖြစ် ၂၀၀၈ ခုနစ်ကစတင်ပွဲဦးထွက်ခဲ့ပြီး ၂၀၁၀ ခုနစ်မှာတော့သရုပ်ဆောင်အလုပ်ကိုစတင်လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ သရုပ်ဆောင်အဖြစ် Cinderella’s Stepsister ၊ Dream High စတဲ့ဇာတ်လမ်းတွဲတွေနဲ့ပရိသတ်အားပေးမှုစတင်ရရှိခဲ့ပြီး ၂၀၂၂ ခုနစ်က ထွက်ရှိခဲ့တဲ့ Blind ဇာတ်လမ်းတွဲဟာလည်း မြန်မာပရိသတ်တွေကြားပေါက်ခဲ့တဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*