မင်းအကြောင်းပြောပါဦး ဆိုတဲ့မေးခွန်းကိုဘယ်လိုဖြေကြမလဲ

October 23, 2023 Aung Khant Mon 0

အလုပ်အင်တာဗျူးဖြေတဲ့အခါ အင်တာဗျူးသူတွေရဲ့မျက်လုံးထဲမှာကိုယ်ဟာပြီးပြည့်စုံတဲ့စိန်ပွင့်လေးဖြစ်နေဖို့လိုပါတယ်။ ကုမ္ပဏီကြီးတွေအနေနဲ့ ဝန်ထမ်းလစ်လပ်နေရာတစ်ခုကိုဖြည့်ဖို့ပျှမ်းမျှတစ်လကျော်လောက်ပဲအချိန်ယူတယ်လို့ဆိုပါတယ်။ တချို့အလုပ်တွေမှာတော့ဒီ့ထက်ပိုကြာချင်ကြာနိုင်ပါတယ်။ ကိုယ်က ဒီအလုပ်ကိုအသဲအသန်လိုချင်နေမိတယ်ဆိုရင်ကိုယ့်ဘက်ကအားစိုက်ထုတ်မှုအပြည့်အဝရှိရပါလိမ့်မယ်။ဒီ့အတွက် မင်းအကြောင်းပြောပါဦး ဆိုတဲ့မေးခွန်းမှာကတည်းကအမှတ်များအောင်စတင်လုပ်ဆောင်နိုင်ပါပြီ။ မင်းအကြောင်းပြောပါဦး ဆိုတဲ့မေးခွန်းဟာ မဖြေတတ်ရင်တိုတိုတုတ်တုတ်နဲ့ပြီးသွားတာ၊ ဒါမှမဟုတ် လိုရင်းမရောက်ဘဲပျင်းစရာကောင်းနေတာမျိုးဖြစ်တတ်ပါတယ်။ အဲလိုမဟုတ်ဘဲ ကိုယ်ဟာ Top Quality ရှိကြောင်းပြသဖို့အောက်မှာဖော်ပြတဲ့အချက်တွေထဲက ကိုယ်လည်းတကယ်လုပ်နိုင်တဲ့အချက် ၃၊၄ ချက်လောက်ကိုမပါပါအောင်ပြောနိုင်ဖို့လိုပါလိမ့်မယ်။ဒါတွေကတော့ ဘာတွေပြောသင့်တယ်ဆိုတဲ့ Idea နဲ့ […]

မူးယစ်ဆေးသုံးစွဲမှုနဲ့ တရားရင်ဆိုင်ရတော့မယ့် Yoo Ah In

October 22, 2023 Aung Khant Mon 0

Yoo Ah In ဟာ ရုပ်ရှင်ကားကောင်းများစွာနဲ့ ဇာတ်လမ်းတွဲတွေမှာကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်ပြီး ထူးချွန်ဆုတွေရရှိထားတဲ့မင်းသားတစ်ယောက်ပါ။ ၂၀၁၈ ခုနစ်မှာ The New York Times ကရွေးချယ်တဲ့ The Best Actors of 2018 မှာပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ Secret Affair ၊ Punch ၊ […]

အနုပညာလောကကိုစွန့်ခွာမယ့်အပြင် လူမြင်ကွင်းရှေ့ထပ်မထွက်တော့ဘူးဆိုတဲ့ ဂွင်းနက်ပက်ထရို

