နောင် (၁၀)နှစ်အထိအေးအေးဆေးဆေးဝင်ငွေကောင်းချင်ရင်

 နေ့စဉ်နဲ့အမျှပြောင်းလဲတိုးတက်လာတဲ့နည်းပညာတွေကြောင့် ကိုယ်သင်ယူထားတဲ့ပညာရပရင်းနှီးမြှုပ်နှံထားရတဲ့အလုပ်အကိုင်ကအနာတ်မှာခိုင်မာတဲ့အနေအထားတစ်ခုကိုပေးပါ့မလားဆိုတာအလုပ်လုပ်နေသူတိုင်းမဖြစ်မနေစဉ်းစားသင့်တဲ့အရာတစ်ခုပါ။အခုဆိုရငAIနည်းပညာကဖန်တီးမှုနေရာတော်တော်များများကိုတောငအစားထိုးဝင်ရောက်နေပြီဖြစ်ပါတယ်။ပညာရှင်တွေရဲ့သုံးသပ်ချက်အရခုဖော်ပြပေးထားတဲ့အလုပ်အကိုင်တွေကတောနောင်နှစ်ပေါင်းများစွာထိခိုင်မာမှုရှိပြီးအစားထိုးဖို့ခက်ခဲတဲ့အလုပ်အကိုင်တွေဖြစ်ပါတယ်။အဲဒါတွေကတော့…
 
၁. ဆေးပညာ
ဦးနှောက်နဲ့ချစ်ခြင်းမေတ္တာကို အသုံးပြုရတဲ့အလုပ်တွေမှာတော့နည်းပညာနဲ့အစားထိုးဖို့ခက်ခဲနေဦးမှာပါ။
အဲဒီထဲမှာဆေးပညာနဲ့ပတ်သက်တာဆရာဝန်၊ သူနာပြု၊ လူမမာနဲ့သက်ကြီးရွယ်အိုတွေကိုပြုစုစောင့်ရှောက်ရတဲ့အလုပ်တွေလည်းပါဝင်ပါတယ်။ ဆေးပညာပိုင်းမှာနည်းပညာအကူအညီနဲ့ခွဲစိပ်ကုသမှုတွေအများကြီးလုပ်နိုင်လာပေမယ့် ဒီMachine တွေကိုကိုင်တွယ်မယ့်နားလည်တတ်ကျွမ်းသူတွေကလိုအပ်နေဦးမှာပါ။နည်းပညာတွေဘယ်လောက်ပဲအဆင့်မြင့်မြင့် လူ့အသိဉာဏ်နဲစိတ်နှလုံးထည့်ပြီးဆုံးဖြတ်လုပ်ကိုင်ရတဲ့အလုပ်တွေမိုအလွယ်တကူအစားထိုးဖို့ခက်ခဲပါတယ်နော်။
 
၂. Sales သမားတွေ
အနာဂတ်မှာလည်းရောင်းသမားတွေကလိုအပ်နေဦးမှာပါ။ အရမ်းကိုတော်တဲ့အရောင်းသမားတွေနေရာမှာတော်တန်ရုံအစားထိုးဖို့ခက်ခဲပါတယ်။အတွေ့အကြုံကနေရရှိလာတဲ Confidence ၊ မတူညီတဲPersonalityအလိုကစိတ်နှလုံးညွတ်လာအောင်ပြောဆိုရောင်းချတတ်တာကတန်ဖိုးဖြတ်မရတဲ့အရည်အသွေးတွေဖြစ်လို့ပါ။Chatbotတွေကလည်း Customerတစ်ယောက်ချင်းစီရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ဖို့ခက်ခဲနေဆဲပါ။
 
၃. Education
ပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းလုပ်ကိုင်နေသူတွေဆရာဆရာမအလုပ်အကိုင်တွေကနောင်နှစ်များစွာထိခိုင်မာနေဦးမယ့်အလုပ်အကိုင်တွေဖြစ်ပါတယ်။ ကလေးတစ်ယောက်ကဘာသာရပ်တွေကိုအိမ်မှာပဲ Screenကြည့်ပြီးသင်ယူလို့ရနိုင်ပေမယ့် ကျောင်းသွားသလိုမျိုးဘက်စုံဖွံ့ဖြိုးမှုကိုရရှိဖိုSocial Development ၊ Emotional Developmentတွေရရှိဖို့ခက်ခဲပါတယ်။ ချစ်ခြင်းမေတ္တာနဲ့လုပ်ကိုင်ရတဲမူကြိုဆရာဆရာမတွေနေရာမှာလည်းနည်းပညာနဲ့အစားထိုးဖို့ခက်ခဲပါလိမ့်မယ်။ Online Learning ဖြစ်ရင်တောငသင်ကြားမယ့်ဆရာဆရာမတွေကလိုအပ်နေဦးမှာြဖစ်ပါတယ်။
၄. Psychologist/ Therapists
လူတွေရဲ့စိတ်မပျော်ရွှင်မှုတွေစိတ်ဓာတ်ကျမှုတွေကဒီဘက်နှစ်တွေမှာပိုဆိုးလာသလိုစိတ်အဆင်မပြေမှုတွေအတွကPsychologistနဲ့ပြသတိုင်ပင်ဖို့ကိုလည်းဝန်မလေးကြတော့ပါဘူးMental Health တွက်ကုသတဲ့နေရာမှာလူအချင်းချင်းပြောဆိုဆွေးနွေးအဖြေရှာတာကသာအထိရောက်ဆုံးဖြစ်ပါတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အကူအညီတွေပေးရတာဝါသနာပါတယ်ဆိုရငအခုကတည်းကလမ်းကြောင်းမှန်ပေါ်ရောက်နေပြီလို့ဆိုရမှာပါ။
 
၅. Developers
Software Engineer App Developer UX UI Designer စတဲ့နည်းပညာသမားတွေရဲ့နေရာကတောပိုပိုပြီးအားကောင်းလာဦးမှာပါ။ Coding နဲ့ပတ်သက်ဆက်နွယ်နေတဲအလုပ်အကိုင်အခွင့်အလမ်းတွေကခိုင်ခိုင်မာမာရှိနေဦးမှာဖြစ်ပါတယ်။အမေရိကန‌‌ဈေးကွက်မှာတောဒီလိုနည်းပညာသမားတွေရဲ့ဝင်ငွေရရှိမှုက၂၀၁ကနေ ၂၀၂၆ ခုနစ်အတွင်း ၃၆% ထိတိုးလာမယ်လိုခန့်မှန်းထားကြပါတယ်။
ဒါကြောင့်ကိုယ့်ရဲCareer အတွက်စဉ်းစားရွေးချယ်တဲ့အခအနာဂတ်ဆိုတာကိုပထည့်သွင်းတွက်ဆဖို့မမေ့ပါနဲ့နော်။
Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*