ကိုယ့်ကိုခိုင်းထားတဲ့ Project တစ်ခုအတွက် သတ်မှတ်ထားတဲ့အချိန်နဲ့မလုံလောက်တဲ့အခါအလုပ်ပြီးဆုံးရမယ့်နောက်ဆုံးရက်ကိုပြင်ဆင် ပေးဖို့တောင်းဆိုနိုင်ပါတယ်။ကုမ္ပဏီမှာလူချင်းတွေ့ပြီးအလုပ်လုပ်ရတာမျိုးဆိုရင် အခြေအနေကိုပြောပြပြီးတောင်းဆိုလို့ရပေမယ့်ကိုယ်ကတခြားနိုင်ငံရဲ့ရုံးခွဲမှာအလုပ်လုပ်နေတာ ဒါမှမဟုတ် Remote Work ၊ Work From Home လုပ်နေတာမျိုးဆိုရင်တော့ အီးမေးလ်နဲ့စနစ်တကျအသိပေးတောင်းဆိုတတ်ဖို့လိုပါတယ်။ဒါ့ကြောင့် Deadline ကိုပြန်ညှိပေးဖို့တောင်းဆိုချင်တယ်ဆိုရင်ဒီအချက်တွေအတိုင်းလုပ်ဆောင်နိုင်ပါတယ်။ -ပထမအဆင့်ကတော့ အချိန်ဘယ်လောက်ထပ်တောင်းရမလဲဆိုတာ သေသေချာချာတွက်ဆဖို့ပါပဲ။ကိုယ်က နောက်သုံးရက်လောက်တိုးပေးပါလို့ပြောလိုက်ပြီးမှ သုံးရက်နဲ့မပြီးလို့ထပ်ပြင်ဆင်ရတယ်ဆိုရင်အဆင်မပြေနိုင်ပါဘူး။ ဒါ့ကြောင့်လုံလောက်တဲ့အချိန်တစ်ခုဖြစ်အောင် စဥ်းစားဆုံးဖြတ်ဖို့လိုပါတယ်။ -ဒုတိယအချက်ကတော့ […]