October 22, 2023 Aung Khant Mon 0

အော်စကာဆုရ အမေရိကန်မင်းသမီးတစ်လက်ဖြစ်တဲ့ ဂွင်းနက်ပက်ထရိုက သူမအနေနဲ့အနုပညာအလုပ်တွေရပ်နားမယ့်အပြင်လူမြင် ကွင်းရှေ့လည်းသိပ်မထွက်ချင်တော့ဘူးလို့ဆိုလာပါတယ်။သူမပိုင်ဆိုင်တဲ့ Goop လို့နာမည်ရတဲ့ အလှအပ၊ ဖက်ရှင်နဲ့ကျန်းမာရေးဆိုင်ရာကုမ္ပဏီကိုလည်းရောင်းချဖို့ရည်ရွယ်ထားတဲ့အပြင် ဒီကုမ္ပဏီကိုဘယ်သူ့ဆီရောင်းမယ်ဆိုပြီး တွေးထားတာမျိုးလည်းမရှိဘူးလို့သိရပါတယ်။ ၂၀၂၇ ခုနစ်မှာ သူမအသက် ၅၅ နှစ်ပြည့်မှာဖြစ်ပြီး အဲဒီအချိန်မှာတော့ သူမပိုင်ဆိုင်တဲ့ကုမ္ပဏီကိုအပြီးတိုင်ရောင်းချကာ လူမြင်ကွင်းရှေ့ကနေပျောက်ကွယ်သွားဖို့ရည်ရွယ်ထားတယ်လို့သူမကပြောဆိုပါတယ်။“ဘယ်သူမှ ကျွန်မကိုထပ်တွေ့ရတော့မှာမဟုတ်ဘူး” လို့ သူမကအခိုင်အမာဆိုခဲ့တာပါ။“ကျွန်မက အနုပညာလောကကိုလည်းငြီးငွေ့နေပါပြီ။ ငွေလည်းမမက်ပါဘူး။ကျွန်မရိုက်ကူးခဲ့သမျှကလည်း အင်ဒီးစ်(independent […]

လူတွေ Career ပြောင်းကြတဲ့ထိပ်တန်းအကြောင်းပြချက် (၃) ခု

October 22, 2023 Aung Khant Mon 0

လူတွေ Career ပြောင်းတယ်ဆိုတဲ့နေရာမှာ အကြောင်းပြချက်တွေအများကြီးရှိနေနိုင်ပါတယ်။ ဒါပေမဲ့သေသေချာချာအဖြေရှာကြည့်တဲ့အခါအခုဖော်ပြမယ့် (၃) ချက်က အဓိကကျနေတာဖြစ်ပါတယ်။ Professional တစ်ယောက်အနေနဲ့ ဒီလိုဘဝနဲ့ဆိုင်တဲ့ပြောင်းလဲမှုကို ဒီအချက် (၃) ချက်ကြောင့်သာလုပ်ဆောင်ကြတာဖြစ်တယ်လို့ ပညာရှင်တွေကဆိုကြပါတယ်။ FlexJobSurvey ရဲ့စစ်တမ်းနဲ့ထုတ်ပြန်ချက်အရ လူတွေဟာ… ၁. Work–life balance မဖြစ်လို့အလုပ်ထွက်သူ ၅၆% ၂. လစာပိုကောင်းလို့ပြောင်းသူ […]

Justin Timberlake နဲ့ကိုယ်ဝန်ရခဲ့ဖူးတယ်လို့ဖွင့်ဟပြီးနောက်ပိုင်း အရောင်းရဆုံးနံပါတ် ၁ ဖြစ်လာတဲ့ Britney Spears ရဲ့စာအုပ်

October 21, 2023 Aung Khant Mon 0

ပေါ့ပ်ဘုရင်မ Britney Spears ရဲ့ကိုယ်တွေ့မှတ်တမ်းစာအုပ်ဖြစ်တဲ့ The Woman In Me ဟာ Amazon မှာ အရောင်းရဆုံးနံပါတ် ၁ နေရာကိုယူထားတယ်လို့သိရပါတယ်။ သူမရဲ့စာအုပ်ကို အောက်တိုဘာလ ၂၄ ရက်နေ့မှစတင်ဖြန့်ချိမှာဖြစ်ပေမယ့် စာအုပ်ကြိုတင်မှာယူမှုတွေနဲ့တင် နံပါတ် ၁ နေရာကိုရောက်နေခဲ့တာဖြစ်ပါတယ်။ဒီလိုဝယ်လိုအားတက်လာခြင်းဟာ သူမနဲ့ Justin Timberlake […]

SM နဲ့ဆက်ပြီးလက်တွဲမယ့် EXO ရဲ့ D.O.

