သင်အချိန်ဖြုန်းမနေသင့်တဲ့ဧရိယာ 5 ခု
အချိန်နဲ့စွမ်းအင်ဆိုတာ ကြိုးစားနေတဲ့လူတစ်ယောက်အတွက်အရေးကြီးတဲ့အရာတွေပါ။အချိန်နဲ့ကိုယ့်ရဲ့ခွန်အား၊ ကိုယ့်ရဲ့ဉာဏ်ပညာကို လိုအပ်တဲ့နေရာမှာသုံးနိုင်ရင်ရည်မှန်းရာပန်းတိုင်ကိုမြန်မြန်ရောက်ရှိနိုင်သလို မလိုအပ်တဲ့နေရာမှာသုံးမိနေတယ်ဆိုရင်တော့ကိုယ့်ပန်းတိုင်ဆီရောက်ဖို့နှေးကွေးနေမှာြဖစ်ပါတယ်။ဒါ့ကြောင့်လည်း ကိုယ့်ရဲ့အချိန်နဲ့ခွန်အားတွေကိုအလဟဿမဖြစ်စေဖို့ ဘယ်ဧရိယာတွေမှာအ ချိန်မပေးဘဲလစ်လျူရှုသင့်တယ်ဆိုတာကိုဖော်ပြပေးချင်ပါတယ်။ အရေးမပါတဲ့အရာတွေကို စိတ်ဝင်စားနေတာ အရေးမကြီးတဲ့အီးမေးလ်တွေ၊ အရေးမပါတဲ့သတင်းတွေအပေါ်မှာ စိတ်ဝင်စားနေတာ၊အချိန်ပေးမိနေတာက ကိုယ့်ရဲ့အချိန်နဲ့စွမ်းအင်တွေကို အလဟဿဖြုန်းတီးမိနေတာပါပဲ။ဒါ့ကြောင့်လည်းတစ်ခုခုကိုစလုပ်တော့မယ်ဆိုတိုင်း ဒါက ငါနဲ့တိုက်ရိုက်သက်ဆိုင်နေလား၊ ငါ့ရဲ့အ ဓိက Goal နဲ့ Project ဖြစ်ရဲ့လားဆိုတာကိုတွေးပါ။ ဒီအရာကနောက် 6 […]