Billboard Hot 100 ရဲ့နံပါတ် ၁ သီချင်း Paint The Town Red

Doja Cat ရဲ့ Paint The Town Red သီချင်းဟာ Billboard Hot 100 ရဲ့ နံပါတ် ၃ နေရာကနေ နံပါတ် ၁ နေရာကိုရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ Rapper ၊ Singer တစ်ယောက်အနေနဲ့ ဒီလို Billboard နံပါတ် ၁ ရယူနိုင်ခြင်းဟာ Nicki Minaj ပြီးရင်သူမကဒုတိယမြောက်ဖြစ်ပါတယ်။ ၂၀၂၀ ခုနစ်က Nicki Minaj ရဲ့ Say So သီချင်းဟာ ခုလိုပဲ Billboard,Hot 100 ရဲ့ နံပါတ် ၁ ဖြစ်ခဲ့ဖူးပါတယ်။

Paint The Town Red ဟာ ဂန္ထဝင်တေးရေးဆရာတွေဖြစ်တဲ့ Burt Bacharach နဲ့ Hal David တို့ကိုပြန်လည်ပေါင်းစည်းစေခဲ့တဲ့သီ ချင်းလည်းဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ဖန်တီးမှုဖြစ်တဲ့ Walk on Byဟာလည်း နာမည်ကြီးခဲ့တဲ့ Classic သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ဒီသီချင်းဟာ Doja Cat ရဲ့လေးခုမြောက်တေးအယ်လ်ဘမ်ဖြစ်တဲ့ Scarlet မှာပါဝင်မယ့်တေးသီချင်းလည်းဖြစ်ပါတယ်။ Scarlet ကိုစက်တင်ဘာလ ၂၂ ရက်နေ့စတင်ဖြန့်ချိမှာဖြစ်ပါတယ်။ Doja Cat ဟာ Scarlet Tour အဖြစ်အောက်တို ဘာလ ၃၁ ရက်ကနေ ဒီဇင်ဘာ လ ၁၃ ရက်နေ့အထိမြောက်အမေရိကရဲ့မြို့ပေါင်း ၂၄ မြို့မှာလှည့်လည်ဖျော်ဖြေမှာဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*