October 21, 2023 Aung Khant Mon 0

မကြာသေးခင်ကပဲ EXO ရဲ့အဖွဲ့ဝင်ဖြစ်သူ D.O. တစ်ယောက် SM Entertainment ကိုစွန့်ခွာပြီဆိုတဲ့သတင်းတွေထွက်ရှိလာခဲ့ပါတယ်။ ဒီသတင်းအပေါ် SM Entertainment ဘက်က တုံ့ပြန်ဖြေရှင်းမှုတွေပြုလုပ်လာခဲ့ပါတယ်။ “Do Kyung Soo(D.O.) နဲ့ SM ရဲ့စာချုပ်က လာမယ့်နိုဝင်ဘာလဆန်းမှာပြီးဆုံးတော့မှာဖြစ်ပါတယ်။ဒါပေမဲ့ EXO နဲ့တွဲဖက်ပြီး သူ့အလုပ်တွေကို ဆက်လုပ်သွားဦးမှာပါ။ D.O. […]

ကိုယ့်ကိုယ်ကိုယ် Emotional Intelligence ကောင်းမကောင်းသိချင်ရင်

October 21, 2023 Aung Khant Mon 0

အောင်မြင်တဲ့ Business တစ်ခုမှာ Emotional Intelligence ဟာအရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုအနေနဲ့ပါဝင်တယ်လို့ Forbes ကဆိုထားပါတယ်။အလုပ်သမားရှာဖွေသူအများစုနဲ့ အလုပ်အကိုင်ရှာဖွေသူတော်တော်များများကဘာတွေလုပ်ကိုင်နိုင်တယ်၊ ဘာတွေကျွမ်းကျင်တယ်ဆိုတဲ့ Hard Skill တွေအပေါ်မှာပဲပိုပြီးအာရုံစိုက်မိကြပါတယ်။လူတစ်ယောက်ရဲ့စိတ်လှုပ်ရှားခံစားမှုနဲ့ပတ်သက်တဲ့ဉာဏ်ရည်ကိုတော့ အာရုံမထားမိကြပါဘူး။ Emotional Intelligence ဆိုတာကိုယ့်ရဲ့စိတ်ခံစားချက်ကိုကောင်းကောင်းနားလည်ထိန်းချုပ်နိုင်စွမ်းရှိပြီးသူတစ်ပါးရဲ့စိတ်ခံစားချက်နဲ့လိုအပ်ချက်တွေကိုလည်းနားလည်နိုင်စွမ်း၊တုံ့ပြန်နိုင်စွမ်းရှိခြင်းကိုဆိုလိုပါတယ်။လူအများစုကတော့ Emotional Intelligence ဆိုတာတခြားသူတွေကိုသိနားလည်နိုင်စွမ်းလို့ပဲယူဆကြတာပါ။ တကယ်တော့ အဲဒါထက်ပိုပါတယ်။အခြေ အနေနဲ့အချိန်အခါကိုလိုက်ပြီး ဘယ်လိုတုံ့ပြန်ပြောဆိုမလဲဆိုတာကို သိနားလည်ခြင်းကလည်း […]

တိုက်ပွဲဝင်ဖို့အတွက်အစ္စရေးကိုပြန်သွားတဲ့ တေလာဆွပ်ဖ်ရဲ့ကိုယ်ရံတော်

October 19, 2023 Aung Khant Mon 0

တေလာဆွပ်ဖ်ရဲ့ကိုယ်ရံတော်အဖြစ်တာဝန်ယူလုပ်ကိုင်နေတဲ့အမျိုးသားတစ်ယောက်ဟာသူ့ရဲ့မိခင်နိုင်ငံဖြစ်တဲ့ အစ္စရေးကိုပြန်သွားခဲ့တယ်လို့သိရပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ အစ္စရေး-ပါလက်စတိုင်းစစ်ပွဲမှာ သူဟာ ဟားမားစ်တွေကိုတိုက်ခိုက်ဖို့အတွက်အခုလိုပြန်သွားခဲ့တာဖြစ်ပါတယ်။ဒီကိုယ်ရံတော်ဟာအမေရိကန်နိုင်ငံကိုရောက်မလာခင်က Israel Defense Forces ရဲ့အဖွဲ့ဝင်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မိသားစုတွေအခုလိုရက်ရက်စက်စက်သတ်ဖြတ်ခံနေရချိန်၊ဒုက္ခရောက်နေချိန်မှာ သူ့အနေနဲ့လက်ပိုက်ပြီးရပ်မနေနိုင်ဘူးလို့ သူ့ရဲ့ခံယူချက်ကို TikTok ဗီဒီယိုကတဆင့်ပြောခဲ့တာဖြစ်ပါတယ်။ ငါတော့ဘာမှမလုပ်ဘဲဒီလိုရပ်ကြည့်မနေနိုင်ဘူး။ငါ့အတွက်သမိုင်းကောင်းပဲချန်ရစ်ချင်တယ် လို့သူကခိုင်ခိုင်မာမာပြောဆိုခဲ့တာပါ။ဒီလိုပြောပြထားတဲ့သူ့ရဲ့ TikTok ဗီဒီယိုပေါက်သွားပြီးတဲ့နောက်ပိုင်းမှာ Eras Tour အတွင်းတေလာဆွပ်ဖ်ကိုအန္တရာယ်ကင်းအောင်သူစောင့် ရှောက်နိုင်ပုံ၊ အလုပ်ကိုကျွမ်းကျင်ပိုင်နိုင်လွန်းစွာလုပ်ဆောင်တတ်ပုံစတဲ့ဗီဒီယိုမှတ်တမ်းတချို့လည်းထွက်ပေါ်လာခဲ့တယ်လို့သိရပါတယ်။ Ju […]

Gum နဲ့အတူပြန်လာတော့မယ့် Jessi

October 19, 2023 Aung Khant Mon 0

အနုပညာနာမည် Jessi လို့သိကြတဲ့ Jessica Ho ဟာ အမေရိကန်နိုင်ငံမှာမွေးဖွားခဲ့ပြီး အသက် ၁၅ နှစ်အရွယ်မှာ ကိုရီးယားကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။တခြားသောကိုရီးယားအဆိုတော်တွေနဲ့မတူတဲ့ သူမရဲ့အသံနဲ့ပုံပန်းသွင်ပြင်ကြောင့်လူတွေကပိုပြီးစိတ်ဝင်စားခဲ့ပါတယ်။ သီချင်းများစွာထဲက Nunu NaNa သီချင်းနဲ့ Zoom သီချင်းတွေဟာလူငယ်ပရိသတ်တွေကြားရေပန်းစားတဲ့သီချင်းတွေဖြစ်ပါတယ်။ Jessi ရဲ့ အေဂျင်စီဖြစ်တဲ့ More Vision က မကြာခင်မှာ […]

လုပ်ငန်းခွင်မှာလုံးဝမလုပ်သင့်တဲ့အမှား ၅ ချက်

October 19, 2023 Aung Khant Mon 0

လုပ်ငန်းခွင်စဝင်တဲ့သူတွေပဲဖြစ်ဖြစ်၊ အလုပ်မှာလုပ်သက်ကြာနေသူတွေပဲဖြစ်ဖြစ် အလုပ်နဲ့ပတ်သက်ရင်အမှားလေးတွေလုပ်မိတတ်ကြပါတယ်။ တချို့က ဒီအထဲကတစ်ချက်ကိုပဲလုပ်မိကြပေမယ့်တချို့ကတော့ နှစ်ချက်၊ သုံးချက်ထိလုပ်မိတတ်ကြပါတယ်။ ဒီတော့အလုပ်စဝင်ပြီဆိုရင်လုံးဝမလုပ်သင့်တဲ့အရာတွေကဘာတွေလဲဆိုတာအောက်မှာကြည့်လိုက်ရအောင်နော်။ ၁. မနိုင်ဝန်ထမ်းခြင်း Multi-tasking Skill ရှိတာကကောင်းတယ်ဆိုပေမယ့် ကာလရှည်ကြာလုပ်ရမယ့်အလုပ်တစ်ခုမှာမနိုင်ဝန်မထမ်းတာကအကောင်းဆုံးဖြစ်ပါတယ်။ ကိုယ်ကအားလုံးကို ကူညီချင်၊လုပ်ပေးချင်တယ်ဆိုပေမယ့် အချိန်ကြာလာတဲ့အခါမှာ ကိုယ်တာဝန်ယူရတဲ့အပိုင်းမှာအား နည်းလာတာ၊အကောင်းဆုံးမလုပ်ဆောင်နိုင်တော့တာမျိုးတွေ ဖြစ်လာမှာသေချာပါတယ်။ဒါကြောင့်ကိုယ့်အလုပ်ပြီးမှပဲ သူများကိုကူဖို့အကြံပေးချင်ပါတယ်။ ကိုယ်ကတစ်ပြိုင်တည်းမှာပရောဂျက်အများကြီးကိုင်ရတယ်ဆိုရင်တောင် ဦးစားပေးအလုပ်နဲ့ Deadline ကိုသိရှိပြီးစီမံတတ်ဖို့လိုပါတယ်။ […]